Wednesday 17 October 2012

ရင်လေးစရာ မြန်မာမလေးများ...........



ဝမ်းနည်းကြေကွဲစွာနဲ. ကြားခဲ့ရတဲ့ မြန်မာ မိန်းခလေးတွေရဲ. အကြောင်းလေးတစ်ချို. ပြောပြပါရစေ...။ နိုင်ငံခြားရောက်နေတဲ့ အမျိုးသမီးများ ကိုယ့်ကိုကိုယ်ဆင်ခြင်နိုင်ဖို.ပါ.....။ အတင်းပြောတာမဟုတ်ရပါ...။
တနေ့ .......သူငယ်ချင်းကောင်လေးတစ်ယောက်က သူမှာ တစ်ခြားသူငယ်ချင်းကောင်လေးတစ်ယောက် မိတ်ဆက်ပေးလို. မိန်းကလေးသူငယ်ချင်းတစ်ယောက်နဲ. ဖုန်းထဲမှာ ခင်နေတဲ့အကြောင်းကို ပြောပြပါတယ်။ ဒါတွေက မဆန်းကြယ်ပါဘူး..။တိုင်းတပါး ကိုရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း ရိုင်းပင်းကူညီကြ၊ စိတ်ဓာတ်တွေ မြင့်တင်ပေးကြဖို. လိုအပ်ကြတာပဲလေ...။ဒီထဲမှာမှ တစ်ကယ်ကိုရိုးသားစွာ ခင်တဲ့သူတွေ ရှိသလို၊ ကျားလိုအစာကို ချောင်းမြောင်းရှာဖွေ နေတဲ့ သူတွေကလဲ ဒုနဲ.ဒေးပါပဲ..။ပြောချင်နေတာက အဲ့ဒီ မိန်းကလေးကိုပါ...။
သူက ဖုန်းတွေ ပြောနေရင်းနှင့်ကို အဲ့ဒီ ကောင်လေးကိုအရမ်းကို တွေ.ချင်နေတဲ့အကြောင်းတွေပြောပြီး  
 တွေ့ ဖို့ ကိုပူဆာနေပါတယ်...။ ဒါနဲ့  ကောင်လေးကလဲ တနင်္ဂနွေနေ.မှာ တွေ.ဖို.ချိန်းလိုက်ပါတယ်....
 မြန်မာဘုန်းကြီးကျာင်းသွားကြတာပေါ့။
 အဲ့ဒီလို နဲ.ပဲ ဘုန်းကြီးကျောင်းမှာ ဆုံကြရော......။ ဘုန်းကြီးကျောင်းရောက်လို. ဝတ္တုတွေ ကပ်တော့ ကောင်မလေးက ကောင်လေးရဲ.ပိုက်ဆံအိတ်ကို တစေ့တစောင်းကြည့်လိုက်ပါတယ်....။အပြန်လမ်းလဲရောက်ရော ခုမှ စတွေ.ဖူးတဲ့ ကောင်လေးကို စပြီးပြောလိုက်တာက ပိုက်ဆံပါရင် $300 လောက်ချေးပါတဲ့...။ သူငွေလိုနေလို.ပါတဲ့....။ဖြစ်သင့်လားဟင်း.....။ ခုမှ စပြီးသိတဲ့သူဆီက ပိုက်ဆံချေးတာ....။တကယ်အကူအညီလိုနေရင်တောင် မလုပ်သင့်ဘူးလို့ ထင်ပါတယ်...။ ကောင်လေးကလဲ တော်တော်လေး အံ့အားသင့်သွာတယ်...ပြီးမှ ငါ့မှာလဲ အဲ့ဒီလောက်ငွေမပါဘူးလို.ပြောလိုက်တယ်..။တကယ်လဲမပါတာ..အရှင်းဆုံးပြောရရင် သူ.လက်ထဲမှာတောင်အဲ့ဒီလောက်ငွေ မရှိဘူး..။ အဲ့ဒီနေ.ကတွေ.ဆုံချင်းတွေက တိတ်ဆိတ်ချင်းနဲ.ပဲ လမ်းခွဲခဲ့ကြတယ်...။ဒါပေမဲ့ မပြီးသေးပါဘူး......


တနလာင်္နေ.ညမှာ သူကောင်လေးဆီ ကို ဖုန်ဆက်တယ်...။သူဖုန်း ကျကွဲသွားလို. ဖုန်းအသစ်လေးတစ်လုံးဝယ်ပေးပါတဲ့....။ကောင်လေးကသာဝယ်ပေးမယ်ဆိုရင် သူကောင်လေးရဲ.ဆန္ဒတွေကို ဖြည့်ဆည်းပေးပါ့မယ်တဲ့....အောင်မလေး လေး......။ကြားလိုက်ရတဲ့စကား.....။နောက်နေ့ ကြတော့ $40 တန်ဖုန်းကဒ် လိုနေလို.ပါတဲ့.....။ကောင်လေးဟာ ရုတ်တရက် စိတ်တွေ ထောင်းကနဲ.တော့ တိုသွားပါတယ်....။ ပါးစပ်ကနေလဲ အေး ငါဝယ်ပေးမယ်၊ နင်လိုတာ အကုန်ကိုဝယ်ပေးမယ်..ငါလိုတာအကုန်ကိုလဲ နင်ဖြည့်ဆည်းပေးရမှာနော်လို. ပြောလုလုနီးပါးအထိ ဖြစ်သွားပါတယ်...။ဒါပေမဲ့ အသိတစ်ချက်ဝင်လာတယ်..။ ငါ့မှာလဲ ညီမရှိတယ် ...ညီမချင်းစာနာပြီးမိန်းကလေးတစ်ယောက်ကိုမပြောသင့်ပါဘူး...။ညီမချင်းစာနာတဲ့စိတ်နဲ.ပဲ အဲ့ဒီကောင်မလေး အတွက်ဝမ်းနည်းစိတ်တွေ ဝင်မိပါတယ်....။မဖြစ်သင့်ဘူး...။ကိုယ့်ရဲ တန်ဖိုးရှိလှတဲ့ အကျင့်သိက္ခာကို ဒီလောက်ပမာဏလေးနဲ.လဲစရာလားပေါ့...အတော်လေးကိုတွေးပြီး ဝမ်းနည်းပါတယ်...။ သူ.စိတ်ဓာတ်တွေကို ပြောင်းလဲပေးနိုင်အောင် ဘယ်လိုကူညီ ပေးရမလဲလို. ကိုယ့်ကို ဖွင့်ပြောပြီး တိုင်ပင်တယ်လေ...။ကောင်မလေး ဟာ တကယ်ကို စာနာတတ်သူနဲ.တွေ.လိုပေါ့...။တကယ်လို.သာ သူမတွေ့ သူဟာ ကိုယ်ချင်းစာနာစိတ်မရှိသူဆိုရင်ဘယ်လိုလုပ်မလဲ.....။စဉ်းစားသာ ကြည့်ကြပေတော့....။

နောက်တစ်ယောက်.....တကယ်ကို အမျိုးဘာသာအတွက်ရင်လေးစရာလေ.....။ဘယ်သူနဲ.ရည်းစားဖြစ်လဲသိလား.....။ဘင်္ဂလားက ကုလားနဲ.....။အဲ့ဒီ ဘင်္ဂလားက သူ.အလုပ်ထဲက ကောင်လေးတစ်ယောက်ကိုလာကြွားတာ....။မင်းတို.ပြောတော့ မင်းတို.မြန်မာမတွေ ငါတို့ လိုကုလားမျိုးတွေကို လုံးဝ မကြိုက်ကြဘူးဆို...ဒီမှာတွေ.လား ငါ့ရည်းစား မြန်မာမ။ သူပြလိုက်တဲ့ လူမြင်မကောင်း သူမြင်မကောင်း ရိုက်ထာတဲ့ ပုံတွေ....။ရှက်စိတ်တွေအပြင် ဝမ်းနည်းစိတ်တွေအပြည့်နဲ့ ...။ဒါငါတို.မြန်မာမ လေးတဲ့....။

ဘာလုပ်ရမှာလဲ....။အဲဒီ ကိစ္စကို ကိုယ့်ကိုလာပြောတယ်...။အင်းကြားရတာနဲ.ကို ဝမ်းနည်းလိုက်တာ....။အဲ့ဒါနဲ.သူ.ကို “နင်အဲ့ဒီကောင်မလေးကို စုံစမ်းပြီးပြောလိုက်”လို. ပြောတော့ သူက မပြောရဲဘူးတဲ့..ကောင်မလေးရှက်သွားလိမ့်မယ်တဲ့...။ပြီးတော့ ဒီကုလားက သူရဲ. foreman တဲ့.။တော်ကြာ သိသွာရင်သူ.ကို ပညာပြလိမ့်မယ်တဲ့။ အေး...အဲ့ဒါဆိုလဲ ငါ့ကိုဖုန်းနံပါတ်သာ စုံစမ်းပေးလို. ဆြိုပီး မနေနိုင်တဲ့ ကိုယ်ကပဲ ဝင်ပါဖို. ဆုံးဖြတ်လိုက်တယ်....။

သူ.ဆီက ဖုန်နံပါတ်ရတာနဲ. ကောင်မလေးဆီ ဖုန်ဆက်ပါတယ်...။ကောင်မလေးကို ချိုသာစွာနဲ.ပဲ အဲ့ဒီလို အဖြစ်မျိုးတွေ မဖြစ်သင့်ကြောင်းကို ရှင်းပြ ပြောပြပါတယ်...။ဒါဟာ ညီမလေးတစ်ယောက်ထဲ အတွက်တင်မဟုတ်ဘူး လူမျိုး တစ်မျိုးလုံးကိုပါ သိက္ခာ ကျနိုင်စေတဲ့ အကြောင်းကို လဲ နားဝင်အောင်ပြောပြပါတယ်.....။အဲ့ဒီလို တစ်ခါပြောပြီးတာနဲ.ပဲ နောက်ပိုင်း အဲ့ဒီ နံပါတ်ကိုဘယ်လိုမှ ဆက်လို.မရတော့ဘူး....။သူငယ်ချင်းဆီက ပြန်ကြားရတာတော့ အဲ့ဒီကုလားနဲ.လဲ အဆက်အသွယ်မရှိတော့ဘူးဆိုပဲ...။ လုံးဝ အဆက်အသွယ် ဖြတ်လိုက်တယ်တဲ့.....အင်း......တကယ်ကို အသိတရား ရလို.နောက်ဆုတ်သွားတယ်ဆိုရင်တော့ ဝမ်းသာစရာပါနော်...။ကျေးဇူးလဲတင်ပါတယ်....။

ဒီမှာရှိနေတဲ့ ကောင်လေးတွေ က ပြောနေကြတယ်။မိန်းမတွေများပေါလွန်းလို.၊ဖုန်းတစ်လုံး ဝယ်ပေးရင်၊ ဖုန်းကဒ်တွေ ဝယ်ပေးနိုင်ရင် ကြိုက်တဲ့အချိန် ကောက်ယူ၊ မိန်းမ တစ်ယောက်ကို ယူထားလို.ရပြီးတဲ့။ ပြောနေတဲ့ သူရှိသလို လုပ်နေတဲ့ သူကလဲရှိတာကိုး....။အဲ့လိုမျိုး အဖြစ်မျိုးတွေ မရောက်စေရအောင် ကိုယ့်မြန်မာ လူမျိုးအချင်းချင်း ဝိုင်းဝန်းကူညီ စောင့်ရှောက် ကြပါစို.လား။

ကိုယ့်ဘဝကို ကိုယ်တိုင်ရုန်းကန်ပြီး ရိုးရိုးသားသား မိသားစုတွေ အတွက် ရှာဖွေကြိုးစားနေတဲ့ မိန်းကလေးတွေ အများကြီးပါ....။အဲ့ဒီလို အမျိုးကောင်းသမီး လေးတွေလိုပဲ အားလုံးသော ညီအစ်မ တွေကိုလဲ ဖြစ်စေချင်ပါတယ်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုတ်တဲ့အဖြစ်မျိုးတွေနဲ. တိုင်းတစ်ပါးရောက် မြန်မာမလေးတွေကို နိမ့်ချပြီးဆက်ဆံတဲ့ သူတွေလဲ ရှိပါတယ်။ အားလုံးဟာ ဒီလိုမျိုး မဟုတ်ရပါဘူး....။ရိုးသားစွာ ရပ်တည်နေသူတွေရှိပါတယ်။လမ်းမှားရောက်နေတဲ့ သူတွေကိုတွေ.ရင်လဲ သူတို.ကို ပိုပြီးလမ်းမှားရောက်အောင် တွန်းမပို.ဘဲ ကယ်ယူမြှင့်တင်ပေးစေလိုပါတယ်။ ဖယ်ကျဉ်းပြီးလဲ မထားပါနဲ.။ လမ်းမှန်ေ၇ာက်အောင် အတတ်နိုင်ဆုံး ကူညီပေးနိုင်ကြမယ်ဆိုရင် အကောင်ဆုံးပဲ မဟုတ်လား.....။

 

2 comments:

  1. မောင်လေးပြောတာတွေကတကယ်တော့မဖြစ်သင့်တာတွေကိုထောက်ပြတာမို့ကောင်းပါတယ်

    ReplyDelete
  2. ချိုမြိန်သောအချစ်

    ReplyDelete

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။