Thursday 29 November 2012

မြန်မာတိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်မှသာလျှင်...



မြန်မာတစ်နိုင်ငံလုံး၊မြန်မာတစ်မျိုးသားလုံးကို ကောင်းကျိုးမပေးသော မည်သည့် အရေးကိုမဆို
မြန်မာတစ်မျိုးသားလုံး၊တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆန့်ကျင်ပါက မအောင်မြင်နိုင်စရာအကြောင်းမရှိပေ။သို့သော်ယနေ့လက်တွေ့မှာထိုသို့မဟုတ်ပါ။
လူမျိုးစွဲ၊ဒေသစွဲလို့ဘဲပြောရမလား။ကိုယ့်လူမျိုး၊ကိုယ့်ဒေသကို တိုက်ရိုက်ဒုက္ခမပေးသရွေ့
ကိုယ်နဲ့မဆိုင်သလိုနေနိုင်ကြသည်။ကိုယ့်ဒေသ၊ကိုယ့်ပတ်ဝန်းကျင်ကို လာထိမှသာလျှင်
ထကြွဆန့်ကျင်ကြသည်။အမှန်တကယ်တမ်းဖြစ်သင့်သည်မှာ မြန်မာနိုင်ငံ၏မည်သည့်ဒေသမှာ
ဖြစ်နေသော အရေးကြီးပြဿနာကိုမဆို မြန်မာတစ်မျိုးသားလုံး၏အရေးဟုသဘောထားကာ
ညီညီညွတ်ညွတ်နဲ့ နိုင်ငံလုံးဆိုင်ရာ ဆန့်ကျင်ကန့်ကွက်ပါက မအောင်မြင်နိုင်စရာအကြောင်းမရှိပါ။
ဆိုလိုတာကရခိုင်မှာ ဖြစ်နေတာဘဲငါတို့ဒေသဖြစ်နေတာမဟုတ်ဘူး။

Sunday 25 November 2012

အင်တာနက် Speed ကို 300% လောက်မြန်စေတဲ့ Net Speeder v45 Build 850 + Serial

                 အင်တာနက် Speed ကို 300% လောက်မြန်စေတဲ့ Net Speeder v45 Build 850 ကိုမြန်မာ
နိုင်ငံအတွင်းမှာ ရှိကြသော Connection မကောင်းတဲ့ သူငယ်ချင်းများအတွက် အဓိက မျှဝေပေးလိုက်ပါတယ်။

Virus အကြောင်း E-Book များ


Virus နဲ့ပတ်သက်တဲ့ e-book များကို တင်ထားပေးပါတယ်။  virus အကြောင်း ကို ကျွန်တော်သိချင်လို့တင်ထားတာပါ။နောက်ပြီးVirus အကြောင်း လေ့လာလိုသူများအတွက် အဆင်ပြေစေဖို့အတွက်ပါ။ လိုချင်သူများရှိရင် ယူသွားကြပါဗျာ။


ထိပ်တန်း Android Application Download Website (၁၀)ခု

Android Device တွေမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် Application တွေကို အွန်လိုင်းမှတစ်ဆင့် အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။  ဒီလိုအခမဲ့ ရယူနိုင်တဲ့ ဝက်ဘ်ဆိုက်တွေဟာလည်း များစွာပေါ်ထွက်လျက်ရှိနေပြီး ထိပ်တန်း Android Application Download ဝက်ဘ်ဆိုက် ၁၀ ခု အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

တင်းတိပ်ဖြစ်ရတဲ့ အကြောင်းအရင်း


တင်းတိပ်ဖြစ်ရသော အကြောင်းအရင်း
တင်းတိပ်ဖြစ်ရတဲ့ အကြောင်းအရင်း တိတိ ကျကျကို မသိသေးပါဘူး။ ကျွမ်းကျင်သူတွေ က အကြောင်းအချက်များစွာကြောင့် တင်းတိပ် ဖြစ်လာနိုင်တယ်လို့ ယုံကြည် ကြပါတယ်။
နေရောင်နဲ့ ထိတွေ့မှု၊ ကိုယ်ဝန်ဆောင်ခြင်း၊ သန္ဓေတားဆေးများ၊ ဟော်မုန်းအစားထိုး ကုသမှု ခံယူခြင်း၊ မိသားစုရာဇဝင်မှာ တင်းတိပ် ဖြစ်ခြင်း၊ အတက်ရောဂါ ကုသ ဆေးတွေနဲ့ အရေပြားကို ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်ခံစားလွယ်စေတဲ့ တခြားဆေးဝါးတွေကြောင့် တင်းတိပ်ဖြစ်စေနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်များ ဘယ်လိုရွေးလို့ ဝယ်ရမလဲ


အဆိုးအကောင်းရွေးချယ်နည်း
အသီးအရွက်၊အသား၊ဥစတာတွေကိုဝယ်ယူရာမှာလတ်ဆတ်မှု၊နုဖတ်မှု၊အရင့်မှန်မှုတွေကိုသိရှိနားလည်ထား
ဖို့လိုပါတယ်။အချို့အသီးအရွက်တွေကရင့်မှစားလို့ကောင်းပြီးအချို့ကနုမှစားလို့ကောင်းပါတယ်။ဒါကြောင့်
အသီးအရွက်တွေအနုအရင့်ပုံသဏ္ဍာန်တွေကိုရွေးချယ်မှုမှန်ကန်စေရန်ရေးသားတင်ပြပေးလိုက်ပါတယ်။
 

စတော်ဘယ်ရီသီးနှင့် ကျန်းမာရေး

 
 
စတော်ဘယ်ရီသီး နီနီရဲရဲလေးတွေဟာ စားချင်စရာဆွဲဆောင်နေပြီး အရသာလည်း ရှိလှသလို အာဟာရလည်း ပြည့်ဝပါတယ်။ ဒါကြောင့် အခုလို စတော်ဘယ်ရီသီးတွေ ပေါများတဲ့ ရာသီမှာ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ စတော်ဘယ်ရီသီးတွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင်စနစ်တကျ သိမ်းဆည်းနည်းတွေကို ဖော်ပြလိုက်ပါ။

ဗီတာမင်ဓာတ်များ ရဲ့စွမ်းဆောင်မှုနဲ့စားရမဲ့အစားအစာများ


အသားအရေနုပျိုလှပ ကျန်းမာစေရန် အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင် ဓာတ်များနှင့် ပရိုတိန်းများ ပြည့်စုံ ကုံလုံ နေရန် လိုအပ်သည်။ ကိုယ်တွင်းအင်္ဂါများ သန်စွမ်းမှသာ အသားအရေသည်လည်း ဆက်စပ်လျက်ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပေရာ အသားအရေအတွက် သာမက၊ ခန္ဓာကိုယ်အတွက်ပါ လိုအပ်သော ဗီတာမင် ဓာတ်များကို ဖော်ပြလိုက်ရပေသည်။

ရှေးခေတ်မှ ယခုခေတ်ထိပစ်ပယ်မရတဲ့ ဆေးဖက်ဝင် အသီးအရွက်များ



 ကြက်သွန်နီ 
ရှေးထုံးစဉ်လာ အယူအဆအရ ကြက်သွန်နီဟာ ၉၆ ပါးဝေဒနာကို ပျောက်ကင်းစေတယ်ဆိုပြီး နိုင်ငံအနှံ့မှာ အသုံးပြုကြပါတယ်။ အရှေ့အလယ်ပိုင်း တိုင်းရင်းဆေး ဆရာတွေက ကြက်သွန်နီကို ဆီးချိုရောဂါ ကုသရာမှာ အသုံး ပြုကြပါတယ်။ ၂၀ ရာစုနှစ် အစောပိုင်း ကာလတွေ မှာလည်း အမေရိကန်မှ ဆရာဝန် Willian Boericke က ကြက်သွန်နီကို အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေမှာ အသုံးပြုခဲ့ပါတယ်။

မထင်မှတ်ထားသော ကျန်းမာရေးကို အန္တရာယ်ပေးနေသည့် အရာများ



(၁) ဆိုဒီယမ် လော်ရိုင်းဆာလဖိတ် (Sodium Lauryl Sulfate)


ဘာဖြစ်စေသလဲ - ပါးစပ်အနာ
SLS ဟာ သွားတိုက်ဆေးအများစုမှာ သန့်ရှင်းရေးပစ္စည်းအနေနဲ့ ပါဝင်နေပါတယ်။ ဒါပေမယ့် ခံတွင်းထဲက ဘက်တီးရီးယား အလွှာကို ပြောင်းလဲသွားစေပြီး တစ်သျှူး တွေကို မသက်မသာဖြစ်စေကာ ပါးစပ်အနာ ကို ဖြစ်စေနိုင်ပါတယ်။


ပါးစပ်အနာမဖြစ်အောင်
- SLS မပါတဲ့ သွားတိုက်ဆေးကို ပြောင်းသုံးပါ။ ဒါ့အပြင် ခံတွင်းမသက်မသာဖြစ်စေနိုင်တဲ့ နာနတ်သီးလိုမျိုး အက်စစ်ကဲတဲ့အသီးတွေကို လျှော့စားပေးပါ။

ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ

ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့် ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥ၊ ဘဲဥတွေကို အသင့်အတင့် စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်

ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

အမျိုးသမီးများ မှားယွင်းတတ်သော အလေ့အကျင့်များ



၁။ တော်ရုံတန်ရုံဆို ဆရာဝန်ပြစရာ မလိုပါဘူး
အသေးအမွှားခေါင်းကိုက်တာ၊ ဖျားနာတာ လောက်ဟာ သင့်အတွက် ပြဿနာ မဟုတ်ပေမယ့် အချိန်တိုင်း လိုလိုသာ ဖြစ်နေမယ်ဆိုရင်တော့ သင့်နောင်ရေး အတွက် မကောင်းနိုင်ပါဘူး။ ကိုယ်ခန္ဓာ အလေးချိန်ကို အမြဲတိုင်းတာပါ။ သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရော ကို အမြဲတိုင်းတာစစ်ဆေးပါ။ ဖြည့်စွက် အစားအစာနဲ့ လေ့ကျင့်ခန်းကို သင့်နေထိုင်မှုထဲမှာ ထည့်ပေါင်းပါ။ ရင်သားစစ်ဆေးမှု ပုံမှန်ပြုလုပ်ပါ။

၂။ တို့ကတော့ ဒေါက်မြင့်ဖိနပ် စီးနေကျပါပဲ
အချိန်ကြာကြာ ဒေါက်မြင့်သုံးလက်မကနေ ငါးလက်မအထိ မြင့်တာတွေစီးတာကြောင့် တင်ပါးဆုံရိုးနဲ့ နောက်ကျောနာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ကြာရှည်လမ်းလျှောက် ရမယ်ဆိုရင် ဖိနပ်အပါးနဲ့ နှစ်လက်မဒေါက် ဟာ သင့်ကို သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။

ရေသောက်သုံးမှုနည်းသည့်ပြဿနာနှင့် ဆီးချို သွေးချို ရောဂါဖြစ်ပွားမှု ဆက်စပ်လျက်ရှိ





နေ့စဉ် ရေ(၂)ခွက်ထက် နည်းပြီး သောက်သုံးတဲ့ သူတွေဟာ သွေးတွင်းသကြားဓာတ် မြင့်မားဖို့ အလားအလာ ပိုမိုမြင့်မား နိုင်တယ်လို့ သိရပါသည်။ေ သွးတွင်းသကြား ဓာတ်ဟာေ သွးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားလောက်အောင် မမြင့်မားပေမယ့် သာမန်ထက် သွေးတွင်း သကြားဓာတ် ပိုမို မြင့်မားတဲ့သူေ တွ ၊ သွေးချို ၊ ဆီးချိုရောဂါအကြို ဖြစ်ပွားနေသူတွေ ဖြစ်ပါသည်။

Saturday 24 November 2012

ကိုယ့်တောမှာပဲကိုယ်ပျော်တယ်”


“ကိုယ့်တောမှာပဲကိုယ်ပျော်တယ်”
ရေးသူ - မောင်လင်းကြည်)
 
ဘယ်နေရာ ဘာပေါတယ်ပြောပြော
 အမေတော့ ကိုယ့်တောမှာပဲ ကိုယ်ပျော်တယ်။
 
မနက်လင်း
 ယာခင်းထွက်မလား...။
 
ကန်သင်းထက်
 ဟင်းရွက်ခူးမလား...။
 
ကန်သင်းကွေ့
 ထင်းတစ်ပွေ့ကောက်မလား...။
 
ထနောင်းရိပ်
 ချောင်းထိပ်က စေတီကိုဖူးမလား ...။
 
မဂျီး (မန်ကျည်း) ရိပ်
 ပုတီးစိပ်မလား ...။
 
တစ်အိမ်ဝင်တစ်အိမ်ထွက်
 လက်ဖက်ဝါးမလား...
 ထညက် (ထန်းလျက်) စားမလား...။
 
ကွမ်းတစ်ယာနဲ့
 လွမ်းစရာကိုပဲ ပြောမလား...။
 
တေးတစ်လိပ်နဲ့
 ရှေးအတိတ်ကိုပဲ ပြောမလား...။
 
ကိုယ့်တော ကိုယ့်ရွာ
 ဒီအရသာ ဘယ်မှာ ရှာလို့ ရပါ့မလဲ...။
 
ဒါကြောင့်မို့
 ဘယ်နေရာ
 ဘာပေါတယ်ပြောပြော
 အမေတော့.. ကိုယ့်တောမှာပဲ. ကိုယ်ပျော်တယ်..။
 
မောင်လင်းကြည်
photo kyaw kyaw win
ဘယ်နေရာ ဘာပေါတယ်ပြောပြော
အမေတော့ ကိုယ့်တောမှာပဲ ကိုယ်ပျော်တယ်။

မနက်လင်း
ယာခင်းထွက်မလား...။

ကန်သင်းထက်
ဟင်းရွက်ခူးမလား...။

ကန်သင်းကွေ့
ထင်းတစ်ပွေ့ကောက်မလား...။

ထနောင်းရိပ်
ချောင်းထိပ်က စေတီကိုဖူးမလား ...။

မဂျီး (မန်ကျည်း) ရိပ်
ပုတီးစိပ်မလား ...။

တစ်အိမ်ဝင်တစ်အိမ်ထွက်
လက်ဖက်ဝါးမလား...
ထညက် (ထန်းလျက်) စားမလား...။

ကွမ်းတစ်ယာနဲ့
လွမ်းစရာကိုပဲ ပြောမလား...။

တေးတစ်လိပ်နဲ့
ရှေးအတိတ်ကိုပဲ ပြောမလား...။

ကိုယ့်တော ကိုယ့်ရွာ
ဒီအရသာ ဘယ်မှာ ရှာလို့ ရပါ့မလဲ...။

ဒါကြောင့်မို့
ဘယ်နေရာ
ဘာပေါတယ်ပြောပြော
အမေတော့.. ကိုယ့်တောမှာပဲ. ကိုယ်ပျော်တယ်..။

မောင်လင်းကြည်

Credited to Myanmar Arts and Crafts

Wednesday 21 November 2012

မြန်မာဂျာနယ်များ အလကားဖတ်ဖို့ ....






ကျွန်တော် ဂျာနယ်ဖတ်ချင်ရင် တကူးတကလိုက်မရှာရအောင်လို့တင်ထားတာပါဗျာ။ မြန်မာဂျာနယ်တွေ
 တော်တော်များများ ဒေါင်းလုပ် ယူနိုင်ပါတယ်။ တော်တော်လည်းစုံပါတယ်။ ဒီလိုဖြစ်အောင် လုပ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။
မသိသူများလည်း သွားရောက်ကြည့်ရှု ဒေါင်းလုပ်ယူနိုင်ပါတယ်နော်။ လင့်ကတော့ အောက်မှာပါ။

http://www.myanmarjournaldownload.com/

မေမြို့သားလေး




ညီမလေးဈေးကောင်းရပါစေ........


Sorry ပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။

မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ ဈေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။

Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။

အားဆေး.......


“အားဆေး အညိုတောင့်ကြီးတွေ နေ့တိုင်း စားတယ်”
“ရေဆူ အားဆေးပြားကြီး တနေ့ နှစ်လုံး အမြဲစားတယ်လေ”
“ထမင်းစားပြီးတိုင်း အားဆေးပြား နှစ်မျိုး၊ သုံးမျိုးတော့ နေ့တိုင်း စားနေတာပဲ”
“စာအုပ်ထဲမှာပါတဲ့ အားဆေးတွေ ဖတ်ပြီး စားကြည့်နေတယ်”
အဆိုပါ “အားဆေး” ဆိုသည်မှာ အလွန် ရေပန်းစားနေပါသည်။ အရွယ်မရွေး အားဆေးစားသင့်သည်။ အားဆေးစားမှ ကျန်းမာမည်ဟု ယူဆထားလေ့ရှိကြပါသည်။

“ကျွန်တော်တို့ တင်သွင်းတဲ့ အားဆေးဟာ ဗီတာမင်၊ သတ္ထုဓာတ် ဆေးမြစ်တွေ အကုန်လုံး ပါဝင် ဖော်စပ်ထားပါတယ်။ အခု ရောင်းချနေတဲ့ တခြားအားဆေးတွေ နဲ့ နှိုင်းယှဉ်ပြထားပါတယ်။ ကျွန်တော်တို့ ဆေးက အများကြီး သာတယ်ဆိုတာ တွေ့ရပါမယ်။ ဒါကြောင့် ဒီဆေးကို သုံးကြည့်ပါ။ ညွှန်ပေးပါ” စသည်ဖြင့်လည်း ဆေးကုမ္ပဏီ အများအပြားက အလုအယက် ကြော်ငြာအားကောင်းနေသော အချိန်လည်း ဖြစ်ပါသည်။ အရောင်အသွေး စုံလင်စွာဖြင့် ဝယ်ယူသောက်ချင့်စဖွယ် ဆွဲဆောင်အားလည်း အလွန်ကောင်းပါသည်။

Tuesday 20 November 2012

Buddhism Handbook (ဗုဒ္ဓဘာသာလက်စွဲကျမ်း)


                       This E-Book is for all Buddhism's people. If you interested in Buddhism, you can download it.

For download....... Click  Here.


Maymyo Thar Lay

တစ်နေကုန် စွမ်းအင်အပြည့် ရှိနေစေရန် နံနက်ခင်းတွင် လုပ်ဆောင်သင့် သည့် လှည့်ကွက် ခြောက်မျိုး






အိပ်ရာ နိုးထကာစ နံနက်ခင်း အချိန်မှာ အားအင် အပြည့်နဲ့ လန်းလန်း ဆန်းဆန်း အလုပ်လုပ်နိုင် ပေမယ့် ညနေခင်းအချိန်ရောက်တဲ့အခါ ပင်ပန်းနွမ်း နယ်နေသလို ဖြစ်တတ်ပါသလား။ နံနက်ခင်းကနေ ညနေဘက်အထိ တစ်နေ့လုံး စွမ်းအင်အပြည့်ရှိပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွနေစေဖို့ အောက်ပါ နည်းခြောက်မျိုးကို လိုက်နာကြည့်ပါ။

လည်ချောင်းနာခြင်း



လည်ချောင်းနာခြင်းဟာ ကလေးငယ်တွေမှာ အဖြစ်များတတ်ပြီး အချိန်သိပ်ပြီး မကြာဘဲ ပျောက်ကင်းသွားတတ်ပါတယ်။ အချိန် သုံးရက်လောက် ကြာချိန်မှာ သူ့အလိုလို ပျောက်သွားတတ်ကြပေမယ့် ခံရခက်တဲ့ ဝေဒနာတစ်ခုပါပဲ။ လည်ချောင်းနာတာက Streptococci ဘက်တီးရီးယားပိုးကြောင့် အဖြစ်များတတ်ပြီး လည်ချောင်းနာခြင်းနဲ့အတူ ခေါင်းကိုက်တာ နဲ့ ကိုယ်အပူချိန် တက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရောဂါပိုးဝင်ခြင်းကို ပြန်လည်ကုသရမှာ ဖြစ်တဲ့အတွက် ပဋိဇီဝ ပိုးသတ်ဆေးတွေသောက်ဖို့ လိုပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် သဘာဝနည်းလမ်းလေးတွေနဲ့ ကုသနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

အချိုမှုန့်ဆိုတာ ........???




ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာတယ်လီဖုန်းလမ်းညွှန် website

MYANMAR TELEPHONE DIRECTORY
AND OFFICIAL YELLOW PAGE

 
http://www.myanmarteldir.com/



 

Myanmar E Lottery

အွန်လိုင်းကနေ မြန်မာ့အောင်ဘာလေ ထီလက်မှတ်များကို တိုက်နိုင်သော
Myanmar E-lottery ဆိုဒ် သို့ သွားရောက်ကာ သိန်းဆုများကိုစစ်ကြည့်ရအောင်နော်..။

http://www.myanmarelottery.com/ 

ကျောက်ကွင်းအရေးတော်ပုံ

ဒီစာအုပ်ကတော့ လူတိုင်းသိကြမှာပါ ... ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာတို့ အမေးအဖြေ ပြိုင်ပွဲလေးပါ ။
အရမ်းကောင်းတဲ့ စာအုပ်လေးပါပဲ ။ ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်လို့ ညွန်းပါရစေ ။
အပြင်မှာ ၀ယ်ရင် ဘယ်လိုဝယ်ဝယ် ၀ယ်လို့ မရလောက်အောင် ရှားပါးလှတဲ့ စာအုပ်ပါ။ 


လိုချင်သူများ ဒီမှာ ဒေါင်းလုပ်ယူလိုက်ပါ။
ဒါကတော့ နောက်ထပ်လင့်တစ်ခုပါ။ လိုချင်ရင် ဒီမှာ နှိပ်လိုက်ပါ။ 

ဒါကတော့ သခင်မြတ်ဆိုင်ရေးခဲ့ပြီး တရားဝင်ထုတ်ဝေခွင့်မရရခဲ့တဲ့ စာအုပ်ပါ။ ဒီမှာတော့ ပေါ်ကစာအုပ်
လိုမဟုတ်ပဲ အမေးအဖြေတော်တော်များများပါနေပါတယ်။ ဖတ်ချင်သူများ ဒေါင်းလို့ရပါတယ်။ 

လိုချင်ရင် ဒီမှာ နှိပ်လိုက်ပါ။

တွဲဖက်၍ မစားသင့်သော အစာများ

ဆရာဝန်တွေက သဘောတူထားတာတွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ မြန်မာတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။

• ကကတစ် နှင့် ကြာဟင်း

• ကုန်းကျေး နှင့် ပုစွန်
• ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
• ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး (သံပရာသီး)
• ကျွဲခေါင်းသီး နှင့် လက်ဖက်
• ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
• ကုန်းငှက်သား နှင့် ကြက်ဆူဆီ
• ကန်စွန်းမြစ် နှင့် နှမ်းမှုန့်
• ကြာစွယ် နှင့် ဝက်သား

Sunday 18 November 2012

မိန်းကလေးများဖတ်ဖို့ပါ....

ကျွန်တော် အိမ်ထောင်ကျလို့ သမီးလေးမွေးရင် ပေးဖတ်ဖို့ ကြိုတင်စုဆောင်းထားတာပါ။ လိုအပ်မယ်ထင်သူများလည်း လာရောက် Download ယူသွားကြပါ။

လေးစားလျက်

မေမြို့သားလေး



စာအုပ်အမည် = အပျိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း-၁
ရေးသားသူ = ကံချွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ်ယူရန် ဒီကို နှိပ်ပါ။







အိမ်ထောင်သည်ဘ၀တွင်အသုံးဝင်နိုင်မည့် စာအုပ်များ

   အိမ်ထောင်သည်ဘ၀ရောက်လျှင် အသုံးဝင်နိုင်မည့် စာအုပ်များအား စုဆောင်းထားပါသည်။ ကျွန်တော့်စုဆောင်းထားသကဲ့သို့ အသုံးဝင်မည်ထင်သောသူများလည်း လာရောက် Download လုပ်သွားနိုင်ပါသည်။

လေးစားလျက်

မေမြို့သားလေး




စာအုပ်အမည် = ကိုယ်ဝန်ဆောင်မိခင်
ရေးသားသူ = ဒေါက်တာအေးကျော်
ဖိုင်အမျိုးအစား = PDF
ဒီမှာ ဒေါင်းလိုက်ပါ။







ကျွန်တော် မြန်မာတစ်ယောက်ပါ.....




ကျွန်တော် အခုတစ်လောစိတ်ထဲ ရှိနေတာလေးကို ပြောပြချင်ပါတယ်။ ကျွန်တော်ဟာ မြန်မာ တစ်ယောက်ပါ။ မြန်မာဖြစ်ရတာကိုလည်းဘယ်တုန်းကမှမရှက်ခဲ့ပါဘူး။ကိုယ့်ကြောင့် မြန်မာပြည် မြန်မာနိုင်ငံ
သားတွေ အရှက်ရမှာကိုပဲ စိုးရိမ်ပါတယ်။

ဟိုအရင်တုန်းက မြန်မာတွေဟာ ယဉ်ကျေးသိမ်မွေ့တယ်၊ စေတနာကောင်းတယ်၊ သနား စာနာတတ်တယ်၊ ကူညီတတ်ကြတယ်၊စည်းလုံးမှုရှိကြတယ်၊ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုဓလေ့ စရိုက်တွေအပေါ် မြတ်နိုးတန်ဖိုးထားတတ်ကြတယ်။ကိုယ်ပိုင်ယဉ်ကျေးမှုကို လေးလေးစားစား ခုံခုံမင်မင်နဲ့ ထိန်းသိမ်းခဲ့ကြတယ်။ ဒီလို အကျင့်ကောင်းတွေနဲ့ ရှိခဲ့တဲ့မြန်မာတွေပါ။

အခုဆိုရင် မြန်မာပြည်အပြင်မှာတင်မက မြန်မာပြည်တွင်းမှာပါအခုလိုအကျင့်စရိုက်ကောင်း တွေ
လျှာ့ပါးနေတာ တွေ့နေမြင်နေ ကြားနေရပါတယ်။ အခုလိုကျွန်တော်မြန်မာပြည် အပြင်မှာ ရှိနေတုန်း ချိတ်ထမီနဲ့ရင်ဖုံးအကျီကျကျနန၀တ်ပြီး မင်္ဂလာပါလို့မြန်မာလိုနှုတ်ခွန်းဆက်ပြီးပြောဆိုတဲ့မြန်မာ အမျိုးသမီးတွေရှိနေတာတွေ တွေ့ရရင် အရမ်းဝမ်းသာမိပါတယ်။

ဖတ်စေချင်သော စာအုပ်များ

 ကျွန်တော် ကိုယ်တိုင်လည်း ဖတ်ချင်တဲ့ သူများတွေကိုလည်း ဖတ်စေချင်တဲ့စာအုပ်တွေကို Share ပေးလိုက်ပါတယ်။



(၁)။ ဖေမြင့်ရေးထားတဲ့ ဘာကြောင့်ခုထိမချမ်းသာသေးတာလဲ ဆိုတဲ့စာအုပ်ပါ။
လိုချင်ရင် ဒီမှာ ဒေါင်းလိုက်လို့ရပါတယ်။

(၂)။ ဖေမြင့်ရဲ့ တန်ဖိုးထားအပ်သောအရာများ ဆိုတဲ့စာအုပ်ပါ။
သူ့ကိုလည်းလိုချင်ရင် ဒီမှာ ဒေါင်းယူလိုက်ပါ။

(၃)။ ဖေမြင့်ရဲ့ ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပါ ဆိုတဲ့စာအုပ်ပါ။
လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

(၄)။ ဖေမြင့်ရဲ့ အောင်မြင်မှုချမ်းသာသူခနှင့် ဓနဥစ္စာ ဆိုတဲ့စာအုပ်ပါ။
       ဒီမှာ ဒေါင်းလိုက်ပါနော်။

(၅)။ ဖေမြင့်ရဲ့ ဂျီးနိယပ်(စ) ထူးချွန်ထက်မြက်မှုစာစု ဆိုတဲ့စာအုပ်လေးပါ။
      လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

(၆)။ မောင်ရေအေး (ဟားဘက်တက္ကသိုလ်) ရဲ့ ခေတ်ပြိုင်အိုင်ကျူ ဆိုတဲ့စာအုပ်ပါ။
သူ့ကိုလည်းလိုချင်ရင် ဒီမှာ ဒေါင်းယူလိုက်ပါ။

(၇)။ ဒေါက်တာမတင်ဝင်းရဲ့ အလုပ်နဲ့ဘ၀ကိုတည်ဆောက်ခြင်း ဆိုတဲ့စာအုပ်ပါ။
လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

(၈)။ ဒေါက်တာမတင်ဝင်းရဲ့ အာရှနိုင်ငံများကိုဖဲ့ယူခဲ့သောနယ်ချဲ့များ ဆိုတဲ့စာအုပ်ပါ။
လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

(၉)။ ကာတွန်းဦးဖေသိန်းရဲ့ စကားကြီးဆယ်မျိုး ပုံပမာ ဆိုတဲ့စာအုပ်လေးပါ။
လိုချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်ယူလိုက်ပါ။

(၁၀)။ ဦးနုရဲ့ မိတ္တဗလဋီကာ ဆိုတဲ့စာအုပ်ပါ။
လိုအပ်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။


Saturday 17 November 2012

“တခါတရံမှာ နာကျင်ခြင်းက ချိုမြိန်တယ်”



 ကိုယ့်ဘေးကလူ ငြူစူမှာကြောက်လို့ ထုတ်ပြောခွင့်မရတဲ့ 
အချစ်ဦးဇာတ်လမ်းတွေက ရင်ထဲမှာ 
ပိုပြီး ကြာရှည် တွယ်ခိုနေတတ်တယ်။

တိုးတိတ် တိတ်ဆိတ်တဲ့အခန်းလေးတစ်ခုထဲကို ကျနော် ရောက်နေခဲ့တာပါ။ ကုတင်တစ်လုံးလို အသုံးပြုထားတဲ့ ဆိုဖာခုံတန်းလေးပေါ်မှာ ပက်လက်အိပ်ရင်းပေါ့။ မျက်နာကျက်က နှစ်ပေမီးချောင်းလေးကို ကြည့်ငေးရင်း ကျနော်ပြုံးမိပြန်တယ်။ ဒါနဲ့ဆို ပြုံးမိတာ သုံးခါရှိနေပြီ။ အခုအဖြစ်အပျက်က သိပ်အံ့သြဖို့ကောင်းမှန်း ကျနော်သိနေတယ်။ ဒါကြောင့် ပြုံးမိတာ။ ဒီ ရှစ်ပေပတ်လည်လောက်ပဲ ကျယ်တဲ့ အခန်းထဲကို ဝင်လာဖြစ်တဲ့ ခံစားချက်ကိုက သိမ်မွေ့လှပလွန်းပါတယ်။ 

ပက်လက်အိပ်နေရင်း ဘေးဘီကို ကြည့်လိုက်တယ်။ အခန်းနံရံတွေမှာ ဓါတ်ပုံပေါင်းများစွာ ချိတ်ဆွဲထားတယ်။ နဂါးပုံတွေ၊ ကင်းမြီးကောက်၊ အရိုးခေါင်း ၊ အသဲပုံ၊ လိပ်ပြာ၊ ငါး ၊ ပန်းပွင့်၊  ကျား ၊ မီးလျှံ၊ ချိန်ခွင် ၊ ကျောက်ဆူး၊  ကနုတ် ၊ ကြယ် ၊ လ၊ နေ ၊ လက်ဝါးကပ်တိုင် ပုံတွေ၊ ပြီးတော့ စာတန်းအမျိုးမျိုးကို ပုံစံမျိုးစုံနဲ့ ရေးထားတာတွေကို တွေ့ရမယ်။ အဲဒီပုံတွေအားလုံးက လူ့ခန္ဓာကိုယ် အရေပြားပေါ်မှာ အရောင်စုံတောက်ပစွာ ထိုးနှံထားတာတွေပါ။ ဒီနေရာက (tattoo )တက်တူးထိုးတဲ့ ဆိုင်ဖြစ်ပါတယ်။ ဒါကြောင့် အခုအဖြစ်အပျက်က သိပ်အံ့သြဖို့ကောင်းနေတယ်လို့ ကျနော် ပြောခဲ့တာပေါ့။ 

အစာမကြေခြင်းနှင့် လေထခြင်းကင်းဝေးစေမည့် နည်းလမ်းများ




ကျန်းမာရေးကောင်းဖို့အတွက် ကျန်းမာရေး နဲ့ ညီညွှတ်တဲ့ အစာအာဟာရတွေကို စားသောက်ရမယ်ဆိုတာ သိကြပြီးသားပါ။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစာဆိုတာ အများအားဖြင့် ပြုပြင်ဖန်တီးမှု နည်းတဲ့ သဘာဝအစားအစာတွေ ဖြစ်ပြီး ဒီအစာတွေကို သင်ရဲ့ အစာခြေ လမ်းကြောင်းက ထိထိရောက်ရောက် မချေဖျက်နိုင်ရင်အာဟာရတွေကိုသင့်ခန္ဓာကိုယ်က ကောင်းကောင်းမစုပ်ယူနိုင်သလိုအစာမကြေခြင်းနဲ
့လေထခြင်းတွေကိုလည်းခံစားရပါလိမ့်မယ်။



လေထခြင်းကြောင့် တစ်ခါတစ်ရံ လေလည်တာနဲ့ လေချဉ်တက်တာတွေက ပြဿနာ မရှိပေမယ့် အမြဲလိုလို လေလည်နေမယ်။ လေချဉ်တက်နေမယ်ဆိုရင်တော့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အထူးသဖြင့် လူအများကြားထဲမှာဆိုရင် ရှက်ရွံ့စရာကောင်းပါတယ်။ ဒါကြောင့် အစာမကြေခြင်းနဲ့ လေထခြင်းကင်းဝေးစေမယ့် အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ သင့်ပါးစပ်ထဲက အစာတွေကို အရည်ဖြစ်တဲ့အထိ ညက်အောင်ဝါးပါ။ သင့်ခန္ဓာကိုယ် အတွင်းပိုင်းက အစာခြေလမ်းကြောင်း တစ်လျှောက်မှာ ပါးစပ်ထဲမှာလို သွားတွေ မရှိကြပါဘူး။ သင့်ပါးစပ်ထဲထည့်လိုက်တဲ့ အစာအတုံးအတစ်တွေကို သင့်သွားတွေက ညက်အောင် ကြိတ်ဝါးပေးထားမှသာ အစာအိမ်ထဲရောက်ရင် ဒီအစာတွေကို ထိထိရောက်ရောက် ချေဖျက်နိုင်မှာပါ။

အရက်သောက်တဲ့အခါ သိထားရမဲ့ အရက်အကြောင်း


လူအများက အရက်ဟုခေါ်ကြသော ethyl alcohol ဟာ အနည်းငယ်သာ သောက်သုံးလျှင် စိတ်ကြွမှုကို ဖြစ်ပေါ်စေပြီး အများအပြား သောက်သုံးသူများတွင်တော့ ပင်မ အာရုံကြောစနစ်ကို ဖိနှိပ်ခြင်းဖြင့် အအိပ်လွန်သည်မှ အသက်ရှုရကျပ်ခြင်း ၊ အသက်ဆုံးရှုံးခြင်းတို့ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။Alcohol ကို အစာအိမ်နှင့် အူသိမ်တို့မှ စိမ့်ဝင်ခြင်းနည်းဖြင့် စုပ်ယူပါတယ်။ သောက်သုံးပြီး တနာရီအတွင်းတွင် အူသိမ်နှင့်အစာအိမ်တို့မှစုပ်ယူပါတယ်။ပျမ်းမျှအားဖြင့်အူသိမ်တွင် သွေးလည်ပတ်မှုအားကောင်းသောကြောင့် သောက်သုံးသောပမာဏရဲ့ ၈၀ % ခန့်ကိုစုပ်ယူပြီး ၊ အစာအိမ်မှ ၂၀ %ခန့်ကိုစုပ်ယူပါတယ်။Alcohol ကို ခန္ဓာကိုယ်မှ စုပ်ယူမှုနှုန်းဟာ အစာအိမ်တွင် ရှိသော အစာ၏ပမာဏ၊ အစာအိမ်နံရံများ ၏ အခြေအနေ၊ စားထားသော အစာအမျိုးအစားပေါ် မူတည်ပြီး စုပ်ယူမှုနှုန်း ကွာခြားပါတယ်။

တစ်နေ့ ဘီယာ (၄)ခွက်ထက် ပိုသောက်ပါက ကင်ဆာရောဂါဖြစ်ပွားနိုင်


တစ်နေ့လျှင် ဘီယာ(၄)ခွက်ထက် ပိုမိုသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း အသည်းပျက်စီးမှုနူန်း မြန်ဆန်ကာ ကင်ဆာရောဂါစေမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း ဆရာဝန်ကြီးများထံက သိရှိရသည်။

"နေ့စဉ်ရက်ဆက် ဘီယာသောက်သုံးတာ များလာတယ်ဆိုရင် ဘီယာထဲမှာပါတဲ့ အရက်ပမာဏက ကျန်းမာရေးကို ထိခိုက် နိုင်တယ်။ အရက်ပါတယ်ဆိုမှတော့ အသည်းကို ထိခိုက် မယ်၊ ပြီးရင် ကင်ဆာဖြစ်ဖို့ အတွက် ပိုပြီးဖြစ်နိုင်ခြေ ရှိသွား တယ်။"ဟု အလုံမြို့နယ် ၀င်းဆေးခန်းမှ အထွေထွေရောဂါကု ဒေါက်တာမြင့်ဦးက ပြောသည်။  

အမျိုးထိလျှင် အရိုးထိအောင်နာတက်တဲ့နှလုံးသား

ကျွန်မ တို့ ဗုဒ္ဒဘာသာ မြန်မာမိန်းကလေးတွေ အိမ်ထောင်ပြုကြတဲ့အခါ အိမ်ထောင်ဘက် အရွေးမမှားရလေအောင် ဆင်ခြင် နိုင်ဖို့ကို သတိပေးလိုပါတယ်.... တချို့ဗုဒ္ဒဘာသာ မြန်မာမိန်းကလေးတွေဟာ လူမျိုးခြား ၊ ဘာသာခြားတွေနဲ့ မတွေ့ခင်မှာတော့ အမျိုးသားရေးစိတ်ဓါတ်၊ ဘာသာရေးစိတ်ဓါတ် အပြည့်အ၀ ရှိနေတက်ကြပါတယ်.. တကယ်တမ်းတွေ့ပြီးလို့ ချစ်ကြိုက်သွားကြပြီဆိုရင်တော့ ပထွေး ကို အဖေရင်းထက်တောင် ချစ်ကြပါသေးတယ်...
       သူငယ်ချင်းတို့ရေ တချို့တွေ က ပညာတက်ကြတယ်... ပစ္စည်းဥစ္စာတွေ ချမ်းသာကြွယ်ဝတက်ကြတယ်.. ဒါပေမယ့် အမျိုးသားရေး စိတ်ဓါတ်၊ ဘာသာရေး စိတ်ဓါတ်တွေ မရှိကြတော့ လူမျိုးခြားကိုလည်း လက်တွဲကြဖို့ ၀န်မလေးခဲ့ကြပါဘူး... ဘာသာခြားကိုလည်း လက်ထက်လိုက်ကြတာပါပဲ.. ဒါဟာ မြန်မာတစ်မျိုးသားလုံးအတွက် သိပ်ကြောက်စရာကောင်းတဲ့ အမျိုးသားရေးအန္တရာယ်ပါပဲ.......
       ဒီအန္တရာယ်ကို ပေါ့ပေါ့တန်တန် သဘောထားလိုက်မည်ဆိုရင် ကြာလာရင် ကျွန်မ တို့ မြန်မာတစ်မျိုးသားလုံး မျိုးတုံးပျောက် ကွယ်သွားနိုင်ပါတယ်.. အခုချိန်မှာ ဒီအန္တရာယ်ကို ကာကွယ်ဖို့ မြန်မာတစ်မျိုးသားလုံး အရေးတကြီး လိုအပ်နေပါပြီ........

ရေသောက်ရန် အကောင်းဆုံး အချိန်

ရေသောက်ရန် အကောင်းဆုံး အချိန်

ရေဟာ လူ့ကျန်းမာရေးအတွက် အထောက်အကူပြုမှန်း၊ အဓိကလိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိရောက်ရောက် ကောင်းကျိုးပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ မနက် အိပ်ယာထချိန်

ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက် စာ ရေသောက်သုံးခြင်း ဖြင့် သွေးလည် ပတ်မှုကို မြင့်တင်ပေးခြင်း၊ သွေး စေးပျစ်မှု လျော့ချပေးခြင်း၊ ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေပါတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့ မနက်လေးနာရီမြင်ကွင်း


 

ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။