Tuesday 23 October 2012

ဒို့မြန်မာ အမျိုးသမီးများ သတိထားစေချင်

ကျွန်တော့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်နှမ..... များ


အခု တလော online ပေါ်မှာ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မဖြစ်သင့်တာတွေ မလုပ်သင့် တာတွေ အများကြီးတွေ့ လာရတဲ့ အတွက် အမျိုးသမီးများ သတိထားဖို့ ရန် ဆော်သြချင်ပါတယ်
ဘာပဲ လုပ်လုပ်သတိထားစေချင်ပါတယ်၊ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာ အခုမှပဲ ရေးဖြစ်လိုက်ပါတယ်

(၁) ဈေးဝယ်ထွက်ခြင်း
Shopping ထွက်တဲ့ အခါ Shopping Centre မှာ ရှိတဲ့ အဝတ်လဲ ခန်းတွေမှာ အဝတ် စမ်းဝတ်တဲ့ အခါ သတိထားစေချင်တယ်၊ အဝတ်တွေ ချွတ်ပြီး လဲတဲ့ အခါ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၂) အိမ်သာသွားခြင်း
အများသုံးအိမ်သာ( ဘယ်အိမ်သာပဲ ဖြစ်ဖြစ်) တွေမှာ အညစ်အကြေး (အပေါ့အလေး) စွန့် တဲ့ အခါ သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ


(၃) ရေချိုးခြင်း
ဘယ်မှာပဲ ရေချိုးချိုး (မိမိအိမ်၊ သူငယ်ချင်းအိမ်၊........) ရေချိုးတဲ့အခါ သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ၊ ရေချိုးတဲ့ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၄) ခရီးသွားခြင်း
ဘယ်ကိုပဲ ခရီးသွားသွား၊ ညဖက်ဖြစ်စေ၊ နေ့ဖက်ဖြစ်စေ၊ Bus ပဲစီးစီး သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ဖြစ်ပျက်နေတဲ့ ဓာတ်ပုံတွေ၊ ကားစီးရင်း အိပ်ပျော်နေတဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၅) ဓာတ်ပုံ ရိုက်ခြင်း
သူငယ်ချင်းနဲ့ဖြစ်ဖြစ်၊ ဓာတ်ပုံ ဆရာတွေနဲ့ ပဲဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် ဓာတ်ပုံတွေ ရိုက်တဲ့ အခါ သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ဖြစ်ပျက်နေတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၆) အပျော်ခရီးသွားခြင်း
မိသားစုနဲ့ ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေနဲ့ပဲဖြစ်ဖြစ် အပျော်ခရီးသွားတဲ့အခါ သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ချောင်းမြောင်းရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၇) ဓာတ်ပုံများကူးခြင်း
မိမိဘာသာ အပျော်ရိုက်တဲ့ ဓာတ်ပုံတွေ ဆိုင်မှာ သွားကူးတဲ့အခါ သတိထားကြပါ၊ တချို့သော ဓာတ်ပုံဆိုင်မှာ အလှပုံ တွေ online ပေါ်ကို photoshop နဲ့ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၈) သမီးရည်းစားများချိန်းတွေ့ခြင်း
အချို့သော သမီးရည်းစားများ ချိန်းတွေ တဲ့ အခါ အမျိုးမျိုးနေကြထိုင်ကြတဲ့ပုံတွေ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ချောင်းမြောင်းရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၉) မိမိဘာသာ တစ်ယောက်ထဲ ပုံစံ အမျိုးမျိုးဓာတ်ပုံ ရိုက်ခြင်း
မိမိဘာသာ ပုံစံ အမျိုးမျိုးနဲ့ တစ်ယောက်ထဲ ဓာတ်ပုံရိုက်ထားတဲ့ ပုံတွေ online ပေါ်ကို ရောက်နေကြတယ် ဘာကြောင့်ပဲဖြစ်ဖြစ် မိမိဘာသာ ရိုက်ထားတဲ့ ပျော်ရိုက်တဲ့ပုံတွေကို သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၁၀) Online မှာ ချိန်းတွေ့ခြင်း
Online ပေါ်မှာ မိမိချစ်သူနဲ့ဖြစ်စေ၊ လင်ယောက်ျားနဲ့ဖြစ်စေ... အမျိုးမျိုးသော အမျိုးမျိုးနေကြထိုင်ကြတဲ့ပုံတွေ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ချောင်းမြောင်းရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၁၁) အဝတ်အစားများဝတ်ဆင်ခြင်း
အဝတ်အစားများဝတ်ဆင်ရာတွင်လည်း သတိထားစေချင်ပါတယ်။ မပေါ်တပေါ် မလုံ့တလုံ အဝတ်တွေ ဝတ်တဲ့အခါ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ချောင်းမြောင်းရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၁၂) အင်တာနက်သုံးတဲ့အခါ
အခုနောက်ဆုံးပေါ်အင်တာနက်ဆော့ဝဲလ်တွေထွက်နေပါတယ်၊ ကွန်ပြူတာ မှာ မိမိဘာပဲလုပ်လုပ် အချိန်နဲ့အမျှ snapshoot နဲ့ Auto ဓာတ်ပုံတွေ ရိုက်ပေးနေတာတွေ လုပ်လို့ရနေပါပြီ၊ အသက် ၁၈ နှစ် အထက်မှ ကြည့်လို့ရမယ် မြန်မာ ဟိုလိုင်းတွေလည်း တနေ့တခြား များလာနေပါပြီ၊ သတိထားကြပါ ဒို့မြန်မာအမျိုးသမီးများ


............................

အများကြီးတော့ ရေးပေးချင်ပါတယ်
အဓိက ကတော့ ကျွန်တော်တို့ မြန်မာ အမျိုးသမီးတွေ သွားတာ လာတာ ဆင်ခြင်ကြစေချင်ပါတယ်
အခု တလော မသမာသူတွေက ပိုပြီး အကွက်စိတ်လာပါတယ်
ဘယ်လိုရိုက်ရမလဲ ဘယ်မှာ ရိုက်ရင်ရမလဲ .....
Shopping Centre က ဆိုင်တွေကိုလည်း သိပ်မယုံ ပါနဲ့
တချို့က အခကြေးငွေယူပြီး ရိုက်ဖို့ ခွင့်ပြုတဲ့ ဆိုင်တောင်ရှိပါတယ်

ကျွန်တော်က online ကနေပဲ သိရတာပါ
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒါထက်ပိုပြီး ဘယ်လောက်တောင်ဖြစ်ပျက်နေကြပြီလဲ
သူများနိုင်ငံနဲ့ ယှဉ်ပြီးပြောရင်တော့ ဒါက မရိုးပါဘူးလို့ထင်ကောင်းထင်ပါမယ်
ဒါပေမယ့် ရေခံမြေခံ မတူဘူးလေ

ခေတ်မှီတယ်လို့ပဲ ပြောချင်ပြောပါ ဒါပေမယ့် ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာကြည့်ရင်တော့ သိကြမှာပါ
ကျွန်တော်ရဲ့ မောင်နှမ၊ သူငယ်ချင်း၊ ဆရာ၊ တပည့်၊ ...... တွေကို ကိုယ်ချင်းစာပြီး ဒီစာကို ရေးဖြစ်တာပါ
ဒီစာရေးရင်းနဲ့တောင် အရမ်းခံစားရပါတယ် သူငယ်ချင်းတို့ရယ်--------


မေမြို့သားလေး

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။