Thursday 27 December 2012

Naphtalene ဓာတ်ပါသည့် ပရုတ်လုံး ...

Photo: Naphtalene ဓာတ်ပါသည့် ပရုတ်လုံး ...

အိမ်တိုင်းလိုလို ပရုတ်လုံး ကို သုံးဖူးကြမှာပါ ။ ပရုတ်လုံးသည် အခဲအဖြစ်မှ ငွေ့ အဖြစ်သို့ ပြောင်းကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားပါတယ် ။ ပရုတ်လုံးမှ ထွက်သော အနံ့ သည် ပိုးဟပ်နှင့် တခြား အဝတ်ထည် များကို ကိုက်တက်သော ပိုးကောင် များကို မောင်ထုတ်နိုင် စွမ်း ရှိပါတယ် ။

အိမ်များတွင် အဝတ်ဘီဒို ၊  သေတ္တာများနှင့် ဟိုချောင် သည်ချောင် များတွင် ပရုတ်လုံး ကို သုံးစွဲလေ့ရှိပါတယ် ။

ကိုယ်တိုင် လုံးပါးပါး၍ ပျောက်ကွယ်သွားတက်သော ပရုတ်လုံးဟာ အနံ့ ရှူ မိသူကိုလည်း တဖြည်းဖြည်း ထိခိုက်စေပါတယ် ။
ပရုတ်လုံးမှ ထွက်သော အနံ့ များတွင် ပါရာဒီခလို ရိုဘန်းဇင်း ဓာတ် (paradichlorobenzene) များပါဝင်ပြီ ယင်းဓာတ် သည် တိရစ္ဆာန်များတွင် ကင်ဆာဖြစ်စေပြီး လူသားများအတွက် အန္တရာယ် မကင်းဘူးလို ယေဘုယျ တွက်ဆထားပါတယ် ။

တချို့  ပရုတ်လုံး အနံ့ များတွင် Naphtalene ဓာတ်များတွေ့ ရပြီ ယင်းဓာတ် ကြာမြင့်စွာ ရှူ မိလျှင် သွေးနီဥများ ပျက်စီးတက်ပါတယ် ။

မည်သည့် ပရုတ်လုံးမဆို ပရုတ်လုံးမှ ထွက်သော ဓာတုပစ္စည်း များသည် လူသားတို့ အတွက် ပျို့ အန်ခြင်း ၊ ဝမ်းပျက်ခြင်းများဖြစ်တက်သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က ကြော်ငြာချက် ထုတ်ပြီးသာ ဖြစ်ပါတယ် ။

ဒါကြောင့် ကမ္ဘာ့ ဈေးကွက်မှာ ပရုတ်လုံးကို ဈေးကွက်တင်သည့်အခါ အထုတ်တိုင်းတွင် “ အငွေ့ များကို ရှူရှိုက် ခြင်းမှ ရှောင်ကျဉ် ပါ “ ဟူသော စာသာကို ရိုက်နှိပ်ဖော်ပြထားသည်ကို တွေ့ ရပါတယ် ။

သို့ ဖြစ်ပါ၍ ကျနော် မိတ်ဆွေ သူငယ်ချင်းများ ပရုတ်လုံးကို မသုံးမဖြစ် သုံးမည်ဆိုပါက ပရုတ်လုံးထည့်ထားသော အဝတ်ဘီဒို ၊ သတ္တော များကို အလုံပိတ်ထားသင့်ပါတယ် ။ ပရုတ်လုံး အနံ့ စွဲနေသော အဝတ်အထည်များကိုလည်း နေလှန်းခြင်း ၊ ပြန်လျှော်ခြင်း တစ်နည်းနည်းဖြင့် အနံ့  ပျောက်အောင်လုပ်ပြီးမှ ဝတ်ဆင်သင့်ပါတယ် …။

ကျနော် တို့ မြန်မာရိုးရာမှာ ရှေ့ ခေတ်က အဝတ်အထည်များ ပိုးမွားကင်းစေရန် သစ်ကတိုး၊ တောင်တမာသားတို့ အသုံးပြုခဲ့ပါတယ် .. မိမိနီးစပ်ရာမှ ရမည်ဆိုလျှင် ပရုတ်လုံးအစား အသုံးပြုခြင်းဖြင့် အိမ်တွင်းနတ်ဆိုး တစ်ကောင်ဖြစ်သည့် ပရုတ်လုံး ရန်မှ
ကင်းလွတ်မည်ဖြစ်ပါတော့သည် ….။

ကိုးကား (သုတစွယ်စုံ မဂ္ဂဇင်း ၂၀၀၉ ၊ ဒီဇင်ဘာ)


အိမ်တိုင်းလိုလို ပရုတ်လုံး ကို သုံးဖူးကြမှာပါ ။ ပရုတ်လုံးသည် အခဲအဖြစ်မှ ငွေ့ အဖြစ်သို့ ပြောင်းကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားပါတယ် ။ ပရုတ်လုံးမှ ထွက်သော အနံ့ သည် ပိုးဟပ်နှင့် တခြား အဝတ်ထည် များကို ကိုက်တက်သော ပိုးကောင် များကို မောင်ထုတ်နိုင် စွမ်း ရှိပါတယ် ။

အိမ်များတွင် အဝတ်ဘီဒို ၊ သေတ္တာများနှင့် ဟိုချောင် သည်ချောင် များတွင် ပရုတ်လုံး ကို
 သုံးစွဲလေ့ရှိပါတယ် ။

ကိုယ်တိုင် လုံးပါးပါး၍ ပျောက်ကွယ်သွားတက်သော ပရုတ်လုံးဟာ အနံ့ ရှူ မိသူကိုလည်း တဖြည်းဖြည်း ထိခိုက်စေပါတယ် ။
ပရုတ်လုံးမှ ထွက်သော အနံ့ များတွင် ပါရာဒီခလို ရိုဘန်းဇင်း ဓာတ် (paradichlorobenzene) များပါဝင်ပြီ ယင်းဓာတ် သည် တိရစ္ဆာန်များတွင် ကင်ဆာဖြစ်စေပြီး လူသားများအတွက် အန္တရာယ် မကင်းဘူးလို ယေဘုယျ တွက်ဆထားပါတယ် ။

တချို့  ပရုတ်လုံး အနံ့ များတွင် Naphtalene ဓာတ်များတွေ့ ရပြီ ယင်းဓာတ် ကြာမြင့်စွာ ရှူ မိလျှင် သွေးနီဥများ ပျက်စီးတက်ပါတယ် ။

မည်သည့် ပရုတ်လုံးမဆို ပရုတ်လုံးမှ ထွက်သော ဓာတုပစ္စည်း များသည် လူသားတို့ အတွက် ပျို့ အန်ခြင်း ၊ ဝမ်းပျက်ခြင်းများဖြစ်တက်သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က ကြော်ငြာချက် ထုတ်ပြီးသာ ဖြစ်ပါတယ် ။

ဒါကြောင့် ကမ္ဘာ့ ဈေးကွက်မှာ ပရုတ်လုံးကို ဈေးကွက်တင်သည့်အခါ အထုတ်တိုင်းတွင် “ အငွေ့ များကို ရှူရှိုက် ခြင်းမှ ရှောင်ကျဉ် ပါ “ ဟူသော စာသာကို ရိုက်နှိပ်ဖော်ပြထားသည်ကို တွေ့ ရပါတယ် ။

သို့ ဖြစ်ပါ၍ ကျနော် မိတ်ဆွေ သူငယ်ချင်းများ ပရုတ်လုံးကို မသုံးမဖြစ် သုံးမည်ဆိုပါက ပရုတ်လုံးထည့်ထားသော အဝတ်ဘီဒို ၊ သတ္တော များကို အလုံပိတ်ထားသင့်ပါတယ် ။ ပရုတ်လုံး အနံ့ စွဲနေသော အဝတ်အထည်များကိုလည်း နေလှန်းခြင်း ၊ ပြန်လျှော်ခြင်း တစ်နည်းနည်းဖြင့် အနံ့  ပျောက်အောင်လုပ်ပြီးမှ ဝတ်ဆင်သင့်ပါတယ် …။

ကျနော် တို့ မြန်မာရိုးရာမှာ ရှေ့ ခေတ်က အဝတ်အထည်များ ပိုးမွားကင်းစေရန် သစ်ကတိုး၊ တောင်တမာသားတို့ အသုံးပြုခဲ့ပါတယ် .. မိမိနီးစပ်ရာမှ ရမည်ဆိုလျှင် ပရုတ်လုံးအစား အသုံးပြုခြင်းဖြင့် အိမ်တွင်းနတ်ဆိုး တစ်ကောင်ဖြစ်သည့် ပရုတ်လုံး ရန်မှ
ကင်းလွတ်မည်ဖြစ်ပါတော့သည် ….။

ကိုးကား (သုတစွယ်စုံ မဂ္ဂဇင်း ၂၀၀၉ ၊ ဒီဇင်ဘာ)
 
မေမြို့သားလေး

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။