Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Sunday, 3 February 2013
ကျူးကျော်စစ်နှင့် ကလေးငယ်များ”
“ကျူးကျော်စစ်နှင့် ကလေးငယ်များ”
ပွင့်ဦးပွင့်စ ၊ လူ့ဘ၀ကို
စစ်ညမှောက်မိုက် ၊ လေးပြင်းရိုက်လျက်
သီးကင်းဖြိုက်ဖြိုက်ချွေခဲ့ပြီ။
ကျူးကျော်သူများ ၊ သေနတ်ဖျား၌
သွေးများလူးကာ ၊ စစ်သွေးဆာစဉ်
ပြစ်မြူစင်ကြယ် ၊ လူမမယ်တို့
လမ်းလယ်ပြေးလွှား ၊ ဆော့ကစားခိုက်
ဝါးပင်အနီး ၊ သူရဲစီးလျက်
ကျည်မီးဝင်းဝင်း ပွင့်သတည်း။
ညီငယ်လေးကို
ပိုက်ထွေးလက်ယှက် ၊ အတင်းဖက်၍
ကျည်ချက်မှာကွယ် ၊ အကိုငယ်လည်း
လမ်းလယ်၌ပင် ၊ သေပွဲဝင်၏။
ကျူးကျော်စစ်ကား
မျိုးသစ်မျိုးဆက် ၊ ညွှန့်မထွက်အောင်
ရက်ရက်စက်စက် ချေမှုန်း၏။
ကလေးသူငယ် ၊ လူမမယ်ဟု
လူ့နွယ်မျိုးဆက် ၊ သွေးစက်စက်ကား
ဖျက်တိုင်းမပြုန်း ၊ မှုန်းတိုင်းမကြွေ
တဝေေ၀နှင့်
တက်နေခြည်မှာ လန်းမည်တကား။   ။
တင်မိုး
ရှုဒေါင့်ဂျာနယ်
(၁၉-၅-၇၀)
ပန်းချီ maungmaungtinn
ပွင့်ဦးပွင့်စ ၊ လူ့ဘ၀ကို
စစ်ညမှောက်မိုက် ၊ လေးပြင်းရိုက်လျက်
သီးကင်းဖြိုက်ဖြိုက်ချွေခဲ့ပြီ။
ကျူးကျော်သူများ ၊ သေနတ်ဖျား၌
သွေးများလူးကာ ၊ စစ်သွေးဆာစဉ်
ပြစ်မြူစင်ကြယ် ၊ လူမမယ်တို့
လမ်းလယ်ပြေးလွှား ၊ ဆော့ကစားခိုက်
ဝါးပင်အနီး ၊ သူရဲစီးလျက်
ကျည်မီးဝင်းဝင်း ပွင့်သတည်း။
ညီငယ်လေးကို
ပိုက်ထွေးလက်ယှက် ၊ အတင်းဖက်၍
ကျည်ချက်မှာကွယ် ၊ အကိုငယ်လည်း
လမ်းလယ်၌ပင် ၊ သေပွဲဝင်၏။
ကျူးကျော်စစ်ကား
မျိုးသစ်မျိုးဆက် ၊ ညွှန့်မထွက်အောင်
ရက်ရက်စက်စက် ချေမှုန်း၏။
ကလေးသူငယ် ၊ လူမမယ်ဟု
လူ့နွယ်မျိုးဆက် ၊ သွေးစက်စက်ကား
ဖျက်တိုင်းမပြုန်း ၊ မှုန်းတိုင်းမကြွေ
တဝေေ၀နှင့်
တက်နေခြည်မှာ လန်းမည်တကား။ ။
တင်မိုး
ရှုဒေါင့်ဂျာနယ်
(၁၉-၅-၇၀)
ပန်းချီ 
maungmaungtinn
Monday, 28 January 2013
အမျိုးမဖျက်ပါနဲ့ မိန်းခလေး ....
(((((((((((((((((((မိန်းခလေး
အမျိုးမဖျက်ပါနဲ့
မင်းကိုယ်တိုင်အမျိုးဖျက်ပြီး   
မင်းမိဘအသိုင်းအ၀ိုင်းကို
လူပုံလယ်မှာမျက်နှာ
မဖော်ရဲအောင်
မလုပ်ပါနဲ့.....
မိန်းခလေး
အမျိုးမဖျက်ပါနဲ့
မင်းကိုယ်တိုင်အမျိုးဖျက်ပြီး
ခေါင်းမြှီးခြုံကုလားမ
ဘ၀နဲ့အကျည်းတန်စွာ
မင်းဘ၀ကို
မကုန်ဆုံးလိုက်ပါနဲ့....
မိန်းခလေး
အမျိုးမဖျက်ပါနဲ့
မင်းကိုယ်တိုင်အမျိုးဖျက်ပြီး
မင်းမိဘအသိုင်းအ၀ိုင်းနဲ့
မြန်မာ့လူမှုအသိုင်းအ၀ိုင်းရဲ့
ကြဉ်ဖယ်ထားမှုကို
မခံယူလိုက်ပါနဲ့....
မိန်းခလေး
အမျိုးမဖျက်ပါနဲ့
မင်းကိုယ်တိုင်အမျိုးဖျက်ပြီး
မျိုးဆက်သစ်မြန်မာလူငယ်တွေရဲ့
စက်ဆုပ်ရွံရှာမုန်းတီးတဲ့အကြည့်တွေကို
မခံယူလိုက်ပါနဲ့...)))))))))))))
မိန်းခလေး
အမျိုးမဖျက်ပါနဲ့
မင်းကိုယ်တိုင်အမျိုးဖျက်ပြီး
တစ်နေ့နေ့မှာရောက်ရှိလာမယ့်
မင်းရဲ့မျိုးဆက်သစ်တွေကို
မျိုးမစစ်တွေအဖြစ်
မခံယူမိပါစေနဲ့ .....)))))
M.N.M.C
မိန်းခလေး
အမျိုးမဖျက်ပါနဲ့
မင်းကိုယ်တိုင်အမျိုးဖျက်ပြီး 
မင်းမိဘအသိုင်းအ၀ိုင်းကို
လူပုံလယ်မှာမျက်နှာ
မဖော်ရဲအောင်
မလုပ်ပါနဲ့.....
Wednesday, 23 January 2013
မြန်မာလုံမငယ်အတွက် ကဗျာ.....
ဒီမယ် လုံမငယ် .....
မင်းနေတာ မြန်မာမှာ 
မင်းမွေးတာ မြန်မာမှာ 
မင်းစားတာ မြန်မာထမင်းပါ ။
မင်း အဖေ ဘာလဲ ။ မင်း အမေဘာလဲ ။
တခြားနိုင်ငံကို အားကျတယ် ။ 
ဓလေ့ကို ကိုးကွယ်တယ်ဆို မြန်မာမှာ မနေပါနဲ့ လား ။
အပေါ် အချွတ်ဝတ်တိုင်း အပျက်မ မဟုတ်ပေမဲ့ ။
မင်းတို့ လုပ်ရပ် အပျက်မထက် ဆိုးနေပါလား 
ရှေ့လေးကို ဖုံး ။ ခေါင်းလေး လုံယုံနဲ့ 
တော်တော် ဖုံးဖုံး ဖိဖိ ဖြစ်နေပြီလို့ 
မင်းထင်လေသလား ။
လုံမငယ် .....
ဟုတ်ပါတယ် ။ မင်း ခန္ဓာ မင်းပြနေတာပါ ။ 
မင်း အတွက် ရှက်စရာမဟုတ်ဘူး ။ 
ဒါပေမဲ့ မြင်တဲ့ သူ ။ မြန်မာ အမျိုးသားတိုင်း 
ရှက်တယ်ကွ ။
ကိုယ့်တန်ဖိုးကို ကိုယ်မသိမှတော့ ။မင်းဟာ ဘယ်တော့မှ 
တန်ဖိုး ကြီးတဲ့ အမျိုးသမီး ဖြစ်မလာနိုင်ဘူး ။
ဒါ့ကြောင့် တန်ဖိုး မရှိတဲ့ မိန်းမ င့ါတို့ လူမျိုး ဖြစ်လေပါလား ဆိုပြီး ။
ငါတို့ မြန်မာ အမျိုးသားတွေ ရှက်တယ် ။
ဒါမျိုး ၀တ်ချင် ။ ဒါမျိုး ပြချင် ။ ကျေးဇူးပြုပြီး မြန်မာမှာ မနေပါနဲ့လား  ။
တောင်းဆိုတာပါ ။ တို့ မြန်မာ မိန်းကလေးတွေ အားလုံး အရှက်ရစေတယ် ။
နောင်လာ နောက်သား ကလေးတွေလည်း လမ်းမှားစေတယ် ။
ဒီလို လုပ်ရပ်တွေကို လက်ခံနိုင်တဲ့ အသိုင်းအ၀ိုင်းကိုလည်း အံသြ မိပါတယ် ။
ဒါကိုပိတ်ပင်ရင် ခင်ဗျားတို့ နောက် ၁ ခါ မကြည့်ရမှာစိုးလေသလား ။
ခင်ဗျားတို့ သားသမီး ဆိုရင်ရော ခင်ဗျားတို့ လက်ခံပြီး ဒီအတိုင်း ကြည့်နေမှာလား ။
သားသမီးချင်း ကိုယ်ချင်းစားပြီး ကိုယ့်နိုင်ငံ ယဉ်ကျေးမူ့ ကိုထိန်းသိမ်းပေးပါ ။
လုံမငယ်များလည်း ရှက်တက်ပါစေ ။ 
ခိုးစား ၀ှက်စားမှ အရှက်ရတာမဟုတ်ဘူး ။
ရှိတာကို ထုတ်ကြွားရင်လည်း ငကြွား နာမည်ရပြီး အရှက်ကွဲတက်ပါတယ် 
လုံမငယ် ..... ။
အပျက်မ ဆိုတာ ခန္ဓာ ရောင်းစားမှ အပျက်မ မဟုတ်ဘူး ။ 
တိုင်းပြည်ဖျက်ရင်လည်း အပျက်မပဲ ။ 
ယဉ်ကျေးမူ့ ဖျက်လည်း အပျက်မပဲ ။
ကုန်ကုန်ပြောမယ် ။ 
ကိုယ့်တန်ဖိုးကို ဖျက်နေလည်း ....
ဒါဟာ အပျက်မပဲ ။
လုံမငယ် ..... ။
အမှန်တရားဆိုတာ နားခါးပါတယ် ။
ဆေးစွမ်းကောင်းဆိုတာ အမြဲ ခါးသက် ပါတယ် ။
မင်းတို့ ပျက်စီးနေသော အပျက်မသို့ ။
အမှန်တရား ဆေးခါး ၁ ခွက် .....
သားသမီးချင်း ကိုယ်ချင်းစာပြီး ၊ နှမကဲ့သို့ တန်ဖိုးထားလို့ ငါတိုက်လိုက်တယ် ..... ။
စေတနာ နားမလည်လို့ ငါ့ ကို အမုန်းပွါးပါ ။ 
ဒါပေမဲ့ ဒီဆေးခါးကိုတော့ ကုန်အောင်သောက်ပြီး ။ ကိုယ့်တန်ဖိုးကို ကိုယ်ပြန်မြှင့်နိုင်ပါစေ ..... ။
စစ်ကြီး
ဒီမယ် လုံမငယ် .....
မင်းနေတာ မြန်မာမှာ
မင်းမွေးတာ မြန်မာမှာ
မင်းစားတာ မြန်မာထမင်းပါ ။
မင်း အဖေ ဘာလဲ ။ မင်း အမေဘာလဲ ။
တခြားနိုင်ငံကို အားကျတယ် ။
ဓလေ့ကို ကိုးကွယ်တယ်ဆို မြန်မာမှာ မနေပါနဲ့ လား ။
Sunday, 13 January 2013
"မြန်မာဟာ"
 “မြန်မာဟာ”
ကမ္ဘာမှာအယဉ်ကျေးဆုံး
အစဉ်ရှေးထုံး
သီကုံးပန်းသွင်
နေ့ တိုင်းဆင်မြန်း
အံ့မခန်းအတိ
ဆံရစ်ဝိုင်းနဲ့ပါးကွက်ကြား
ခေတ်သမိုင်းရဲ့နောက်မှာထားခဲ့
ဒါပေမယ့်လည်း
မြန်မာဟာ မြန်မာပါပဲ ။
မြန်မာပါ....လို့
ကမ္ဘာကိုကြေညာနေစရာမလို
ချိတ်ထမီနဲ့အပျိုမလေး
ရိုးရာပန်းချီကို
အသံမဲ့ရေးပေးတယ် ။
မြန်မာသီချင်းဆို
ဂါဝန်တိုတိုဝတ်
မက်ဒေါနားရဲ့ခေတ်သစ်ဗျူဟာ
ဘယ်ဘူတာကိုဆိုက်နေပြီလဲ
“ခေတ်ဟာ
စီးဆင်းနေသတဲ့”လား
သရုပ်ပျက်တချို့ရဲ့စကား
ကျုပ်ရှက်မိခဲ့တအား ။
(မက်ဒေါနားပေါက်စ
မြန်မာဗိုလ်မလေးတို့ရေ)
“ခြေသလုံးသားဟာ
အလှတစ်ပါးတဲ့”
ခုများတော့လေ
ခြေသလုံးမက
တစစနဲ့.......
သြော်.........တစစနဲ့။
မောင်လှမျိုး (ချင်းချောင်းခြံ)
ပန်းချီ sanhlaing
“မြန်မာဟာ”
ကမ္ဘာမှာအယဉ်ကျေးဆုံး
အစဉ်ရှေးထုံး
သီကုံးပန်းသွင်
နေ့ တိုင်းဆင်မြန်း
Friday, 4 January 2013
မြန်မာတွေသေကုန်ပြီ
ကိုသွန်းနေစိုးရေးတဲ့ကဗျာလေးပါ။ ကျွန်တော့်စိတ်ထဲ ခံစားရတာနဲ့ ထပ်တူညီနေလို့အရမ်းနှစ်သက်ရပါတယ်။ တကယ်တော့ အခုဖြစ်နေတဲ့ K.I.A နဲ့အစိုးရ စစ်တပ်တို့ ဖြစ်ပွားတဲ့ ပြည်တွင်းစစ်မှာ တစ်ဖက်နဲ့ တစ်ဖက်မှားတယ်လို့ အပြန်အလှန် ပြောနေကြတာတွေကို ကျွန်တော် သိနေကြားနေရပါတယ်။ တကယ်တမ်းကြည့်မိတော့ ဘယ်သူမှားတယ်မှန်တယ်ဆိုတာထက်
ပြည်တွင်းစစ်ကြောင့်အရင်ဆုံးထိခိုက်ရတာ နှစ်ဘက်စစ်သားတွေပါ။ နှစ်ဘက်သော အထက်လူကြီးတွေရဲ့ အာဏာရလိုမှုမှာမြေစာပင်ဖြစ်နေရတဲ့ စစ်သားတွေရဲ့ ဘ၀ ကျွန်တော် အရမ်းနားလည်ခံစားမိပါတယ်။
 ကြေလဲကြေကွဲပြီး ကိုယ်ချင်းစာစိတ်နဲ့ သနားမိပါတယ်။ နောက်ပြီး ထပ်ခံစားရတာက အဲ့ဒီဒေသတွေက
ပြည်သူလူထုပါ။ သူတို့ဖာသာအေးအေးဆေးဆေး နေထိုင်နေတာကို အခုလိုပြည်တွင်းစစ်ဆိုတာကြီးကြောင့်
အိပ်ကောင်းခြင်းမအိပ်ရစားကောင်းခြင်းမစားရနဲ့ ကိုယ့်အရပ်ဒေသမှာတောင် မနေရဲတော့လို့ တိမ်းရှောင်
နေရတဲ့ဘ၀ကိုရောက်နေကြရပါပြီ။ ဒါကို အဓိကလူကြီးတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဦးစီးချုပ်ကြီးနဲ့ K.I.A က ခေါင်းဆောင်ကြီးများ သတိမူမိကြရဲ့လားဗျာ။ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့
မကောင်းတဲ့စိတ်ကြီးကို အတတ်နိုင်ဆုံးလျှော့ချပြီး သာမန်ပြည်သူပြည်သားတွေနဲ့ စစ်သည်တော်များ ဘက်ကို အတတ်နိုင်ဆုံးငဲ့တဲ့ ဆုံးဖြတ်ချက်တွေ အမြန်ဆုံး ချမှတ်နိုင်ပြီး အခုပြည်တွင်းစစ်ကြီးကို အမြန်ဆုံး
အဆုံးသတ်နိုင်စေဖို့ ကျွန်တော်ဆုတောင်းရင်း ကိုသွန်းနေစိုးရဲ့ကဗျာလေးကို မျှဝေပေးလိုက်ပါတယ်။
ခံစားဖတ်ရှုကြပါနော်။
မေမြို့သားလေး
Thursday, 27 December 2012
မြန်မာမလေးများသိနိုင်ကြပါစေ.....
ချစ်သောညီမလေးသိပါစေ...........
လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်
စည်းတော့  မကျော်စေနဲ့ ပေါ့ .............
ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ်
မရိုင်းစေနဲ့ ပေါ့ ............
ပိုင်ဆိုင်ထားတဲ့  အလှ 
လူတကာ မြင်အောင်ပြချင်နေရင်တော့ 
မိန်းကလေးတွေရဲ့ တန်ဖိုး
ဘယ်သူတွေကို လက်ညိုးထိုးပြရမလဲ ...
ခုခေတ်ကြီးမှာပေါ့ ကွယ်.............
သနပ်ခါးကို ဘယ်ညာလိမ်း
ထမိန်ကို ထိုင်မသိမ်း ၀တ်စရာမလိုဘူး
မိန်းကလေးတွေရဲ့ အလှ
ပေါ်အောင်ပြမှ...........
ဒီနေ့ ခေတ်မှာ အဆင်ပြေမယ်ထင်တဲ့ စိတ်
လွှင့်ပစ်နိုင်ပါစေ.....
စကပ်တို ပေါင်ခွဲ
ယဉ်ကျေးမှု့တွေ ရှောင်လွှဲလို့ 
ဒီမိုကရေစီ စကားလုံးနဲ့  အပြိုင်
မိန်းမတို့  သိက္ခာတွေ မယိုင်ပါစေနဲ့ ကွယ်..............
စောင့်ထိန်းရမဲ့  သိက္ခာ..
လိုက်နာရမဲ့ ကျင့်ဝတ်
ကိုယ်တွေ လက်ထဲမှာ အဆင်သင့်မဖြစ်ခဲ့ ရင်
သားကောင်းမိခင်စကားလုံး အဆင်ပြေပြေ သုံးနိုင်မထင်ဘူး............
တွေ့ မြင်တုန်းခဏ
ဟာ ဟင် ဆိုတဲ့  အာမေဍိတ်သံ ကြားမှာ 
ဂုဏ်ယူချင်တဲ့  စိတ်.......
တိတ်တဆိတ် ပယ်ဖျောက်နိုင်ပါစေ...........
ကျားတို့  သဘာဝ
တပ်မက်စိတ်ကလွဲရင်
တန်ဖိုးထားတဲ့  စိတ်ထား.........
တပြားသားမှ မရတဲ့  အလှ
ဘာလို့ များ ရချင်နေတာပါလိမ့် ...........
ယောက်ျားလေး တစ်ယောက် 
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်နေသေးရင်
အိမ်ပြေးစကားလုံးထက် ပိုမရဘူး.........
မိန်းကလေး တစ်ယောက် 
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်ရင်
ညကြေးတွေ ခွဲ
မကောင်းတဲ့  မိန်းမပဲလို့  တမ်း စွပ်စွဲကျဖို့  များတယ်............
ယောက်ျားလေး တစ်ယောက် 
ပေါ်အောင်ပြတဲ့  အလှ
ဝိတ်မ တဲ့ ကာလ 
ပင်ပင်ပန်းပန်းလုပ်ရတဲ့  တဒင်္ဂပဲရှိတယ်...............
မိန်းကလေးတစ်ယောက် 
ပေါ်အောင်ပြတဲ့  အလှ
SEXY ကျတယ်ဆိုတဲ့  စကားလုံး ထက်ပိုမရဘူး.......
ဒီတော့ ညီမလေးရယ်....
ဘယ်နေရာ ဘယ်ဒေသကို သွားသွား
ညီအကို မောင်နှမ မျက်နှာလေးတွေ တော့  ပတ်ဝန်းကျင်မှာထားခွင့် ပြုနိုင်ပါစေ..........
ပြောင်းလဲလာတဲ့  ခေတ်ယဉ်ကျေးမှု့အရ
ပေါ်အောင်ပြရမှ ကျေနပ်နိုင်မယ်ဆိုရင်လည်း
သေချာတာ တခု သတိပြုနိုင်ပါစေကွယ်..............
ပေါပေါ လောလော ရတဲ့  အလှ
ဘယ်သူမှ ထာဝရ တန်ဖိုးမထားဘူးဆိုတာကိုပေါ့ ..............
(ပုံရိပ်စစ်)
ချစ်သောညီမလေးသိပါစေ...........
လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်
စည်းတော့  မကျော်စေနဲ့ ပေါ့ .............
ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ်
မရိုင်းစေနဲ့ ပေါ့ ............
Saturday, 24 November 2012
ကိုယ့်တောမှာပဲကိုယ်ပျော်တယ်”
“ကိုယ့်တောမှာပဲကိုယ်ပျော်တယ်”
ရေးသူ - မောင်လင်းကြည်)
ဘယ်နေရာ ဘာပေါတယ်ပြောပြော
 အမေတော့ ကိုယ့်တောမှာပဲ ကိုယ်ပျော်တယ်။
မနက်လင်း
 ယာခင်းထွက်မလား...။
ကန်သင်းထက်
 ဟင်းရွက်ခူးမလား...။
ကန်သင်းကွေ့
 ထင်းတစ်ပွေ့ကောက်မလား...။
ထနောင်းရိပ်
 ချောင်းထိပ်က စေတီကိုဖူးမလား ...။
မဂျီး (မန်ကျည်း) ရိပ်
 ပုတီးစိပ်မလား ...။
တစ်အိမ်ဝင်တစ်အိမ်ထွက်
 လက်ဖက်ဝါးမလား...
 ထညက် (ထန်းလျက်) စားမလား...။
ကွမ်းတစ်ယာနဲ့
 လွမ်းစရာကိုပဲ ပြောမလား...။
တေးတစ်လိပ်နဲ့
 ရှေးအတိတ်ကိုပဲ ပြောမလား...။
ကိုယ့်တော ကိုယ့်ရွာ
 ဒီအရသာ ဘယ်မှာ ရှာလို့ ရပါ့မလဲ...။
ဒါကြောင့်မို့
 ဘယ်နေရာ
 ဘာပေါတယ်ပြောပြော
 အမေတော့.. ကိုယ့်တောမှာပဲ. ကိုယ်ပျော်တယ်..။
မောင်လင်းကြည်
photo kyaw kyaw win
ဘယ်နေရာ ဘာပေါတယ်ပြောပြော
အမေတော့ ကိုယ့်တောမှာပဲ ကိုယ်ပျော်တယ်။
မနက်လင်း
ယာခင်းထွက်မလား...။
ကန်သင်းထက်
ဟင်းရွက်ခူးမလား...။
ကန်သင်းကွေ့
ထင်းတစ်ပွေ့ကောက်မလား...။
ထနောင်းရိပ်
ချောင်းထိပ်က စေတီကိုဖူးမလား ...။
မဂျီး (မန်ကျည်း) ရိပ်
ပုတီးစိပ်မလား ...။
တစ်အိမ်ဝင်တစ်အိမ်ထွက်
လက်ဖက်ဝါးမလား...
ထညက် (ထန်းလျက်) စားမလား...။
ကွမ်းတစ်ယာနဲ့
လွမ်းစရာကိုပဲ ပြောမလား...။
တေးတစ်လိပ်နဲ့
ရှေးအတိတ်ကိုပဲ ပြောမလား...။
ကိုယ့်တော ကိုယ့်ရွာ
ဒီအရသာ ဘယ်မှာ ရှာလို့ ရပါ့မလဲ...။
ဒါကြောင့်မို့
ဘယ်နေရာ
ဘာပေါတယ်ပြောပြော
အမေတော့.. ကိုယ့်တောမှာပဲ. ကိုယ်ပျော်တယ်..။
မောင်လင်းကြည်
Credited to Myanmar Arts and Crafts
Wednesday, 21 November 2012
ညီမလေးဈေးကောင်းရပါစေ........
Sorry ပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။
မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ ဈေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။
Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။
Saturday, 17 November 2012
ကြက်ဆူ တွေမင်းမူတဲ့ နိုင်ငံ
အရာအားလုံးဟာ
စီစဉ်ပြီးသားလို့ ပြောကြတယ်
ဘယ် တော မှာမှ
ကြက်ဆူပင်တွေ မင်းမူတာမတွေ့ခဲ့ဖူးဘူး . . .
မျှော်လင့်ချက်တွေ ပိလွန်းလို့လဲ
လျှာထွက်နေပါပြီ
အခုတော့ လည်း
လက်တကမ်းအကွာကိုပဲ ကြည့်ကြည့် မိ . . .
ကိုယ့်ဘက်သူ့ဘက်မျှကြည့်ရင်တောင်
လွန်နေတာသိသာနေပါပြီ
အားမတန်လို့ မာန်လျှော့နေရင်း
မာန်တောင်ရှိသေးရဲ့လား မသေချာတော့ . . .
ပြောခဲ့ပြီးပါပြီ
ဘယ်တောမှာမှ ကြက်ဆူပင်တွေမင်းမူတာ
မတွေ့ခဲ့ဖူးဘူး
ကျနော်တို့ နေတဲ့ မြို့ကြီးပြကြီးမှာတော့
ကြက်ဆူပင်တွေမင်းမူရုံတင်မက
အပြိုင်းအရိုင်း နဲ့ တောထ . . .
တကိုယ်လုံးကို အနှစ်ရှိမရှိ
ဘယ်လို ခွဲခြမ်းရမလဲ
တပြည်လုံးကို အနှစ်ရှိမရှိ
ဘယ်လို ခွဲခြမ်းမလဲ
အခုတော့
တကိုယ်လုံးသာမက
တပြည်လုံး မှာပါ
နုနာဝဲစွဲ . . .
မာဃလုလင်
Thursday, 15 November 2012
အားနာမိပါတယ် အဖေ
အားနာလိုက်တာ အဖေ
တေးသီချင်းတွေ အများစုကလည်း
အမေ့ မေတ္တာဘွဲ့ တေးတွေ
ကဗျာဆရာ အများစုကလည်း
အမေ့ မေတ္တာဘွဲ့ တွေရေးလို့
online ပေါ်က ပုံအများကလည်း
အမေ့ မေတ္တာကို တင်စားကြတယ်
အားနာလိုက်တာ အဖေရယ်...............။
သုည
လောကဓံက ငါ့ဘ၀ကို အကြိမ်ကြိမ် ခုတ်ပိုင်းလဲ
ကြယ်ငါးတွေရဲ့လက်တံလို
ဘ၀အသစ်ကို အဖန်ဖန် ပြန်မွေးဖွား
အားလုံးနဲ့တသားတည်း ရှိနေမယ်...
သူများတန်ဖိုးတက်ဖို့
နောက်နားက အဖြည့်ခံ
ပေးဆပ်တဲ့ သုညအတွက်
နောက်ကောက်ကျစရာလဲမရှိ
ဖြစ်တည်မှု တန်ဖိုးသက်သက်နဲ့
သုညကို အပိုင်းပိုင်းခွဲလဲ
သုညဟာ သုညပဲမို့လေ...
လင်းသော်
ကျောတခင်းစာ
ကျောတခင်းစာလေးပါ
ကျောတခင်းစာလေး အနားရဖို့
ကျောတခင်းစာလေး လုံခြုံဖို့
ကျောတခင်းစာလေး ငြိမ်းချမ်းဖို့
ကျောတခင်းစာလေး ဂုဏ်ရှိဖို့
ကျောတခင်းစာလေး ဇိမ်ရှိဖို့
ကျောတခင်းစာလေး…
ကျောတခင်းစာလေး……
တချို့က ရွာမှာ
တချို့က မြို့မှာ
တချို့က နိုင်ငံခြားမှာ
တချို့က ကမ္ဘာပတ်ရင်း
တချို့က တဏှာဖက်ရင်း
တချို့က မိစုံဘစုံ
ဆွေရိပ် မျိုးရိပ် ချစ်သူ့ရိပ်မှာ...
တချို့က မိဝေး ဖဝေး
ဆွေဝေး မျိုးဝေး
မိတ်ဆွေဝေး ချစ်သူဝေး
ကိုယ့်အရိပ်နဲ့ ကိုယ်တောင် ပြန်ဝေး...
တချို့က မြနန်းစံ
တချို့က အထီးကျန်
အနာဂတ် ကျောတခင်းစာအတွက်
ပစ္စုပ္ပန် ကျောတခင်းစာကို ရင်းပြီး
သံသရာခရီးသည် ကိုယ်တို့
ဘ၀ခရီးကို လျှောက်လှမ်း
မရဏခရီးကို စံမြန်းတဲ့ အခါ
အားလုံးရတဲ့ ကျောတခင်းစာ
ဒါထက်လဲ မပိုတော့… 
Credited to ခွန်မြလှိုင်
သုံးကျောင်းပြောင်းတဲ့ ရှင်တို့ခေတ်
ဦးလေး အဒေါ် အကို အမတို့
ဂုဏ်ယူ ပျော်ရွှင် တက်ခဲ့ဖူးတဲ့ ကျောင်း
နှစ်လွှာပေါင်းတရွက် တင်စားချက်ရဲရင့်
သမိုင်းတင့်ခဲ့တဲ့ စွယ်တော်ရိပ်ညို
ခေတ်ပြောင်းခဲ့တဲ့ အမိတက္ကသိုလ်
ကံကြမ္မာ အလှည့်အပြောင်းက
ရိုင်းအောင်ဖန်ပြန်တော့
စွယ်တော်ရိပ်က မြစိမ်းရောင်စို
ပြည်ထောင်စုကျောင်းတော်ဘ၀က
ရန်ကုန်သားချင်းတောင် ၂ခြမ်းခွဲ
သန်လျင် မှော်ဘီ ကွဲခဲ့တယ်
Sunday, 4 November 2012
တောသားအတွေးနဲ့ ငြိမ်းချမ်းရေး
တောသားဘဝနဲ့
တောက အလှတွေက
ရင်ထဲကို အေးမြစေပါတယ် အမေ.........။
နေညိုချိန် ညနေစောင်းက
မြူခိုးတွေ ရစ်ဝိုင်းနေတဲ့ တောင်တန်းတွေရဲ့ကြား
ငုပ်လျှိုး ကွယ်ပျောက်တော့မယ့် နေလုံးနီနီ
မျက်လွှာလေးချ အိပ်စပြုနေတဲ့ သစ်ပင်လေးတွေ
ဆည်းဆာအလှတွေကြား လေညှင်းလေးတွေနဲ့
စပါးပင်လေးတွေကလည်း ယိမ်းကနေကြတယ်
မြင်မြင်သမျှ အေးမြတယ်အမေ....
ကျွန်တော်တို့လည်း ဘာမှမသိဘူး....
 လောဘဆိုတာလည်း မကြီးခဲ့ဘူး......။
မြို့ကြီးဆီိကိုရောက်
ကျွန်တော် အွန်လိုင်းပေါ် မျက်စိမှောက်ခဲ့ရပြီ............။
နေ့စဉ်တိုင်း တွေ့နေရတာက
ကမ္ဘာ့နိုင်ငံ အသီးသီးက နည်းအမျိုးမျိုးနဲ့ သိမ်းပိုက်ချင်နေကြတဲ့
ကျွန်တော်တို့ မြန်မာပြည်.......
လူမျိုးရေး သဘောတရားနဲ့
 သွေးထိုးစကားတွေကိုလည်း တွေ့ရတယ်
ခေတ်မှီတဲ့ နိုင်ငံကြီးတွေက တင်ဆက်တဲ့ ခေတ်မှီတဲ့
လူသတ်လက်နက်တွေ...............
ကျွန်တော် ရင်တွေ ပူနေတယ် အမေ............။
မာကျူရီ အလင်းမရလဲ
လမင်းကိုကြည့်တာ အေးမြပါတယ်
လေယာဉ်ပျံ မစီးရလည်း
လှည်းယာဉ်လေးစီးတာ အေးမြပါတယ်
မွေ့ယာပေါ် မအိပ်ရလည်း
 မြက်ဖျာပေါ် အိပ်ရတာ အေးမြပါတယ်
ညံ့ဖျင်းတဲ့ စိတ်ဓါတ်လို့ ထင်မလား
လူသားတွေ ငြိမ်းချမ်းဖို့ကို လိုလားတယ်အမေ.............။
Sunday, 28 October 2012
ဥအပေါ်သစ္စာရှိသလို သူ့ အပေါ်လည်း သစ္စာရှိနေမှာ( မလေးရှား ဖြစ်ရပ်မှန် )
ရွှေတစ်ယောက်..
မလေးရောက်စ..
စကားက..မပေါက်
မတောက်တခေါက်နဲ့.......
Ini (အိနိ..ထိုနည်းလည်းကောင်း)
မကြာမကြာသုံးပြီး
အလုပ်တွေကြိုးစား............။
အပေါင်းအသင်းလည်းမများ.....
ဘယ်ကိုမှလည်းမသွား...
ခေါက်ဆွဲနဲ့ ကြက်ဥတွင်တွင်စားရင်း        
ပြောင်းပြန်သွားကားလမ်းတွေကို..
မရဲတရဲ..ကူးနေရတယ်........၊၊
ဘုရားတရား..ပွားများ..
အိမ်အကြောင်း..စဉ်းစား...
စီးပွားရေးအကြောင်း..စဉ်းစား...
အလုပ်တွေအရမ်းလုပ်....
ငွေထုတ်တာနဲ့ အမြန်ပို့................။
အဖေ..အမေဘို့..သားမယားဘို့.....
ကိုယ့်ဘို့တော့နည်းနည်းချန်...
ရှိတာလေးနဲ့ ကြံဖန်စား...
ခေါက်ဆွဲ တစ်လှည့်..ကြက်ဥတစ်လှည့်နဲ့..
မိသားစုတွေ..အပေါ်မှာငဲ့...
အော်.....တော်ရှာပါရဲ့............၊၊
ဒီလိုနဲ့....
ကျင်လည်တာ..ကြာခဲ့ပေါ့...
တစ်နှစ်တာ.........................။
ခုတော့....
စကားလည်း..အတော်ပေါက်..
မာကန်းလားမီနွန်းလားနဲ့ 
အပြင်ဆိုင်တွေရောက်
ရသမျှပိုက်ဆံအိပ်ထဲထည့်
အပေါင်းအသင်းတွေနဲ့တည့်
မြန်မာဆိုင်တွေ..ရောက်....
အရက်..ဘီယာ ကြုံသလိုသောက်...
တစ်ခါတစ်ခါ..ဟိုအတန်းရောက်..........
အလုပ်ရှင်ကိုလည်းမကြောက်....
ရဲ..ဆိုတာလည်းမကြောက်....
မိသားစုကိုခေါက်
ကြက်ဥနဲ့..ခေါက်ဆွဲပေါ်မှာ...
သစ္စာဖောက်...............................၊၊
ဒီလိုနဲ့..ရွှေတစ်ယောက်...
အိမ်ကိုလည်း..ငွေမရောက်တော့ပေ...........၊၊
                                                          မောင်နဲ့ ညီညီ(ခေတ္တလူ့ ပြည်)
Credited to မောင် (စွယ်စုံကျမ်း)
နှစ်သက်မိပါသဖြင့် ပြန်လည်ကူးယူဖေါ်ပြပါသည်။
မေမြို့သားလေး
Tuesday, 23 October 2012
ဘာမှမရေးထားဘူး .......
ဒီစာမျက်နှာမှာဘာမှရေးမထားပါ
                   အလွမ်းတွေအက္ခရာစဉ်မထားသလို
အချစ်တွေလဲဖျက်ကာပြင်မထားဘူး
                   အမုန်းတွေတွက်ကာပြင်မထားသလို
အနမ်းတွေခက်တာတင်မထားဘူးးး
                            ဒီစာမျက်နှာမှာဘာမှရေးမထားဘူး
ဒီစာမျက်နှာမှာအချစ်တွေမရှိဘူး
    အမုန်းတွေမရှိဘူး
        မာနတရားမရှိဘူး
           လောဘ ဒေါသမရှိဘူး
                ကျော်ကြားမူတွေမရှိဘူး
                        ဂုဏ်ပကာသနမရှိဘူး
                              ယုံကြည်မူတွေမရှိဘူး
                                   ခင်မင်မူတွေမရှိဘူး
                                                   သူငယ်ချင်းတွေမရှိဘူး
                                                        ဒီစာမျက်နှာမှာ ဒီလူဘာမှရေးမထားဘူးးးးးးးးးးးးးးးးး။ ။
မေမြို့သားလေး
*#* 1500 Error*#*
  •  ခေါင်းစားတယ်...
  • ပတ်သက်ဖူးသမျှ၁၅၀၀တွေလဲ
  • error တွေပဲပြပြနေတယ်
  • ၅၂၈ ကလည်းအနားမှာမရှိဘူး၊
  • ကိုယ်စောင့်နတ်ကလည်းအိပ်ယာမထသေးဘူး
  • နှလုံးသား folder လည်း virus ကိုက်သွားပြီ
  • သက်ပျင်းတွေပဲချချနေရတယ်...
  • ကဗျာကောင်းကောင်းတစ်ပုဒ်ရေးဖို့
  • ဦးနှောက်နဲ့ရင်ဘတ်ကို
  • Network မချိတ်ရသေးဘူး
  • ဒိတ်အောက်နေတဲ့ငါ့ရင်ဘတ်ကြီးကိုလည်း
  • update ပြန်လုပ်ရအုန်းမယ်...
  • သိုးရေခြုံတဲ့ဝံပုလွေတွေငါ့နားမလာနဲ့
  • အနာဂတ်ကိုကြည့်ဖို့
  • ပစ္စုပန်ကိုမျက်မှန်တတ်ပေးလိုက်ပြီ
  • ဒီကဗျာ ဒီမှာပဲ ပုဒ်မချလိုက်ပြီ ။ ။
  • ကြိုက်လို့ ကူးထားတာပါ....
    Monday, 15 October 2012
    ** ငါယုံတတ်တယ် ငါ့ကိုလိမ်ပါ **
    စေတနာဆိုတာရောင်ပြန်ဟပ်တယ်ဆိုတဲ့
    လှောင်ပြုံးတစ်ခုကြောင့်ငါမီးလောင်သွားတယ်
    ဒါဟာလဲမရှိမဲ့ရှိမဲ့မာယာတွေနဲ့သူဇတ်သူရေးနေတာ
    ထားခဲ့ဘူးတဲ့သံယောဇဉ်တွေလဲတစ်နပ်ပြီးတစ်နပ်
    ငါပိုင်တာတွေသူတို့အကုန်ယူသွားတယ်
    ခင်ဗျာလဲတစ်နေ့တော့သိမှာပါ
    .........စသည်ဖြင့်တွေကိုရောပေါ့
    ကြွပ်ကြွှပ်အိပ်တွေနဲ့အတူငါလဲဆွေးမြေ့ဖို့ခဲယဉ်းတယ်
    ဒီကိစ္စတွေက ကိုယ့်ကိုကိုယ်ပြန်ညစ်ညမ်းဖို့အတွက်
    ဖြစ်လာတာလားဆိုပြီးနှဖူးပေါ်ပဲလက်တင်မိတယ်
    ဘာမှတော့မဟုတ်လောက်ပါဘူး
    " ဘ၀ " ထဲကမသင်ရသေးတဲ့
    သင်ခန်းစာအသစ်တစ်ပုဒ်လောက်ပဲဖြစ်မှာပါ...
    နောက်ကျောကိုထိုးတဲ့ဓားဒဏ်ရာလောက်နဲ့တော့
    သေဆုံးလို့ဘယ်ဖြစ်အုန်းမလဲ
    ပြောသွားတာကတော့ ပြေးသွားသလိုပဲ ဖြောင့်လို့
    သူလိုငါလိုလူတွေကြား
    ဘာကောင်တွေထပ်ပေါ်လာအုန်းမလဲစောင့်နေသေးတယ်
    အေးဆေးပါ ငါလဲရင့်ကျက်သင့်သလောက်ရင့်ကျက်နေပြီပဲ
    မယုံရဘူးဆိုတဲ့စကားကငါကိုမျက်စိတစ်ဖက်မှိတ်ပြတယ်
    တစ်ခုတော့ပြောခဲ့မယ်
    **  ငါယုံတတ်တယ် ငါ့ကိုလိမ်ပါ  ** ။    ။
    ငါ့ တိုင်းပြည်လေးမှာ.....
    ငါ့ တိုင်းပြည်လေးမှာ
     ပြန်လာခဲ့ပါ အချစ်ရယ်
    ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်
    ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတတ်ပါတယ်
    ပြန်လာခဲ့ပါ အချစ်ရယ်
    ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်
    လမ်းဘေးက ရေအိုးစင်တွေမှာ
    ရေအပြည့်ရှိနေတတ်ပါတယ် ။
    ပြန်လာခဲ့ပါ အချစ်ရယ်
    ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်
    ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတတ်ကြပါတယ်