Tuesday 30 April 2013

“ ဆိုလာအကြောင်း သိမှတ်စရာဗဟုသုတ ”



   ဆိုလာ ထုတ်လုပ်တဲ့ MEMC တွင်အလုပ်လုပ်နေသောသူငယ်ချင်းများ ပိုမိုသိရှိနိုင်စေရန်အတွက်
ပြန်လည်ဝေမျှပေးလိုက်ပါသည်။
မေမြို့သားလေး 
 
၁။ ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ

နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာ ဖြစ်ပါ သည်။ နေအလင်းရောင်တွင်ပါဝင်သော အလင်းမှုန်များမှ ဆိုလာပြား အတွင်းရှိ လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။

Sunday 28 April 2013

ဟင်းချက်နည်း PDF စာအုပ်များနှင့် Websiteများစုစည်းမှု


ကျွန်တော်တို့လို တစ်ယောက်တည်းသမားများ၊ မိဘနှင့်အဝေးမှာ တစ်ယောက်တည်း ရပ်တည်နေရသူများ၊ မိသားစုအား ဟင်းဖွယ်ဖွယ်ရာရာ ချက်ကျွေးလိုသူများနှင့် အသစ်အဆန်းများ ချက်စားလိုသူများ အတွက် ဟင်းချက်နည်း မုန့်လုပ်နည်းစာအုပ်များကို စုစည်းပေးလိုက်ပါသည်။

သိုးဆောင်း၏ စာအုပ်များစုစည်းမှု



လူငယ်စာရေးဆရာ သိုးဆောင်းကို သတိထားမိတာကြာပါပြီ။ သူ့အရေးအသားတွေကို သဘောကျလို့ စာရေးဆရာ သိုးဆောင်းရဲ့ ၀တ္ထုများကို တစ်စုတစ်စည်းတည်းဖြစ်အောင်စုစည်းပေးလိုက်ပါတယ်။ သူ့အကြောင်းကိုလည်း သိရှိနိုင်ဖို့ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။

လူနေ၏ စာအုပ်များ စုစည်းမှု


ကျွန်တော်အခုတစ်လော ၀တ္ထုတွေဖတ်ဖြစ်တယ်။ အဲ့ ၀တ္ထုတွေထဲမှာ စာရေးဆရာတစ်ယောက်ကို သတိထားမိတယ်။ သူ့အရေးအသားက ဆွဲဆောင်မှုရှိတယ် ဇာတ်လမ်းဇာတ်ကွက်ဖန်တီးတာတွေကို လည်းသဘောကျလို့ သူ့စာအုပ်တွေကို ဖတ်နေဖို့အတွက် စုစည်းပေးလိုက်ပါတယ်။ ဒါကတော့ စာရေးဆရာလူနေရဲ့စာအုပ်များစုစည်းမှုဖြစ်ပါတယ်။

Youtube မှ Video များကို အကောင်းဆုံး Download လုပ်ဖို့ Android Application





ဒီ Application လေးကို လူတော်တော်များများ သိကြမှာပါ။ သူကတော့ Youtube က Video များကို ကိုယ်လိုချင်တဲ့ Quality နဲ့ ဒေါင်းလို့ရအောင် လုပ်ပေးထားတဲ့ Tubemate Youtube Downloader လေးပဲ ဖြစ်ပါတယ်။

ဘက်ထရီလည်းခံ လိုင်းလည်းမြန် ဖုန်းလိုင်းလည်းပိုမိုမိစေတဲ့ Android Application


အခုတစ်လော ကျွန်တော် Android application တွေစိတ်ဝင်စားလို လိုက်ကြည့် မိတော့ ဒီ application ကို သတိထားမိလို့ ကျန်သောသူများလည်း သုံးလို့ရနိုင်ဖို့ ပြန်လည် ဝေမျှလိုက်ပါတယ်ဗျ။

Saturday 27 April 2013

တာဝန်ကိုယ်စီ ကျေဖို့ လိုပါသည်


ကျွန်တော်တို့ နိုင်ငံအား စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးအဖြစ် ရည်မှန်းချက်ထား ချီတက် လျက် ရှိရာမှာ ယခင် ခေတ်အဆက်ဆက် အုပ်ချုပ်မှု ပုံစံမျိုးစုံနဲ့ ခေတ်ကိုပဲ ယိုးမယ်ဖွဲ့ပြီး လူ့အခွင့် အရေးကစလို့ လွတ်လပ်စွာ ရေးသားခွင့်၊ စုဝေးခွင့်၊ ဆန္ဒ ဖော်ထုတ်ခွင့် အပါအဝင် တောင်းဆိုခဲ့ကြတဲ့ အခွင့် အရေးတွေ အများ ကြီးပါ။

ဗီယက်နမ် လူမျိုးများ အသားအရေနှင့် ခန္ဓာကိုယ် လှပရသည့် အကြောင်း အရင်း




ဗီယက်နမ် နိုင်ငံသူ၊ နိုင်ငံသား အများစုက အသက် ကြီးငယ်မရွေး အသား အရေ ကြည်လင် လှပပြီး ခန္ဓာကိုယ် အဆီမရှိဘဲ သွယ်လျ လှပကြတာကို တွေ့ရှိ ရပါတယ်။
ဘာကြောင့် သူတို့အနေနဲ့ အသားအရေ လှပပြီး ခန္ဓာကိုယ် ကြည့်ကောင်း နေရသလဲ ဆိုတဲ့ အကြောင်း ကတော့ စားသောက်တဲ့ အစား အသောက်အများစုက ဆီမပါတဲ့ ဟင်းလျာတွေ၊ ငါး၊ ပုစွန်၊ ကမာ၊ ခရုစတဲ့ ပင်လယ် စာတွေ၊ ကစွန်းရွက်၊ သခွားသီးစတာတွေ ဖြစ်နေတာကို တွေ့ရပါ တယ်။ ဒါကြောင့် ဗီယက်နမ် လူမျိုးတွေကို ကျန်းမာလှပစေတဲ့ အဓိက ဟင်းလျာ တွေအကြောင်းကို ပြောပြ ချင်ပါတယ်။

တပ်မတော်သည် တိုင်းပြည်၏ သွေးကြော ဖြစ်သည်


တပ်မတော်သည် တိုင်းပြည်၏ သွေးကြော ဖြစ်သည်

 ဒီဆောင်းပါးကို လွန်ခဲ့တဲ့ မတ်လ(၂၇)ရက်နေ့ကတည်းက တင်ဖို့ပါ။ ဒါပေမယ့် ကျန်းမာရေးအခြေအနေအရ အင်တာနက် အွန်လိုင်းမသုံးဖြစ်တာကြောင့် အခုမှပြန်တင်လိုက်ခြင်းဖြစ်ပါသည်။ ဤဆောင်းပါးအား တပ်မတော်သားတစ်ယောက်မှ ရေးခဲ့ခြင်းဖြစ်သလို တပ်မတော်သားများအား လေးနက်သေချာစွာ ဖတ်ရှုနိုင်စေဖို့ ရည်ရွယ်၍ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။

မေမြို့သားလေး

 မြန်မာ နိုင်ငံတော် ကြီးမှာ စစ်တီးဝိုင်း တေးသံများ၊ စစ်ချီတေးများ သီဆို၍ စစ်ကြောင်းကြီးများ ချီတက်ပြီး နိုင်ငံတော်အလံ လွှင့်ထူလျက် အလေးပြု ၍ နေကြသော စစ်သည်တော် များကို တွေ့မြင် ကြရပါတော့မည်။ ထိုနေ့ ကား မတ် ၂၇ ရက် (၆၈)နှစ်မြောက် တပ်မတော်နေ့ ဖြစ် ပါသည်။ မြန်မာပြည် အတွက် ထူးကဲသော နေ့အဖြစ် တည်ရှိ နေပါသည်။

နံနက်စာအဖြစ် စားသုံးရန် အသင့်လျော်ဆုံး အာဟာရ (၅) မျိုး


နံနက်စာအဖြစ် စားသုံးရန် အသင့်လျော်ဆုံး အာဟာရ (၅) မျိုး

(၁) ဥအမျိုးမျိုး
ဥအမျိုးမျိုးဟာ ပရိုတင်းဓာတ် ကြွယ်ဝရုံ သာမက မနက်ခင်းတွင် စားသုံးထားပါက တစ်မနက်လုံး ဗိုက်ဝနေစေ၍ အခြားလိုအပ်သော အာဟာရ များနှင့်လည်း ပြည့်စုံ နေပါတယ်။

(၂)အုတ်စပါး(Oatmeal)
အုတ်စပါးကတော့ နေ့သစ်တစ်ခုစတင်ဖို့ အကောင်းဆုံး အစာတစ်ခု ဖြစ်သလို သင့်ရဲ့ အစာအိမ်ကိုလည်း အလုပ် ခဏခဏ လုပ်စေခြင်းမှ ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် အုတ်စပါး ဆန်ပြုတ်ထံမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး သွေးတွင်း အဆီနဲ့ သကြား ဓာတ်ကို ထိန်းချုပ် ပေးနိုင်ပါတယ်။ ထို့ထက်သာမက အုတ်စပါးထဲတွင် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း (anti oxidant) များစွာ ပါဝင်ပြီး ရောင်ရမ်းမှု တွေကိုလည်း သက်သာ စေပါတယ်။

ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ


သဘာဝ တရားအရ ယောက်ျားတွေဟာ ကိုယ်နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်း ၀င်ကြပါတယ်။
တချို့ စုံတွဲတွေ က ရုပ်ရည် အသွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတတ် ပါတယ်။

တရားထိုင်ခြင်း၏ ကျန်းမာရေး အကျိုး သက်ရောက်မှုများ

တရားထိုင်ခြင်း၏ ကျန်းမာရေး အကျိုး သက်ရောက်မှုများ

တရားထိုင်ခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်သော အကျိုး သက်ရောက်မှု များစွာ ရှိပါသည်။
လူတို့သည် များမြောင်လှသော လုပ်ငန်း အမှုကိစ္စတို့ကို ဆောင်ရွက်ရင်း (၁၅-၂၀) မိနစ်ခန့် အချိန်ပေး တရားထိုင်ကြမည် ဆိုလျှင်~~~

Friday 26 April 2013

ဟန်းဖုန်းတစ်လုံးရဲ့ ရာဇဝင်



ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ကတော့ ကံထူးတဲ့နေ့ ပါပဲခင်ဗျား။ ရပ်ကွက်ရုံးမှာ မဲနှိုက်လိုက်တာ ကျွန်တော် ဖုန်းမဲပေါက်ကြောင်း အိမ်က ရုံးကို လမ်းဘေးဖုန်းနဲ့ ဆက်လာပါတယ်။ လူ ၆၀၀ မှာ ဖုန်းအလုံး ၁၀၀ ပေးတာဆိုတော့ ခြောက်ယောက်မှာ တစ်ယောက်ကံထူးသူပေါ့။ ဟုတ်ကဲ့၊ မရသေးတဲ့ ကျန်တဲ့ဘဝတူတွေ အတွက်လည်း စိတ်မကောင်းပါဘူး။ နောက်လတွေ ဆိုရင်တော့ ရကြမှာပါ။ သမ္မတကြီးကိုသာ နာနာဖိပြီး မေတ္တာ ပို့လိုက်ကြပါ။