Wednesday 23 January 2013

မြန်မာလုံမငယ်အတွက် ကဗျာ.....

ဒီမယ် လုံမငယ် .....
မင်းနေတာ မြန်မာမှာ 
မင်းမွေးတာ မြန်မာမှာ 
မင်းစားတာ မြန်မာထမင်းပါ ။
မင်း အဖေ ဘာလဲ ။ မင်း အမေဘာလဲ ။

တခြားနိုင်ငံကို အားကျတယ် ။ 
ဓလေ့ကို ကိုးကွယ်တယ်ဆို မြန်မာမှာ မနေပါနဲ့ လား ။

အပေါ် အချွတ်ဝတ်တိုင်း အပျက်မ မဟုတ်ပေမဲ့ ။
မင်းတို့ လုပ်ရပ် အပျက်မထက် ဆိုးနေပါလား 

ရှေ့လေးကို ဖုံး ။ ခေါင်းလေး လုံယုံနဲ့ 
တော်တော် ဖုံးဖုံး ဖိဖိ ဖြစ်နေပြီလို့ 
မင်းထင်လေသလား ။
လုံမငယ် .....

ဟုတ်ပါတယ် ။ မင်း ခန္ဓာ မင်းပြနေတာပါ ။ 
မင်း အတွက် ရှက်စရာမဟုတ်ဘူး ။ 
ဒါပေမဲ့ မြင်တဲ့ သူ ။ မြန်မာ အမျိုးသားတိုင်း 
ရှက်တယ်ကွ ။
ကိုယ့်တန်ဖိုးကို ကိုယ်မသိမှတော့ ။မင်းဟာ ဘယ်တော့မှ 
တန်ဖိုး ကြီးတဲ့ အမျိုးသမီး ဖြစ်မလာနိုင်ဘူး ။
ဒါ့ကြောင့် တန်ဖိုး မရှိတဲ့ မိန်းမ င့ါတို့ လူမျိုး ဖြစ်လေပါလား ဆိုပြီး ။
ငါတို့ မြန်မာ အမျိုးသားတွေ ရှက်တယ် ။

ဒါမျိုး ၀တ်ချင် ။ ဒါမျိုး ပြချင် ။ ကျေးဇူးပြုပြီး မြန်မာမှာ မနေပါနဲ့လား  ။
တောင်းဆိုတာပါ ။ တို့ မြန်မာ မိန်းကလေးတွေ အားလုံး အရှက်ရစေတယ် ။
နောင်လာ နောက်သား ကလေးတွေလည်း လမ်းမှားစေတယ် ။

ဒီလို လုပ်ရပ်တွေကို လက်ခံနိုင်တဲ့ အသိုင်းအ၀ိုင်းကိုလည်း အံသြ မိပါတယ် ။
ဒါကိုပိတ်ပင်ရင် ခင်ဗျားတို့ နောက် ၁ ခါ မကြည့်ရမှာစိုးလေသလား ။
ခင်ဗျားတို့ သားသမီး ဆိုရင်ရော ခင်ဗျားတို့ လက်ခံပြီး ဒီအတိုင်း ကြည့်နေမှာလား ။
သားသမီးချင်း ကိုယ်ချင်းစားပြီး ကိုယ့်နိုင်ငံ ယဉ်ကျေးမူ့ ကိုထိန်းသိမ်းပေးပါ ။

လုံမငယ်များလည်း ရှက်တက်ပါစေ ။ 
ခိုးစား ၀ှက်စားမှ အရှက်ရတာမဟုတ်ဘူး ။
ရှိတာကို ထုတ်ကြွားရင်လည်း ငကြွား နာမည်ရပြီး အရှက်ကွဲတက်ပါတယ် 
လုံမငယ် ..... ။

အပျက်မ ဆိုတာ ခန္ဓာ ရောင်းစားမှ အပျက်မ မဟုတ်ဘူး ။ 
တိုင်းပြည်ဖျက်ရင်လည်း အပျက်မပဲ ။ 
ယဉ်ကျေးမူ့ ဖျက်လည်း အပျက်မပဲ ။
ကုန်ကုန်ပြောမယ် ။ 
ကိုယ့်တန်ဖိုးကို ဖျက်နေလည်း ....
ဒါဟာ အပျက်မပဲ ။
လုံမငယ် ..... ။

အမှန်တရားဆိုတာ နားခါးပါတယ် ။
ဆေးစွမ်းကောင်းဆိုတာ အမြဲ ခါးသက် ပါတယ် ။

မင်းတို့ ပျက်စီးနေသော အပျက်မသို့ ။
အမှန်တရား ဆေးခါး ၁ ခွက် .....
သားသမီးချင်း ကိုယ်ချင်းစာပြီး ၊ နှမကဲ့သို့ တန်ဖိုးထားလို့ ငါတိုက်လိုက်တယ် ..... ။
စေတနာ နားမလည်လို့ ငါ့ ကို အမုန်းပွါးပါ ။ 
ဒါပေမဲ့ ဒီဆေးခါးကိုတော့ ကုန်အောင်သောက်ပြီး ။ ကိုယ့်တန်ဖိုးကို ကိုယ်ပြန်မြှင့်နိုင်ပါစေ ..... ။

စစ်ကြီး

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။