Sunday 28 October 2012

ချစ်သူနဲ့ အမြဲအဆင်ပြေနိုင်ဖို့သိသင့်တဲ့ အချက်များ

၁. အကယ်၍ သင်ဟာ သင့်ချစ်သူကို တကယ်ချစ်မိပြီဆိုရင် အရာရာကို ပေးဆပ်ရပါတော့မယ်..
ဒါပေမယ့်ကိုယ်ဟာမိန်းကလေးဆိုရင်ချစ်သူတောင်းဆိုတိုင်းမလိုက်လျေ
ာ့သင့်ပါဘူးယောက်ျားလေးတယောက်ဆိုရင်လည်း ချစ်သူကို တကယ်ချစ်ရင်ရမ္မက်ပါတာမျိုးကိုမတောင်းဆိုသင့်ပါဘူး.။ကိုယ့်ချစ်သူကိုတန်ဖိုးထားသင့်ပါတယ်..။
မိန်းကလေးတွေဘက်ကလည်း ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူကမှတန်ဖိုးမထားတော့ဘူးဆိုတာ သဘောပေါက်ထားပါ..။

၂. အကယ်၍ သင်ဟာ ချစ်သူကို စိတ်ဆိုးစေမယ့်အရာတစ်ခုခုကို လုပ်မိတယ်ဆိုရင် ချစ်သူ စိတ်ဆိုးပြေတဲ့အထိ ရှင်းပြပါ.. ဖြေရှင်းချက်ပေးပါ... ။ တစ်နေ့နေ့ နားလည်လာပါလိမ့်မယ် တကယ်ချစ်ရင် ခွင့်လွှတ်မှာပေါ့ဆိုတဲ့ ရူးကြောင်ကြောင် အတွေးမျိုးတွေကို ဖျောက်ဖျက်ထားပါ...


၃. ကိုယ့်ချစ်သူက မှားကြောင်းဝန်ခံပြီး ဖြေရှင်းချက်ပေးတာက အကျိုးအကြောင်းသင့်လျော်ရင် ခွင့်လွှတ်ပေးလိုက်ပါ.. တစ်ခုတော့ ရှိပါတယ် သစ္စာမရှိတဲ့ လုပ်ရပ်ဆိုရင်တော့ ပြန်စဉ်းစားလိုက်ပါတော့.....။

၎. သင်ဟာ သင့်ချစ်သူကို စိတ်ဆိုးခဲ့ပြီဆိုရင်လည်း သူ ဘာ့ကြောင့် ဒီလိုဖြစ်တယ်.. သူ့ကို ဘာကြောင့် စိတ်ဆိုးတယ်ဆိုတာကို ပြောပြပါ... သူက အကြားအမြင်ရနေတဲ့ လူတစ်ယောက်မဟုတ်သလို သင့်စိတ်ထဲကိုလည်း သူအကုန် ၀င်ကြည့်လို့ မရပါဘူး သင်မှ မပြောရင် သူမသိနိုင်ပါဘူး ..

၅. စိတ်ဆိုးလို့ ဖုန်းမကိုင်တာ အဆက်အသွယ် မလုပ်တာမျိုးတွေကို ရှောင်ပါ.. သူ့ဖြေရှင်းချက်ကို ဆုံးအောင်နားထောင်ပြီးမှ ဆုံးဖြတ်ပါ.. တစ်ခဏ အတွေးတိမ်ခြင်းဟာ ဘ၀တစ်ခုလုံး အတွက် နောင်တရစရာဖြစ်နိုင်လို့ပါ.

၆. ချစ်သူကို စိတ်ချမ်းသာအောင်ထားပါ။ သင့်ကြောင့် စိတ်ဆင်းရဲ စေမယ်ဆိုရင် ကြာရင် စိတ်ကုန်သွားပြီး နောက်ထပ် အသစ်ရှာသွားနိုင်လို့ပါပဲ..။စိတ်ချမ်းသာအောင်ဆိုတဲ့နေရာမှာလည်း သူ့နေရာနဲ့ သူ့အတိုင်းကို ဆိုလိုခြင်းဖြစ်ပါတယ်..။

၇.ချစ်သူအချင်းချင်းကိုယ့်ဘက်ကမှားတာရှိရင် တောင်းပန်ဖို့ဝန်မလေးပါနဲ့..။မိန်းကလေးမို့ ယောက်ျားလေးကပဲ ချော့ရမယ်ဆိုပြီး မတောင်းပန်တာမျိုးကိုရှောင်ပါ...။ယောက်ျားလေးမို့သိက္ခာကျတယ်ဆိုပြီးမတောင်းပန်တာမျိုးမလုပ်မိပါစေနဲ့..။ ချစ်သူတွေမှာ ကိုယ်နာတာ သူသာတာမရှိပါဘူး ..

၈. ဆွယ်တော်ရွက်လိုသဘောထားနိုင်ပါစေ...။၂လွှာပေါင်းမှ တရွက်ဆွယ်တော်ရွက်လိုပဲ ချစ်သူ၂နှစ်ကလည်း ၂ယောက်ပေါင်းမှ တစ်ဘ၀ဆိုတာ အမြဲသတိရနေပါ.။ စိတ်ညစ်စရာကအစ ပျော်စရာအဆုံး ဖွင့်ဟနိုင်အောင်လုပ်ပါ. မိသားစု အရေးက အစ နှစ်ဖက် ပွင့်ပွင့်လင်းလင်း ပြောပါ.. ဘာလို့လဲဆိုတော့ တစ်နေ့ဒီလူနှစ်ယောက်ပဲ တစ်သက်လုံးပေါင်းဖက်မှာ မို့လို့ပါပဲ..။ရှက်စရာမဟုတ်သလို သရော်လှောင်ပြောင်ရမယ့် ကိစ္စလည်း မဟုတ်ပါဘူး .။

၉. ရိုးသားပွင့်လင်းကြပါ..။တစ်ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်မထားပါနဲ့..။အခု မသိလည်း နောင်သိမယ့် ကိစ္စတွေပဲဆိုတာ သတိရပါ...။

၁၀. စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ ကိစ္စမှန်သမျှကို ရှင်းပါ.. ။ အခုရှုပ်မှ နောင်ရှင်းမည်ဖြစ်သည်..( အခုရှင်းမှ နောင်မရှုပ်မည်... :P )
မသိချင်ယောင်ဆောင်မနေပါနဲ့.။

ရင်ထဲကအလုံးတွေများလာရင်တစ်ချိန်ချိန်မှာအစုလိုက်အပုံလိုက်ပေါက်ကွဲထွက်ပြီးတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်စရာတွေ ဖြစ်လာပါလိမ့်မယ်.. ။ တစ်ခုကို တစ်ခု ဖြစ်ဖြစ်ချင်းရှင်းတတ်ကြပါစေ.....

၁၁. ကိုယ့်ရဲ့ ချစ်သူရည်းစားမှာ ယောက်ျားလေး သူငယ်ချင်း မိန်းကလေးသူငယ်ချင်းဆိုတာ အနည်းနဲ့ အများရှိမှာပဲလေ.. ချစ်သူကို ယုံကြည်တယ်ဆိုရင် သိပ်မချုပ်ချယ်ပါနဲ့.။ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ရဲ့ သစ္စာတရားကို အထင်မလွဲမိပါစေနဲ့..။ပညာရှိနည်းသုံးပြီး သူ့သူငယ်ချင်းအားလုံးကို ကိုယ်နဲ့ ခင်အောင်ပေါင်းထားပေါ့..။ သူ့အကြောင်းတောင် စုံစမ်းလို့ရသေး :P

၁၂. မိမိကိုယ်တိုင်လည်း သစ္စာရှိပါစေ.. ။ ချစ်သူက ဘယ်လောက်ပဲ သစ္စာရှိနေပါစေ..။ ကိုယ်က ရှုပ်နေခဲ့မယ်ဆိုရင် အဲ့လိုအချစ်မျိုးက ကြာကြာခံမယ် မထင်ပါနဲ့..။ မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ ကျန်တဲ့ချစ်သူတွေက အလကားပါလို့ ပြောတိုင်း မယုံမိပါစေနဲ့..။ ပါးစပ်ပါရင် စကားဆိုတာဖြစ်မှာပါ..။ကိုယ်တိုင်သစ္စာရှိမှ ချစ်သူက သစ္စာရှိနိုင်မယ်ဆိုတာ အမြဲတွေးထားပါ..။

၁၃. ကြားစကားများကို တတ်နိုင်သလောက်မယုံမိအောင်ကြိုးစားပါ..။ ပတ်ဝန်းကျင်ဆိုတာ လိုတဲ့လူတွေ ရှိသလို မလိုတဲ့လူတွေ မနာလိုတဲ့လူတွေဆိုတာကလည်း ရိုက်သတ်လို့ ကုန်မယ်မထင်ပါဘူး.။ ဒီတော့ ကိုယ်ကိုကိုယ် ချင့်ချိန် စဉ်းစားပြီးမှ ယုံပေါ့...။ မျက်စိနဲ့ တပ်အပ်မြင်တာမျိုးဖြစ်ဖြစ် သက်သေ အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်တာမျိုးပဲဖြစ်ဖြစ် ကိုယ်တကယ် ကိုယ့်အပေါ်ကောင်းစေချင်တဲ့ လူမျိုးက ပြောမှ ယုံသင့်ပါတယ်..။ ကြားလေသွေးလို့ ဝေးသွားရတာမျိုးမဖြစ်စေရအောင် ကိုယ့်ဦးနှောက်နဲ့သေချာစဉ်းစားပြီး ယုံသင့်ပါတယ်.။

၁၄. နားလည်မှုရှိတတ်ကြပါစေ..။ချစ်သူတွေကြားမှာ အရေးကြီးဆုံး က နားလည်မှုပါပဲ..။ နားလည်မှုနဲ့ အရာရာကို တည်ဆောင်နိုင်လို့ပါပဲ။ ကိုယ့်ချစ်သူကို အချစ်စစ်နဲ့ချစ်တယ်ဆိုရင် နားလည်မှု တတ်နိုင်သလောက်ပေးပြီး အစစ အရာရာ အတွက် ညှိနှိုင်းဖြေရှင်းနိုင်ကြပါတယ်..။

၁၅. အကောင်းမြင်တတ်ပါစေ။ ကိုယ်က ချစ်နေတဲ့လူဆိုရင် ကိုယ့်ချစ်သူ ဘာပဲ လုပ်လုပ် ကောင်းတယ်လို့ ဖြစ်တတ်ကြတာသဘာဝ ပါပဲ..။ချစ်သူရဲ့ အပြုအမူတိုင်းဟာ ကိုယ့်အတွက် ချစ်ဖို့ကောင်းပြီး လုပ်သမျှ အကောင်းမြင်လို့ရနေရင် သေချာပါပြီ ကိုယ်ဟာ သူ့အပေါ်အကောင်းမြင်ဝါဒီစွဲ တစ်ယောက်ဖြစ်ခြင်းမသိဖြစ်နေပါပြီ..။

၁၆. ကိုယ့်ချစ်သူနဲ့ပတ်သတ်ပြီး အရာရာ အလေးအနက်ထားတတ်ပါစေ..။သင်ဟာ ယောက်ျားလေး ဖြစ်စေ မိန်းကလေးဖြစ်စေ သင့်ချစ်သူနဲ့ ပတ်သတ်တဲ့ အရာတိုင်းကို အလေးအနက်ထားပါ..။
ဥပမာ- ချစ်သူရဲ့ မွေးနေ့ ၊ အမှတ်တရ ရက်စွဲများ ၊ နှစ်ပတ်လည်များကို တတ်နိုင်သလောက် မမေ့ပါစေနဲ့..။ ချစ်သူရဲ့ အလေးအနက်ထားတတ်ခြင်းက ချစ်ခံရသူရဲ့ စိတ်ကို 90% လောက်အထိ အချစ်တွေ တိုးတက်လာစေပါတယ်..


အားလုံး ချစ်ရသူနဲ့ အဆင်ပြေပြီး ထာဝရ လက်တွဲသွားနိုင်ကြပါစေ...။

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။