Wednesday 17 October 2012

Virus ရန်မှကင်းဝေးနိုင်ကြပါစေ။

Virus ကူးစက်မှုကိုလေ့လာတဲ့အခါ Memory stick က အများဆုံး ကူးစက်တယ်ဆိုတာ တွေ့ရပါတယ်။
ဒီအတွက် Memory stick ကို သတိထားကာ အသုံပြုရမှာဖြစ်ပါတယ်၊ အထူးသဖြင့်  လူအများစု အသုံးပြုနေတဲ့  ကွန်ပျူတာတွေမှာ  Memory stick အသုံးပြုခြင်းကို ဆင်ခြင်ရမှာဖြစ်ပါတယ်။ Internet အသုံးပြုမှုတွေ တွင်ကျယ်လာတာနဲ့ အမျှ အင်တာနက်ဆိုင် ကတဆင့် Virus တွေ ပိုမိုပြန့်ပွားပါမယ်။ဒီလိုဆိုရင် အင်တာနက်ဆိုင်က ကွန်ပျူတာတွေကို Virus တွေက ဖျက်ဆီးနိုင်သလားလို့ စူးစမ်းဖို့လိုအပ်ပါတယ်။
 သူတို့ရဲ့ ကွန်ပျူတာအများစုက Model မြင့်တဲ့အတွက် Antivirus အမြင့်တွေကို အသုံးပြုကြပါတယ်။
2012 မှာထွက်တဲ့ Version တွေကို ဆိုလိုတာဖြစ်ပါတယ်။ Hardware လိုအပ်ချက်ပိုမိုများပြားသလို
ကာကွယ်နိုင်စွမ်းလဲ ပိုပါတယ်။ အင်တာနက်က ၀င်ရောက်လာမယ့် Virus တွေကိုလည်း ကာကွယ်ပြီး
သားဖြစ်ပါတယ်။


 Kaspersky, Bitdefender, MCAFee တို့ရဲ antivirus အမြင့်တွေကို သုံစွဲခြင်းဖြင့်
Virus အများစုကို တားဆီးနိုင်ပြီဖြစ်ပါတယ်။ အင်တာနက်ကို အလွယ်တကူ  အသုံးပြုနိုင်တဲ့အတွက်
နေ့စဉ် ထွက်နေတဲ့ Virus  definition update တွေကို အသုံးပြုနိုင်ပါတယ်။ ဘယ်လောက်ကောင်းတဲ့
Antivirus တွေကိုအသုံးပြုသည်ဖြစ်စေ ၊ပုံမှန် Virus definition update လုပ်သည်ဖြစ်စေ Virus တွေရဲ့ ရန်က
ကင်းဝေးပြီးလို့ မဆိုနိုင်ပါ။ Virus တွေကတော့ ကာကွယ်မှုကို ထိုးဖောက်ဖို့ ကြိုးစားနေမှာပဲဖြစ်ပါတယ်။
အင်တာနက်ဆိုင်တွေမှာ ဒုတိယ ကွာကွယ်ရေးစနစ်က deep freeze ကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။

Deep Freeze က  antivirus software တခုမဟုတ်ပါဘူး။ Virus ကိုလည်းမဖျက်ပစ်နိုင်ပါဘူး။ ဒါပေမယ့်
Hard disk အတွင်းပါဝင်တဲ့ window နဲ့ ဖိုင်တွေကို save လုပ်ကာ သိမ်းဆည်းပေးပါတယ်။ window ကို
ဘယ်လို setting တွေ ပြောင်းပြောင်း  shutdown , Restart  လုပ်ပြီးပြန်ဖွင့်လိုက်ရင် မူလ သိမ်းဆည်းထားတဲ့
 အခြေအနေကပြန်ပြီးစတင်ပါတယ်။ ဒါကြောင့် virus တွေဝင်လာလည်း မူလအခြေအနေအတိုင်း ပြန်ပြောင်း
လဲလိုက်တဲ့အတွက် Virus တွေဟာ Hard disk ထဲကို ကူးစက်နိုင်ခြင်းမရှိပါဘူး။ တချို့အင်တာနက်ဆိုင်
ဟာ Antivirus ကိုမသုံးပဲ  Deep Freeze ကိုသာ  အသုံးပြုတဲ့အတွက် လာရောက်သုံးစွဲသူတွေရဲ့
Memory Stick အတွင်းကို အလွယ်တကူ Virus တွေ ကူးစက်နိုင်ပါတယ်။

          မိမိအိမ်မှာ Virus ရှိနေတဲ့ Memory stick ကို အသုံးပြုမိရင် ကွန်ပျူတာကို အလွယ်တကူ ကူးစက်
နိုင်ပါတယ်။ အင်တာနက် အသုံးပြုရင် Virus တွေဝင်ရောက်လာနိုင်ပါတယ်။ မိမိရဲ့ကွန်ပျူတာနဲ့ ပြင်ပ ပစ္စည်း
တမျိုးမျိုး တွဲဖက်အသုံးပြမိရင်လည်း Virus တွေကူးစက်နိုင်တယ်ဆိုတာသတိထားသင့်ပါတယ်။
ဒါကြောင့် External Device တွေ ဖြစ်တ့ USB Memory stick,USB Hard Disk တို့ကို သတိပြုကာ အသုံးပြုသင့်ပါတယ်ခင်မျာ။
ဖတ်သလောက်မှတ်သလောက်တင်ပေးလိုက်တာပါ။
Virus ရန်မှကင်းဝေးနိုင်ကြပါစေ။

မေမြို့သားလေး

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။