Thursday 7 March 2013

"ရဟန်းတော်များ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း"


"ရဟန်းတော်များ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း"

(ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ)

မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။
( ကိုမြင့်သိန်း (စင်္ကာပူ))

ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။ (ရယ်သံများ)
ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ဖော်တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်… Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။ ...

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ....

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ....
=====================

- တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံ ပြုတယ်။ ထက်မြက်တဲ့ မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

- တုံးအတဲ့မိန်းမက ယောက်ျားရဲ့ ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တို တယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့ အားသာချက်ကိုပဲ ကြည့်ပြီး အမြဲပျော်ရွှင် တယ်။

- တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန် ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာ မဲ့စေတယ်။ ထက်မြက်တဲ့ မိန်းမက လူတွေကြားမှာ ယောက်ျားကို မျက်နှာသာ ပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲ ပြောတယ်။

- တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင် လုပ်တယ်။ ယောက်ျားကို သိမ်ငယ်စေတာဟာ ကိုယ့်ကို သိမ်ငယ်စေတယ် ဆိုတာကို သူမေ့နေလို့ ဖြစ်တယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထား လေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကို ပိုပေါ်လွင် စေကြောင်း သူနားလည် လို့ ဖြစ်တယ်။

- တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ် တောက်တောက် ပြောတယ်။ ထက်မြက်တဲ့ မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့ အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

- တုံးအတဲ့မိန်းမက ယောက်ျားရဲ့ အမှားကို မလွတ်တမ်း ဆုပ်ကိုင်ပြီး ယောက်ျား အကြောင်း အကုန်သိသူလို့ ကိုယ့်ကိုယ်ကို ထင်တယ်။ ထက်မြက်တဲ့ မိန်းမက ယောက်ျားရဲ့ အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ ကလေးလို့ ဆိုတယ်။

- တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။ ထက်မြက်တဲ့ မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။

- တုံးအတဲ့ မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကို ရောက်လေပါပဲ။ ထက်မြက်တဲ့ မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေး လက်အေး ကိုင်တယ်။

- တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။
ထက်မြက်တဲ့ မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။

- တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။
ထက်မြက်တဲ့ မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။

- တုံးအတဲ့မိန်းမက ချက်ပြုတ် လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။ ထက်မြက်တဲ့ မိန်းမက ချက်ပြုတ် လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။

- တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေ ပေးတယ်။
ထက်မြက်တဲ့ မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကို ပေးတယ်။

- တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကို ကျရှုံးစေတယ်။
ထက်မြက်တဲ့ မိန်းမက သူ့အရယ် အပြုံးကြားမှာ ယောက်ျားကို အောင်မြင် စေတယ်။

မူရင်း---http://www.duwenzhang.com/wenzhang/jingdianwenzhang/yuju/20101221/165373.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



- တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံ ပြုတယ်။ ထက်မြက်တဲ့ မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

- တုံးအတဲ့မိန်းမက ယောက်ျားရဲ့ ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တို တယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့ အားသာချက်ကိုပဲ ကြည့်ပြီး အမြဲပျော်ရွှင် တယ်။