Saturday 15 December 2012

Model တွေလို သင့်ပေါင်တံကို ကျစ်လျစ်သွယ်လျ လှပသွားစေချင်တဲ့ ကိုကို မမ တွေ အတွက် နည်းလမ်းကောင်းလေးပါ။


  အခုစာဖတ်တဲ့သူတွေထဲမှာ Model လေးတွေ ဖြစ်ချင်တဲ့ မိန်းကလေးတွေ ယောကျာ်းလေးတွေ အနည်းငယ်လောက်တော့ ပါကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။တကယ်တော့ Model ဆိုတာက ခန္ဓာကိုယ် အချိုးအစားဟာ အလွန် အင်မတန် ပြေပြစ်ပြီး အပြစ်ပြောစရာ မရှိအောင် လှပလွန်း ကြည့်ကောင်းလွန်းတဲ့ သူတွေကို Model လို့သိထားကြတာလေ မဟုတ်ဘူးလားဗျ။ Model ခန္ဓာကိုယ် အချိုးအစားဖြစ်စေမဲ့ ကဏ္ဍထဲမှာ အရေးကြီးဆုံးတစ်ခု အပါအ၀င်ဖြစ်တဲ့ ကျစ်လျစ်သွယ်လျပြီး လှပတဲ့ ပေါင်တံလေးတွေ ဖြစ်စေချင်တဲ့ Model ကိုကို မမ တွေအတွက် အဲ့ဒီလို ဖြစ်အောင် ဘယ်လိုနည်းတွေနဲ့ ပြုလုပ်ရမယ် ဆိုတာကို ကျွန်တော် ပြောပြပါ့မယ်ဗျာ။
ပေါင်အဆီတွေ လျော့ကျပြီး သွယ်လျလှပစေဖို့ ကျွမ်းကျင်သူတွေက အောက်ပါအိမ်တွင်းနည်းတွေကို သုံးဖို့ အကြံပြုထားပါတယ်။



(၁) Firming Cream လိမ်းပါ
ပေါင်တံ ကျစ်လျစ်ကာ တင်းရင်းလှပသွားစေမယ့် Firming ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ Firming ခရင်မ်ကို ရွေးချယ်ရာမှာ ကဖင်းဓာတ်နဲ့ Hyaluronic acid တို့ ပါဝင်တဲ့ အမျိုးအစားဟာ ပေါင်က အဆီပိုတွေကို ရှစ်နာရီကျော်ကြာတဲ့အထိ ဖုံးကွယ်ထားနိုင်ပါတယ်လို့ နယူးယောက်ခ် တက္ကသိုလ်က ပါမောက္ခဒေးက ရှင်းပြပါတယ်။

(၂) ပေါင်တံကို နှိပ်နယ်ပေးပါ
ပေါင်တံကို နှိပ်နယ်ပေးတာကြောင့်အရေပြားတွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး
 ချောမွတ်တင်းရင်းတဲ့ ပေါင်တံအလှကို ရရှိစေပါတယ်။ နှိပ်ရမယ့်နည်းက အရင်ဆုံး ပေါင်အတွင်း သားနေရာကို လက်ဖဝါးနဲ့ ခပ်ဖွဖွရိုက်ပေးပါ။ ပြီးရင် လက်ချောင်းတွေကို ရှေ့ကို တန်းတန်းဆန့်ပြီး ခန္ဓာကိုယ်ကို သုံးပြီး စက်ဝိုင်းပုံအတိုင်း လှည့်လည်ဖိနှိပ်ပေးပါ။

(၃) ဆောင့်ကြောင့်ထိုင်ပါ
ပေါင်ကြွက်သားတွေကို သန်စွမ်းအောင် လေ့ကျင့်လေလေ၊ အဆီတွေက လျော့ကျလေလေ ဖြစ်တတ်ပါတယ်” လို့ နစ်ကိုးကဒ်မင်းရဲ့ နည်းပြစတုန်းက ရှင်းပြပါတယ်။ ပုံမှာ ဖော်ပြထားတဲ့အတိုင်း ဆောင့်ကြောင့်ထိုင်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးတာကြောင့် ပေါင်တံကျစ်လျစ် သွယ်လျစေပါတယ်။ ခြေထောက်ကို ပခုံးအကျယ်အတိုင်း ချဲထားပြီး မတ်တပ်ရပ်ကာ တင်ပါးကို နောက်ပစ်ရင်း ဒူးကွေး ထိုင်ချပါ။ တစ်နေ့ ၁၅ ကြိမ်လောက်နဲ့ တစ်ပတ်မှာ သုံးရက်လောက် လေ့ကျင့်ပေးပါ။
ကဲ.....ဒီလောက်ဆိုရင်  Model ဖြစ်ချင်ကြတဲ့ သူ တွေ အတွက် ဒီ ကျန်းမာရေး ဗဟုသုတလေးက တစ်ဖက်တလမ်းကနေ ကူညီပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို www.yatanarpon.com.mm ရဲ့ ကျန်းမာရေး ကဏ္ဍ ကနေ ကူးယူဖော်ပြတာပါဗျာ။
လေးစားလျက်......!

မေမြို့သားလေး

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။