Sunday 3 February 2013

ကျူးကျော်စစ်နှင့် ကလေးငယ်များ”

“ကျူးကျော်စစ်နှင့် ကလေးငယ်များ”

ပွင့်ဦးပွင့်စ ၊ လူ့ဘ၀ကို
စစ်ညမှောက်မိုက် ၊ လေးပြင်းရိုက်လျက်
သီးကင်းဖြိုက်ဖြိုက်ချွေခဲ့ပြီ။
ကျူးကျော်သူများ ၊ သေနတ်ဖျား၌
သွေးများလူးကာ ၊ စစ်သွေးဆာစဉ်
ပြစ်မြူစင်ကြယ် ၊ လူမမယ်တို့
လမ်းလယ်ပြေးလွှား ၊ ဆော့ကစားခိုက်
ဝါးပင်အနီး ၊ သူရဲစီးလျက်
ကျည်မီးဝင်းဝင်း ပွင့်သတည်း။

ညီငယ်လေးကို
ပိုက်ထွေးလက်ယှက် ၊ အတင်းဖက်၍
ကျည်ချက်မှာကွယ် ၊ အကိုငယ်လည်း
လမ်းလယ်၌ပင် ၊ သေပွဲဝင်၏။

ကျူးကျော်စစ်ကား
မျိုးသစ်မျိုးဆက် ၊ ညွှန့်မထွက်အောင်
ရက်ရက်စက်စက် ချေမှုန်း၏။
ကလေးသူငယ် ၊ လူမမယ်ဟု
လူ့နွယ်မျိုးဆက် ၊ သွေးစက်စက်ကား
ဖျက်တိုင်းမပြုန်း ၊ မှုန်းတိုင်းမကြွေ
တဝေေ၀နှင့်
တက်နေခြည်မှာ လန်းမည်တကား။   ။

တင်မိုး
ရှုဒေါင့်ဂျာနယ်
(၁၉-၅-၇၀)
ပန်းချီ maungmaungtinn


ပွင့်ဦးပွင့်စ ၊ လူ့ဘ၀ကို
စစ်ညမှောက်မိုက် ၊ လေးပြင်းရိုက်လျက်
သီးကင်းဖြိုက်ဖြိုက်ချွေခဲ့ပြီ။
ကျူးကျော်သူများ ၊ သေနတ်ဖျား၌
သွေးများလူးကာ ၊ စစ်သွေးဆာစဉ်
ပြစ်မြူစင်ကြယ် ၊ လူမမယ်တို့
လမ်းလယ်ပြေးလွှား ၊ ဆော့ကစားခိုက်
ဝါးပင်အနီး ၊ သူရဲစီးလျက်
ကျည်မီးဝင်းဝင်း ပွင့်သတည်း။

ညီငယ်လေးကို
ပိုက်ထွေးလက်ယှက် ၊ အတင်းဖက်၍
ကျည်ချက်မှာကွယ် ၊ အကိုငယ်လည်း
လမ်းလယ်၌ပင် ၊ သေပွဲဝင်၏။

ကျူးကျော်စစ်ကား
မျိုးသစ်မျိုးဆက် ၊ ညွှန့်မထွက်အောင်
ရက်ရက်စက်စက် ချေမှုန်း၏။
ကလေးသူငယ် ၊ လူမမယ်ဟု
လူ့နွယ်မျိုးဆက် ၊ သွေးစက်စက်ကား
ဖျက်တိုင်းမပြုန်း ၊ မှုန်းတိုင်းမကြွေ
တဝေေ၀နှင့်
တက်နေခြည်မှာ လန်းမည်တကား။ ။

တင်မိုး
ရှုဒေါင့်ဂျာနယ်
(၁၉-၅-၇၀)
ပန်းချီ 
maungmaungtinn

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။