Monday 31 December 2012

ကျန်းမာရေးအတွက် ဂရုစိုက်သင့်သည့် အချိန်နာရီများ



သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်ရောဂါများပိုမိုဖြစ်တတ်သည်။ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာအားကိုးရသည်။ကိုယ်တွင်းအရည်လေင် ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်


ကျန်းမာရေး ပိုကောင်းအောင် အသက်ရှုနည်း....

 
အသက်ရှူတဲ့ အခါမှာ အခြေခံကျတဲ့ နည်းလမ်းကတော့ အသက်ရှူသွင်းတာနဲ့ အသက်ရှူထုတ်တာကို ထပ်တလဲလဲ လုပ်ဆောင်တာ ဆိုပေမယ့် အသက်ဝဝ ရှူသွင်း၊ ရှူထုတ်တာက စိတ်နဲ့ ခန္ဓာကိုယ်ကို အားအင်တွေ ရရှိစေပါတယ်။ အသက်ရှူတဲ့ အပေါ်မှာ စိတ်ကို စူးစိုက်ထားရှိတာဟာ အာရုံ စူးစိုက်အား ကောင်းတာ၊ အကောင်းမြင်စိတ်ရှိတာ၊ ခန္ဓာကိုယ်နဲ့ စိတ်စွမ်းအင် တိုးတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။ အဲဒီလို စိတ်ရော ကိုယ်ပါ ကျန်းမာရေး ကောင်းနေအောင် ဘယ်လို အသက်ရှူရမလဲဆိုတာ အကြံပြုပါရစေ။


(၁) သက်သောင့်သက်သာ ရှိပါစေ


အသက်ရှူဖို့ရာအတွက် ထိုင်မယ် ဒါမှမဟုတ် မတ်တတ်ရပ်မယ်ဆိုရင် ကျောကို မတ်မတ်ထားပြီး လည်ပင်းကို ဆန့်ထားကာ ဦးခေါင်းကို ကောင်းကင်ဆီ ဦးတည်ထားရှိပါ။ လိုအပ်ရင် ကြွက်သားတွေကို ပျော့ပျောင်းနေအောင် ထားပြီး ကြွက်သားအုပ်စုတွေကို တင်းအား လျှော့ပေးပါ။

လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်သော နည်း(၉)နည်း


၁) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်စားပါ

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဒါမှမဟုတ် ကောက်နှံ တစ်ခုလုံး၊ ဖရုံစေ့၊ ကော်ဖီနဲ့ အစေ့ အဆန်တွေမှာ မဂ္ဂနီဆီယမ်တွေ များစွာ ပါဝင်ပါတယ်။
မဂ္ဂနီဆီယမ်က သွေးပေါင်ကို ကျဆင်းစေပြီး
 လေဖြတ်နိုင်ခြေကို လျှော့ချ ပေးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒါ့အပြင် ထပ်ဆောင်း အာနိသင် အနေနဲ့ မဂ္ဂနီဆီယမ်ကို လုံလောက်စွာ စားသုံးပါက ခေါင်းတစ်ခြမ်းကိုက်တာကိုပါ ကာကွယ်နိုင်ပါတယ်။


၂) အိပ်ရေးဝဝ အိပ်စက်ပါ

မအိပ်ခင်မှာ နွားနို့ပူပူ တစ်ခွက်သောက်တာ၊ အခန်းတွင်းမှာ စံပယ်ရနံ့သင်းတဲ့ ဖယောင်းတိုင် ထွန်းညှိ ထားတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် စေပါတယ်။ အိပ်နေပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာက လေဖြတ်နိုင်ခြေ များစေပါတယ်။ အမျိုးသားတွေ အနေနဲ့ မအိပ်ခင်မှာ စံပယ်ပန်းရနံ့ကို ရှူရှိုက်ရတာက မြန်မြန် အိပ်ပျော်စေပါတယ်။

၃) သွားတိုက်တံကို ပိုးသန့်စင်ပါ

သွားတိုက်တံ ကြားထဲမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယားတွေက နှလုံးသွေးကြောကို ထူစေပါတယ်။ ဒါဟာ လေဖြတ်တာကို ဖြစ်စေနိုင်တယ်လို့ ကိုလံဘီယာ တက္ကသိုလ်မှ ပညာရှင်တွေက ဆိုပါတယ်။ သွားတိုက်ပြီးတဲ့အခါ သွားတိုက်တံကို ဆေးကြောပြီးနောက် ပိုးသတ်အာနိသင်ရှိတဲ့ ခံတွင်း သန့်စင်ဆေးရည် ထဲကို နှစ်ထားပေးပါ။

၎) နားကြပ်ဖြင့် ဖုန်းပြောပါ

သင်ဖုန်းပြောဖို့ လက်မအားတာကြောင့် ပခုံးနဲ့ညှပ်ပြီး ဖုန်းပြောတာက ကျောရိုးအာရုံကြောမကြီးကို ဖိအား သက်ရောက် စေတာကြောင့် လေဖြတ်နိုင်ခြေ ဖြစ်စေတယ်လို့ ဦးနှောက်နဲ့ အာရုံကြော ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

အိမ်ထောင်ရှင်မ ဖြစ်တော့မည့် ၀ိသာခါကို သူ့မိဘများ မှာကြားလိုက်သော စကား(၁၀)ခွန်း





၁) အိမ်တွင်းမီး အပြင်မထုတ်ရ

၂) အိမ်ပြင်မီး အတွင်းမသွင်းရ

၃) ပြန်ပေးမည့်သူကိုသာပေး။

၎) ပြန် မပေးမဲ့သူကို မပေးနဲ့။

၅) ပေးသင့်သူကိုလည်း ပေး။

Thursday 27 December 2012

Naphtalene ဓာတ်ပါသည့် ပရုတ်လုံး ...

Photo: Naphtalene ဓာတ်ပါသည့် ပရုတ်လုံး ...

အိမ်တိုင်းလိုလို ပရုတ်လုံး ကို သုံးဖူးကြမှာပါ ။ ပရုတ်လုံးသည် အခဲအဖြစ်မှ ငွေ့ အဖြစ်သို့ ပြောင်းကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားပါတယ် ။ ပရုတ်လုံးမှ ထွက်သော အနံ့ သည် ပိုးဟပ်နှင့် တခြား အဝတ်ထည် များကို ကိုက်တက်သော ပိုးကောင် များကို မောင်ထုတ်နိုင် စွမ်း ရှိပါတယ် ။

အိမ်များတွင် အဝတ်ဘီဒို ၊  သေတ္တာများနှင့် ဟိုချောင် သည်ချောင် များတွင် ပရုတ်လုံး ကို သုံးစွဲလေ့ရှိပါတယ် ။

ကိုယ်တိုင် လုံးပါးပါး၍ ပျောက်ကွယ်သွားတက်သော ပရုတ်လုံးဟာ အနံ့ ရှူ မိသူကိုလည်း တဖြည်းဖြည်း ထိခိုက်စေပါတယ် ။
ပရုတ်လုံးမှ ထွက်သော အနံ့ များတွင် ပါရာဒီခလို ရိုဘန်းဇင်း ဓာတ် (paradichlorobenzene) များပါဝင်ပြီ ယင်းဓာတ် သည် တိရစ္ဆာန်များတွင် ကင်ဆာဖြစ်စေပြီး လူသားများအတွက် အန္တရာယ် မကင်းဘူးလို ယေဘုယျ တွက်ဆထားပါတယ် ။

တချို့  ပရုတ်လုံး အနံ့ များတွင် Naphtalene ဓာတ်များတွေ့ ရပြီ ယင်းဓာတ် ကြာမြင့်စွာ ရှူ မိလျှင် သွေးနီဥများ ပျက်စီးတက်ပါတယ် ။

မည်သည့် ပရုတ်လုံးမဆို ပရုတ်လုံးမှ ထွက်သော ဓာတုပစ္စည်း များသည် လူသားတို့ အတွက် ပျို့ အန်ခြင်း ၊ ဝမ်းပျက်ခြင်းများဖြစ်တက်သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က ကြော်ငြာချက် ထုတ်ပြီးသာ ဖြစ်ပါတယ် ။

ဒါကြောင့် ကမ္ဘာ့ ဈေးကွက်မှာ ပရုတ်လုံးကို ဈေးကွက်တင်သည့်အခါ အထုတ်တိုင်းတွင် “ အငွေ့ များကို ရှူရှိုက် ခြင်းမှ ရှောင်ကျဉ် ပါ “ ဟူသော စာသာကို ရိုက်နှိပ်ဖော်ပြထားသည်ကို တွေ့ ရပါတယ် ။

သို့ ဖြစ်ပါ၍ ကျနော် မိတ်ဆွေ သူငယ်ချင်းများ ပရုတ်လုံးကို မသုံးမဖြစ် သုံးမည်ဆိုပါက ပရုတ်လုံးထည့်ထားသော အဝတ်ဘီဒို ၊ သတ္တော များကို အလုံပိတ်ထားသင့်ပါတယ် ။ ပရုတ်လုံး အနံ့ စွဲနေသော အဝတ်အထည်များကိုလည်း နေလှန်းခြင်း ၊ ပြန်လျှော်ခြင်း တစ်နည်းနည်းဖြင့် အနံ့  ပျောက်အောင်လုပ်ပြီးမှ ဝတ်ဆင်သင့်ပါတယ် …။

ကျနော် တို့ မြန်မာရိုးရာမှာ ရှေ့ ခေတ်က အဝတ်အထည်များ ပိုးမွားကင်းစေရန် သစ်ကတိုး၊ တောင်တမာသားတို့ အသုံးပြုခဲ့ပါတယ် .. မိမိနီးစပ်ရာမှ ရမည်ဆိုလျှင် ပရုတ်လုံးအစား အသုံးပြုခြင်းဖြင့် အိမ်တွင်းနတ်ဆိုး တစ်ကောင်ဖြစ်သည့် ပရုတ်လုံး ရန်မှ
ကင်းလွတ်မည်ဖြစ်ပါတော့သည် ….။

ကိုးကား (သုတစွယ်စုံ မဂ္ဂဇင်း ၂၀၀၉ ၊ ဒီဇင်ဘာ)


အိမ်တိုင်းလိုလို ပရုတ်လုံး ကို သုံးဖူးကြမှာပါ ။ ပရုတ်လုံးသည် အခဲအဖြစ်မှ ငွေ့ အဖြစ်သို့ ပြောင်းကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားပါတယ် ။ ပရုတ်လုံးမှ ထွက်သော အနံ့ သည် ပိုးဟပ်နှင့် တခြား အဝတ်ထည် များကို ကိုက်တက်သော ပိုးကောင် များကို မောင်ထုတ်နိုင် စွမ်း ရှိပါတယ် ။

အတိုက်အခံ၏ တန်ဖိုးနှင့် ပါဝါ



နိုင်ငံရေးကိစ္စ ပြောကြဆိုကြမယ်ဆိုရင် အတိုက်အခံဆိုတဲ့ စကားရပ်က မဖြစ်မနေ ပါဝင်နေတဲ့ သဘောရှိပါတယ်။ အတိုက်အခံဆိုတာ အကြမ်းဖျင်း အားဖြင့် နှစ်မျိုးနှစ်စား ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

နေတက်ရင်ကျေနပ်စရာတွေချည်းပါပဲ..........


Photo: နေတက်ရင်ကျေနပ်စရာတွေကြည့်ပါပဲ........(အားလုံးကိုဖတ်စေချင်လို့ ပါ)

(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ
မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး
စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို
ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်
ယုံကြည်မှုတစ်ခုတော့ပေးပါ။

(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။
ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင်
ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊
စာကောင်းလေးတွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကိုလွမ်းလား? ချစ်လားလို့
တစ်ဘက်သားကို သွားမမေ့ပါနဲ့။ တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင်
သူဘာသာသူပြောလိမ့်မယ်။ ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။

(၈) ကိစ္စတချို့၊ လူတချို့ကြောင့် ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။ ဥပမာ-
ထမင်းမစားတာ၊ ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ... ဒါတွေက
လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ နုံ့အတာပဲ 

(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်
ဖြစ် သူတစ်ပါးနောက်ကွယ်မှာ
သူ့မကောင်းကြောင်း မပြောပါနဲ့။ ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။
မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။

(၁ဝ) တစ်ခါတလေမှာ ကားပိုင်းဆက်တွေ ကြည့်လို့ရတယ်။ ဒါပေမယ့်
မှိန်းမသွားရဘူး။ တစ်ခါတလေမှာ ဆံပင်တွေ ရှုပ်ပွကြည့်လို့ရတယ်။ ဒါပေမယ့်
အချိန်အခါနဲ့ ကိုက်ညီရမယ်။ တစ်ခါတလေမှာ ညစ်ညစ်ပတ်ပတ်တွေ ဆဲကြည့်လို့ရတယ်။
ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းရှိချိန် ဒါမှမဟုတ်
အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ်။ ဆဲပြီးတာနဲ့
ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။

(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင် ကြိုးစားပါ။
ဒေါသထွက်နေသူတစ်ယောက်က ကိုယ့်ခံစားချက်ကိုမထိန်းနိုင်တဲ့
အရူးတစ်ယောက်နဲ့တူပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ သည်းခံပြီး
ပြဿနာရင်းမြစ်ကိုရှာပါ။ စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။

(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

ကျွန်တော်သဘောကျတဲ့ကာတွန်းလေး....



အဲ့ကာတွန်းလိုပဲ ကျွန်တော်လဲ သဘောရပါတယ်။ နောက်ကြောင်းပြန်မလှည့်ဘူးလို့ သူတို့ပြောနေတာက ဒါတွေကြောင့်ပါ။သူတို့အတိတ်တွေ မေ့အောင်လို့ နောက်ကြောင်းပြန်မလှည့်ဘူးလို့ အမြဲတမ်း အော်နေကြတာဖြစ်ပါတယ်။ သူတို့ အာဏာတည်မြဲသည်ထက် တည်မြဲအောင် သူတို့ စနစ်တကျလုပ်ဆောင်ခဲ့တာ ဒီကနေ့အထိလုပ်ဆောင်နေဆဲဆိုတာကျွန်တော်တို့ ပြည်သူတွေ အားလုံးသိသင့်ပါတယ်ဗျာ။ ခံစားနိုင်အောင်လို့ ဝေမျှပေးလိုက်ပါတယ်။

မေမြို့သားလေး

မြန်မာမလေးများသိနိုင်ကြပါစေ.....

ချစ်သောညီမလေးသိပါစေ...........


လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်
စည်းတော့  မကျော်စေနဲ့ ပေါ့ .............

ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ်
မရိုင်းစေနဲ့ ပေါ့ ............

ပိုင်ဆိုင်ထားတဲ့  အလှ 
လူတကာ မြင်အောင်ပြချင်နေရင်တော့ 
မိန်းကလေးတွေရဲ့ တန်ဖိုး
ဘယ်သူတွေကို လက်ညိုးထိုးပြရမလဲ ...
ခုခေတ်ကြီးမှာပေါ့ ကွယ်.............

သနပ်ခါးကို ဘယ်ညာလိမ်း
ထမိန်ကို ထိုင်မသိမ်း ၀တ်စရာမလိုဘူး

မိန်းကလေးတွေရဲ့ အလှ
ပေါ်အောင်ပြမှ...........
ဒီနေ့ ခေတ်မှာ အဆင်ပြေမယ်ထင်တဲ့ စိတ်
လွှင့်ပစ်နိုင်ပါစေ.....

စကပ်တို ပေါင်ခွဲ
ယဉ်ကျေးမှု့တွေ ရှောင်လွှဲလို့ 
ဒီမိုကရေစီ စကားလုံးနဲ့  အပြိုင်
မိန်းမတို့  သိက္ခာတွေ မယိုင်ပါစေနဲ့ ကွယ်..............

စောင့်ထိန်းရမဲ့  သိက္ခာ..
လိုက်နာရမဲ့ ကျင့်ဝတ်
ကိုယ်တွေ လက်ထဲမှာ အဆင်သင့်မဖြစ်ခဲ့ ရင်
သားကောင်းမိခင်စကားလုံး အဆင်ပြေပြေ သုံးနိုင်မထင်ဘူး............

တွေ့ မြင်တုန်းခဏ
ဟာ ဟင် ဆိုတဲ့  အာမေဍိတ်သံ ကြားမှာ 
ဂုဏ်ယူချင်တဲ့  စိတ်.......
တိတ်တဆိတ် ပယ်ဖျောက်နိုင်ပါစေ...........

ကျားတို့  သဘာဝ
တပ်မက်စိတ်ကလွဲရင်
တန်ဖိုးထားတဲ့  စိတ်ထား.........
တပြားသားမှ မရတဲ့  အလှ
ဘာလို့ များ ရချင်နေတာပါလိမ့် ...........

ယောက်ျားလေး တစ်ယောက် 
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်နေသေးရင်
အိမ်ပြေးစကားလုံးထက် ပိုမရဘူး.........

မိန်းကလေး တစ်ယောက် 
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်ရင်
ညကြေးတွေ ခွဲ
မကောင်းတဲ့  မိန်းမပဲလို့  တမ်း စွပ်စွဲကျဖို့  များတယ်............

ယောက်ျားလေး တစ်ယောက် 
ပေါ်အောင်ပြတဲ့  အလှ
ဝိတ်မ တဲ့ ကာလ 
ပင်ပင်ပန်းပန်းလုပ်ရတဲ့  တဒင်္ဂပဲရှိတယ်...............

မိန်းကလေးတစ်ယောက် 
ပေါ်အောင်ပြတဲ့  အလှ
SEXY ကျတယ်ဆိုတဲ့  စကားလုံး ထက်ပိုမရဘူး.......

ဒီတော့ ညီမလေးရယ်....
ဘယ်နေရာ ဘယ်ဒေသကို သွားသွား
ညီအကို မောင်နှမ မျက်နှာလေးတွေ တော့  ပတ်ဝန်းကျင်မှာထားခွင့် ပြုနိုင်ပါစေ..........

ပြောင်းလဲလာတဲ့  ခေတ်ယဉ်ကျေးမှု့အရ
ပေါ်အောင်ပြရမှ ကျေနပ်နိုင်မယ်ဆိုရင်လည်း
သေချာတာ တခု သတိပြုနိုင်ပါစေကွယ်..............
ပေါပေါ လောလော ရတဲ့  အလှ
ဘယ်သူမှ ထာဝရ တန်ဖိုးမထားဘူးဆိုတာကိုပေါ့ ..............

(ပုံရိပ်စစ်)
ချစ်သောညီမလေးသိပါစေ...........

လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်
စည်းတော့  မကျော်စေနဲ့ ပေါ့ .............

ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ်
မရိုင်းစေနဲ့ ပေါ့ ............

ပတ္တမြား ငမောက်အကြောင်း တစ်စေ့တစ်စောင်း

ပတ္တမြား ငမောက်

မြန်မာဘုရင်များအဆက်ဆက်တွင်အထွတ်အမြတ်ထားခဲ့သောပတ္တမြားငမောက်ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေ အတွင်း အင်းခေါင်းမှ ရရှိသည်။ ၄င်းကျောက်ကို အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှရသည်ဟုလည်းမူကွဲလျှက် ရှိသည်။

ရရှိပုံ

ရရှိပုံမှာချင်းတွင်းနယ်သားဖြစ်သောငမောက်ဆိုသူသည်မိုးကုတ်နယ်မြေတွင်လာရောက်ပြီးလယ်ယာစိုက်ပျိုးနေထိုင်ရာ၊တစ်ညသော အခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင်တလက်လက်နှင့် ထူးဆန်းတောက်ပနေသည်ကို မြင်ရသဖြင့်သွားရောက်ကြည့်ရှု လေသော် အလွန်တရာလှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကိုတွေ့ရှိလေသည်။

ငမောက်လည်းဝမ်းသာစွာကောက်ယူခဲ့ပြီးနောက် သိမ်းဆည်းထားရာမှ၂ပိုင်းခွဲပြီးလျှင် တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအားတရုတ်ပြည်ဘက်သို့ ရောင်းရန်စေလွှတ်လိုက်ပြီးနောက်၊ ကျန်တစ်ပိုင်းကို သက္ကရာဇ်၁၀၂၃ခု၊ ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်း
လက်ထက် အင်းဝမြို့တော်သို့ သွားရောက် ဆက်သရာ ဘုရင်မင်းမြတ်လည်းများစွာနှစ်သက်အားရ ၀မ်းမြောက်လှသဖြင့် ငမောက်အား ဆုတော်ငွေများပေးသနားတော် မူလိုက်လေသည်။ ထို့ကြောင့် ထိုပတ္တမြားကို ငမောက်ဆိုသူဆက်သသဖြင့် ငမောက်ပတ္တမြား ဟု ထင်ရှားကျော်စောလေသည်။

တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းမှာလည်း ထိုအချိန်၌
တရုတ်ပြည်တွင် မင်မင်းဆက် ပျက်စီးပြီး တိုင်းပြည်မငြိမ်မသက် ဖရိုဖရဲဖြစ်နေသောကြောင့် နီးစပ်ရာတိုင်းပြည်များသို့ဝင်ရောက်တိုက်ခိုက်နေကြသဖြင့်တရုတ်ပြည်သို့ရောက်သွားသောထိုကျောက်တစ်ပိုင်းကိုမြန်မာပြည်ခိုဝင်လာသောတရုတ်လူမျိုးတစ်ဦး
လက်ထဲတွင်ငမောက်ရောင်းချခဲ့သောပတ္တမြားတစ်ပိုင်းလည်းပါလာခဲ့ပါသည်။

ထိုတရုတ်လူမျိုးကုန်သည်ကြီးသညိုပတ္တမြားတစ်ပိုင်း ကိုမြန်မာဘုရင်အား ဆက်သခဲ့ရာ ဘုရင်လည်းဝမ်းမြောက်ဝမ်းသာ လက်ခံပြီးဆုတော်ငွေများ ပြန်လည်ပေးသနားခဲ့ပါသည်။
ဘုရင်မင်းမြတ်လည်း ၀မ်းသာအားရ၊ မိမိတွင်ရှိရင်းဖြစ်သော(ငမောက်)ကျောက်တစ်ခြမ်းနှင့် ဆက်စပ်ကြည့်ရာ တစ်လုံးတည်း ရှုမငြီးသည့်ကျောက်ကြီး ဖြစ်ကြောင်းသိကာ၊ ငမောက်အား အားလုံးကို မဆက်သရသလောဟုအမျက်တော်ပွားသဖြင့်၊ မင်းပရိယာယ်ဖြင့် ရေဝေးရာတောင်ကုန်းတွင်မီးလောင်စင်ကြီးများ ပြုလုပ်ပြီး၊ ငမောက်၏ ဆွေ(၇)ဆက် မျိုး(၇)ဆက် ကိုခေါ်ကာကွပ်မျက်တော်မူလေသည်။ ငမောက်နှင့် ဆွေမျိုးများ သေဆုံးခဲ့ရသောနေရာကိုလောင်းစင်ရွာဟူ၍၄င်း၊ ရေနှင့်ဝေးသောနေရာဖြစ် ၍ ရေဝေးရွာ ( နောင်တွင်ရေဝေရွာ ) ဟူ ၍ ၄င်း ယခုတိုင် ခေါ်ဆိုနေကြသေးသည်။

မီးတိုက်နေသော အခြင်းအရာကို ငမောက်၏ အမဖြစ်သူ ဒေါ်နန်း မြင်လျှင် လွတ်ရာသို့ပြေးရရှာလေသည်။ တောင်ပေါ်တစ်ခုသို့ ရောက်သောအခါ ပြန်လှည့် ကြည့်လိုက်ရာ၊များစွာပူပင်သောက၊ စိတ်ဒုက္ခရောက်ပြီး ရင်ကွဲနာကျကာ ထိုတောင်၌ပင် သေလေသည်။၎င်းသေဆုံးရာ၌ လွမ်းစေတီကလေး တစ်ဆူကိုပင် တည်ထားလျှက်ရှိပေသည်။ဒေါ်နန်းလှည့်ကြည့်သည့်တောင်ကို အစွဲပြုပြီး ဒေါ်နန်းကြည့်တောင်၊ကာလကြာသောအခါ ဒေါ်နန်းကြည်တောင် ဟု ခေါ်ဝေါ်ကြလေသည်။ ၄င်းပတ္တမြားမျက်ရှင်မှာ
တတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အစတုံးကာ လုံးလုံးကြီး ကွယ်ပျောက်ပြီးမည်သည့်လက်သို့ ရောက်နေသည်ဟု အသေအချာ မပြောပြနိုင်တော့ပေ။

ထူးခြားချက်

ငမောက်ပတ္တမြား(ခေါ်)ပတ္တမြားငမောက်အလေးချိန်မှာရတီ(၉၀)ရှိပြီးလုံးချောသွေးထားကာအရည်အသွေးအလွန်ကောင်းလှကြောင်း သိရပါသည်။ စွတ်စွတ်ဖြူနေသော ၀ါဂွမ်း ( သို့) နွားနို့အတွင်းတွင် ထိုပတ္တမြားကိုထည့်လိုက်လျှင် ၀ါဂွမ်းနှင့် နွားနို့ပင် အနီရောင် ပြောင်းလာကြောင်းသိရပါသည်။ိုပတ္တမြားငမောက်ကို လက်ညှိုးနှင့်လက်မညှပ်ကိုင်ထားလျှင်အရည်လည်ပြီးပေါက်ကွဲယိုစီးမလား ထင်ရသည်။ မှောင်ထဲမှာအနီရောင်တလျှမ်းလျှမ်း ဖြာထွက်နေသည်။ လက်ထဲ ဘယ်လောက်ကြာကြာဆုပ်ထားပေမဲ့အေးမြနေ သည်။ ရေထဲစိမ်သောက်လျှင် လည်ချောင်းနာ၊ ရင်ပူ၊ ခေါင်းကိုက်၊ ဇက်လေး၊မူးမော်၊ မောပန်းတာတွေ ပျောက်ပြီး အားအင်တိုးလာသည်ဟု ဆိုသည်။ မျက်နှာကိုပွတ်သပ်ပေးလျှင် အေးမြပြီး၊ ၀က်ခြံ တင်းတိတ် ကင်းစေသည်။


ပျောက်ဆုံးပုံ

" သီပေါက တိုင်တန်းသည့်ငမောက်ပတ္တမြားအပါအဝင် အဖိုးတန်ရတနာများကိစ္စ နှင့်ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာအတွင်းဝန် က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆိုသည်။ ဆိုင်ရာတို့ကစုံစမ်းပြီးအထက်သို့တင်ပြ သည်။ တင်ပြချက်မှာယခင်ကအတိုင်းပင်ဖြစ်သည်။စလေဒင်သည်သီပေါထံမှအဖိုးတန်ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှမရှိကြောင်း၊ မည်သည့်ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊သီပေါသည် မိမိနှင့် တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်းများမှအပအခြားမည်သည့်ရတနာပစ္စည်းကိုမျှပြန်ရမည်ဆိုသည်ကတိစကားလည်းမရှိခဲ့ကြောင်းဖြင့်အကြောင်းပြန်
သည်။စလေဒင်သည်ပစ္စည်းသိမ်းကော်မတီကသိမ်းယူခဲ့သောရတနာပစ္စည်းများကိုပစ္စည်းသိမ်းကော်မတီ၏ကိုယ်စားတာဝန်ကျ သည့် အစောင့်ကိုလွှဲပြောင်းပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင်လက်နက်ချသည့်အခါ တွင် မိမိနှင့်တာဝန်ရှိသူများသည်သီပေါနှင့်မိသားစုတို့ယူဆောင်သွားခြင်းမပြုသောပစ္စည်းများကိုဗိုလ်ချူပ်ပရင်ဒါဂတ်စ်၏အမိန့်အရပစ္စည်း သိမ်း ကော်မတီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖြင့်ဖော်ပြပါရှိသည်။

မြန်မာပြည်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာဝန်ဟောင်းတချို့ကိုလည်း သေချာစွာစုံးစမ်းခဲ့သည်။

သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏သရဖူထဲတွင်ရှိကြောင်း၊ထိုပတ္တမြားကြီးသည်အရည်အသွေးကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင် သည့် ပတ္တမြား ကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၉၈၂-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ်ရတနာကြီးဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် သီပေါမင်းကိုယ်တိုင်ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏စာရေးတော် ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်းရှိကြောင်း၊ မိမိကိုယ်ပိုင် ပုရပိုဒ် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ထိုစာရင်း ကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများအားလုံးကိုစလေဒင်ကအင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့်တစ်ယောက်ကိုပေးအပ်လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေတိုက်ဝန်ကထွက်ဆိုသည်။

ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်းကော်မတီသို့ အပ်ရာတွင်မည်သို့သော အခြေအနေရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။

၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက်အတွင်းဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊မိမိသည်ထိုနေ့မနက်ကရွှေတိုက်အတွင်းဝန်ကိုနန်းတော်ထဲတွင်တွေ့ခဲ့ရကြောင်း၊သို့ရာတွင်ပုရပိုဒ်တစ်ဆူပေးသည်မပေးသည်ကိုမူမိမိမမှတ်မိတော့ကြောင်းထိုသို့ရုတ်ရုတ်သဲသဲအချိန်မျိုးတွင်အဖိုးတန်ကျောက်မျက်ရတနာများ၊စီခြယ်ထားသည့် ရွှေထည်ပစ္စည်းအသေး၊အကြီးအမျိုးမျိုးတို့ပါသည်နန်းစဉ်ရတနာပစ္စည်းအားလုံးကိုရေးမှတ်ဖို့ဆိုသည်မှာခက်ခဲလှကြောင်းဖြင့် စလေဒင်ကအကြောင်းပြန် သည်။

ထိုရတနာပစ္စည်းများအားလုံးသည်နန်းတော်ဝရန်တာကြမ်းပြင်နှင့်ကျယ်ဝန်းလှသောညီလာခံသဘင်ခန်းမကြမ်းပြင်တွင်စုပုံပြန့်ု ကြဲလျက် ရှိပါသည်..........။

ဗြိတိလျှအစိုးသည် အနည်းငယ်မျှသော ကျောက်မျက်ရတနာအချို့ကိုဝိတိုရိယဘုရင်မကြီးထံ ပေးပို့သည်။ ကျန်ပစ္စည်းများမှာ ဆောက်ကင်ဆီတန်ပြတိုက်သို့ပေးပို့သည်။

ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့်ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။

ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာပစ္စည်းတွေ အတွက် တာဝန်ရှိသူစလေဒင်ကိုတိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့နောက်ဆက်တွဲဖြေရှင်း ချက် များဖြစ်သည်။
ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်းစဉ်ပတ္တမြားများ

၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်

၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား

၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား

၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား

၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား

၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။

ကျမ်းကိုး

1. ↑ ရာဇ၀င်စာတင်ရသော နန်းစဉ် ပတ္တမြားကျောက်မျက်များ မိုးကုတ်မြို့၊ ပတ္တမြားမြေသမိုင်း
2. ↑ တော်ဘုရားကလေး(အောင်ဇေ)၏ ပတ္တမြားငမောက် လန်ဒန်ရောက်
3. ↑ မူရင်း Deposed King Thibaw of Burma in India, 1885-1916 by W.S Desai ကို ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက်
ဆောင်းပါး များမှ

မှတ်ချက် ။ ။ ရှာဖွေဖတ်ရှု့ရင်း Myanmar Online Encyclopedia ကတွေ့လို့ဗဟုသုတအဖြစ်တင်ပေးလိုက်တာပါ ။
ပတ္တမြား ငမောက်

မြန်မာဘုရင်များအဆက်ဆက်တွင်အထွတ်အမြတ်ထားခဲ့သောပတ္တမြားငမောက်ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေ အတွင်း အင်းခေါင်းမှ ရရှိသည်။ ၄င်းကျောက်ကို အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှရသည်ဟုလည်းမူကွဲလျှက် ရှိသည်။

ရရှိပုံ

ရရှိပုံမှာချင်းတွင်းနယ်သားဖြစ်သောငမောက်ဆိုသူသည်မိုးကုတ်နယ်မြေတွင်လာရောက်ပြီးလယ်ယာ
စိုက်ပျိုးနေထိုင်ရာ၊တစ်ညသော အခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင်တလက်လက်နှင့် ထူးဆန်းတောက်ပနေသည်ကို မြင်ရသဖြင့်သွားရောက်ကြည့်ရှု လေသော် အလွန်တရာလှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကိုတွေ့ရှိလေသည်။

Tuesday 25 December 2012

ပြည်သူသဘောမတူရင် လေတစ်ရှိုက်မှ ရှူခွင့်မရှိ......



ရေကြည်ရာ မြက်နုရာ
လူသားတို့ရဲ့ လူနေမှုဘ၀အစဟာ အခြေတကျမရှိခဲ့ပါဘူး။ ရေကြည်ရာမြက်နုရာ သွားလာရင်း နယ်မြေသစ်တွေ ရှာဖွေခဲ့ကြတာ ကြာခဲ့ပါပြီ။ မယဉ်ကျေးသေးတဲ့ ကမ္ဘာရဲ့ လူနေမှုဘ၀အစဖြစ်စဉ် ဖြစ်ပါတယ်။
ထို့အတူ လူတစ်စုချင်းစီဟာလည်း မိမိနယ်မြေဒေသထွက် စားစရာ၊ သောက်စရာတွေကို စားရုံသာ စားတတ်ကြတဲ့ ကာလဖြစ်လေတော့ စားစရာ၊ သောက်စရာကုန်ရင် နောက်ထပ်အသင့် စားလို့သောက်လို့ရတဲ့ နယ်မြေသစ်ကို ရှာဖွေကြပါတယ်။
ဒီလိုနဲ့ ရေကြည်ရာမြက်နုရာ ရှာဖွေသွားလာရင်း လူ့ဘ၀ကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရပါတယ်။

ပုံတော်စုံ ငါးရာ့ငါးဆယ် အနှစ်ချုပ်


လောက၏ ဖြစ်တတ်ပုံ အစုံစုံနှင့် သိမှတ်စရာများစွာပါရှိသည့် ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုတော်များကိုတစ်အုပ်တည်းအပြီး အကျဉ်းချုံးထားသော စာအုပ်ဖြစ်သည်။
ဝတ္ထုတိုင်းတွင် ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္တု၊ ဇာတ်ပေါင်း၊ အနှစ်ချုပ်ဟူ၍ အပိုင်းများခွဲကာ ရေးသားထားပြီး လူတိုင်းနားလည်လွယ်စေရန် လွယ်ကူသော စကားပြေ ရှင်းလင်းသော အရေးအသားတို့ဖြင့်
 စီစဉ်ထားသည်ကို တွေ့ရသည်။ ဘုရားလောင်းဘ၀ ဇာတက၀တ္ထုလာ ဇာတ်ကြောင်းများကို ခြုံငုံမိစေမည့်အပြင် ဇာတ်တော်၏ အနှစ်သာရကိုလည်း အလွယ်တကူ နားလည်နိုင်မည့် စာအုပ်ဖြစ်သည်။ 

စင်္ကာပူ သင်ခန်းစာ



မြန်မာ့ အုပ်ချုပ်ရေး ယန္တရား အရည်အသွေး မြှင့်တင်ရေး အတွက် သမ္မတ ဦးသိန်းစိန် ခရီးစဉ် တွင် စင်ကာပူ နှင့် မြန်မာတို့ သဘော တူညီခဲ့ကြ ပြီး မြန်မာအစိုးရ အရာရှိကြီး များ စင်ကာပူ နိုင်ငံတွင် သင်တန်းများ တက်ရောက်လျက် ရှိကြပြီ။ စင်ကာပူမှ ရရှိခဲ့သော အကြံဥာဏ် များသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးကို တစ်နည်းနည်းဖြင့် သြဇာ သက်ရောက်တော့မည် ဖြစ်သည့် အတွက် စင်ကာပူ ပုံစံနိုင်ငံ တည်ဆောက်ရေး (Singapore Model) မြန်မာနိုင်ငံတွင် အလုပ်ဖြစ်နိုင် မဖြစ်နိုင်ကို လေ့လာရန်လိုသည်။ မည်သည့် နေရာတွင် မြန်မာနိုင်ငံ နှင့်အပ်စပ်သည်၊ မည်သည့်နေရာတွင် မအပ်စပ်နိုင် တို့ကို ခွဲခြမ်း စိတ်ဖြာရန် လိုသည်။

အမျိုးပျောက်မှာ စိုးကြောက်ပါလှသည် ရခိုင်ပြည်


ဆောင်းပါးကို မရေးသားမီ ကြိုတင်ဝန်ခံလိုပါသည်။ မိမိအနေဖြင့် မိမိကိုယ်ကိုယ် တတ်လှပြီသိလှပြီ ဟူ၍ရေးသားခြင်းမဟုတ်ပါ။ မိမိကျင်လည်ခဲ့ရသည့် အတွေ့အကြုံများ၊ လဝက ဆိုင်ရာ ဥပဒေများနှင့် သမိုင်းရေးရာ ဖြစ်စဉ်များ အပေါ် အခြေခံ၍ မိမိသိရှိသမျှကို ဗဟုသုတ အနေဖြင့် မျှဝေပေးခြင်းသာ ဖြစ်ပါသည်။မိမိထက်အတွေ့အကြုံများ၍သိရှိနားလည်သူများအနေ ဖြင့် ဖြည့်စွက်နားလည် သဘောပေါက်ပေးကြပါရန်နှင့် ဖြည့်စွက် ရေးသားကြပါရန် မေတ္တာရပ်ခံလိုပါသည်။

၂၀၁၃ ရေ . . . ပန်းတိုင်းပွင့်ပါစေ


မြန်မာ့နွေဦးကို စိန်ခေါ်မှုများဖြင့် စတင်ခြင်းသည် နောက်ပြန်လန်သွားရန် သို့တည်းမဟုတ် နောက်ပြန်လှည့်ရန် အကြောင်းတရား များကိုဖန်တီးခြင်းဟု နားလည်မှု လွဲမှားတတ်ကြသည်။ စိန်ခေါ်မှုဆိုသည်မှာ ရင်ဆိုင်ဖြေရှင်းကာ ကျော်လွှားသွားရမည့် ခက်ခဲသော လမ်း၏ စမ်းသပ်ချက်များဖြစ်သည်။ စိန်ခေါ်မှုများကို ရင်မဆိုင်လို၊ ရင်မဆိုင်ချင်ဘဲ ရောက်လိုသည့် လမ်း တကယ်ရောက်နိုင်မည် မဟုတ်ပေ။ သွားရမည့်လမ်းကို ခပ်ရေးရေး မြင်ရသည့်အချိန် လိုရာခရီး ရောက်ပြီဟု စိတ်ဒုံးဒုံး ချလိုက်သော သူများအတွက် နွေဦးသည်လှမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် နွေဦး၏ စိန်ခေါ်မှုများကို စမ်းသပ်မှုဟု မမြင်ဘဲ ခြိမ်းခြောက်မှုဟု ယူဆလိုက်သောကြောင့် သူ့အတွက် နွေဦးသည် မည်သည့်အခါမျှ လှပဦးတော့မည် မဟုတ်။
နွေဦး၏ အလှုပ်အယမ်းများကို စိုးရိမ်မှု များသည် လူ့သဘာဝ ပင်ဖြစ်သည်။ မည်သူမျှ နောက်ကြောင်း မပြန်လိုသောကြောင့် ဖြစ်သည်။ သို့သော် မြန်မာ့နွေဦး စတင်ခဲ့သည့် လမ်းကြောင်းသည် ၂၁ ရာစု၏ စံနမူနာ ပြယုဂ်တစ်ခု ဖြစ်လာမည့် ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေး ခြေလှမ်းမှသည် ဒီမိုကရက်တိုက်ဇေးရှင်း အသက် ဝင်လာခြင်းဖြစ်သော ကြောင့် ဒီမိုကရက် တိုက်ဇေးရှင်း နှစ်ပေါင်း ၅၀ ဆိတ်သုဉ်းခဲ့ရသော ဝန်းကျင်တွင် စိုးရိမ်ပူပန်မှုများ တပုံတပင် ရှိနေကြမည်ဖြစ်သည်။

ခေတ်ရှေ့ပြေး ဦးအောင်ဆန်း


ဦးအောင်ဆန်း၏ မိန့်ခွန်းများ ရေးသားချက်များမှ ကောက်နုတ်၍ ယခုခေတ်အထိ မှန်ကန်နေသော၊ ဆက်လက်၍ မှန်ကန် နေမည်ဖြစ်သော သဘောတရား များ ကို ထုတ်နုတ်၍ တင်ပြခြင်း ဖြစ်ပါသည်။

မူရင်းသတ်ပုံအတိုင်း တင်ပြထားပါသည်။ မြန်မာကို ယခင် က ဗမာဟုသာခေါ်ဝေါ်ခဲ့ခြင်းကို သည်းခံဖတ်ရှုသင့်ပါသည်။ ၁၉၅၀ခု ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြန်ကြားရေးဌာနမှ ထုတ်ဝေသော
ဦးအောင်ဆန်းနှင့် ပတ်သက်သည့် မိန့်ခွန်းစာအုပ်နိဒါန်းတွင် ဖော်ပြ ထားသည်မှာ -

မြန်မာ့ဇာတ်လမ်း



ရုပ်ရှင်ကြည့်လျှင် ဇာတ်လမ်းဇာတ်ကွက် ဆန်းဆန်းပြားပြား လျှို့ဝှက် သည်းဖို ဇာတ်လမ်းမျိုး ကြည့်ချင်ရိုး အမှန် ဖြစ်သော်လည်း မြန်မာ့အရေး ကိုမူ ရိုးရိုးစင်းစင်း ဇာတ်လမ်း အဖြစ်သာ ကြည့်မြင် ချင်ပါသည်။

ယနေ့ မြန်မာ့အရေးသည် ကြည့်သူကို ထိုင်ရာမထ၊ မျက်တောင် မခတ်အောင် ဆွဲဆောင် ထားနိုင်သည့် ဇာတ်လမ်း တစ်ခုနှင့် အသွင်တူ သည်။ ဇာတ်ရှိန် အတက်အကျ ခပ်ကြမ်းကြမ်း ရင်မောစရာ၊ ရင်ဖိုစရာ တို့ တစ်ခုပြီးတစ်ခု မြင်နေကြရမည်။ အကွေ့အဝိုက် ကပြောင်းကပြန် ဖြစ်ရပ်၊ ကြမ်းခန်း လွမ်းခန်းများဖြင့် ပရိသတ်ရင်ကို ယူကျုံး နှစ်သက် စေမည့် ဇာတ်ကွက်များ တစ်ကွက်ပြီးတစ်ကွက်။

မန္တလေး၊ လာရာနှင့် လားရာအနာဂတ်


မန္တလေးက ဝေးရသောအခါမှ ကျွန်တော်သည် မန္တလေးကို ပိုလွမ်းတတ် လာသည်။ အိမ်လွမ်းနာသည် အိမ်လွမ်းနာ သက်သက် မဟုတ်ဘဲ မန္တလေးမြို့ကို လွမ်းသောအလွမ်း ဖြစ်လာသည်။ သည်အလွမ်း ကား တစ်နည်းပြောရလျှင် မြန်မာ့ယဉ်ကျေးမှုကို လွမ်းသော အလွမ်း၊ မန္တလေးသူ မန္တလေးသားတို့ကို လွမ်းသောအလွမ်း၊ မန္တလေးက အစဉ်ဖော်ညွှန်း လာခဲ့သော ယဉ်ကျေးသည့် မြန်မာ့လူ့အဖွဲ့အစည်းကို လွမ်းသောအလွမ်းလည်း ဖြစ်လာတော့သည်။

Blog လုပ်နည်း ......

 1. မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi ( font) တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။
Blog တစ်ခုတည်ဆောက်ဖို့ရန်လုပ်ဆောင်ရမည့်အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့်
 ဖော်ပြသွားပါမယ်။ (Step 1) Sign in to blogger
Step 2) Display name (or) Author name
Step 3) Name your blog
Step 4) Choose your template

 Step5) Publish your first post
မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။


Wednesday 19 December 2012

ကမ္ဘာပျက်ပုံ ဖြစ်ပုံများ

ကမ္ဘာပျက်တာနဲ့ ပတ်သတ်ပြီး တပည့်တော်မ သိချင်ပါတယ်ဘုရား။ ယခုကမ္ဘာဟာ ဘဒ္ဒကမ္ဘာလို့ ဆိုပါတယ်။ သို့သော်လည်း ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေ ပွင့်ခဲ့တယ်ဆိုတဲ့အဆိုက ဘယ်လိုမျိုးများကို ဆိုလိုတာလည်း ဘုရား၊ ကမ္ဘာပျက်တာက ဘယ်လိုမျိုးဖြစ်တာလည်းဘုရား။ ဘာကြောင့် ကမ္ဘာပျက်ရတယ်ဆိုတာကိုလည်း သိချင်ပါတယ် ဘုရား။

ခံတွင်းနံ့ဆိုးခြင်း ကင်းဝေးရလေအောင်

ခံတွင်းနံ့ဆိုးခြင်း ကင်းဝေးရလေအောင် 

သင့်ပတ်ဝန်းကျင်မှ လူတွေက သင်နဲ့စကားပြောနေရင်း မသိမသာနောက်ဆုတ်/တွန့်ဆုတ်သွားတာမျိုး ဒါမှမဟုတ် စကားပြောရပ်ပစ်လိုက်တာမျိုး မကြာခဏသင်ကြုံတွေ့နေရပါသလား။ သင်ဒီလို ကြုံတွေ့နေရပြီ ဆိုရင်တော့ ခံတွင်းနံ့ဆိုးထွက်ခြင်းရဲ့ဒဏ်ကို သင်ခံစားနေရတာ သေချာနေပါပြီ။ ခံတွင်းမှ အနံ့ဆိုး ထွက်ခြင်းရဲ့ ဒဏ်ကို နိုင်ငံပေါင်းများစွာမှ လူသန်းပေါင်းများစွာဟာ ခံစားနေရပါတယ်။ အခြားသူ တစ်ယောက်ရဲ့ ခံတွင်းကို ယုံကြည်ဖို့ဆိုတာ တစ်ခါတစ်ရံမှာ ခက်ခဲလှပါတယ်။


ဒါကြောင့် သင့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ သို့မဟုတ် မိသားစုကို မေးပါ။ သင့်ရဲ့ ခံတွင်းနံ့ အခြေအနေကို ရိုးသားစွာ ဖြေဖို့ ပြောပါ။ ရိုးရှင်းတဲ့ ခံတွင်းစစ်ဆေးခြင်း နည်းလမ်းကတော့ သင့်ရဲ့လျှာ အနောက်က သွားရည်ကို နည်းနည်းထုတ်လိုက်ပြီး ခဏအကြာမှာ နမ်းကြည့်လိုက်ပါ။ အနံ့ဆိုးကို ရတယ် ဆိုရင်တော့ သင်စကားပြောတိုင်း ခံတွင်းအနံ့ဆိုးထွက်တာ သေချာသွားပါပြီ။

ခံတွင်းနံ့ဆိုးထွက်ခြင်းကို ဘယ်လိုပျောက်အောင် လုပ်မလဲဆိုတာကကို မပြောခင် ဘာကြောင့် ခံတွင်းအနံ့ဆိုးထွက်ရလဲဆိုတာကို အရင်ဆုံး သိထား သင့်ပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီစားခြင်းက သင့်ခံတွင်းမှ အနံ့ဆိုးကို ထွက်စေပါတယ်။ ဒါ့အပြင် ကွမ်းစားခြင်းနဲ့ ဆေးလိပ်သောက်ခြင်းကလည်း ခံတွင်းနံ့ဆိုးစေတဲ့အကြောင်းအချက်တွေပါပဲ။

အကယ်၍ သင်ဟာ သင့်ခံတွင်းကို ပုံမှန်သန့်ရှင်းအောင် မလုပ်ဘူးဆိုရင်တော့ ခံတွင်းထဲရှိ ပိုးမွှားတွေ အဆိပ်အတောက်တွေကို ထုတ်လွှတ်တာကြောင့် သွားရည်ဟာ အနံ့ဆိုးထွက်လာပါတယ်။ ထိန်းချုပ်လို့မရတဲ့ ဆီးချိုရောဂါ၊ လေလမ်းကြောင်း ပြဿနာတွေနဲ့ အစာအိမ်မကောင်းတာတွေကြောင့်လည်း ခံတွင်းနံ့ကို ဆိုးစေပါတယ်။ သွားဖုံးရောဂါနဲ့ သွားမှာ အပေါက်ဖြစ်နေတာတွေကလည်း အကြောင်းရင်းတစ်ခုပါပဲ။

နေ့စဉ်နေ့တိုင်း မနက်စာ မစားမီနဲ့ ညစာစားပြီးတဲ့အချိန်တိုင်း သွားတိုက်ဖို့ မမေ့ပါနဲ့။ ဖြစ်နိုင်လျှင် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ သင့်သွားကြားတွေကို သွားကြားထိုးကြိုးနဲ့ အညစ်အကြေးများ ကပ်မနေစေဖို့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ရေများများသောက်ခြင်းနဲ့ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးခြင်းကလည်း သင့်ပါးစပ်ထဲမှ ပိုးမွှားတွေကို ဖယ်ရှားပေးပါတယ်။ ပိုးမွှားတွေကို သတ်နိုင်ဖို့အတွက် ခံတွင်းသန့်ဆေး သုံးပါ။ သင့်လျှာပေါ်မှာ ချွဲ၊ သလိပ်၊ ပိုးမွှားတွေနဲ့ အစာအကြွင်းအကျန်များကို ဖယ်ရှားပေးနိုင်ဖို့အတွက် လျှာကို ပွတ်တိုက်နိုင်တဲ့ လျှာခြစ်တံကိုသုံးပြီး
သန့်ရှင်းရေးလုပ်ပါ။

သင်ဟာရေများများ သောက်တတ်တဲ့အကျင့်မရှိဘူးဆိုရင် သင့်ရဲ့သွားရည်ထုတ်လွှတ်မှုမှာ သက်ရောက်မှု ရှိပါလိမ့်မယ်။ Xylitol အခြေခံပီကေမျိုးကို စားပါက ပါးစပ်အတွင်း သွားရည်ထွက်မှုကို ကောင်းစေပြီး ပိုးမွှားများကိုလည်း ပါးစပ်အတွင်းမှ ဖယ်ရှားပေးနိုင်ပါတယ်။ ဆောင်ရန်၊ ရှောင်ရန်အားလုံးကို လိုက်နာပြီးရင်တောင်မှ သင့်ပါးစပ်က အနံ့ဆိုးထွက်နေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားတွေ့ပြီး အခြားခံတွင်းရောဂါ သို့မဟုတ် ခံတွင်းရောဂါ ဖြစ်လာနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းသင့်ပါတယ်။ သင့်ရဲ့ ခံတွင်းအနံ့ဆိုး ရှိ၊ မရှိကို အခုပဲ စစ်ဆေးလိုက်ပါ။


အေးချမ်းမွန်မှ  မြန်မာပြည်မှမြန်မာလူမျိုး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြန်မာပြည်မှမြန်မာလူမျိုး
သင့်ပတ်ဝန်းကျင်မှ လူတွေက သင်နဲ့စကားပြောနေရင်း မသိမသာနောက်ဆုတ်/
တွန့်ဆုတ်သွားတာမျိုး ဒါမှမဟုတ် စကားပြောရပ်ပစ်လိုက်တာမျိုး မကြာခဏသင်ကြုံတွေ့နေရပါသလား။ သင်ဒီလို ကြုံတွေ့နေရပြီ ဆိုရင်တော့ ခံတွင်းနံ့ဆိုးထွက်ခြင်းရဲ့ဒဏ်ကို သင်ခံစားနေရတာ သေချာနေပါပြီ။ ခံတွင်းမှ အနံ့ဆိုး ထွက်ခြင်းရဲ့ ဒဏ်ကို နိုင်ငံပေါင်းများစွာမှ လူသန်းပေါင်းများစွာဟာ ခံစားနေရပါတယ်။ အခြားသူ တစ်ယောက်ရဲ့ ခံတွင်းကို ယုံကြည်ဖို့ဆိုတာ တစ်ခါတစ်ရံမှာ ခက်ခဲလှပါတယ်။

Tuesday 18 December 2012

မြန်မာ့ ဗီဇစိတ်ရင်း မသေသေးပါ

မြန်မာလူမျိုးတို့၏ ဗီဇ စိတ်ရင်းသည် အလွန် ယဉ်ကျေးသည်။ ရိုးသားသည်။ သနားကြင်နာ တတ်သည်။ ရိုင်းပင်းကူညီ တတ်သည်။ှူဒါန်းချင်သည်။ ပေးကမ်း စွန့်ကြဲချင်သည်။ လမ်းဘေးမှာ အရိပ်ရ သစ်ပင် စိုက်သည်။ သောက်ရေချမ်းစင် တည်သည်။ 

Monday 17 December 2012

ခြေလှမ်းတွေနောက်ကျနေတဲ့ မြန်မာအစိုးရ

နာမည်ခံ ဒီမိုကရေစီ

နှစ်ပေါင်း ၅၀ နီးပါး အာဏာပိုင် စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ အစိုးရ ဟာ နိုင်ငံတကာနဲ့ ဆက်ဆံ ရာမှာ သီးခြားဖြစ်နေပြီး နိုင်ငံတကာ လုပ်နည်း လုပ်ဟန်တွေနဲ့ ဝေးကွာ ခဲ့ပါတယ်။ နိုင်ငံကို ပြောင်းလဲလို တဲ့ တပ်မတော်ခေါင်းဆောင် တချို့နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ ပူးပေါင်းပြီး မြန်မာ့နိုင်ငံရေး အခြေအနေ ပိုမိုကောင်းမွန် လာဖို့ ကြိုးစား နေကြတာကို နိုင်ငံတကာက အသိအမှတ် ပြုခဲ့ကြတာ တွေ့ရပါတယ်။ လူထုက မကြိုက်ဘဲ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေကို ပြုပြင်မယ့် သူနဲ့ ခုခံမယ့်သူတို့ လွှတ်တော် အတွင်းမှာ တွေ့ဆုံ စကားပြောကြတဲ့ အခြေအနေကို ရောက်နေကြပြီ။ အကြိတ်အနယ် ပြောဆို ဆွေးနွေးတာထက် အီလေးဆွဲ၊ မလိုအပ်တာ တွေမှာ အချိန် ကုန်နေတဲ့ လွှတ်တော်ကြီးဟာ နိုင်ငံတကာ စံချိန် စံနှုန်းတွေ၊ လုပ်ပုံ ကိုင်ပုံတွေကို အတုယူဖို့ လိုအပ်နေပါတယ်။ သို့သော် နာမည်ခံ ဒီမို ကရေစီ စနစ်ဆိုတော့ လုပ်ပိုင်ခွင့်ရှိသူတွေက ခြယ်လှယ်နေတုန်း ပါပဲ။ ထိုအခြေအနေမှ ပွင့်လင်းမြင်သာတဲ့ လုပ်ကိုင်မှုမျိုးနဲ့သာ ရှေ့ကို တိုးတက်နိုင်မှာ ဖြစ်ပါတယ်။

Webcam ကို CCTV Camera လိုသုံးနိုင်တဲ့ SecurityCam 1.4.0.6 Full Version ပါ



မိမိရဲ့ Computer မှာရှိတဲ့ WebCam ကို လုံခြုံရေး Camera အဖြစ်ပြောင်းပေးမယ့် Software အလန်းလေးတစ်ခုတင်ပေးလိုက်ပါတယ်..။

အကောင်းဆုံး အချိန်



ဖွံ့ဖြိုးရန် အသင့်ဆုံး နိုင်ငံတွေ ထဲတွင် ပါဝင်သည်မှာ ကြာမြင့် လှပြီး ယခုချိန်ထိ မဖွံ့ဖြိုးသေးသော နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။ မည်သည့်အခါတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးမည်လဲ။

အောင်မြင်ရန် အလားအလာ အင်မတန်ကောင်းသော နိုင်ငံ အဖြစ် လွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော် ကတည်းက မြန်မာနိုင်ငံ သည် စာရင်းပေါက် အင်းပေါက် ဖြစ်ခဲ့သည်။ လွတ်လပ်ရေး မရမီ၊ ရပြီးစက ရေးသား ထုတ်ဝေခဲ့သော ဖွံ့ဖြိုးရေး၊ နိုင်ငံရေး စာအုပ်များကို ကြည့်လိုက်လျှင် အာရှဒေသမှ အလားအလာ အင်မတန် ကောင်းသော နိုင်ငံဟု မြန်မာနိုင်ငံကို ဟောကိန်း ထုတ်ကြသည်ကို မြင်တွေ့ရမည်။မြန်မာနိုင်ငံသည် မကြာမီ ရှေ့ရောက်လာမည့် နိုင်ငံ၊ ထွန်းပေါက်မည့် နိုင်ငံ။

နံနက်ခင်းမှာ ကျန်းမာလန်းဆန်းနေစေဖို့ စွမ်းအင်ပြည့်ဝစေမယ့် နည်းလမ်းများ



နံနက်ခင်းမှာ ကြည်နူးလန်းဆန်းမှု အပြည့် ရှိနေဖို့ဆိုရင် စွမ်းအင် အလုံအလောက် ရှိနေမှဖြစ်မှာပါ။ ဒါကြောင့် နံနက်ခင်းမှာ ကျန်းမာလန်းဆန်းနေစေဖို့ စွမ်းအင်ပြည့်ဝစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


ကမ္ဘာပျက်မည်ဆိုသော မာယန်တို့၏ ပစ်မှတ် ဒီဇင်ဘာ ၂၁ က ရက်ပိုင်းသာ လိုတော့သည်



December 21, 2012 ခုနေ့မှာ ကျွန်ုပ်တို့ကမ္ဘာကြီး ပျက်လိမ့် မည် လို့ဆိုတဲ့ သတင်းက ၂၀၁၀ လောက်ဆီ ကတည်းက ရေပန်းစား နေခဲ့သလို မကြာခင်မှာပဲ ထိုမာယန်တို့၏ ပစ်မှတ် ဒီဇင်ဘာ၂၁ ရက်ကို ရောက်ဖို့ ရက်ပိုင်းသာ လိုတော့သည်။

Saturday 15 December 2012

Model တွေလို သင့်ပေါင်တံကို ကျစ်လျစ်သွယ်လျ လှပသွားစေချင်တဲ့ ကိုကို မမ တွေ အတွက် နည်းလမ်းကောင်းလေးပါ။


  အခုစာဖတ်တဲ့သူတွေထဲမှာ Model လေးတွေ ဖြစ်ချင်တဲ့ မိန်းကလေးတွေ ယောကျာ်းလေးတွေ အနည်းငယ်လောက်တော့ ပါကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။တကယ်တော့ Model ဆိုတာက ခန္ဓာကိုယ် အချိုးအစားဟာ အလွန် အင်မတန် ပြေပြစ်ပြီး အပြစ်ပြောစရာ မရှိအောင် လှပလွန်း ကြည့်ကောင်းလွန်းတဲ့ သူတွေကို Model လို့သိထားကြတာလေ မဟုတ်ဘူးလားဗျ။ Model ခန္ဓာကိုယ် အချိုးအစားဖြစ်စေမဲ့ ကဏ္ဍထဲမှာ အရေးကြီးဆုံးတစ်ခု အပါအ၀င်ဖြစ်တဲ့ ကျစ်လျစ်သွယ်လျပြီး လှပတဲ့ ပေါင်တံလေးတွေ ဖြစ်စေချင်တဲ့ Model ကိုကို မမ တွေအတွက် အဲ့ဒီလို ဖြစ်အောင် ဘယ်လိုနည်းတွေနဲ့ ပြုလုပ်ရမယ် ဆိုတာကို ကျွန်တော် ပြောပြပါ့မယ်ဗျာ။
ပေါင်အဆီတွေ လျော့ကျပြီး သွယ်လျလှပစေဖို့ ကျွမ်းကျင်သူတွေက အောက်ပါအိမ်တွင်းနည်းတွေကို သုံးဖို့ အကြံပြုထားပါတယ်။

Tuesday 11 December 2012

၂ဝ၁၂ ဒီဇင်ဘာလတွင် ကမ္ဘာကြီး ပျက်သုဉ်းမည် ဆိုသော မာယာပြက္ခဒိန်၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိ

၂ဝ၁၂ ဒီဇင်ဘာလတွင် ကမ္ဘာကြီး ပျက်သုဉ်းမည် ဆိုသော မာယာပြက္ခဒိန်၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိ


ကမ္ဘာကြီးအား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ပျက်သုဉ်းမည်ဟု မာယာပြက္ခဒိန်တွင် ရေးသား ဖော်ပြထားခြင်း မရှိသည့် အချက်ကို ကျွမ်းကျင်သူများက ရှာဖွေဖော်ထုတ် နိုင်ခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက် အကြောင်းတစေ့တစ်စောင်း

ဦးပိုင်အစ

၁။၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ၁၉ရက်နေ့တွင်ထိုအချိန်ကန၀တ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်
 ရေးအဖွဲ့) အစိုးရကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက်
 (The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း အမိန့် ကြော်ငြာစာ အမှတ် ၇/၉၀ ဖြင့် ကြေညာခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၊ အာဏာသိမ်းပြီး နောက်ပိုင်း တပ်မတော်ကတည်ထောင်ခဲ့သည့် ပထမဆုံးစီးပွားရေးလုပ်ငန်းဖြစ်သည်။

Saturday 8 December 2012

How to make a successful garden



Step 1
Choose the right location. Find an area clear of trees and buildings with plenty of sun throughout the day. It should also be near a water supply and be well draining.

မြေနေရာမှန်ကိုရွေးချယ်ပါ။သစ်ပင်ကြီးတွေအဆောက်အဦတွေမရှိတစ်နေလုံး နေရောင်ခြည်အလုံ
အလောက်ရတဲ့နေရာမျိုးကိုရှာပါ။ ပြီးတော့ ရေရနိုင်တဲ့နေရာအနီးမှာဖြစ်ပြီး ရေစီးရေလာ ကောင်းတဲ့နေရာမျိုးလဲ ဖြစ်သင့်တယ်။

Monday 3 December 2012

နေ့စဉ် လူတိုင်းစားပေးသင့်တဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံများ

လူခန္ဓာကိုယ်အတွက် နေ့စဉ် စားသုံးနေတဲ့ အစားအစာများမှာ အာဟာရဓာတ် ၆-မျိုး ပါဝင်ပါတယ်။
(၁)။ အင်အားဖြစ်စေသော အစားအစာများ။
အဲဒါတွေကတော့ ဆန်၊ ဂျုံ၊ ပေါင်မုန့်၊ ထန်းလျက်၊ သကြား အစရှိတဲ့ ကာဗိုဟိုက်ဒြိတ်ဓာတ်။ ကစီဓာတ်-ပါဝင်သော အစားအစာများ ဖြစ်ပါသည်။

ဦးနှောက်ကိုပျက်စီးစေသော အချက်များ....



အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့စွမ်းရည်ကို တိုးတက်စေပါတယ်။

Sunday 2 December 2012

၂၀၁၃ ရောက်ရင်

၂၀၁၃ ရောက်ရင် လမ်းတွေ အကုန်ကောင်းသွား မယ်။
၂၀၁၃ ရောက်ရင် အင်တာနက်မြန်နှုန်းတွေ မြင့်လာမယ်။
၂၀၁၃ ရောက်ရင် ရန်ကုန် တက္ကသိုလ်ကို ပြန်ဖွင့်တော့မယ်။
၂၀၁၃ ရောက်ရင် ရင်းနှီးမြှုပ်နှံမှုတွေ ဒလဟော ဝင်လာမယ်။
၂၀၁၃ ရောက်ရင် လျှပ်စစ်မီးတွေ ပုံမှန် လာတော့မယ်။

Thursday 29 November 2012

မြန်မာတိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်မှသာလျှင်...



မြန်မာတစ်နိုင်ငံလုံး၊မြန်မာတစ်မျိုးသားလုံးကို ကောင်းကျိုးမပေးသော မည်သည့် အရေးကိုမဆို
မြန်မာတစ်မျိုးသားလုံး၊တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆန့်ကျင်ပါက မအောင်မြင်နိုင်စရာအကြောင်းမရှိပေ။သို့သော်ယနေ့လက်တွေ့မှာထိုသို့မဟုတ်ပါ။
လူမျိုးစွဲ၊ဒေသစွဲလို့ဘဲပြောရမလား။ကိုယ့်လူမျိုး၊ကိုယ့်ဒေသကို တိုက်ရိုက်ဒုက္ခမပေးသရွေ့
ကိုယ်နဲ့မဆိုင်သလိုနေနိုင်ကြသည်။ကိုယ့်ဒေသ၊ကိုယ့်ပတ်ဝန်းကျင်ကို လာထိမှသာလျှင်
ထကြွဆန့်ကျင်ကြသည်။အမှန်တကယ်တမ်းဖြစ်သင့်သည်မှာ မြန်မာနိုင်ငံ၏မည်သည့်ဒေသမှာ
ဖြစ်နေသော အရေးကြီးပြဿနာကိုမဆို မြန်မာတစ်မျိုးသားလုံး၏အရေးဟုသဘောထားကာ
ညီညီညွတ်ညွတ်နဲ့ နိုင်ငံလုံးဆိုင်ရာ ဆန့်ကျင်ကန့်ကွက်ပါက မအောင်မြင်နိုင်စရာအကြောင်းမရှိပါ။
ဆိုလိုတာကရခိုင်မှာ ဖြစ်နေတာဘဲငါတို့ဒေသဖြစ်နေတာမဟုတ်ဘူး။

Sunday 25 November 2012

အင်တာနက် Speed ကို 300% လောက်မြန်စေတဲ့ Net Speeder v45 Build 850 + Serial

                 အင်တာနက် Speed ကို 300% လောက်မြန်စေတဲ့ Net Speeder v45 Build 850 ကိုမြန်မာ
နိုင်ငံအတွင်းမှာ ရှိကြသော Connection မကောင်းတဲ့ သူငယ်ချင်းများအတွက် အဓိက မျှဝေပေးလိုက်ပါတယ်။

Virus အကြောင်း E-Book များ


Virus နဲ့ပတ်သက်တဲ့ e-book များကို တင်ထားပေးပါတယ်။  virus အကြောင်း ကို ကျွန်တော်သိချင်လို့တင်ထားတာပါ။နောက်ပြီးVirus အကြောင်း လေ့လာလိုသူများအတွက် အဆင်ပြေစေဖို့အတွက်ပါ။ လိုချင်သူများရှိရင် ယူသွားကြပါဗျာ။


ထိပ်တန်း Android Application Download Website (၁၀)ခု

Android Device တွေမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် Application တွေကို အွန်လိုင်းမှတစ်ဆင့် အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။  ဒီလိုအခမဲ့ ရယူနိုင်တဲ့ ဝက်ဘ်ဆိုက်တွေဟာလည်း များစွာပေါ်ထွက်လျက်ရှိနေပြီး ထိပ်တန်း Android Application Download ဝက်ဘ်ဆိုက် ၁၀ ခု အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

တင်းတိပ်ဖြစ်ရတဲ့ အကြောင်းအရင်း


တင်းတိပ်ဖြစ်ရသော အကြောင်းအရင်း
တင်းတိပ်ဖြစ်ရတဲ့ အကြောင်းအရင်း တိတိ ကျကျကို မသိသေးပါဘူး။ ကျွမ်းကျင်သူတွေ က အကြောင်းအချက်များစွာကြောင့် တင်းတိပ် ဖြစ်လာနိုင်တယ်လို့ ယုံကြည် ကြပါတယ်။
နေရောင်နဲ့ ထိတွေ့မှု၊ ကိုယ်ဝန်ဆောင်ခြင်း၊ သန္ဓေတားဆေးများ၊ ဟော်မုန်းအစားထိုး ကုသမှု ခံယူခြင်း၊ မိသားစုရာဇဝင်မှာ တင်းတိပ် ဖြစ်ခြင်း၊ အတက်ရောဂါ ကုသ ဆေးတွေနဲ့ အရေပြားကို ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်ခံစားလွယ်စေတဲ့ တခြားဆေးဝါးတွေကြောင့် တင်းတိပ်ဖြစ်စေနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်များ ဘယ်လိုရွေးလို့ ဝယ်ရမလဲ


အဆိုးအကောင်းရွေးချယ်နည်း
အသီးအရွက်၊အသား၊ဥစတာတွေကိုဝယ်ယူရာမှာလတ်ဆတ်မှု၊နုဖတ်မှု၊အရင့်မှန်မှုတွေကိုသိရှိနားလည်ထား
ဖို့လိုပါတယ်။အချို့အသီးအရွက်တွေကရင့်မှစားလို့ကောင်းပြီးအချို့ကနုမှစားလို့ကောင်းပါတယ်။ဒါကြောင့်
အသီးအရွက်တွေအနုအရင့်ပုံသဏ္ဍာန်တွေကိုရွေးချယ်မှုမှန်ကန်စေရန်ရေးသားတင်ပြပေးလိုက်ပါတယ်။
 

စတော်ဘယ်ရီသီးနှင့် ကျန်းမာရေး

 
 
စတော်ဘယ်ရီသီး နီနီရဲရဲလေးတွေဟာ စားချင်စရာဆွဲဆောင်နေပြီး အရသာလည်း ရှိလှသလို အာဟာရလည်း ပြည့်ဝပါတယ်။ ဒါကြောင့် အခုလို စတော်ဘယ်ရီသီးတွေ ပေါများတဲ့ ရာသီမှာ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ စတော်ဘယ်ရီသီးတွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင်စနစ်တကျ သိမ်းဆည်းနည်းတွေကို ဖော်ပြလိုက်ပါ။

ဗီတာမင်ဓာတ်များ ရဲ့စွမ်းဆောင်မှုနဲ့စားရမဲ့အစားအစာများ


အသားအရေနုပျိုလှပ ကျန်းမာစေရန် အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင် ဓာတ်များနှင့် ပရိုတိန်းများ ပြည့်စုံ ကုံလုံ နေရန် လိုအပ်သည်။ ကိုယ်တွင်းအင်္ဂါများ သန်စွမ်းမှသာ အသားအရေသည်လည်း ဆက်စပ်လျက်ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပေရာ အသားအရေအတွက် သာမက၊ ခန္ဓာကိုယ်အတွက်ပါ လိုအပ်သော ဗီတာမင် ဓာတ်များကို ဖော်ပြလိုက်ရပေသည်။

ရှေးခေတ်မှ ယခုခေတ်ထိပစ်ပယ်မရတဲ့ ဆေးဖက်ဝင် အသီးအရွက်များ



 ကြက်သွန်နီ 
ရှေးထုံးစဉ်လာ အယူအဆအရ ကြက်သွန်နီဟာ ၉၆ ပါးဝေဒနာကို ပျောက်ကင်းစေတယ်ဆိုပြီး နိုင်ငံအနှံ့မှာ အသုံးပြုကြပါတယ်။ အရှေ့အလယ်ပိုင်း တိုင်းရင်းဆေး ဆရာတွေက ကြက်သွန်နီကို ဆီးချိုရောဂါ ကုသရာမှာ အသုံး ပြုကြပါတယ်။ ၂၀ ရာစုနှစ် အစောပိုင်း ကာလတွေ မှာလည်း အမေရိကန်မှ ဆရာဝန် Willian Boericke က ကြက်သွန်နီကို အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေမှာ အသုံးပြုခဲ့ပါတယ်။

မထင်မှတ်ထားသော ကျန်းမာရေးကို အန္တရာယ်ပေးနေသည့် အရာများ



(၁) ဆိုဒီယမ် လော်ရိုင်းဆာလဖိတ် (Sodium Lauryl Sulfate)


ဘာဖြစ်စေသလဲ - ပါးစပ်အနာ
SLS ဟာ သွားတိုက်ဆေးအများစုမှာ သန့်ရှင်းရေးပစ္စည်းအနေနဲ့ ပါဝင်နေပါတယ်။ ဒါပေမယ့် ခံတွင်းထဲက ဘက်တီးရီးယား အလွှာကို ပြောင်းလဲသွားစေပြီး တစ်သျှူး တွေကို မသက်မသာဖြစ်စေကာ ပါးစပ်အနာ ကို ဖြစ်စေနိုင်ပါတယ်။


ပါးစပ်အနာမဖြစ်အောင်
- SLS မပါတဲ့ သွားတိုက်ဆေးကို ပြောင်းသုံးပါ။ ဒါ့အပြင် ခံတွင်းမသက်မသာဖြစ်စေနိုင်တဲ့ နာနတ်သီးလိုမျိုး အက်စစ်ကဲတဲ့အသီးတွေကို လျှော့စားပေးပါ။

ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ

ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့် ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥ၊ ဘဲဥတွေကို အသင့်အတင့် စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်

ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

အမျိုးသမီးများ မှားယွင်းတတ်သော အလေ့အကျင့်များ



၁။ တော်ရုံတန်ရုံဆို ဆရာဝန်ပြစရာ မလိုပါဘူး
အသေးအမွှားခေါင်းကိုက်တာ၊ ဖျားနာတာ လောက်ဟာ သင့်အတွက် ပြဿနာ မဟုတ်ပေမယ့် အချိန်တိုင်း လိုလိုသာ ဖြစ်နေမယ်ဆိုရင်တော့ သင့်နောင်ရေး အတွက် မကောင်းနိုင်ပါဘူး။ ကိုယ်ခန္ဓာ အလေးချိန်ကို အမြဲတိုင်းတာပါ။ သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရော ကို အမြဲတိုင်းတာစစ်ဆေးပါ။ ဖြည့်စွက် အစားအစာနဲ့ လေ့ကျင့်ခန်းကို သင့်နေထိုင်မှုထဲမှာ ထည့်ပေါင်းပါ။ ရင်သားစစ်ဆေးမှု ပုံမှန်ပြုလုပ်ပါ။

၂။ တို့ကတော့ ဒေါက်မြင့်ဖိနပ် စီးနေကျပါပဲ
အချိန်ကြာကြာ ဒေါက်မြင့်သုံးလက်မကနေ ငါးလက်မအထိ မြင့်တာတွေစီးတာကြောင့် တင်ပါးဆုံရိုးနဲ့ နောက်ကျောနာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ကြာရှည်လမ်းလျှောက် ရမယ်ဆိုရင် ဖိနပ်အပါးနဲ့ နှစ်လက်မဒေါက် ဟာ သင့်ကို သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။

ရေသောက်သုံးမှုနည်းသည့်ပြဿနာနှင့် ဆီးချို သွေးချို ရောဂါဖြစ်ပွားမှု ဆက်စပ်လျက်ရှိ





နေ့စဉ် ရေ(၂)ခွက်ထက် နည်းပြီး သောက်သုံးတဲ့ သူတွေဟာ သွေးတွင်းသကြားဓာတ် မြင့်မားဖို့ အလားအလာ ပိုမိုမြင့်မား နိုင်တယ်လို့ သိရပါသည်။ေ သွးတွင်းသကြား ဓာတ်ဟာေ သွးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားလောက်အောင် မမြင့်မားပေမယ့် သာမန်ထက် သွေးတွင်း သကြားဓာတ် ပိုမို မြင့်မားတဲ့သူေ တွ ၊ သွေးချို ၊ ဆီးချိုရောဂါအကြို ဖြစ်ပွားနေသူတွေ ဖြစ်ပါသည်။

Saturday 24 November 2012

ကိုယ့်တောမှာပဲကိုယ်ပျော်တယ်”


“ကိုယ့်တောမှာပဲကိုယ်ပျော်တယ်”
ရေးသူ - မောင်လင်းကြည်)
 
ဘယ်နေရာ ဘာပေါတယ်ပြောပြော
 အမေတော့ ကိုယ့်တောမှာပဲ ကိုယ်ပျော်တယ်။
 
မနက်လင်း
 ယာခင်းထွက်မလား...။
 
ကန်သင်းထက်
 ဟင်းရွက်ခူးမလား...။
 
ကန်သင်းကွေ့
 ထင်းတစ်ပွေ့ကောက်မလား...။
 
ထနောင်းရိပ်
 ချောင်းထိပ်က စေတီကိုဖူးမလား ...။
 
မဂျီး (မန်ကျည်း) ရိပ်
 ပုတီးစိပ်မလား ...။
 
တစ်အိမ်ဝင်တစ်အိမ်ထွက်
 လက်ဖက်ဝါးမလား...
 ထညက် (ထန်းလျက်) စားမလား...။
 
ကွမ်းတစ်ယာနဲ့
 လွမ်းစရာကိုပဲ ပြောမလား...။
 
တေးတစ်လိပ်နဲ့
 ရှေးအတိတ်ကိုပဲ ပြောမလား...။
 
ကိုယ့်တော ကိုယ့်ရွာ
 ဒီအရသာ ဘယ်မှာ ရှာလို့ ရပါ့မလဲ...။
 
ဒါကြောင့်မို့
 ဘယ်နေရာ
 ဘာပေါတယ်ပြောပြော
 အမေတော့.. ကိုယ့်တောမှာပဲ. ကိုယ်ပျော်တယ်..။
 
မောင်လင်းကြည်
photo kyaw kyaw win
ဘယ်နေရာ ဘာပေါတယ်ပြောပြော
အမေတော့ ကိုယ့်တောမှာပဲ ကိုယ်ပျော်တယ်။

မနက်လင်း
ယာခင်းထွက်မလား...။

ကန်သင်းထက်
ဟင်းရွက်ခူးမလား...။

ကန်သင်းကွေ့
ထင်းတစ်ပွေ့ကောက်မလား...။

ထနောင်းရိပ်
ချောင်းထိပ်က စေတီကိုဖူးမလား ...။

မဂျီး (မန်ကျည်း) ရိပ်
ပုတီးစိပ်မလား ...။

တစ်အိမ်ဝင်တစ်အိမ်ထွက်
လက်ဖက်ဝါးမလား...
ထညက် (ထန်းလျက်) စားမလား...။

ကွမ်းတစ်ယာနဲ့
လွမ်းစရာကိုပဲ ပြောမလား...။

တေးတစ်လိပ်နဲ့
ရှေးအတိတ်ကိုပဲ ပြောမလား...။

ကိုယ့်တော ကိုယ့်ရွာ
ဒီအရသာ ဘယ်မှာ ရှာလို့ ရပါ့မလဲ...။

ဒါကြောင့်မို့
ဘယ်နေရာ
ဘာပေါတယ်ပြောပြော
အမေတော့.. ကိုယ့်တောမှာပဲ. ကိုယ်ပျော်တယ်..။

မောင်လင်းကြည်

Credited to Myanmar Arts and Crafts

Wednesday 21 November 2012

မြန်မာဂျာနယ်များ အလကားဖတ်ဖို့ ....






ကျွန်တော် ဂျာနယ်ဖတ်ချင်ရင် တကူးတကလိုက်မရှာရအောင်လို့တင်ထားတာပါဗျာ။ မြန်မာဂျာနယ်တွေ
 တော်တော်များများ ဒေါင်းလုပ် ယူနိုင်ပါတယ်။ တော်တော်လည်းစုံပါတယ်။ ဒီလိုဖြစ်အောင် လုပ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။
မသိသူများလည်း သွားရောက်ကြည့်ရှု ဒေါင်းလုပ်ယူနိုင်ပါတယ်နော်။ လင့်ကတော့ အောက်မှာပါ။

http://www.myanmarjournaldownload.com/

မေမြို့သားလေး




ညီမလေးဈေးကောင်းရပါစေ........


Sorry ပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။

မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ ဈေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။

Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။

အားဆေး.......


“အားဆေး အညိုတောင့်ကြီးတွေ နေ့တိုင်း စားတယ်”
“ရေဆူ အားဆေးပြားကြီး တနေ့ နှစ်လုံး အမြဲစားတယ်လေ”
“ထမင်းစားပြီးတိုင်း အားဆေးပြား နှစ်မျိုး၊ သုံးမျိုးတော့ နေ့တိုင်း စားနေတာပဲ”
“စာအုပ်ထဲမှာပါတဲ့ အားဆေးတွေ ဖတ်ပြီး စားကြည့်နေတယ်”
အဆိုပါ “အားဆေး” ဆိုသည်မှာ အလွန် ရေပန်းစားနေပါသည်။ အရွယ်မရွေး အားဆေးစားသင့်သည်။ အားဆေးစားမှ ကျန်းမာမည်ဟု ယူဆထားလေ့ရှိကြပါသည်။

“ကျွန်တော်တို့ တင်သွင်းတဲ့ အားဆေးဟာ ဗီတာမင်၊ သတ္ထုဓာတ် ဆေးမြစ်တွေ အကုန်လုံး ပါဝင် ဖော်စပ်ထားပါတယ်။ အခု ရောင်းချနေတဲ့ တခြားအားဆေးတွေ နဲ့ နှိုင်းယှဉ်ပြထားပါတယ်။ ကျွန်တော်တို့ ဆေးက အများကြီး သာတယ်ဆိုတာ တွေ့ရပါမယ်။ ဒါကြောင့် ဒီဆေးကို သုံးကြည့်ပါ။ ညွှန်ပေးပါ” စသည်ဖြင့်လည်း ဆေးကုမ္ပဏီ အများအပြားက အလုအယက် ကြော်ငြာအားကောင်းနေသော အချိန်လည်း ဖြစ်ပါသည်။ အရောင်အသွေး စုံလင်စွာဖြင့် ဝယ်ယူသောက်ချင့်စဖွယ် ဆွဲဆောင်အားလည်း အလွန်ကောင်းပါသည်။

Tuesday 20 November 2012

Buddhism Handbook (ဗုဒ္ဓဘာသာလက်စွဲကျမ်း)


                       This E-Book is for all Buddhism's people. If you interested in Buddhism, you can download it.

For download....... Click  Here.


Maymyo Thar Lay

တစ်နေကုန် စွမ်းအင်အပြည့် ရှိနေစေရန် နံနက်ခင်းတွင် လုပ်ဆောင်သင့် သည့် လှည့်ကွက် ခြောက်မျိုး






အိပ်ရာ နိုးထကာစ နံနက်ခင်း အချိန်မှာ အားအင် အပြည့်နဲ့ လန်းလန်း ဆန်းဆန်း အလုပ်လုပ်နိုင် ပေမယ့် ညနေခင်းအချိန်ရောက်တဲ့အခါ ပင်ပန်းနွမ်း နယ်နေသလို ဖြစ်တတ်ပါသလား။ နံနက်ခင်းကနေ ညနေဘက်အထိ တစ်နေ့လုံး စွမ်းအင်အပြည့်ရှိပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွနေစေဖို့ အောက်ပါ နည်းခြောက်မျိုးကို လိုက်နာကြည့်ပါ။

လည်ချောင်းနာခြင်း



လည်ချောင်းနာခြင်းဟာ ကလေးငယ်တွေမှာ အဖြစ်များတတ်ပြီး အချိန်သိပ်ပြီး မကြာဘဲ ပျောက်ကင်းသွားတတ်ပါတယ်။ အချိန် သုံးရက်လောက် ကြာချိန်မှာ သူ့အလိုလို ပျောက်သွားတတ်ကြပေမယ့် ခံရခက်တဲ့ ဝေဒနာတစ်ခုပါပဲ။ လည်ချောင်းနာတာက Streptococci ဘက်တီးရီးယားပိုးကြောင့် အဖြစ်များတတ်ပြီး လည်ချောင်းနာခြင်းနဲ့အတူ ခေါင်းကိုက်တာ နဲ့ ကိုယ်အပူချိန် တက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရောဂါပိုးဝင်ခြင်းကို ပြန်လည်ကုသရမှာ ဖြစ်တဲ့အတွက် ပဋိဇီဝ ပိုးသတ်ဆေးတွေသောက်ဖို့ လိုပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် သဘာဝနည်းလမ်းလေးတွေနဲ့ ကုသနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

အချိုမှုန့်ဆိုတာ ........???




ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာတယ်လီဖုန်းလမ်းညွှန် website

MYANMAR TELEPHONE DIRECTORY
AND OFFICIAL YELLOW PAGE

 
http://www.myanmarteldir.com/



 

Myanmar E Lottery

အွန်လိုင်းကနေ မြန်မာ့အောင်ဘာလေ ထီလက်မှတ်များကို တိုက်နိုင်သော
Myanmar E-lottery ဆိုဒ် သို့ သွားရောက်ကာ သိန်းဆုများကိုစစ်ကြည့်ရအောင်နော်..။

http://www.myanmarelottery.com/ 

ကျောက်ကွင်းအရေးတော်ပုံ

ဒီစာအုပ်ကတော့ လူတိုင်းသိကြမှာပါ ... ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာတို့ အမေးအဖြေ ပြိုင်ပွဲလေးပါ ။
အရမ်းကောင်းတဲ့ စာအုပ်လေးပါပဲ ။ ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်လို့ ညွန်းပါရစေ ။
အပြင်မှာ ၀ယ်ရင် ဘယ်လိုဝယ်ဝယ် ၀ယ်လို့ မရလောက်အောင် ရှားပါးလှတဲ့ စာအုပ်ပါ။ 


လိုချင်သူများ ဒီမှာ ဒေါင်းလုပ်ယူလိုက်ပါ။
ဒါကတော့ နောက်ထပ်လင့်တစ်ခုပါ။ လိုချင်ရင် ဒီမှာ နှိပ်လိုက်ပါ။ 

ဒါကတော့ သခင်မြတ်ဆိုင်ရေးခဲ့ပြီး တရားဝင်ထုတ်ဝေခွင့်မရရခဲ့တဲ့ စာအုပ်ပါ။ ဒီမှာတော့ ပေါ်ကစာအုပ်
လိုမဟုတ်ပဲ အမေးအဖြေတော်တော်များများပါနေပါတယ်။ ဖတ်ချင်သူများ ဒေါင်းလို့ရပါတယ်။ 

လိုချင်ရင် ဒီမှာ နှိပ်လိုက်ပါ။

တွဲဖက်၍ မစားသင့်သော အစာများ

ဆရာဝန်တွေက သဘောတူထားတာတွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ မြန်မာတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။

• ကကတစ် နှင့် ကြာဟင်း

• ကုန်းကျေး နှင့် ပုစွန်
• ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
• ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး (သံပရာသီး)
• ကျွဲခေါင်းသီး နှင့် လက်ဖက်
• ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
• ကုန်းငှက်သား နှင့် ကြက်ဆူဆီ
• ကန်စွန်းမြစ် နှင့် နှမ်းမှုန့်
• ကြာစွယ် နှင့် ဝက်သား

Sunday 18 November 2012

မိန်းကလေးများဖတ်ဖို့ပါ....

ကျွန်တော် အိမ်ထောင်ကျလို့ သမီးလေးမွေးရင် ပေးဖတ်ဖို့ ကြိုတင်စုဆောင်းထားတာပါ။ လိုအပ်မယ်ထင်သူများလည်း လာရောက် Download ယူသွားကြပါ။

လေးစားလျက်

မေမြို့သားလေး



စာအုပ်အမည် = အပျိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း-၁
ရေးသားသူ = ကံချွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ်ယူရန် ဒီကို နှိပ်ပါ။







အိမ်ထောင်သည်ဘ၀တွင်အသုံးဝင်နိုင်မည့် စာအုပ်များ

   အိမ်ထောင်သည်ဘ၀ရောက်လျှင် အသုံးဝင်နိုင်မည့် စာအုပ်များအား စုဆောင်းထားပါသည်။ ကျွန်တော့်စုဆောင်းထားသကဲ့သို့ အသုံးဝင်မည်ထင်သောသူများလည်း လာရောက် Download လုပ်သွားနိုင်ပါသည်။

လေးစားလျက်

မေမြို့သားလေး




စာအုပ်အမည် = ကိုယ်ဝန်ဆောင်မိခင်
ရေးသားသူ = ဒေါက်တာအေးကျော်
ဖိုင်အမျိုးအစား = PDF
ဒီမှာ ဒေါင်းလိုက်ပါ။







ကျွန်တော် မြန်မာတစ်ယောက်ပါ.....




ကျွန်တော် အခုတစ်လောစိတ်ထဲ ရှိနေတာလေးကို ပြောပြချင်ပါတယ်။ ကျွန်တော်ဟာ မြန်မာ တစ်ယောက်ပါ။ မြန်မာဖြစ်ရတာကိုလည်းဘယ်တုန်းကမှမရှက်ခဲ့ပါဘူး။ကိုယ့်ကြောင့် မြန်မာပြည် မြန်မာနိုင်ငံ
သားတွေ အရှက်ရမှာကိုပဲ စိုးရိမ်ပါတယ်။

ဟိုအရင်တုန်းက မြန်မာတွေဟာ ယဉ်ကျေးသိမ်မွေ့တယ်၊ စေတနာကောင်းတယ်၊ သနား စာနာတတ်တယ်၊ ကူညီတတ်ကြတယ်၊စည်းလုံးမှုရှိကြတယ်၊ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုဓလေ့ စရိုက်တွေအပေါ် မြတ်နိုးတန်ဖိုးထားတတ်ကြတယ်။ကိုယ်ပိုင်ယဉ်ကျေးမှုကို လေးလေးစားစား ခုံခုံမင်မင်နဲ့ ထိန်းသိမ်းခဲ့ကြတယ်။ ဒီလို အကျင့်ကောင်းတွေနဲ့ ရှိခဲ့တဲ့မြန်မာတွေပါ။

အခုဆိုရင် မြန်မာပြည်အပြင်မှာတင်မက မြန်မာပြည်တွင်းမှာပါအခုလိုအကျင့်စရိုက်ကောင်း တွေ
လျှာ့ပါးနေတာ တွေ့နေမြင်နေ ကြားနေရပါတယ်။ အခုလိုကျွန်တော်မြန်မာပြည် အပြင်မှာ ရှိနေတုန်း ချိတ်ထမီနဲ့ရင်ဖုံးအကျီကျကျနန၀တ်ပြီး မင်္ဂလာပါလို့မြန်မာလိုနှုတ်ခွန်းဆက်ပြီးပြောဆိုတဲ့မြန်မာ အမျိုးသမီးတွေရှိနေတာတွေ တွေ့ရရင် အရမ်းဝမ်းသာမိပါတယ်။