Wednesday 27 February 2013

"အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း "


ရှက်ဖို့ ကောင်းလှသည် . . .

ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင် ကောင်းမှု များပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီး ဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုး ဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော် တို့နှင့် ယခုတိုင် အချို့သော သူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။

Sunday 24 February 2013

ဘယ်မှာနောက်လိုက်လုပ်မလဲ


အဖွဲ့အစည်း တွေမှာ ခေါင်းဆောင်က လူနည်းစု၊ နောက်လိုက်က အများစု ဖြစ်တယ်။ ဒါဓမ္မတာပါပဲ။ ငယ် သား တစ်ယောက် ဗိုလ် ၁၀ ယောက် ဖြစ်နေရင်လည်း ရယ်စရာ ဖြစ်နေမှာပေါ့။ 
နိုင်ငံရေး ပါတီတွေ တည်ထောင်တဲ့ အခါ အာဏာရ သို့မဟုတ် အာဏာ ရနိုင်တဲ့ အလားအလာ ရှိတဲ့ အဖွဲ့ မျိုး ဆိုရင် သောကော ရောကော အဖွဲ့ဝင်တွေ တိုးဝှေ့ ဝင်လာကြ စမြဲပဲဗျ။ နိုင်ငံရေး တကယ် လုပ်ချင် သူ ဟာ ဝါဒ လမ်းစဉ်တွေ၊ ခေါင်းဆောင်မှု တွေကို ကြည်ပြီး လေ့လာပြီးမှ အဖွဲ့ဝင်တယ်။ သည်အဖွဲ့ဟာ တိုင်းပြည် နဲ့ လူမျိုး အကျိုးကို တကယ်တမ်း ထမ်းရွက် နိုင်မှာလား၊ ထမ်းရွက်နိုင်တဲ့ အင်အားတွေနဲ့ ဖွဲ့စည်း ထားတာ ဟုတ်ရဲ့လား၊ သေချာ လေ့လာပြီးမှ အဖွဲ့ဝင် အဖြစ် တာဝန် ယူကြတယ်ဗျ။

မိန်းကလေးများသိထားသင့်သော....



မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ရှင်သန်သင့်တယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့နှလုံးသားတစ်စုံ ရှိတဲ့မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။

ဘ၀မှာလှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို
ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကိုမစွန့်လွတ်သရွေ့ ဘယ်သူ ကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

ဒေါသကင်းရေး အတွက် အရေးကြီးသော အချက် (၁၀) ချက်


(၁) ခတ္တခဏ အချိန်ယူ တတ်အောင် လုပ်ပါ။ သင့်ရဲ့ ဒေါသကို ထိန်းချုပ်ဖို့ တစ်ဖက်သားကို ခွန်းတုံ့ မပြန်ခင် ၁ ကနေ ၁၀ အထိ လက်ချိုးရေ တွက်လိုက်ပါ။

(၂) ကာလလေး တစ်ခု လုပ်တတ် အောင်လုပ်ပါ။ ခံပြင်းစရာတွေကို သက်သာခွင့် ရတဲ့အထိ ဒေါသကို တအောင့်လောက် ထိန်းလိုက်ပါ။


(၃) စိတ်တည်ငြိမ်အောင် လုပ်ပြီး သင့်ရဲ့ ဒေါသကို ရင်ဖွင့် ပြောပြတတ်အောင် လုပ်ပါ။ ထိပ်တိုက် ရင်ဆိုင်တဲ့ နည်းကိုမသုံးဘဲ သင့်ရဲ့ ခံပြင်းမှု၊ မချင့်မရဲ ဖြစ်မှုကို ထုတ်ဖော် ပြောပြဖို့ အချိန်ရောက်ပြီဆိုတာ ဆုံးဖြတ်လိုက်ပါ။ စိတ်လှုပ်ရှားမှုဟာ အခြေ အနေကို ပိုလို့ ဆိုးရွား စေနိုင်ပါတယ်။

ကျူးကျော်လာသူ မွတ်ဆလင် ကုလားတို့ ကိုတော်လှန်နည်း




 မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာတို့  အသိပညာဗဟုသုတ နှင့်ငွေကြေးဥစ္စာဆင်း ရဲနွမ်းပါမှုကြောင့် ဗုဒ္ဓဘာသာ ရွာအဖြစ်မှ မွတ်ဆလင် ရွာအဖြစ် သို့  ပြောင်းသွားသော မြို့ ရွာများ--

၁။ မြိတ်မြို့ ရှိ ပသောင်းရွာ
၂။ သက္ကတီးရွာ
၃။ တုံးပျော့ငယ်ရွာ
၎။ တောင်ရှည်ရွာတို့ ဖြစ်သည်။


နယ်မြေခံရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်ရွာသူ/သားများသည် ကျူးကျော်လာသူ မွတ်ဆလင် ကုလားတို့ ၏ ၀ါးမျိုခြင်းကို ခံရသည်မှာ မိမိတို့  ဘာသာဝင်များအဖို့  ညံ့ဖျင်းလွန်းရာ ကျပါသည်။

ကိုယ်တိုင်သင်ယူခြင်း Autodidacticism ...


Autodidacticism သည် ဂရိ စကားက ဆင်းသက်လာပြီး Auto ဆိုသည်မှာ ကိုယ်တိုင်ဟု အဓိပ္ပာယ်ရပြီး didacticism ကတော့ သင်ကြားခြင်း “teaching” ဟု အဓိပ္ပာယ်ရသည်။ Didacticism ကို ယနေ့တွင် an artistic philosophy of education ဟု ဖွင့်ထားသည်။ ပညာရေး အနုပညာလို့ ဆိုရမလားပဲ။


Facebook အကောင့် လုံခြုံရေးအတွက် အရိုးရှင်းဆုံး အလွယ်ကူဆုံး နည်းလမ်းများ

(၁) သင့် Facebook အကောင့် လုံခြုံရေးအတွက် ပထမဆုံး လုပ်ဆောင်ရမည့် အချက်မှာ Security Question ပေးရန်ဖြစ်သည်။
Security Question ပေးရန်အတွက် https://www.facebook.com/settings?tab=security သို့ သွားပါ။

မြန်မာကို မြန်မာဟုသာ မြင်သည့်အခါ ....

မြန်မာမလေးများ တရားဝင် ကျင်းပခွင့်ရခဲ့သည့် ဘရာရှိုးနှင့် ပတ်သက်ပြီး နန်းခင်ဇေယျာ စတင်ဆွဲ ဖွင့် ခဲ့သော ယဉ်ကျေးမှု တံခါးများ ဆိုပြီး ရေးလိုက်သည်။ သူ့ဘာသာ ရှိုးပွဲလုပ်၍ ယဉ်ကျေးမှု ထိခိုက်သော ပွဲ တစ် ခု အတွက် ရေးသည့် ဆောင်းပါးအစတွင် လေးစားရသော ဆရာတစ်ဦးနှင့် ယနေ့ခေတ် ပထမဆုံး ဘီကီ နီ ၀တ်ပြီး အလှပြခဲ့သော နန်းခင်ဇေယျာတို့ကို ထည့်ရေးသဖြင့် ရလိုက်သည့် ဝေဖန်မှုများကလည်း မနည်း မနောပင်။

Thursday 21 February 2013

ယနေ့ အိန္ဒိယနှင့် ဗုဒ္ဓဘာသာ..........


ယနေ့ အိန္ဒိယနှင့် ဗုဒ္ဓဘာသာ

အိန္ဒိယ နဲ့ ဗုဒ္ဓသာသနာ တနေ့တခြား တိုးတက် ပြန့်ပွားမှုက အားတက်စရာပါ၊ ဒီ ကမ္ဘာ့ လူဦးရေ အများဆုံးနဲ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံတော်မှာ သာသနာ အဓိက ပြုတော်မူနေကြတဲ့ နိုင်ငံတွေကတော့ မြန်မာ ရဟန်းတော်တွေနဲ့ သီရိလင်္ကာ ရဟန်းတော်တွေ ဆိုတာကြားရတော့ ရှေ့ရှေ့ နောင်တော်တွေရဲ့ ပခုံးထမ်း သာသနာကို ကြည်ညိုလို့မဆုံး.....

ဒီနေ့ ကျောင်းတက်ဖော် ဟိမာချာ(ဟိမဝန္တာ) ဘက်က ကျောင်းသွားဖော် အိန္ဒိယ ကျောင်းသား ဗုဒ္ဓဘာသာဝင် ကောင်လေးနဲ့ စကားပြောဖြစ်တော့......
"ဘန္တေရဲ့ အိန္ဒိယ တနိုင်ငံလုံးမှာ ဗုဒ္ဓဘာသာဝင် သန်း ၆၀ ကျော်ရှိတယ်ဗျ" တဲ့ အိုးးးးးး ငါတို့ နိုင်ငံက လူဦးရေ ထက်တောင် များနေပါလား....... ကိုယ့်မှာ ကြည်နူးလို့ မဆုံး၊ တကယ်ဆို အိန္ဒိယလို ကမ္ဘာ့ ဂွအကျဆုံး နိုင်ငံမှာ သာသနာ ပြုဖို့ ဆိုတာ လွယ်လွယ်နဲ့ တော့မရ၊ english စကားပြောဘယ်လောက် တတ်တတ် own language ကလွဲ ဖွဲနဲ့စကွဲ ထင်တဲ့ လူတွေကြား ဘာသာ စကား အခက်ခဲ တခုတည်းနဲ့တင် မည်မျှ ခက်ခဲလိမ့်မလဲ တွေးကြည့် နိုင်သည်၊

"ရှင်တို့ ဒီလိုသာ CASTE (ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု) အရမ်း ပြင်းထန်နေမယ် ဆိုရင်၊ ခုကျမ အုပ်ချုပ်နေတဲ့ ဥတ္တရာပရာဒေဂ်ျ့ ပြည်နယ် တပြည်နယ်လုံး ဗုဒ္ဓဘာသာကို ဆည်းကပ် ခိုင်းရပါလိမ့်မယ်"

ဗုဒ္ဓဘာသာဝင် အမျိုးသမီး ဝန်ကြီးချုပ် မာယာဝတီရဲ့ စကားကြောင့် လွှတ်တော် ခန်းမ တခုလုံး ငြိမ်သွားကာ သိသိသာသာ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု လျှော့ကျ သွားခဲ့ရလေသည် ဆိုပဲ၊

ကျောင်းသွားဖော် ကောင်လေးက ဆက်ပြောသည် -
"She is the iron lady of india" တဲ့ ၊ ဗုဒ္ဓဘာသာ ရဟန်းတော် တပါး အနေနဲ့ ရော ဗုဒ္ဓဘာသာဝင် တယောက် အနေနဲ့နော် ကြားရတဲ့ စကားတွေက ကြည်နူးလို့ မဆုံး၊

(ဗုဒ္ဓသာသနံ စိရံ continue)

သာကီ လုလင်
...................................................
@[332995943449071:274:လက်ခံရင် Like & Share]


အိန္ဒိယ နဲ့ ဗုဒ္ဓသာသနာ တနေ့တခြား တိုးတက် ပြန့်ပွားမှုက အားတက်စရာပါ၊ ဒီ ကမ္ဘာ့ လူဦးရေ အများဆုံးနဲ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံတော်မှာ သာသနာ အဓိက ပြုတော်မူနေကြတဲ့ နိုင်ငံတွေကတော့ မြန်မာ ရဟန်းတော်တွေနဲ့ သီရိလင်္ကာ ရဟန်းတော်တွေ ဆိုတာကြားရတော့ ရှေ့ရှေ့ နောင်တော်တွေရဲ့ ပခုံးထမ်း သာသနာကို ကြည်ညိုလို့မဆုံး.....

" မလိုလားအပ်သော ဆိုးကျိုးများမဖြစ်ရလေအောင် ...... "

" မလိုလားအပ်သော ဆိုးကျိုးများမဖြစ်ရလေအောင် ...... "
-----------------------------------------------------------------

ခု.... ရန်ကုန်မြို့ မှာ ရိုက်စားတရုတ်တွေ အများအပြား ရောက်နေပါတယ်
ဈေးကွက် စီးပွားရေးစနစ်ကျင့်သုံးလာတဲ့ခေတ်မှာရောက် လာတာမဆန်းပေမယ့် သူတို့  .. စိတ်ထဲမှာ မြန်မာပြည်ဟာ ဘာလုပ်လုပ် ရတယ် လို့ ထင်မြင်ယူဆနေကြတာကိုတွေ့ ရတယ် ..ဆိုလိုတာက တရားဝင်တာရော မ၀င်တာရော...လုပ်လို့ လွယ်တယ်ကောင်းတယ်
မြန်မာပြည်မှာ စံနူန်းသတ်မှတ်ချက်တွေ တိတိကျကျ မရှိဘူး ....
ဘာမဆို အလွယ်တကူလုပ်လို့ ရတယ် လို့ ထင်မှတ်နေကြပုံရတယ် ...
ခုတစ်လော ... ပြည်ကြီးတရုတ်တွေ တစ်ချို့ လမ်းဘေး မှာ တောင်
ကြက်ကင် ဘဲကင်ဆိုင်လေးတွေ လာဖွင့်ကြတယ်
တစ်လောက သိမ်ကြီး ဈေး နားမှာ လည်း တစ်ရုတ် တစ်ယောက် ဈေးလာရောင်း နေတာတွေ့ ရတယ် ...
ဗမာစကားတောင်ကောင်းကောင်း မပြောတတ်ဘူး ....
ဒီလိုအသေးစားလုပ်ငန်းလေးတွေ ကိုခွင့်ပြုသင့်ရဲ့ လား ဆိုတာစဉ်းစားပေးကြပါ.... နောက်ပြီးတော့
ကဲ သူတို့ က ဘာဗီဇာ နဲ့ လဲ ဘယ်လိုစတေးနဲ့ နေကြတာလဲ ...
တရားဝင် ဆိုတာရောသေချာလား?? ...ဘယ်သူတွေကလိုက်ပြီး
စစ်ဆေး သလဲ ?? မေးခွန်းမေးစရာတွေ အများကြီး တွေ့ ရပါတယ် ...
ကိုယ့်နိုင်ငံ မှာ တစ်ချို့ က ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် တစ်ချို့ 
ကတော့ ကလိန်ကကျစ် ....ဒါကို ခုတည်းက သေချာကိုင်တွယ်သင့်ပါပြီ
လက်ရှိ ကိုယ့်နိုင်ငံမှာ အလုပ်လက်မဲ့ ပြသနာ ကိုတောင်
မဖြေရှင်းသေးနိုင်တဲ့ အနေအထား ပါ ...
တရုတ် နဲ့ ပတ်သက်ပြီး ပြန်တွေးကြည့် ရင် မြန်မာပြည်ကို သွင်းတဲ့
သူတို့ ပစ္စည်းတွေရဲ့ ကွာလတီ ဟာ .. အပေါစားအညံ့ စား တွေ အများဆုံး
သွင်းခဲ့တဲ့အပြင် ဆေးအတု နို့ မှုန့် အတု ကြက်ဥ အတု ဆန်အတု
စတဲ့ မသာမာတဲ့ နည်းတွေနဲ့  သာ ဂုတ်သွေးစုပ် ခဲ့ကြတာ အများဆုံး
တွေ့ ခဲ့ရပါတယ် ... ဒါ့ပြင်မကသေးပါ ရန်ကုန် တစ်ဝိုက်
ကမြေကွက် တွေ ဆိုလဲဈေးကစားပြီး ၀ယ်နေတာတွေ့ ရပါတယ် ကုန်ကုန်ပြောရရင် ဘယ်ပစ္စည်း ဘယ်လိုအချောင်ရမလဲ
ရတာအကုန်ယူ သွားတာချည်းပါပဲ ထို့ ကြောင့် ...
လူဝင်ကြီးကြပ်ရေး ကိစ္စ ရပ်များ ကိုလည်း သေသေချာချာစီစစ်သင့်ပါတယ်
မြန်မာပြည်မှာ လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား လုပ်ငန်း
ရှင်များကိုလည်းသေသေချာချာစီစစ်သင့်ပါတယ် ...
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ အခန်း(၂ ) ပုဒ်မ ၃၊ ၄ (က)မှ (ဋ) မှာ ပါတဲ့အချက်တွေအသက်ဝင်ဖို့  ၀ိုင်းဝန်းကြိုးပမ်းကြ၇မှာဖြစ်ပါတယ် အထူးသဖြင့် ဆေးဝါး စားသောက်ကုန် အလှန်ကုန် စတဲ့ ကျန်းမာရေး
နဲ့ ပတ်သက်သော ကိစ္စရပ်များကို ခွင့်ပြုချက် ပေးရာမှာ.. သေချာကြပ်မတ် စီစစ် ပေးသင့်တယ်လို့ ထင်ပါတယ်
တရုတ်တိုင်းရင်းဆေး တွေဟာ ... မြန်မာပြည်မှာ လူသိသားပြီးသာကိစ္စရပ်
ပါ ..သို့ သော် ဒါကိုအခွင့်ကောင်းယူပြီး မသမာတဲ့နည်းနဲ့  လူတွေကို
အန္တရယ်ပြု နိုင်မယ့် ဆေးတွေ ဆိုးကျိုးတွေပေးနိုင်မယ့်ဆေးတွေ ကိုတော့
မြန်မာ နိုင်ငံ အနေအထားမှာ စံနူန်း သတ်မှတ်ပြီး သက်ဆိုင်ရာမှ စီစစ်ခွင့်ပြု ပေးဖို့ လိုအပ်နေပါပြီ .. ခုကတည်းက မထိန်းထားနိုင်ရင်
မြန်မာပြည်ဟာ ... ၀င်ချင်တိုင်းဝင် ထွတ်ချင်တိုင်းထွတ် စည်းမဲ့ကမ်းမဲ့
ပရမ်းပတာ ဖြစ်နေမှာကို စိုးကြောက် သောအားဖြင့်တင်ပြလိုက်ရခြင်း
ဖြစ်ပါတယ်။
--------------------------------------------
Aung Gyi Gsc and 2 other friends shared Khin Nay Zaw's photo.
 
ခု.... ရန်ကုန်မြို့ မှာ ရိုက်စားတရုတ်တွေ အများအပြား ရောက်နေပါတယ်
ဈေးကွက် စီးပွားရေးစနစ်ကျင့်သုံးလာတဲ့ခေတ်မှာရောက် လာတာမဆန်းပေမယ့် သူတို့  .. စိတ်ထဲမှာ မြန်မာပြည်ဟာ ဘာလုပ်လုပ် ရတယ် လို့ ထင်မြင်ယူဆနေကြတာကိုတွေ့ ရတယ် ..ဆိုလိုတာက တရားဝင်တာရော မ၀င်တာရော...လုပ်လို့ လွယ်တယ်ကောင်းတယ်
မြန်မာပြည်မှာ စံနူန်းသတ်မှတ်ချက်တွေ တိတိကျကျ မရှိဘူး ....
ဘာမဆို အလွယ်တကူလုပ်လို့ ရတယ် လို့ ထင်မှတ်နေကြပုံရတယ် ...
ခုတစ်လော ... ပြည်ကြီးတရုတ်တွေ တစ်ချို့ လမ်းဘေး မှာ တောင်
ကြက်ကင် ဘဲကင်ဆိုင်လေးတွေ လာဖွင့်ကြတယ်
တစ်လောက သိမ်ကြီး ဈေး နားမှာ လည်း တစ်ရုတ် တစ်ယောက် ဈေးလာရောင်း နေတာတွေ့ ရတယ် ...
ဗမာစကားတောင်ကောင်းကောင်း မပြောတတ်ဘူး ...

အံ့သြတယ်.....တဲ့


အံ့သြဖွယ်နိုင်ငံ ဆိုရင်လည်း တတိယ နိုင်ငံတော်သို့ ကြွကြပါ

**************

ကြားရတဲ့သတင်းတွေကို
အံ့သြတယ်- တဲ့

မြင်နေရတာတွေကို
အံ့သြတယ်- တဲ့

ဖြစ်နေတာတွေကို
အံ့သြတယ်- တဲ့

အဟက် . . ဟက် . . ဟား . . သူခိုးက လူပြန်ဟစ်လို့ဗျာ .. ။

Friday 15 February 2013

ကထိန် Gangnam Style ....................




ကထိန် လှည့်လည်လာသော ကားတန်းကြီးကို မြန်မာထဘီနှင့် ရင်ဖုံးနှင့် အကျအန အနောက် နိုင်ငံသူက လမ်းဘေးမှ ဝမ်းပန်းတသာ အားရပါးရ ဓာတ်ပုံရိုက် နေသည်။ သူ့ဘေးတွင်လည်း နိုင်ငံခြားသား အမျိုးသားက လုံချည်ကို ပုံပျက်ပန်းပျက် ဝတ်ပြီး တပြုံးပြုံးနှင့် ကားတန်း ကို တငေးတမော။ အားလုံးက ကြည်နူးစရာ ဆွတ်ပျံ့စရာ။ မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာ ကထိန်ဘာသာရေး ပွဲတော်ကို ဧည့်သည် မြန်မာ ဆန်လိုသူက စိတ်ဝင်တစားနှင့် မှတ်တမ်း တင်နေခြင်း။ သို့သော် နေပါဦး။ တစ်စုံတစ်ခု အကြီးအကျယ် မှားယွင်းနေသည်။ OOOOOO hhhhhh sexy laddyyyyyyy။ ဗုဒ္ဓေါ၊ ဘုရားရေ။ Opa Gangnam Style သီချင်းနဲ့ ကထိန်ခင်း လာတာပါလား။ 

“အဖြူ အစိမ်းတို့ အယူတိမ်းနေပြီ”


အဖြူနဲ့ အစိမ်း ဆိုတာ တကယ့်ကို မြင်ရသူတိုင်း ရင်ကိုအေးချမ်းစေတဲ့ ၀တ်စုံလေးတွေပါ။ သန့် စင်တဲ့ အဖြူနဲ့ အေးမြတဲ့ အစိမ်းရောင် လေးတွဲဖက်လို့ တူညီဝတ်စုံလေးတွေ အဖြစ် သတ်မှတ်ပေးထားခဲ့သော ရှေးလူကြီးများရဲ့  အမျှော်အမြင်ကြီးမှု ရွေးချယ်ဆင်မြန်းပေးခဲ့မှု ကိုလေးလေးနက်နက် တွေးကြည့်မယ်ဆိုလျှင် အဓိပ္ပါယ် ဘယ်လောက်ရှိတယ်ဆိုတာ သိသာလွန်းပါသည်။ ကလေးအရွယ် ပညာရင်နို့  သောက်စို့ တဲ့အရွယ်တွေရယ်လို့ လူတွေကြားမှာ ထင်ထင်ရှားရှား ခွဲခြားသိမြင်နိုင်စေပြီး ကလေးတွေလို့ လူတိုင်းက သတ်မှတ်ထားခဲ့ကြ ပါသည်။ ဒါက ကျောင်းသား/သူ လေးတွေအတွက်ပါ။ 

Wednesday 13 February 2013

ကလေးကို သာမန်လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နည်း .....


ကလေးကို သာမန်လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နည်း
______________________________________________

ဖခင်တစ်ဦးရဲ့ အသိပေးချက် ၁၈ချက်

(၁) သင့်မှာရှိတဲ့အိပ်မက်တော်တော်များများကို သင်အကောင်အထည်ဖော်ဖြစ်ချင်မှ ဖော်ဖြစ်ခဲ့မယ်။ သင့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖြစ်မြောက်ဖို့ ကလေးကိုအစားထိုး မခိုင်းစေပါနဲ့။ ဒါဟာ သင့်စိတ်ကူးအိပ်မက်ပါ... ကလေးရဲ့စိတ်ကူးအိပ်မက်မဟုတ်ပါဘူး။

(၂) ကလေးနဲ့စကားပြောတဲ့အခါ ထိုင်ချပြီးမှ ပြောပါ။

(၃) ကလေးတွေဆော့ကစားတဲ့အခါ သူတို့အချင်းချင်းကြားက ပြဿနာ/အခက်အခဲကို သူတို့ကိုယ်တိုင် ဖြေရှင်းပါစေ။

(၄) ကလေးနဲ့ စိတ်ရှည်လက်ရှည်ဆော့ကစားပါ။ သူ့ရဲ့ကစားနည်းက ဘယ်လောက်ပဲ ပျင်းရိငြီးငွေ့စရာကောင်းနေနေပေါ့။

(၅) ပုံပြင်စာအုပ်တစ်အုပ်ကို ကလေးတစ်လှည့်၊ သင်တစ်လှည့်အတူ ဖတ်ရှုပါ။

(၆) လစဉ်လတိုင်း ကလေးနဲ့အတူ စာအုပ်ဆိုင်တစ်ခါပတ်ပါ။ တစ်ခါပတ်ရင် နှစ်နာရီအထက်ကြာပါစေ။

(၇) ကြိုးစားအားထုတ်မှုရှိမှ ဒါမှမဟုတ် မျှော်လင့်စောင့်စားတာမျိုးရှိမှ ဂုဏ်ပြုချီးမြှင့်တာလုပ်ပါ။ ဒါမှ တန်ဖိုးထားမြတ်နိုးတတ်မှုကို သူသင်ယူနိုင်လိမ့်မယ်။

(၈) ချီးကျူးတဲ့အပြင် အပြစ်ပေးတာမျိုးလည်း ရှိရတယ်။ မှတ်ထားရမှာက အပြစ်ပေးတယ်ဆိုတာ တုတ်၊ လက် ပါရမယ့် အပြစ်ပေးမျိုးမဟုတ်ပါ။

(၉) ငိုယိုဂျီကျတဲ့အခါ၊ မစားချင် မလုပ်ချင်တာကို ငိုယိုငြင်းဆန်တဲ့အခါ အပေးအယူလုပ်ညှိနှိုင်းတာမျိုး မပြုမိစေနဲ့။

(၁ဝ) ကလေးကြီးပြင်းလေ ချွတ်ယွင်းချက်တွေကို သင်တွေ့လေ။ ဒီလိုအချိန်မျိုးမှာ သူ့ကိုမွေးဖွားကာစအကြည့်မျိုးနဲ့ သူ့ကိုနှစ်သက်ဖို့ မမေ့ပါနဲ့။ များများအားပေးပါ၊ "နင် တုံးလှချည်လား! တခြားလူတောင်တတ်တယ်.. နင် ဘာလို့မတတ်ရတာလဲ"ဆိုတဲ့စကားမျိုးကို ဘယ်တော့မှ မပြောပါနဲ့။

(၁၁) ကွန်ပြူတာကစားမှာကို မကြောက်ပါနဲ့။ တီဗွီစွဲတဲ့ကလေးတွေ ကွန်ပြူတာစွဲတဲ့ကလေးထက်များတယ်။ ကလေးကို တီဗွီအနားက ခွာပါစေ။ ခေတ်နဲ့အညီ စီးမျောပါစေ။ လမ်းညွှန်သင်ပြသူလုပ်ပါ၊ တားမြစ်သူမဖြစ်ပါစေနဲ့။

(၁၂) မူလတန်းကစ ကလေးကို အိမ်မှုကိစ္စတွေ ခွဲဝေလုပ်ခိုင်းပါ။ ၃နှစ်အရွယ်ကစ လုပ်ခိုင်းနိုင်ပါတယ်။ ဥပမာ- ကစားစရာအရုပ်တွေ သိမ်းဆည်းတာ၊ သုတ်သင်တာ

(၁၃) စစချင်းမှာ ကလေးတွေရဲ့ရမှတ်ရလဒ်ကို သိပ်အလေးမထားပါနဲ့။ သူ ကျောင်းနေပျော်မပျော်ဆိုတာကို ဦးစားပေး ဂရုစိုက်ပါ။

(၁၄) ဟိုသင်တန်း၊ ဒီကျူရှင်တွေနဲ့ ကလေးရဲ့နေ့စဉ်ဘဝကို သင်တန်း၊ ကျူရှင်တွေကြားမှာပဲ မနစ်ထားစေပါနဲ့။ ကလေးဘဝ၊ ကလေးသဘာဝ လွတ်လွတ်လပ်လပ်၊ ကျန်းကျန်းမာမာ၊ ကောင်းမွန်တဲ့အကျင့်တွေနဲ့ ရှင်သန်ကြီးပြင်းပါစေ။

(၁၅) စစ်တုရင်ကစားတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ သီချင်းဆိုတာ ဒါတွေဟာ လူတိုင်းနှစ်သက်တဲ့ ကစားနည်းတွေပါ။ ကလေးကို အချိန်စောပြီးသင်ပေးလို့ရပါတယ်။

(၁၆) ဘဝတစ်သက်တာအသုံးဝင်မယ့် စိတ်ဝင်စားဖွယ်အရာကို သင်ပေးပါ။ ဥပမာ- ပန်းချီ၊ ဂီတ၊ စာပေ၊ လက်မှုပညာ...။ ကျောင်းတက်၊ အတန်းတက်၊ ကျူရှင်တက်ဆိုတာချည်းပဲ မခိုင်းစေပါနဲ့။

(၁၇) လူအများနဲ့ကစားနိုင်တဲ့ ကစားနည်းမှာ ပါဝင်ပါစေ။ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘောလုံး၊ ပင်ပေါင်..ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားတဲ့အကျင့်ရှိပါစေ။

(၁၈) ကလေးကိုချစ်ရင် ကလေးရဲ့ ဖေဖေ(မေမေ)ကိုလည်း ချစ်ပါ။ သူ့ ဘိုးဘိုး၊ ဘွားဘွားတွေကိုလည်းချစ်ပါ။ ဒါမှ နောက်တစ်ချိန်မှာ သူ့မိသားစုနဲ့ သူ့ကလေးကိုချစ်တတ်ဖို့ သူ သင်ယူ၊ မှတ်သားပါလိမ့်မယ်။


မူရင်းလင့် --- http://www.u148.net/article/22370.html

နိုင်းနိုင်းစနေ(Monday, July 30, 2012)
.
 
ဖခင်တစ်ဦးရဲ့ အသိပေးချက် ၁၈ချက်

(၁) သင့်မှာရှိတဲ့အိပ်မက်တော်တော်များများကို သင်အကောင်အထည်ဖော်ဖြစ်ချင်မှ ဖော်ဖြစ်ခဲ့မယ်။ သင့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖြစ်မြောက်ဖို့ ကလေးကိုအစားထိုး မခိုင်းစေပါနဲ့။ ဒါဟာ သင့်စိတ်ကူးအိပ်မက်ပါ... ကလေးရဲ့စိတ်ကူးအိပ်မက်မဟုတ်ပါဘူး။

Friday 8 February 2013

ဘင်္ဂလီကျူးကျော်မှု ကို တရားဥပဒေနည်းလမ်းဖြင့် စနစ်တကျတားဆီးကာကွယ်ရေး

ကုလားဆိုတဲ့အဓိပါယ်ဟာ ကူးလာဆိုတဲ့ စကားကနေ ဆင်းသက်လာပါတယ်။ပင်လယ်ရပ်ခြား ကနေ ကူးလာသူများဆိုတဲ့ အနက်ကိုဖော်ပါတယ်။အင်္ဂလိပ်လိုပြောရရင်တော့ Foreigner(a person who comes from another country) လို့အနက်ဖွင့်ပါတယ်။

ဝံသာနု ရက္ခိတစနေလူငယ်များအသင်းရဲ့  ၂-၂-၂၀၁၃ ရက်စွဲပါ နှိုးဆော်တိုက်တွန်းလွှာနဲ့ အသင်း ရည်ရွယ်ချက် ဦးတည်ချက်များကို မသိသေးသူများအတွက်ပါဗျာ...............


ဝံသာနု ရက္ခတစနေလူငယ်များအသင်းရဲ့  ၂-၂-၂၀၁၃ ရက်စွဲပါ နှိုးဆော်တိုက်တွန်းလွှာနဲ့ အသင်း ရည်ရွယ်ချက် ဦးတည်ချက်များကို မသိသေးသူများအတွက်ပါဗျာ...............

ဝံသာနု ရက္ခိတ စနေ လူငယ်များအသင်း၏ တိုက်တွန်း နှိုးဆော်လွှာ
"National Patriotic Saturday Youth Association (N.P.S.Y.A)"
သာသနာနှစ် ၂၅၅၆
ရက်စွဲ။ ၁၃၇၄-ခုနှစ် ၊ ပြာသိုလဆုတ် (၇)ရက် ။
၂၀၁၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်။
၁။ အမျိုးဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် ၀ံသာနု ရက္ခိတ စနေလူငယ် အသင်းကို ကျစ်လစ်ခိုင်မာစွာ        ဖွဲ့ စည်းနိုင်စေရန် တိုက်တွန်း နှိုးဆော်ပါသည်။
၂။ ဤအဖွဲ့ အစည်းတွင် ပါဝင်ကြသော ရဟန်းရှင်လူ မျိုးချစ်တိုင်းရင်းသားပြည်သူများ အတူတကွ ပူးပေါင်းပါဝင် လက်တွဲဆောင်ရွက် နိုင်ရန် တိုက်တွန်း နှိုးဆော်ပါသည်။
၃။ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀ံသာနုရက္ခိတအသင်းများ ပေါ်ပေါက်လာစေရန် တိုက်တွန်း နှိုးဆော်ပါသည်။
၎။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ ခိုင်မြဲရန်အတွက် အမျိုး ၊ ဘာသာ၊ သာသနာ ကို ကာကွယ်စောင့်ရှောက်နိုင်သည့် ခိုင်မာသော ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန် တိုက်တွန်း နှိုးဆော်ပါသည်။
၅။ ၀ံသာနု ရက္ခိတအသင်းများ ရေရှည်တည်တံ့နိုင်ရန်အတွက် မျိုးဆက်သစ်လူငယ်များမှ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် လက်ဆင့်ကမ်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရန် တိုက်တွန်း နှိုးဆော်ပါသည်။
ဝံသာနုရက္ခိတ စနေ လူငယ်များအသင်း
"National Patriotic Saturday Youth Association (N.P.S.Y.A)"

ရည်ရွယ်ချက်။
၁။ မြန်မာဗုဒ္ဓဘာသာဝင် များအနေဖြင့် အပတ်စဉ် စနေနေ့ ကို မဖြစ်မနေတွေ့ စုဝေးတွေ့ ဆုံကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကိစ္စရပ်များအား စုဝေးတိုင်ပင် ဆွေးနွေးမှုများပြုလုပ်ရန်။ 
၂။ လက်ရှိဗုဒ္ဓဘာသာများလက်ထက်မှ စတင်ကာ အပတ်စဉ် စနေနေ့ ကို တွေ့ ဆုံစည်းဝေးသည့် အကျင့်ထွန်းကားအောင် လုပ်ပေးခြင်းဖြင့် စည်းဝေးတွေ့ ဆုံပွဲများ ထာဝစဉ် ရှင်သန်စေရန်။ 
၃။ ၀ံသာနု ရက္ခိတ စနေလူငယ်များအသင်းကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရာအနှံ့ ချိတ်ဆက်လက်တွဲပူးပေါင်းဆောင်ရွက်  ကာ သားစဉ်မြေးဆက် အဆင့်ဆင့် အမျိုးဘာသာ သာသနာအကျိုးကို ထိန်းသိမ်းနိုင်ရန်။
၎။ ၉၆၉ ဆိုင်များမှာ ၀ယ်ယူ အားပေးခြင်းဖြင့် ကိုယ့်အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်။

ဦးတည်ချက်။
၁။ မြန်မာနိုင်ငံအတွင်း ယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်  သွားရေး။
၂။ အမျိုးသား ၀ံသာနုရက္ခိတစိတ်များ ရင့်သန်တိုးပွားလာစေရေး။
၃။ မြန်မာပြည်တွင် မှီတင်းနေထိုင်ကြသော မျိုးချစ် တိုင်းရင်းသားပြည်သူများ အားလုံး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်စေရေး။
၎။ အစိုးရမှ တရားဝင် အဖွဲ့ အစည်းအနေဖြင့် အသိအမှတ်ပြု စေရန်ကြိုးစားဆောင်ရွက်ရေး။


ဝံသာနု ရက္ခိတ စနေ လူငယ်များအသင်း၏ တိုက်တွန်း နှိုးဆော်လွှာ
"National Patriotic Saturday Youth Association (N.P.S.Y.A)"
သာသနာနှစ် ၂၅၅၆
ရက်စွဲ။ ၁၃၇၄-ခုနှစ် ၊ ပြာသိုလဆုတ် (၇)ရက် ။
၂၀၁၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်။

၁။ အမျိုးဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် ၀ံသာနု ရက္ခိတ စနေလူငယ် အသင်းကို ကျစ်လစ်ခိုင်မာစွာ ဖွဲ့ စည်းနိုင်စေရန် တိုက်တွန်း နှိုးဆော်ပါသည်။
၂။ ဤအဖွဲ့ အစည်းတွင် ပါဝင်ကြသော ရဟန်းရှင်လူ မျိုးချစ်တိုင်းရင်းသားပြည်သူများ အတူတကွ ပူးပေါင်းပါဝင် လက်တွဲဆောင်ရွက် နိုင်ရန် တိုက်တွန်း နှိုးဆော်ပါသည်။
၃။ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀ံသာနုရက္ခိတအသင်းများ ပေါ်ပေါက်လာစေရန် တိုက်တွန်း နှိုးဆော်ပါသည်။

Thursday 7 February 2013

ခေတ်ရေစီးကြောင်းနောက်က ကင်မရာဖုန်းနှင့် မြန်မာလူငယ်များ




ခေတ်က တစ်နေ့ထက် တစ်နေ့ပြောင်းလဲနေပါသည်။ထိုနည်းတူစွာပဲ လူငယ်များသည်လည်း
 ခေတ်ရေစီးအကြောင်းအတိုင်း လိုက်ပြီး  ၀တ်စားဆင်ယင်..နေထိုင်..ပြောဆိုမှုတွေ အကုန် တစစီ ခေတ်နဲ့လိုက်ပြီး ပြောင်းလဲ လာခဲ့ကြပြီဖြစ်ပါသည်။ လွန်းခဲ့သည့် ဆယ်စုနှစ် တစ်ခုလောက်က ကျွန်တော်တို့နိုင်ငံတွင် လက်ကိုင်ဖုန်းကို လူတန်းစိမကိုင်နိုင်ကြပါဘူး.. တစ်ချို့ကိုင်နိုင်သူများတွင်လည်း ကင်မရာပါသည့်အမျိုးအစားနည်းလှသည်ဟုပြောရပါမည်။
                  ခေတ်ပြောင်းလဲတိုးတက်လာတာနဲ့အမျှ စက်ပစ္စည်းများသည်လည်း တစ်နေ့ထက်တစ်နေ့ အသစ်ပြီးအသစ် ထွက်ပေါ်လာခဲ့ပါပြီ...ထိုများထဲတွင် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော ကျွန်တော်တို့နိုင်ငံသည်လည်း ခေတ်ရဲ့ရေစီးကြောင်းအတိုင်း လိုက်ပါလာပါသည်။
ထိုများထဲတွင် လူငယ်များရေပန်းစားလာသည်က ကင်မရာပါသည့် လက်ကိုင်ဖုန်းပင်ဖြစ်လာသည်။

Sunday 3 February 2013

တူတူနေသူများ


အစ်ကိုမောင်မောင်ရေ အစ်မသန်းထွေးကြူကတွေ့ ချင်လို့ အိမ်ကိုလာခဲ့ပါတဲ့ သန်းထွေးကြူ ရဲ့ မောင်ဖြစ်သူ ကျော်ကျော် ကကျောင်းသွားရင်းကျွန်တော့်ကိုဝင်ပြောသွားသည်။
သန်းထွေးကြူနိုင်ငံခြားမှာအလုပ်သွားလုပ်တာ၃နှစ်နီးပါးကြာပြီးနောက် နေမကေင်းသဖြင့်ပြန်လာသည်
ကိုတော့ကြားသည်။တခေါက်မှမရောက်ဖြစ်သေး ။ ခုတော့သူကိုယ်တိုင်ခေါ်ခိုင်းနေပြီမို့  ညနေဖက်အိမ်မှထွက်ခဲ့သည်။ အိမ်ရှေ့ တွင်သန်းထွေးကြူရဲ့ ညီမငယ်လေး စုစု ကစားနေသည်။
ကျွန်တော် အိမ်အပေါ်ထပ်သို့ တန်းတက်ခဲ့သည်။

ကျူးကျော်စစ်နှင့် ကလေးငယ်များ”

“ကျူးကျော်စစ်နှင့် ကလေးငယ်များ”

ပွင့်ဦးပွင့်စ ၊ လူ့ဘ၀ကို
စစ်ညမှောက်မိုက် ၊ လေးပြင်းရိုက်လျက်
သီးကင်းဖြိုက်ဖြိုက်ချွေခဲ့ပြီ။
ကျူးကျော်သူများ ၊ သေနတ်ဖျား၌
သွေးများလူးကာ ၊ စစ်သွေးဆာစဉ်
ပြစ်မြူစင်ကြယ် ၊ လူမမယ်တို့
လမ်းလယ်ပြေးလွှား ၊ ဆော့ကစားခိုက်
ဝါးပင်အနီး ၊ သူရဲစီးလျက်
ကျည်မီးဝင်းဝင်း ပွင့်သတည်း။

ညီငယ်လေးကို
ပိုက်ထွေးလက်ယှက် ၊ အတင်းဖက်၍
ကျည်ချက်မှာကွယ် ၊ အကိုငယ်လည်း
လမ်းလယ်၌ပင် ၊ သေပွဲဝင်၏။

ကျူးကျော်စစ်ကား
မျိုးသစ်မျိုးဆက် ၊ ညွှန့်မထွက်အောင်
ရက်ရက်စက်စက် ချေမှုန်း၏။
ကလေးသူငယ် ၊ လူမမယ်ဟု
လူ့နွယ်မျိုးဆက် ၊ သွေးစက်စက်ကား
ဖျက်တိုင်းမပြုန်း ၊ မှုန်းတိုင်းမကြွေ
တဝေေ၀နှင့်
တက်နေခြည်မှာ လန်းမည်တကား။   ။

တင်မိုး
ရှုဒေါင့်ဂျာနယ်
(၁၉-၅-၇၀)
ပန်းချီ maungmaungtinn


ပွင့်ဦးပွင့်စ ၊ လူ့ဘ၀ကို
စစ်ညမှောက်မိုက် ၊ လေးပြင်းရိုက်လျက်
သီးကင်းဖြိုက်ဖြိုက်ချွေခဲ့ပြီ။
ကျူးကျော်သူများ ၊ သေနတ်ဖျား၌
သွေးများလူးကာ ၊ စစ်သွေးဆာစဉ်
ပြစ်မြူစင်ကြယ် ၊ လူမမယ်တို့
လမ်းလယ်ပြေးလွှား ၊ ဆော့ကစားခိုက်
ဝါးပင်အနီး ၊ သူရဲစီးလျက်
ကျည်မီးဝင်းဝင်း ပွင့်သတည်း။

ညီငယ်လေးကို
ပိုက်ထွေးလက်ယှက် ၊ အတင်းဖက်၍
ကျည်ချက်မှာကွယ် ၊ အကိုငယ်လည်း
လမ်းလယ်၌ပင် ၊ သေပွဲဝင်၏။

ကျူးကျော်စစ်ကား
မျိုးသစ်မျိုးဆက် ၊ ညွှန့်မထွက်အောင်
ရက်ရက်စက်စက် ချေမှုန်း၏။
ကလေးသူငယ် ၊ လူမမယ်ဟု
လူ့နွယ်မျိုးဆက် ၊ သွေးစက်စက်ကား
ဖျက်တိုင်းမပြုန်း ၊ မှုန်းတိုင်းမကြွေ
တဝေေ၀နှင့်
တက်နေခြည်မှာ လန်းမည်တကား။ ။

တင်မိုး
ရှုဒေါင့်ဂျာနယ်
(၁၉-၅-၇၀)
ပန်းချီ 
maungmaungtinn

History of shwedagon pagoda

 
Shwe Dagon Pagoda

According to legend, the Shwedagon Pagoda has existed for more than 2,600 years, making it the oldest historical pagoda in Burma and the world.
According to tradition, two merchant brothers, Taphussa and Bhallika, from the land of Ramanya, met the Lord Gautama Buddha during his lifetime and received eight of the Buddha's hairs in BC 588.

The brothers traveled back to their homeland in Burma and, with the help of the local ruler, King Okkalapa of Burma, found Singuttara Hill, where relics of other Buddhas preceding Gautama Buddha had been enshrined. When the king opened the golden casket in which the brothers had carried the hairs, incredible things happened:

ပြည်ပနေ မြန်မာမလေးများသို့ ....


သို့ ..... ညီမလေး

တစ်လောက အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုဖိုင်နဲ့ ပက်သက်ပြီး

မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ အနည်းငယ် ပြောလိုပါတယ် ။

မြန်မာဆိုတာ ခေတ်အဆက်ဆက်က အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သူတွေပါ ။

အမျိုးထိရင် မချိအောင်နာတတ်တာ မြန်မာလူမျိုးပါ ။

မြန်မာဆိုတာ ကိုယ့်လူမျိုးကို မဆိုထားနဲ့ ၊ လူမျိုးခြားတွေ ကိုယ့်မျက်စိရှေ့မှာ ဒုက္ခရောက်နေတာတွေ့ရင်တောင် ၊

ကိုယ်နဲ့မဆိုင်သလို မနေတတ်ပဲ ၊ စိတ်ရောကိုယ်ပါ ဝင်ရောက်ကူညီတတ်သူတွေပါ ။