Tuesday 30 October 2012
ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်
 ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။
ထမင်းစားပြီးလျှင်ရှောင်ကြဉ်သင့်သည့်အချက်များ
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ
 ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို
ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
ဆံကေသာ အလှချစ်မြတ်နိုးသူများအတွက် သတင်းကောင်း
ဆံကေသာအလှချစ်မြတ်နိုးသူများအတွက် ဆံပင်ကျွတ်၊ ဆံပင်ကောင်း၊ ဆံပင်နက်၊ ဆံကေသာအလှ ထိန်းသိမ်းကြ တို့တင်ပြပေးလိုက်ပါတယ်။
သွေး အား ကောင်းစေမည့် သဘာဝရဲ့အသီးအနှံ များ
မုန်လာဥသည် သံဓာတ်ပါဝင်မှု မြင့်မားသည် ဟင်းသီးဟင်းရွက် စာရင်းဝင်ဖြစ်ပြီး အခြား သတ္တုဓာတ်များလည်း အများအပြား ပါဝင်ပါသည်. . . မုန်လာဥနီ ဖျော်ရည် ခန္ဓာကိုယ်၏ ခွန်အား၊ ကိုယ်ခံအားများ တိုးမြှင့်ပေးရုံသာမက သွေးနီဥများကိုလည်း တိုးပွားစေပါသည်. .
ထို့အပြင် ဆယ်ကျော်သက်မလေးများအတွက် အကောင်းဆုံး သွေးအားတိုးဆေးဖြစ်၍ မိန်းမငယ်လေးများ ရာသီလာစဉ် အချိန်၊ အပျိုဖော်ဝင်အချိန်တွေတွင် လက်စွဲထားသင့်သည့် သဘာဝ ဆေးတစ်ခွက် ဖြစ်ပါတယ်. .
ကြံရည်၏ ကျန်းမာရေးအာနိသင်များ
ကံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့
သဘာဝ အရည်ဖြစ်ပြီး သကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။
ကျန်းမာကြံ့ခိုင်စေပါတယ်
ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါဝင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ သောက်သုံးနိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံးသင့်ပါတယ်။
ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ
စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ
ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..
ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ ကတော့ ........
ဘဝတွင် ကျန်းမာစွာ နေထိုင်နိုင်မည့် ရိုးစင်းသော လျှို့ဝှက်ချက်
           အသက်ရာကျော် ရှည်တဲ့သူ အများစုဟာ သာမန်လူတွေ မလုပ်နိုင် တာမျိုး လုပ်နိုင် ကြပါတယ်။  အစာကို သတိနဲ့ ဆင်ခြင်စားသောက်တာ၊ လေ့ကျင့်ခန်းကို ပုံမှန်လုပ်တာ၊ တစ်ညရှစ်နာရီ အိပ်စက် အနားယူတာ၊ တရားထိုင်ပြီး စိတ်ဖိစီးမှု လျှော့ချတာ.. ဒါတွေက အပြောလွယ်သလောက် နေ့စဉ် လုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီအချက်တွေက ရိုးစင်းသလောက် လိုက်နာဖို့ ခက်ပေမယ့် တကယ် လိုက်နာနေထိုင်ရင် သက်ရှည်ကျန်းမာပါလိမ့်မယ်။
၁။ တစ်ပတ်တစ်ရက် လျှာကို အလိုလိုက်ပါ 
အများအားလပ်ရက်ဖြစ်တဲ့ တနင်္ဂနွေလိုနေ့မှာ လျှာကိုအလိုလိုက်ပြီး စားချင်တာစားပါ။ ကျန်တဲ့ ခြောက်ရက်စလုံးမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ ရွေးချယ်စားသင့်ပါတယ်။ ကြက်သားပြုတ်၊ ဟင်းသီးဟင်းရွက်၊ သစ်သီး စတာတွေကိုပဲ စားနေရပေမယ့် တနင်္ဂနွေနေ့မှာ ချောကလက်ကိတ်ကို စားရတော့မယ်ဆိုတာ တွေးပြီး သရေစာစားချင်စိတ်ကို ချိုးနှိမ်ထားပါ။
ခေါင်းကိုက်တာပျောက်ချင်ရင်...
မကြာခဏ ခေါင်းကိုက်တတ်ပါသလား။
ဒါဆိုရင်တော့ ခန္ဓာကိုယ်ကို ဗီတာမင်၊ သတ္တုဓါတ်တွေ များများပေးစွမ်းနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးသစ်နှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ရာသီဥတု အေးလို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများလို့ပဲဖြစ်ဖြစ်၊ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်ဆိုရင်တော့ သက်သာစေနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်
ခေါင်းကိုက်ဝေဒနာခံစားရတယ်ဆိုရင်
ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှု
ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာ ဘာကွာလဲ? မြန်မာပြည်မှာ ဗုဒ္ဓဘာသာ မကိုးကွယ်ခင် ဘာတွေကိုးကွယ်နေလဲ? ဘယ်သူက ဗုဒ္ဓဘာသာကို ဖြန့်ဖြူးခဲ့လဲ? နတ်တွေ ဘာလို့ ကိုးကွယ်ကြလဲ? သိလိုလျှင် အောက်တွင်ဖတ်ကြည့်ပါ။........
Monday 29 October 2012
သံပရာရည်၏ အစွမ်းထက်ပုံ
ကျောက်တည်ခြင်းကင်းဝေးရန် သံပရာရည် များများသောက်ပါ ...........
သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။
သံပရာရည် အများအပြား သောက်သုံးပေးခြင်း အားဖြင့် အစားအစာတွင်ပါဝင်သော ကယ်လ်စီယမ်၊ ပရိုတိန်းနှင့် ဆားဓာတ်ပမာဏများကို လျှော့ချပေးသွားနိုင်ကြောင်း ယူစီဆန်ဒီယာဂိုကျောက်တည် ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရိုဂါအယ်လ်ဆာက ပြောကြားလိုက်သည်။
အဓိပ္ပာယ်ပြည့်ဝလှတဲ့ မြန်မာ့စကားလုံး အသုံးအနှုံး များနဲ့ မြန်မာ့ဓလေ့ထုံး
ဒီတစ်ခေါက် မြန်မာ့ရိုးရာ အတွက်အလှည့်ကျတာ ကတော့ သီတင်းကျွတ် ပီပီ လက်ထပ်ပွဲများ အကြောင်း ဖြစ်ပါတယ်။
စိတ်ဝင်စားသွားတယ်ဟုတ်… ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဟာ ၀ါတွင်းသုံးလမှာ (လက်ထပ်ခြင်း) အိမ်ရာ တည်ထောင်ခြင်း၊ အိမ်ပြောင်းခြင်း၊ ခရီးထွက်ခြင်း တတ်အား သမျှ မလုပ်ကြ ပါဘူး။ အဲဒါဟာ တကယ် တော့ ဗေဒင် ကိန်းခန်း အရရော၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အရပါ ရိုးရာမို့သာ ရှောင်လိုက်ရတယ် ဘာ ကြောင့် မှန်း သိပ်တော့ ဂဃနဏ မသိခဲ့ ဖူးတာ အမှန်ပါ။ စပ်စုတဲ့ ကျွန်မ လိုက်လံ မေးမြန်း ရာက ရတဲ့ အဖြေများ ကတော့
(၁) မိုးတွင်းမို့ လုပ်ခင်း လယ်ယာ မသာလို့ (မိုးရွာနေတာကို စောင့်ရတဲ့ အတွက် အလုပ်မတွင်လို့)
(၂) စိုက်ပျိုးရေး နိုင်ငံ ပီပီ မိုးတွင်းမှာ မိုးကောင်းတုန်း ထွန်ချ ပါမှ တစ်နှစ်စာ ၀မ်းစာ ဖူလုံမှာမို့ အချိန်အခါ ရှိတုန်း လုပ်သင့်တာ လုပ်နေရလို့
(၃) မိုးတွင်းမှာ သက်ရှိအားလုံး (အပင်၊ သတ္တ၀ါတွေ) ရှင်သန်ဖို့ အားယူ နေရာမှာ ကိုယ်က လျှောက်သွား နေရင် မတော်တဆ နင်းမိတဲ့အခါ သေကြေ ပျက်စီး ကုန်မှာ စိုးလို့ ပါတဲ့။
ဗေဒင် ပညာရဲ့ ဖြန့်ကျက် နိုင်မှု ဘောင်နဲ့ မိစ္ဆာဒိဌိ မဖြစ်ရအောင် ဗေဒင် ပညာကို ဘယ်လောက် အတိုင်းအတာ အထိသာ အသုံးချ မလဲ
ဗေဒင်က ရက်ရာဇာနှင့်  ပြဿဒါးကို ပဓာန ထားသကွဲ့ ။မြတ်စွာဘုရားက ကုသိုလ်နှင့် အကုသိုလ် ပဓာန ထားသကွဲ့ ။ ဗေဒင်က မဟာဘုတ်လေးပါး ပဓာနထား၍ ထူသကွဲ့ ။မြတ်စွာဘုရားက သမ္ပတိလေးပါးကို အဓိကထား၍ ထူသကွဲ့ ။ မြတ်စွာဘုရားနဲ့ ဆန့် ကျင်တာကို ယုံလျှင် ဘုရား၊တရား မယုံရာ ကျတာပေါ့ ။
မင်္ဂလာရာမကျောင်းဆရာတော်ဦးဥာဏ
နမ္မား ၊ ကချင်ပြည်နယ်
မိဘများသို့ သီတင်းကျွတ် ကန်တော့ပန်း
သီတင်းကျွတ်ပြီ ဆိုရင် ရောက်ရာ နေရာကနေ မိဘ ရပ်ထံ ပြန်ပြီး ၀ါကျွတ် ကန်တော့ပွဲ လုပ်ကြ တာ မြန်မာ့ ရိုးရာ အစဉ်အလာပါ။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အရ မိဘ ကျေးဇူး သိတတ်တာ မင်္ဂလာ တစ်ပါးမို့ မိဘ ကျေးဇူး ကို အတတ်နိုင်ဆုံး ပြန်ဆပ် ကြတာလဲ ချစ်စရာ မြန်မာ့ဓလေ့ပါ။ မိဘ ကျေးဇူး မြင့်မိုရ်ဦး အထူး ကျေအောင် ဆပ်ပါမည်လို့ ကလေး ဘ၀တုန်းက တချို့ ကျောင်းတွေမှာ ကျောင်းသားလေးတွေ ရွတ်ဖူး ကြမှာပါ။ ဒါဆို မိဘ ကျေးဇူးက ဘယ်လောက် ကြီးလဲ။ သားသမီးကို ဘယ်လို ပြုစု ပျိုးထောင်ရင် ဘယ်လို ကျေးဇူး ရှိတာမို့ ဘယ်လောက် ကျေးဇူး ကြီးသလဲ။ ဘယ်လို ပြန်ကျေးဇူးဆပ်မှ ကျေးဇူးကြွေး ကျေမလဲ ဆို တာ မိခင်လောင်း ဖြစ်တော့မယ့် ကျွန်မ သေသေချာချာ လေ့လာပြီးမှ ဒီပို့စ် လေးနဲ့ မိဘ များကို နှလုံးသား ထဲကနေ လှိုက်လှိုက်လှဲလှဲ ကန်တော့လိုက်ပါတယ်ရှင်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးလို့ နာမည် ခံယူ ထားပြီးမှ သာသနာဖျက် အတွေးအခေါ် အမှားတွေ၊ အယူအဆ အလွဲတွေ၊ ဆုံးမ သြ၀ါဒ အမှားတွေကို ကြားရပါ များ လာတဲ့ အတွက် မိဘများကို တရား နည်းလမ်း ကျနစွာ ကျေးဇူး ဆပ်ချင်တဲ့ အတွက် ဒီပို့စ်ကို ကျမ်းကိုး ကျမ်းကား များနဲ့ တကွ ရေးသား ကျေးဇူး ဆပ်ခြင်း ဖြစ်ပါတယ်။
သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့
မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိ ဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး တရားစစ်သူကြီး ရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန် တည်းမှာ ဟောကြား သင်ပြ တော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်း ခဲ့တဲ့ အထိမ်း အမှတ် အနေနဲ့ နက်ဖြန် မနက်မှာ ကျရောက် မယ့် သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။
Sunday 28 October 2012
ချစ်သူနဲ့ အမြဲအဆင်ပြေနိုင်ဖို့သိသင့်တဲ့ အချက်များ
၁. အကယ်၍ သင်ဟာ သင့်ချစ်သူကို တကယ်ချစ်မိပြီဆိုရင် အရာရာကို ပေးဆပ်ရပါတော့မယ်..
ဒါပေမယ့်ကိုယ်ဟာမိန်းကလေးဆိုရင်ချစ်သူတောင်းဆိုတိုင်းမလိုက်လျေ
ာ့သင့်ပါဘူးယောက်ျားလေးတယောက်ဆိုရင်လည်း ချစ်သူကို တကယ်ချစ်ရင်ရမ္မက်ပါတာမျိုးကိုမတောင်းဆိုသင့်ပါဘူး.။ကိုယ့်ချစ်သူကိုတန်ဖိုးထားသင့်ပါတယ်..။
မိန်းကလေးတွေဘက်ကလည်း ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူကမှတန်ဖိုးမထားတော့ဘူးဆိုတာ သဘောပေါက်ထားပါ..။
၂. အကယ်၍ သင်ဟာ ချစ်သူကို စိတ်ဆိုးစေမယ့်အရာတစ်ခုခုကို လုပ်မိတယ်ဆိုရင် ချစ်သူ စိတ်ဆိုးပြေတဲ့အထိ ရှင်းပြပါ.. ဖြေရှင်းချက်ပေးပါ... ။ တစ်နေ့နေ့ နားလည်လာပါလိမ့်မယ် တကယ်ချစ်ရင် ခွင့်လွှတ်မှာပေါ့ဆိုတဲ့ ရူးကြောင်ကြောင် အတွေးမျိုးတွေကို ဖျောက်ဖျက်ထားပါ...
ချစ်တက်သူတိုင်း သိသင့်သည့်အရာ....
ချစ်တတ်သူများအတွက်ရည်ရွယ်ပါတယ်ဗျာ
သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ?
ပျော်ရွှင်နေတဲ့အချစ်ရေးကို  ဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?
အချစ်မှာကံကောင်းစေဖို့  မသိလိုက်တဲ့  လျှိုဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ် ။
ကဲ.....လေ့လာကြည့်ကြမယ်နော် ။
မွေးသက္ကရာဇ်သိရုံနဲ့ ဗေဒင်ဟောလို့ ရတဲ့ဆော့ဝဲလေး
မွေးသက္ကရာဇ်ကိုသိရုံနဲ့ လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားအကျင့်စရိုက်တို့ ကိုဟော
လို့ ရတဲ့Formula လေးတစ်ခုမျှဝေလိုက်ပါတယ်လုပ်ပုံကလွယ်ပါတယ်ဒေါင်းလုပ်ယူ
ပြီးသားကိုဖွင့်လိုက်ပါပြီးရင်တော့သူပြထားသလိုပဲခုနှစ်၊လ၊ရက်အစဉ်လိုက်ထည့်ပြီး
Enterနှိပ်ပေးရုံပဲမဆိုးဘူးတွက်ကြည့်တာတော့မှန်နေတာပဲ Excelနဲ့ Formulaချထား
တာပါကဲအပျင်းပြေတွက်ကြည့်ကြနော်......
မှန်မမှန်တော့ ကိုယ့်ဖာသာကိုယ်ပဲ တွက်ကြည့်လိုက်နော်....
ဒီမှာ Download ယူပါ
Credited to မောင် (စွယ်စုံကျမ်း)
Website ပေါ်တွင်မွေးနေနဲ့  ခုနှစ်သိရုံနဲ့  မဟာဘုတ် ဟောလို့ ရမယ့်
ဒီဟာလေးကတော့ ဗေဒင်ဝါသနာရှင်တွေအတွက်အင်တာနက်ကနေအလွယ်တကူကြည့်လို့ ရမယ့် နည်းလေးပါ။ မြန်မာမွေးသက္ကရာဇ်ထည့်ပါ။
 မွေးနေ့ ထည့် ပြီးသွားရင်
Submit Query ကိုနှိပ်လိုက် မဟာဘုတ်အဟောကို အလွယ်တွက်နိုင်ပါပြီ............။
ဘယ်သူနဲ့ရမလဲဆိုတာ တွက်ကြည့်လို့ရမည့် ဗေဒင် Software လေးပါ..
ဒီဆော့ဝဲလေးကတော့ကိုယ်ဘယ်သူနဲ့ အိမ်ထောင်ကျမယ် ဘယ်လိုလူမျိုးနဲ့ ရမလဲ
ဆိုတာကအစတွက်လို့ ရတယ်အင်စတောလုပ်ပြီးရင်ခုနှစ်သက္ကရာဇ်လေးထည့်ပေး
၇ုံနဲ့ စုံနေအောင်တွက်လို့ ရတယ်ကွန်ပျုတာဗေဒင်ပေါ့ဝါသနာပါသူများနဲ့ ဗဟုသုတရ
ရလိုသူတွေဆောင်ထားသင့်ပါတယ်....
လိုချင်သူများအောက်မှာ ဒေါင်းလိုက်ပါ။
Credited to မောင် (စွယ်စုံကျမ်း)
ဥအပေါ်သစ္စာရှိသလို သူ့ အပေါ်လည်း သစ္စာရှိနေမှာ( မလေးရှား ဖြစ်ရပ်မှန် )
ရွှေတစ်ယောက်..
မလေးရောက်စ..
စကားက..မပေါက်
မတောက်တခေါက်နဲ့.......
Ini (အိနိ..ထိုနည်းလည်းကောင်း)
မကြာမကြာသုံးပြီး
အလုပ်တွေကြိုးစား............။
အပေါင်းအသင်းလည်းမများ.....
ဘယ်ကိုမှလည်းမသွား...
ခေါက်ဆွဲနဲ့ ကြက်ဥတွင်တွင်စားရင်း        
ပြောင်းပြန်သွားကားလမ်းတွေကို..
မရဲတရဲ..ကူးနေရတယ်........၊၊
ဘုရားတရား..ပွားများ..
အိမ်အကြောင်း..စဉ်းစား...
စီးပွားရေးအကြောင်း..စဉ်းစား...
အလုပ်တွေအရမ်းလုပ်....
ငွေထုတ်တာနဲ့ အမြန်ပို့................။
အဖေ..အမေဘို့..သားမယားဘို့.....
ကိုယ့်ဘို့တော့နည်းနည်းချန်...
ရှိတာလေးနဲ့ ကြံဖန်စား...
ခေါက်ဆွဲ တစ်လှည့်..ကြက်ဥတစ်လှည့်နဲ့..
မိသားစုတွေ..အပေါ်မှာငဲ့...
အော်.....တော်ရှာပါရဲ့............၊၊
ဒီလိုနဲ့....
ကျင်လည်တာ..ကြာခဲ့ပေါ့...
တစ်နှစ်တာ.........................။
ခုတော့....
စကားလည်း..အတော်ပေါက်..
မာကန်းလားမီနွန်းလားနဲ့ 
အပြင်ဆိုင်တွေရောက်
ရသမျှပိုက်ဆံအိပ်ထဲထည့်
အပေါင်းအသင်းတွေနဲ့တည့်
မြန်မာဆိုင်တွေ..ရောက်....
အရက်..ဘီယာ ကြုံသလိုသောက်...
တစ်ခါတစ်ခါ..ဟိုအတန်းရောက်..........
အလုပ်ရှင်ကိုလည်းမကြောက်....
ရဲ..ဆိုတာလည်းမကြောက်....
မိသားစုကိုခေါက်
ကြက်ဥနဲ့..ခေါက်ဆွဲပေါ်မှာ...
သစ္စာဖောက်...............................၊၊
ဒီလိုနဲ့..ရွှေတစ်ယောက်...
အိမ်ကိုလည်း..ငွေမရောက်တော့ပေ...........၊၊
                                                          မောင်နဲ့ ညီညီ(ခေတ္တလူ့ ပြည်)
Credited to မောင် (စွယ်စုံကျမ်း)
နှစ်သက်မိပါသဖြင့် ပြန်လည်ကူးယူဖေါ်ပြပါသည်။
မေမြို့သားလေး
Saturday 27 October 2012
အင်္ဂလိပ်စကားမြန်မြန်ပြောတတ်အောင်ဘယ်လိုလေ့ကျင့်သင့်သလဲ...
စကားလုံးဝေါဟာရများကိုကြက်တူရွေးနှုတ်တိုက်ကျက်မှတ်ခြင်းရှောင်ပါ။ဘယ်လိုကျက်မှတ်ရမ
လည်းဆိုတော့……..ဝေါဟာရ တလုံးကို စာကြောင်းနဲ့ တွဲတွဲကျက်ပါ။ ဥပမာ………walk ဆိုပါတော့…ဒါကို ထပ်ခါထပ်ခါ ဝေါဟာချည်းပဲ ကျက်မှတ်နေမယ်ဆိုရင် ကြာရင်မေ့တတ်ပါတယ်။ စာကြောင်းဖြစ်တဲ့…..
-       We walk every morning. ဒါမျိုးတွဲကျက်မှတ်ပါ…….ပြီးရင် မေးခွန်းတွေဆက်စဉ်းစားပါ၊ အဖြေတွေ မိမိဖာသာဖြေကြည့်ပါ….ဆိုလိုတာက…..
-       We walk every morning. ( ကျနော်တို့ မနက်တိုင်းလမ်းလျှောက်တယ် )…..
-       မေးခွန်းဆက်မေးပါ…….ဘာလို့လမ်းလျှောက်တာလည်း….ဖြေပါ
-       ကျန်းမာရေးကောင်းအောင်ပေါ့……ဆက်မေးပါ
-       ကျန်းမာရေးကောင်းအောင်နောက်ထပ်ဘာတွေ လုပ်သင့်လည်း……ဖြေပါ
-       ဘာတွေလုပ်သင့်တယ်ပေါ့…( မိမိ စဉ်းစားနိုင်သလောက် သိသလောက်ဖြေပါ )
Tuesday 23 October 2012
Do You Believe in Numerology?
 Do You Believe in Numerology?
မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ.
တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...
ဘာမှမရေးထားဘူး .......
ဒီစာမျက်နှာမှာဘာမှရေးမထားပါ
                   အလွမ်းတွေအက္ခရာစဉ်မထားသလို
အချစ်တွေလဲဖျက်ကာပြင်မထားဘူး
                   အမုန်းတွေတွက်ကာပြင်မထားသလို
အနမ်းတွေခက်တာတင်မထားဘူးးး
                            ဒီစာမျက်နှာမှာဘာမှရေးမထားဘူး
ဒီစာမျက်နှာမှာအချစ်တွေမရှိဘူး
    အမုန်းတွေမရှိဘူး
        မာနတရားမရှိဘူး
           လောဘ ဒေါသမရှိဘူး
                ကျော်ကြားမူတွေမရှိဘူး
                        ဂုဏ်ပကာသနမရှိဘူး
                              ယုံကြည်မူတွေမရှိဘူး
                                   ခင်မင်မူတွေမရှိဘူး
                                                   သူငယ်ချင်းတွေမရှိဘူး
                                                        ဒီစာမျက်နှာမှာ ဒီလူဘာမှရေးမထားဘူးးးးးးးးးးးးးးးးး။ ။
မေမြို့သားလေး
နားလည်မူ.....
နေရာတကာတွင် ငါသာသိ၊ ငါသာတတ် ငါ တကော ကောနေတတ်သူတို့သည် မိမိကိုယ်ကိုယ် 
နားမလည်သူများ ဖြစ်ကြသည်. . . ထိုသူတို့သည် သူတစ်ပါးအပေါ် နားလည်နိုင်ရန်ခဲယဉ်းလှသည်. . . အရာရာတွင် ကိုယ်နှင့် နှိုင်းပြီး ဆင်ကန်းတောတိုး လုပ်တတ်ကြသည်. . .
စင်စစ်မှု နားလည်မှုသည်. . မိမိကိုယ်တိုင် အရင် ကျင့်သုံး လိုက်နာရမည့်. . . လူမှုရေး ကျင့်စဉ်တစ်ခုသာ ဖြစ်သည်. . အဘယ့်ကြောင့်ဆိုသော် မိမိကိုယ်တိုင် နားလည်မှသာ မိမိအပေါင်းအသင်း ၊ မိမိပတ်ဝန်းကျင်အပေါ်နားလည် နိုင်သောကြောင့် ဖြစ်သည်. . . ထို့ကြောင့် သူတစ်ပါးကို နားလည်လိုလျှင် ၊ နားလည်မှုကို ပေးလိုလျှင် မိမိကိုယ်ကို နားလည်အောင် အရင်လုပ်ရမည်ဖြစ်သည်..
ပေါင်းသင်းဆက်ဆံရေးနှင့် မကင်းသောသူသည်. . လူအချင်းချင်း ပြေလည်ချောမွေ့စွာ ပေါင်းသင်းနေထိုင်ရန် အရေးကြီးလှသည်. . တစ်ဦးသဘောကို တစ်ဦး သိမြင်နားလည်ကာ ပျော်ရွှင်ချမ်းမြေ့ဖွယ် လူမှု ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် လိုအပ်သည် . . . ထိုအခါ တစ်ဦးအပေါ်တစ်ဦး နားလည်မှုသည်. . မရှိမဖြစ် အရေးတကြီး လိုအပ်လာသည်. . .
ဒို့မြန်မာ အမျိုးသမီးများ သတိထားစေချင်
ကျွန်တော့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်နှမ..... များ
အခု တလော online ပေါ်မှာ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မဖြစ်သင့်တာတွေ မလုပ်သင့် တာတွေ အများကြီးတွေ့ လာရတဲ့ အတွက် အမျိုးသမီးများ သတိထားဖို့ ရန် ဆော်သြချင်ပါတယ်
ဘာပဲ လုပ်လုပ်သတိထားစေချင်ပါတယ်၊ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာ အခုမှပဲ ရေးဖြစ်လိုက်ပါတယ်
(၁) ဈေးဝယ်ထွက်ခြင်း
Shopping ထွက်တဲ့ အခါ Shopping Centre မှာ ရှိတဲ့ အဝတ်လဲ ခန်းတွေမှာ အဝတ် စမ်းဝတ်တဲ့ အခါ သတိထားစေချင်တယ်၊ အဝတ်တွေ ချွတ်ပြီး လဲတဲ့ အခါ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ
(၂) အိမ်သာသွားခြင်း
အများသုံးအိမ်သာ( ဘယ်အိမ်သာပဲ ဖြစ်ဖြစ်) တွေမှာ အညစ်အကြေး (အပေါ့အလေး) စွန့် တဲ့ အခါ သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ
*#* 1500 Error*#*
  •  ခေါင်းစားတယ်...
  • ပတ်သက်ဖူးသမျှ၁၅၀၀တွေလဲ
  • error တွေပဲပြပြနေတယ်
  • ၅၂၈ ကလည်းအနားမှာမရှိဘူး၊
  • ကိုယ်စောင့်နတ်ကလည်းအိပ်ယာမထသေးဘူး
  • နှလုံးသား folder လည်း virus ကိုက်သွားပြီ
  • သက်ပျင်းတွေပဲချချနေရတယ်...
  • ကဗျာကောင်းကောင်းတစ်ပုဒ်ရေးဖို့
  • ဦးနှောက်နဲ့ရင်ဘတ်ကို
  • Network မချိတ်ရသေးဘူး
  • ဒိတ်အောက်နေတဲ့ငါ့ရင်ဘတ်ကြီးကိုလည်း
  • update ပြန်လုပ်ရအုန်းမယ်...
  • သိုးရေခြုံတဲ့ဝံပုလွေတွေငါ့နားမလာနဲ့
  • အနာဂတ်ကိုကြည့်ဖို့
  • ပစ္စုပန်ကိုမျက်မှန်တတ်ပေးလိုက်ပြီ
  • ဒီကဗျာ ဒီမှာပဲ ပုဒ်မချလိုက်ပြီ ။ ။
  • ကြိုက်လို့ ကူးထားတာပါ....
    စိတ်ခွန်အားပေးသည့် အတိုဆုံးအဆိုအမိန့်များ
    1. He who lives only for himself is truly dead to others.
    မိမိတစ်ဦးတည်းအတွက်သာ  အသက်ရှင်နေထိုင်သူသည် တစ်ပါးသူတို့အတွက် အမှန်တကယ်သေသူသာဖြစ်သည်။
    2. Be kind, for everyone you meet is fighting a hard battle. 
    သင်မြင်တွေ့ရသူတိုင်းသည် ခက်ခဲသည့်စစ်ပွဲကို တိုက်ခိုက်နေရသည့်အတွက် ဂ၇ုဏာထားပါ။
    3. Kindness is the language which the deaf can hear and the blind can see. 
    ကြင်နာမှုသည် နားမကြားသူတို့၌ကြားနိုင်၍ မျက်မမြင်တို့မြင်နိုင်သည့် ဘာသာစကားဖြစ်သည်။
    4. Without kindness, there can be no true joy.
    ကြင်နာမှုကင်းမဲ့လျှင်စစ်မှန်သည့်ပျော်ရွှင်မှုမရှိနိုင်။ 
    The History of Buddhism in Myanmar
    The History of Buddhism in Myanmar
    In Union of Myanmar majority of the population are Buddhist, Theravada Buddhism is professed widely. Religious intolerance or discrimination on grounds of religion is non-existence in the Union of Myanmar throughout it's long history. The main religions of present day Myanmar are Buddhism (89.20%), Christianity (5.05%), Muslims (3.78%), Hindus (0.55%), and Animism (1.27%) and other faiths such as Bahia Sikhs, Lipian fujianhal, Chinese, etc.(0.61%).
    Theravada Buddhism flourishes in Myanmar .With reference to stone inscriptions, palm leaf inscriptions and court chronicles tell us that Buddhism arrived in Myanmar not once but many times.
    Buddhism (Freedom of Religion)
    Buddhism
    Freedom of Religion
    Freedom of religion is practiced in Myanmar, although a majority (some 89.1%) are Buddhists in Myanmar. But Myanmar seems democratic that Buddhism is not defined as the official religion of the country, like most Islamic countries does.
    Faith and religion are a little hard to differentiate or divide, and they are often very much inter-related or confused. All teaching by a religion is generally considered as religious matters, while other customs and traditional beliefs not taught by a religious body is considered as faith. In addition to that, superstition often influences the faith and the lives of the Myanmar people.
    Teravada Buddhism / Orthodox Buddhism
    Just like Roman Catholic and Protestants, there are 2 major churchs in Buddhism: Teravada and Mahayana. Teravada Buddhism is the orthodox church, and it dominates in Myanmar, Thailand, and southeast Asia.
    Buddhist meditation, the practice of mental concentration leading ultimately through a succession of stages to the final goal of spiritual freedom, nirvana. Meditation occupies a central place in Buddhism and combines, in its highest stages, the discipline of progressively increased introversion with the insight brought about by wisdom. Meditation, though important in all schools of Buddhism, has developed characteristic variations within different traditions.
    Myanmar Festival Calendar
    Pyatho (January)
    It is the 10th Myanmar month in the middle of the cool season (December-January). In ancient times it was the month for the equestrian festival held for virtually the whole month, as it involved competitions in horsemanship, bowmanship, lancing and sword fighting, shooting and martial arts.
    It was in effect an occasion to select heroes.
    It was found to have begun in 674 ME under the reign of pinya Thinhathu but researchers in Bodaw Pay's reign held that it began in the reign of King Nyaugyan in Inn-wa Period.
    Monday 22 October 2012
    အဖေ.....
    တစ်ခါတုန်းက ရွာကလေးတစ်ရွာမှာ သားအဖ နှစ်ယောက်ရှိတယ် ။ ဖခင်ဖြစ်သူက သမီးလေကို မွေးမွေးပြီးကတည်းက အလွန်အမင်းကို ချစ်မြတ်နိုးခဲ့ရတယ် ။ သမီးလေး မွေးပြီးလို့ လသားအရွယ်မှာပဲ မိခင်က ဆုံးပါးရှာတဲ့အတွက် မိတဆိုးသမီးလေးဆိုပြီး လိုလေသေးမရှိ ထားခဲ့တယ် ။
    ဒါပေမယ့်လည်း ဘ၀ကံနုံချာလွန်းတဲ့အတွက် ဆင်းဆင်းရဲရဲ့ချို့ချို့တဲ့တဲ့နေခဲ့ရရှာတယ် ။ ဒီလိုနဲ့ သမီးလေး အပျိုပေါက်အရွယ်ရောက်လာခဲ့တယ် ။ “ အဖေ . . သမီး မြို့မှာသွားပြီ
းကျောင်းတက်ချင်တယ် ” အားတက်သရော ပြောလာတဲ့ သမီးငယ်စကားကြောင့် ဖခင်ဖြစ်သူရဲ့ ရင်ထဲ ဆို့နင့်သွားခဲ့ရတယ် ။
    Sunday 21 October 2012
    တင်းမာမှု ပြေလျော့စေရန် မိမိဘာသာ နှိပ်နယ်နည်း
    သင်ဟာ တစ်နေကုန် လူပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်နေတာကြောင့် အနားယူလိုရင် အောက်ပါအတိုင်း  အနှိပ်ခံကြည့်ပါ။ ပစ္စည်းကိရိယာ မလိုအပ်ဘဲ နေရာမရွေး ပြုလုပ်နိုင်ပါတယ်။ သီချင်းသံအေးအေးပဲ လိုအပ်ပါတယ်။
    ဇက်ကြောနဲ့ နောက်ကျောတက်နေရင်
    သင့်လက်ဖဝါးကို သင့်ရင်ဘတ်ပေါ်မှကျော်ပြီး တခြားတစ်ဖက်မှ ပခုံးပေါ်မှာ တင်ကာ အပေါ်ပိုင်းနောက်ကျော ကြွက်သားတွေရဲ့ ဧရိယာနေရာ ကျယ်ကျယ်ရနိုင်သမျှကို နှိပ်နယ်ပေးပါ။ နှစ်ဖက်စလုံး ပြုလုပ်ပါ။
    Thursday 18 October 2012
    အိပ်မပျော်သောသူများအတွက်.....
    လူဦးရေ၇၅ ရာခိုင်နှုန်းဟာ အိပ်ရေးမဝတာကြောင့် နေ့ခင်းပိုင်းမှာ အိပ်ငိုက်နေတာကို ရုန်းကန် နေရတယ်လို့ National Sleep Foundation မှာ ဖော်ပြ ထားပါတယ်။ အောက်ပါတို့ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပြီးစွမ်းအင် ပြည့်ဝစွာနဲ့ နိုးထ လာနိုင်တဲ့ နည်းလမ်းပါလို့ သိပ္ပံနည်းကျနောက်ဆုံးပြုလုပ်တဲ့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။
    ၁။ လှပတဲ့ မြင်ကွင်းတွေ ကြည့်တာကြောင့် မြန်မြန် အိပ်ပျော်နိုင်ပါတယ်။
    Oxford တက္ကသိုလ်မှ လေ့လာမှုအရ အိပ်မပျော်တတ်သူတွေဟာ ရေတံခွန်၊ပင်လယ်လှိုင်း ဒါမှမဟုတ် တခြားသောသဘာဝရှုခင်းတွေရဲ့ဓာတ်ပုံကို မြင်ယောင်ကြည့်ရင် သိုးကောင် ရေတွက်နေသူတွေထက် မိနစ် ၂၀ ပိုမြန်ဆန်ပြီး အိပ်ပျော်တယ်လို့ သိရပါတယ်။
    Wednesday 17 October 2012
    ရင်လေးစရာ မြန်မာမလေးများ...........
    ဝမ်းနည်းကြေကွဲစွာနဲ. ကြားခဲ့ရတဲ့ မြန်မာ မိန်းခလေးတွေရဲ. အကြောင်းလေးတစ်ချို. ပြောပြပါရစေ...။ နိုင်ငံခြားရောက်နေတဲ့ အမျိုးသမီးများ ကိုယ့်ကိုကိုယ်ဆင်ခြင်နိုင်ဖို.ပါ.....။ အတင်းပြောတာမဟုတ်ရပါ...။
    တနေ့ .......သူငယ်ချင်းကောင်လေးတစ်ယောက်က သူမှာ တစ်ခြားသူငယ်ချင်းကောင်လေးတစ်ယောက် မိတ်ဆက်ပေးလို. မိန်းကလေးသူငယ်ချင်းတစ်ယောက်နဲ. ဖုန်းထဲမှာ ခင်နေတဲ့အကြောင်းကို ပြောပြပါတယ်။ ဒါတွေက မဆန်းကြယ်ပါဘူး..။တိုင်းတပါး ကိုရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း ရိုင်းပင်းကူညီကြ၊ စိတ်ဓာတ်တွေ မြင့်တင်ပေးကြဖို. လိုအပ်ကြတာပဲလေ...။ဒီထဲမှာမှ တစ်ကယ်ကိုရိုးသားစွာ ခင်တဲ့သူတွေ ရှိသလို၊ ကျားလိုအစာကို ချောင်းမြောင်းရှာဖွေ နေတဲ့ သူတွေကလဲ ဒုနဲ.ဒေးပါပဲ..။ပြောချင်နေတာက အဲ့ဒီ မိန်းကလေးကိုပါ...။
    သူက ဖုန်းတွေ ပြောနေရင်းနှင့်ကို အဲ့ဒီ ကောင်လေးကိုအရမ်းကို တွေ.ချင်နေတဲ့အကြောင်းတွေပြောပြီး  
     တွေ့ ဖို့ ကိုပူဆာနေပါတယ်...။ ဒါနဲ့  ကောင်လေးကလဲ တနင်္ဂနွေနေ.မှာ တွေ.ဖို.ချိန်းလိုက်ပါတယ်....
     မြန်မာဘုန်းကြီးကျာင်းသွားကြတာပေါ့။
     အဲ့ဒီလို နဲ.ပဲ ဘုန်းကြီးကျောင်းမှာ ဆုံကြရော......။ ဘုန်းကြီးကျောင်းရောက်လို. ဝတ္တုတွေ ကပ်တော့ ကောင်မလေးက ကောင်လေးရဲ.ပိုက်ဆံအိတ်ကို တစေ့တစောင်းကြည့်လိုက်ပါတယ်....။အပြန်လမ်းလဲရောက်ရော ခုမှ စတွေ.ဖူးတဲ့ ကောင်လေးကို စပြီးပြောလိုက်တာက ပိုက်ဆံပါရင် $300 လောက်ချေးပါတဲ့...။ သူငွေလိုနေလို.ပါတဲ့....။ဖြစ်သင့်လားဟင်း.....။ ခုမှ စပြီးသိတဲ့သူဆီက ပိုက်ဆံချေးတာ....။တကယ်အကူအညီလိုနေရင်တောင် မလုပ်သင့်ဘူးလို့ ထင်ပါတယ်...။ ကောင်လေးကလဲ တော်တော်လေး အံ့အားသင့်သွာတယ်...ပြီးမှ ငါ့မှာလဲ အဲ့ဒီလောက်ငွေမပါဘူးလို.ပြောလိုက်တယ်..။တကယ်လဲမပါတာ..အရှင်းဆုံးပြောရရင် သူ.လက်ထဲမှာတောင်အဲ့ဒီလောက်ငွေ မရှိဘူး..။ အဲ့ဒီနေ.ကတွေ.ဆုံချင်းတွေက တိတ်ဆိတ်ချင်းနဲ.ပဲ လမ်းခွဲခဲ့ကြတယ်...။ဒါပေမဲ့ မပြီးသေးပါဘူး......