Monday 28 January 2013

မူဆလင်နဲ့ညားတော့ ကုလားမယား....




* စိတ်ဝင်စားစရာကောင်းပါတယ်။ ကွာရှင်းပြီးမယားဟောင်းနှင့် သားအရင်းနှစ်ယောက်ကို နေရာအနှံ့ ဒုက္ခလိုက်ပေးတဲ့ ဖြစ်ရပ်လေးပါ။ ဘယ်မြို့ပြောင်းပြောင်း၊ ဘယ်မှာအောင်းအောင်း မတွေ့တွေ့အောင်ရှာပြီး အနှောက်အယှက်လိုက်ပေး နေကြောင်း၊ ကိုယ်တိုင်ပေးတာမဟုတ်ဘဲ-ဗမာတွေလွှတ်ပြီး ပေးတာဖြစ်ကြောင်း၊ သားနှစ်ယောက်နှင့် အမေရင်းကို သွေးခွဲ ပေးနေလို့ သားနှစ်ယောက်အရေး စိတ်မအေးဖြစ်နေရတဲ့ သောကသည် မိခင်အကြောင်းပါ။
ဟိုတစ်နေ့က ကလေးအဖေ မူဆလင်ကိုယ်တိုင် ကျောင်းအထိလာသွားပါတယ်။ ကိုရင်ဆွမ်းခံကြွနေ၍ တွေ့ခွင့်ရမသွား ခဲ့ပါ။ သူ့မိခင်သိသွားပြီး ရန်ကုန်မှချက်ချင်းရောက်လာကာ သားအတွက် လုံခြုံနိုင်မယ်ထင်တဲ့ အစီအမံတွေကို လာစီစဉ်သွား ပါတယ်။ ဖခင်ဖြစ်သူက သတိရလို့ လာတာလည်းဖြစ်မှာပါ။ ထောက်ပံ့ချင်လို့ လာတာလည်းဖြစ်မှာပါ။ ဒါပေမဲ့ ကလေးအမေ ကတော့ မယုံကြည်နိုင်၊ စိတ်မချနိုင်ဘဲ ဖြစ်နေပါတယ်။

ကလေးအမေဟာ မူလက ခရစ်ယာန်ဘာသာဝင်၊ ကာလာအိုကေအဆိုရှင်ဟု ကလေးအဖေရဲ့ အသိုင်းဝိုင်းက ပြောနေ ပြီး၊ ကလေးသောကနှင့် စိတ္တဇဖြစ်နေတယ်လို့လည်း ထင်မြင်ခံနေရပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့နော်- ဘာသာမတူ- လူမျိုးကွဲပြား လင်မယားဆိုတာ ဘာသာတူ၊ လူမျိုးတူ လင်မယားတွေထက် ဒုက္ခတွေပိုများတတ်တယ်ဆိုတဲ့ အသိအမြင်လေးတွေ ရှိထားရင်၊ ဖြစ်နိုင်သမျှ ရှောင်မယ်၊ မရှောင်နိုင်ရင် ကြိုတင်ပြင်ဆင် ထားနိုင်တာပေါ့နော်။ ဒါမှ....ခံသာမှာ မဟုတ်လား။
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
27.1.2013
လောကရဲ့လမ်းများပေါ်လျှေက်သွားရင်းနဲ့…..မောပန်းနွမ်းနယ်…..နှလုံးသားကလွမ်းဆွတ်လို့….တမ်းတမိခဲ့……အမေ့ရဲ့အိမ်ကို… အေးမြတဲ့အမေ့ရဲ့မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့… ဒီသီချင်းလေးကြားတိုင်း နွေးထွေးချစ်ခင်စည်းလုံး ငြိမ်းချမ်းအေးမြ လုံခြုံမှုတွေပေးနိုင်စွမ်းတဲ့ Home-ဆိုတဲ့ မိသားစုအိမ်ကလေးတွေကို လူတိုင်းသတိရမိကြမှာပါ။ လူ့ဘဝခရီးလမ်း တစ်လျှောက်မှာ ခလုတ်တိုက်မိတာ ချော်လဲခဲ့တာတွေ ကြုံဖူးသူတိုင်း ပိုလို့တောင်ခံစားမိကြမှာပါ။ ချော်လဲရုံ၊ ခလုတ်တိုက်မိရုံကတော့ အားယူပြန်ထနိုင်ပါသေးတယ်။ ချော်လဲရောထိုင်ချင်စိတ်မရှိရင်ပေါ့လေ။ ဒီဘဝတင်မက သံသရာထိပါ မကောင်းနိုင်တဲ့ အင်မတန် မဲမှောင်နက်ရှိုင်းတဲ့ ချောက်ထဲများ ပြုတ်ကျခဲ့ရင်ရော၊ ကိုယ့်ကံပါပဲလေဆိုပြီး နေလိုက်ကြမှာလား၊ ကျမဘဝမှာ အဲဒီလိုကြီးတွေးပြီး နေခဲ့တာ (၁၃)နှစ်တောင်ကြာခဲ့ပါတယ်။
၁၉၉၅-ခု ဒီဇင်္ဘာလရဲ့ နေ့တစ်နေ့မှာ ချောက်လို့မထင် မှတ်ရတဲ့ နေရာတစ်ခုကို ကျမကိုယ်တိုင် ရွေးချယ်ခုန်ချခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွယ်မှာ ဘာသာခြားအိမ်ထောင်ရှင် အမျိုးသားတစ်ယောက်ရဲ့ မာယာထောင်ချောက်ထဲ ဝင်ခဲ့မိပါတယ်။ လွတ်လပ်တဲ့တိုင်းပြည်ကြီးမျာ ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့်ရှိပါတယ်ဆိုတဲ့ စကားကို ယုံကြည်မိခဲ့ တာပါ။ ဘာသာရေး၊ လူမှုရေးအရ ကြီးမားတဲ့ဖောက်ပြန်မှားယွင်းမှုကြီးတစ်ခုဆိုတာ အဝိဇ္ဇာဖုံးလွှမ်းနေလို့ မသိမြင်ခဲ့ပါဘူး။ မကြာမီမှာပဲ လူမျိုး၊ ဘာသာ၊ အဆင့်အတန်းခွဲခြား နှိမ့်ချဆက်ဆံခံခဲ့ရပါတယ်။ မိန်းမတွေကို နှိမ့်ချတဲ့ဝါဒနဲ့ ကိုယ့်ကျင့်တရားကို စမ်းသပ်ခံသတ္တဝါအဖြစ် နေခဲ့ရပါတယ်။ သူ့ရဲ့ညီအကိုတွေသာမက ယောက်ျားမျိုးစုံနဲ့ နည်းမျိုးစုံစမ်းသပ်ပါတယ်။ သူတို့ထင်သလို မရတဲ့အခါ “တော်တော်မာနကြီးတဲ့မိန်းမ အကြောမာတယ်။ နင့်မာနကို ချိုးပြမယ်၊ ကိုယ်ထိလက်ရောက်တော့ မလုပ်ဘူး၊ စိတ်ကိုသေအောင်သတ်ပြမယ်။”လို့ ပြောပြီး အမျိုးမျိုးကြံစည်ကြိုးစားတော့တာပါပဲ။ သမီးဆုံးပြီး (၁)နှစ်ကျော်ကျော် သားတစ်ယောက်တည်း အထီးကျန်ဖြစ်တော့မှာပဲဆိုပြီး စိတ်ဆင်းရဲနေတဲ့ အချိန်မှာ သူရဲ့မာယာထဲ ဝင်မိတာပါ။ သူ့မှာလည်း သားသမီးနည်းသေးလို့ ထပ်လိုချင်တယ်တဲ့။ သူ့မိန်းမကလဲ ခွင့်ပြုတယ်။ သူတို့ဘာသာအရလည်း ယူခွင့်ရှိတယ်လို့ ပြောပါတယ်။ တကယ်တန်းသားသမီး ကိုယ်ဝန်လည်းရလာရော (၅)လပဲရှိသေးတာ ဖျက်မချရင် နင့်ကိုဆက်မပေါင်းဘူး-ဆိုလို့၊ ကြောက်ကြောက်နဲ့ ဖျက်ချခဲ့ရပါတယ်။ ကလေးကတော့ဆုံးပြီး လူကြီးလည်း သေလုနီးပါးခံစားရပါတယ်။ ငယ်ငယ်ကမိသားစု ပြိုကွဲခဲ့တဲ့ ဒဏ်၊ ကိုယ်တိုင်လည်း အိမ်ထောင်ပြိုကွဲခဲ့ရတဲ့ဒဏ်တွေကြောင့် နောက်ထပ်မဖြစ်ချင်တဲ့ စိတ်နဲ့သည်းခံခဲ့ပါတယ်။ သားကြီးကိုလည်း (၄)တန်းအောင်တာနဲ့ ကျောင်းဆက်မထားတော့ပဲ ဘာသာရေးကျောင်းတက်၊ ဗလီဆရာပဲလုပ်ခိုင်းပါတယ်။ ကျမသဘောမတူတော့ ပရိယာယ်တစ်မျိုးနဲ့ ကလေးကိုဒုက္ခပေးပါတယ်။ တို့ဆေးမိသလိုလိုနဲ့ နှစ်ရက်သုံးရက် ပျောက်သွားဖူးပါတယ်။ ပြန်လာပို့တဲ့သူက သူ့အသိဖြစ်နေပြီး ငွေတွေးလည်းပေးလိုက်တာတွေ့ရပါတယ်။ အိမ်ကို မြန်မာလည်းမလာရ၊ မွတ်ဆလင်လည်းမလာရပဲ အထီးကျန်နေခဲ့ရပါတယ်။ World Trade Center-အရေးအခင်းဖြစ်တဲ့ အချိန်မှာလည်း အိမ်ပြန်လာရင် ရေဒီယိုဖွင့်တာကြားတာနဲ့ “ပိတ်ပိတ်အသံတွေ မကြားချင်ဘူး၊ မိန်းမတွေသတင်းကြေညာတာ နားမထောင်နဲ့”လို့ ပြောပါတယ်။ နှစ်တွေကြာလာတော့ ခြံထဲကိုအလုပ်သမားတွေလာရင် သတင်းရပြီး၊ ဗလီဆရာတွေ ရောက်လာပါတယ်။ “တခြားဘာသာကလာတဲ့သူ ဒီလိုမထားရဘူး ကျွန်တော်တို့ဘာသာ အသိုင်းအဝိုင်းထဲမှာ နေကြည့်ပါဦး”ဆို ပြီး မ/ဒဂုံ စက်မှုဇုံ ငမိုးရိမ်ချောင်းဘေးနားကနေ တာမွေကိုပြောင်းခဲ့ရပါတယ်။ ဗလီဆရာလူကြီးတွေက ကျမဘက်က အခွင့်အရေး ရအောင်ရပ်တည် ပြောပေးရင် ကျမနဲ့ပေးစားစွပ်စွဲတော့တာပါပဲ။ ဗလီဆရာတွေက ကျမကို “အမ-မှာ မိဘ ညီအကိုမောင်နှမတွေ မရှိဘူးလား ရှိရင်ပြန်လိုက်ပါတော့ ကျွန်တော်တို့ ညှိပေးလို့တော့မရဘူး။ သူကအလ္လာရှင်မြတ်ကိုလဲ မကြောက်ဘူး။ တမန်တော်ကိုလည်း ချစ်တဲ့စိတ်မရှိဘူး။ ကျွန်တော်တို့လို သာသနာ့ပညာရှင်တွေကိုလည်း မလေးစားဘူး၊ ငွေရှိရင် ဘာမဆိုပြီး တယ်ဆိုတဲ့ စိတ်ပဲရှိတယ်။”လို့ ပြောလာကြတဲ့အထိပါပဲ။ မိဘဆွေမျိုးအသိုင်းအဝိုင်း အားလုံးနီးပါးကလည်း သူ့ကျေးဇူးနဲ့မကင်းအောင် လုပ်ထားတော့ သူ့ပရိယာယ်ကို နားမလည် ကြပါဘူး။ သူရဲ့ငွေကြေးချမ်းသာမှုကိုပဲ စိတ်ဝင် စားကြတယ်။ သူ့အကူအညီပဲမျှော်လင့်နေကြပါတယ်။ အိမ်ကြက်ချင်း အိုးမဲသုပ်ခွပ်ခိုင်းခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ အဓိကတော့ အချင်းချင်းစိတ်ဝမ်းကွဲ မနာလိုတိုက်ခိုက်နေကြရင် သူ့အတွက် အသုံးချစရာလက်နက်ကောင်းတွေပါပဲ။
ကြာလာတော့ ကိုယ့်ဘဝကိုယ်စိတ်ဓာတ် အကျကြီးကျပြီး ကလေးတွေပါ လက်ဆွဲပြီး ငမိုးရိပ်ချောင်းထဲ ဆင်းသေဖို့ထိ ကြံစည်မိတာ ခဏခဏပါပဲ။
ကံကောင်းတာကတော့ စနေ၊ တနင်္ဂနွေတိုင်း မြဝတီရုပ်မြင်သံကြားကလာတဲ့ ဆရာတော် ဦးဃောသိတရဲ့ တရားတွေ နာရင်း စိတ်ဖြေနိုင်လာခဲ့ပါတယ်။ နောက်ပိုင်း ဘုရားမှာ သစ္စာဆိုတိုင်တည်ပြီး Shine Hope-ဆိုတဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုကိုရောက်တဲ့အခါ ဆရာတော်အရှင်ဆေကိန္ဒ၊ ဆရာတော် အရှင်ဆန္ဒာဓိက-တို့ရဲ့တရားတွေ စာအုပ်တွေနဲ့ ဘဝနေနည်းတွေ ပိုရလာပါတယ်။ ဝဋ်ကြွေးဆိုတာ ဘုရားရှင်ကိုယ်တော်တိုင်တောင်မှ မလွတ်နိုင်ကြောင်းလည်း သိခဲ့ရပါပြီ။ ဘဝမှာ နောက်ထပ်ဝဋ်ကြွေးမတင်အောင်နေဖို့လည်း ကြိုးစားပါတယ်။ Win+Win-သီအိုရီလိုပဲ ကိုယ်လည်းအကျိုးရှိ သူလည်းအကျိုးရှိအောင် ကြိုးစားခဲ့ပါတယ်။ ကိုယ်တိုင်လူမျိုး ဘာသာအဆင့်အတန်း ခွဲခြားဆက်ဆံခံရတာ တော်တော်ဆိုးဝါး ကြောင်း၊ ကိုယ်တွေ့ခံစားပြီး သိလာခဲ့တော့ ကိုယ့်ပတ်ဝန်းကျင်မှာ အားလုံးကို လူသားတွေအဖြစ်ပဲ မခွဲခြားဘဲ မြင်တတ်လာ ပါတယ်။ Shine Hope-ကိုတည်ထောင်သူ Dr.ခင်ခင်ရီကလည်း “ချောက်ထဲကို ဘယ်သူထတွန်းချတာလဲရှာမနေနဲ့ ဘယ်လိုပြန်တက်မလဲ နည်းလမ်းရှာ၊ အတိတ်ကံဆိုတာ ပြန်ပြောင်းလို့ မရတော့ဘူး၊ ပစ္စုပ္ပန်ကံက ကိုယ့်လက်ထဲမှာရှိတယ်။”လို့ လမ်းညွန်ပြခဲ့တဲ့ကျေးဇူးတွေ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ ဆရာသမားကောင်းတွေရှိတဲ့ Home-လို့ သတ်မှတ်ထားတဲ့ S.H ပတ်ဝန်းကျင်ရဲ့ ကျေးဇူးတရားတွေကြောင့် ၂၀၀၈-ခုနှစ်၊ ဇွန်လမှာ စာချုပ်စာတမ်းနဲ့ တရားဝင်ကွာရှင်းပြီး ချောက်ထဲကနေ အပြီးတိုင်ပြန်တက်နိုင်ခဲ့ပါတယ်။ ဓမ္မဘေရီ ဆရာတော်ကြီး အရှင်ဝီရိယ(တောင်စွန်း)ရဲ့ မထေရ်မြတ်တို့ စကားဝိုင်းထဲက စာလေးတစ်ကြောင်းလိုပဲ “ကိုယ့်ရဲ့လုပ်ရပ် အပြုအမူ အပြောအဆိုတိုင်းဟာ ကိုယ့်လူမျိုး ကိုယ့်ဘာသာကတောင် ငါတို့လူမျိုး ငါတို့ဘာသာလို့ မပြောရဲ မပြောချင်လောက်အောင် လုပ်ရပ်မျိုး မဖြစ်စေနဲ့”ဆိုတဲ့ စကားလိုပဲ အပြစ်မဖြစ်အောင် ကြိုးစားခဲ့ပါတယ်။
ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ “ဘဝဆိုတာ လဲလိုက် ပြန်ထလိုက် လုပ်နေတဲ့ မရပ်မနားဖြစ်စဉ်တစ်ခုပဲ လဲတိုင်းပြန်ထ အကြိမ်(၁၀၀)လဲ အကြိမ် (၁၀၀)ပြန်ထ” ဆိုတဲ့စကားလေးကြေင့်လည်း ပိုအားရှိလာပါတယ်။ (The boxer is not afraid of being knocked down, he is afraid of not being able to get up again.)ဆိုတဲ့စကားလိုပဲ ကြိုးစားခဲ့ပါတယ်။ အရှင်ဆန္ဒာဓိကရဲ့ အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်-ဆိုတဲ့ စာအုပ်ထဲကလိုပဲ လဲကျတဲ့ဘဝကနေ ပြန်ထလာတဲ့အချိန်မှာ မိရိုးဖလား ဗုဒ္ဓဘာသာမဟုတ်တော့ဘဲ ဗုဒ္ဓဘာသာစစ်စစ်အဖြစ် အကျိုးထူးလည်းရခဲ့ပါတယ်။
Shine Hope-ပတ်ဝန်းကျင်ဟာ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာကြီး ဘက်စုံဖွံဖြိုးရေး တက္ကသိုလ်ကြီး လို့လည်း ဆရာတော်တစ်ပါး မိန့်ကြားဖူးပါတယ်။ ဘယ်ကလာလာ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ဒီပတ်ဝန်းကျင်မှာ လူကိုလူလိုပဲ ရိုးရိုးလေးမြင်ရမယ်လို့ leader-တွေက သင်ပေးပါတယ်။ လူတိုင်းမှာရှိတဲ့ အရည်အချင်း အစွမ်းအစတွေကို ဖော်ထုတ် လေ့ကျင့်ပေးတဲ့နေရာပါ။
ကျမငယ်ငယ်ကတည်းက မျှော်လင့်ခဲ့ဖူးတဲ့ အရာတွေ။ ငယ်ငယ်ကလုပ်ခွင့်မရခဲ့တဲ့ အရာတွေ ဒီမှာ အကုန်လုပ်ခွင့်ရပါ တယ်။ လူတစ်ယောက်လို ပီပီသသနေခွင့် လုပ်ပိုင်ခွင့်တွေရခဲ့ပါတယ်။ ကျမတို့ လက်လှမ်းမမီ မကြားဖူးတဲ့ နောက်ဆုံးပေါ်ခေတ်မီ စီးပွားရေးစံနစ် M.L.M-စနစ်ကိုလည်း သင်ယူလေ့လာခွင့်ရခဲ့ပါတယ်။ သူတို့ကိုယ်တိုင် Heart Attack-ဖြစ်တာရော၊ သူ့မိသားစု ကျန်းမာရေးရော ဓာတ်စာစားသုံးနည်း သိအောင်ကျေးဇူးဆပ်ခွင့်လည်း ရခဲ့ပါတယ်။ သူ့သားသမီးမိသားစုတွေ ဒီပတ်ဝန်းကျင်ထဲခေါ်ချင်တာလည်း ဆက်သွယ်ပေးခဲ့ပါတယ်။ သူ့မှာလူမျိုးစွဲ ဘာသာစွဲ အစွဲကြီးနေတဲ့အတွက် မွတ်ဆလင်လိုင်းထဲပဲ ဝင်ချင်တာလည်း အထက်အဆင့်ဆင့် ဆရာတွေကို တင်ပြဆက်သွယ် ပေးခဲ့ပါတယ်။
အစကဆိုရင် “နင်တို့ ခေါင်းဆောင်အကြီးဆုံးက မိန်းမ-တဲ့ မိန်းမတွေအုပ်ချုပ်တဲ့ အဖွဲ့အစည်းထဲ မလုပ်ဘူး။ နင်တို့ ဗုဒ္ဓဘာသာတွေစုပြီး င့ါကိုဘာလုပ်မှာလဲ”နဲ့ အထင်တွေလွဲမှားနေခဲ့တာပါ။ “နင်လည်း မိန်းမတစ်ယောက်ဖြစ်ပြီး ဒီလောက်အောင်မြင် ငွေရှာစရာမလိုဘူး”ဆိုပြီး ပိတ်ပင်တားချင်တာပါပဲ။
ကျမကတော့ ဆရာမရဲ့ စိတ်ထားနဲ့ လုပ်ရပ်ကိုသိနေတော့ သူကစပြီး “နင်တို့ရဲ့ အကြီးဆုံးခေါင်းဆောင်နဲ့တွေ့ချင် တယ်”တောင်းဆိုလာလို့ ဆရာမနဲ့ တွေ့ပေးပြီး S.H-ပတ်ဝန်းကျင် မထိခိုက်အောင်ရယ်။ ဆရာမနဲ့ Leader-တွေရဲ့ လူမျိုးဘာသာ အဆင့်အတန်းမခွဲပဲ မိခင်မေတ္တာအပြည့် အားလုံးကို တစ်သားတည်း ပေးနေကြောင်းပြခဲ့ပါတယ်။
ဒါပေမဲ့ သူ့အငြိုးကတော်တော်ကြီးပါတယ်။ သူ့မိသားစုပဲလုပ်မယ်။ ကျမကိုတော့ နဂိုအတိုင်းအိမ်ထဲမှာပဲနေ နှိမ်ထားချင် သေးတာတွေ့လာတော့ ကျမကို လွတ်လပ်ခွင့်ပေးဖို့ ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် အကောင်းဆုံး ဖြစ်အောင်လုပ်ခဲ့ပါတယ်။ ကလေးရဲ့ ပညာရေးငဲ့ပြီး ရန်ကုန်မှာ ဆက်နေပါရစေ ညှိတော့လည်း ငါ့နယ်မှာမနေနဲ့ဆိုလို့ မန္တလေးကို ပြန်ခဲ့ရတာပါ။ သားအငယ်လေးရဲ့ Head Way-စင်္ကာပူလက်လောက်က ကျောင်းကို(၂)နှစ်ပဲတက်ခဲ့ရပြီး၊ စွန့်လွှတ်ခဲ့ရပါတယ်။ အဲဒါလည်းသူ့သားတွေတောင် မတက်ဖူးတဲ့ ကျောင်း၊ မြန်မာမသားကတက်တယ်ဆိုပြီး မကြည်ဖြူတဲ့ကြားက ဇွတ်ထားခဲ့ရတာပါ။
သူနဲ့နေထိုင်စဉ် တစ်နေ့တာ ဈေးဖိုးပဲပေးကိုင်ခွင့်ပြုခဲ့တာဆိုတော့ တစ်သောင်းလောက်ကျော်ရင် ကောင်းကောင်းမရေ တွက် တတ်တော့ပါဘူး။ မန္တလေးပြန်တော့ နင်ဘာမှမလုပ်တတ်၊ မကိုင်တတ်နဲ့ သူများလိမ်တာခံရလိမ့်မယ်ဆိုပြီး အစစအရာရာ သူပဲစီစဉ်ပေးမယ်ဆိုတော့ သူ့ကိုအကောင်းဆုံးညှိနှိုင်း လုပ်ပေး ကျေးဇူးဆပ်ခဲ့တာ ကိုယ့်ကိုလည်း ဒုက္ခမရောက်အောင်တော့ ပြန်ကူညီမှာပဲလေဆိုပြီ ထပ်ယုံကြည်ခဲ့ပါတယ်။
ငွေတွေဘဏ်အပ်တော့လည်း ပရိယာယ်ထောင်ခြောက်၊ မန္တလေးမှာ P.C.O.Ph-ဆိုင်လေးဖွင့်ဖို့ ဝယ်တော့လည်း ထောင်ခြောက်၊ ဆိုင်ကယ်ဝယ်တော့လည်းထောင်ခြောက်၊ သားကိုသံရုံးကျောင်းက နှုတ်လိုက်လို့ မန္တလေးက (Horison)ကျောင်းပြန်ထားချင်တာ သူ့အမှားတွေပါဆိုပြီးငိုပြ၊ မန္တလေးကုသိုလ်တော်ဘုရားထဲမှာလည်း ဘုရားရှိခိုးပြ၊ မြန်မာဆိုင်က ထမင်းတွေ လည်းဝယ်စားပြနဲ့ င့ါကိုလဲ ဗုဒ္ဓဘာသာပဲ လုပ်လိုက်ပါတော့ဆိုပြီး ပြောတော့ သူ့သားကိုတော့ ဒုက္ခရောက်အောင် မလုပ်နိုင်ပါဘူး-လေလို့ တွေးမိပြန်တာပေါ့။ တစ်ခါ သံရုံးကျောင်းထားဖို့ စီးပွားရေးလည်း ရပ်တည်ပေးမယ်ဆိုပြီး။ ကျမဘာမှ နားမလည်တဲ့ ဆိုင်ကယ်အပိုပစ္စည်းကုန်မာ အိမ်ဆောက်ပစ္စည်း၊ စက်ဘီးအပိုပစ္စည်းတွေ မွတ်ဆလင်ဆိုင်တွေကဝယ် တရုတ်ပြည်ကကယ်ရီ သယ်လာပြီး ဘာမှသုံးမရလို့ ချောင်ထိုးထားတဲ့ ဆိုင်ကယ်အပိုပစ္စည်း အထုတ်လိုက်တွေ သူ့မိတ်ဆွေတွေဆီက ဝယ်ပြီး ငွေတွေမလည်ပတ်နိုင်အောင် မကုန်ကုန်အောင် နည်းပရိယာယ်မျိုးစုံ လုပ်သွားပါတယ်။ တဖြည်းဖြည်းဆွေမျိုးချင်းရန်တိုက်တာ တွေလည်းလုပ်လာပြန်ပါတယ်။ ရန်ကုန်တိုက်ကြီးက ဖေ့ဖေ့ညီမဆုံးလို့ နာရေးသွားတုန်း မောင်တစ်ဝမ်းကွဲကို အပ်ထားခဲ့တာ ချက်ချင်းကျမမရှိတုန်း ရောက်လာပြီး ငိုယိုစည်းရုံးပြပြီး ပစ္စည်းဘောက်ချာတွေ အားလုံးသိမ်းသွားပါတယ်။
ပစ္စည်းပုံကြီးပဲရှိပြီး ရောင်းလို့လဲမရ ငွေလဲမပေါ်ပဲ အပြင်ပန်းက ကြည့်ရင်တော့ ဆိုင်ကယ်အပိုပစ္စည်းဆိုင်ကြီးပေါ့။ဒီလိုပစ္စည်းတွေကုန်သွားတဲ့နေ့ နင့်ကိုတရားစွဲမယ်လို့လည်း ခြိမ်းခြောက်သွားသေးတာ။
ပတ်ဝန်းကျင်မှာလည်း ကျမဟာ မိန်းမပျက်တစ်ဦး ဖြစ်ကြောင်း၊ ကားကြီးအသစ်တစ်စီး ချက်ချင်းဝယ်စီးပြီး ကားပေါ်မှာ မြန်မာတွေ ရ.ယ.က-လူကြီးတွေ၊ ရှေ့နေတွေ၊ ရဲတွေ-စသည်ဖြင့် အဖွဲ့လိုက် ခဏခဏလာလှည့်ပတ်ပြီးချောင်း၊ မို့ပုံးတွေ ဘေးပတ်ဝန်းကျင်ကနေ တဆင့်အထင်ကြီးအောင်ပေး၊ ငွေပေးချင်ထောက်ပံ့ချင်ကြောင်း၊ လျှောက်လျှောက်ပြောတော့ ရပ်ကွက် ကအုတ်စက်ရဲကင်းကိုတိုင်လိုက်ရပါတယ်။ ရုံးကလူကြီးတွေနဲ့ စကားပြောမယ်လာခဲ့လို့ ချိန်းရင်လည်းမရဘူး။ ရန်ကုန်ကိုပဲ ပြန်ပြန်သွားတာပါပဲ။ ကျမက ကုလားမြန်မာ အဓိကရုဏ်းဖြစ်အောင် ဖန်တီးနေတာဆိုပြီး စွပ်စွဲပြောဆိုသွားပြန်ပါတယ်။
   စီးပွားရေးလုပ်ရတာလည်း အဆင်မပြေတော့ စိတ်အေးချမ်းရာ တရားရိပ်သာ သားအမိ(၃)ဦးစလုံး သင်္ကြန်ပိတ်ရက် (၁၀)ရက်စခန်းဝင်ရင်း ကိုရင်(၂)ပါးဝတ် ကျမလည်း သီလရှင်(၁၀)ရက် ဝတ်ပြီး အားထုတ်ခဲ့ပါတယ်။ ကိုရင်(၂)ပါး သူတို့ဆန္ဒနဲ့ လူမထွက်တော့တာကိုလည်း ကျောင်းနေအရွယ် ကျောင်းမထားတဲ့ ပုဒ်မနဲ့တရားစွဲမယ် ခြိမ်းခြောက်ခဲ့ပြန်ပါတယ်။
ကြာတော့ နေစရာမလုံခြုံ၊ စီးပွားရေးလည်း အခြေပျက်၊ လူမှုရေးလည်း နားမလည် လိုက်ဖျက်ထားတာ ရစရာကို မရှိဘူး။ တိုက်ခန်းမှာသားတွေမရှိတော့ တစ်ယောက်တည်း မနေသင့်တော့တာနဲ့ ငှားထားပြီး S.H-က မိတ်ဆွေအိမ်မှာ ငှားနေခဲ့ပါတယ်။ အဲဒီထိလဲလိုက်ပြီး စခန်းမှူးပါလို့ လိမ်ပြောပြီး မိုးမိုးအေး သားနှစ်ယောက် ဘယ်မှာလဲ လိုက်ရှာနေတယ်လို့ ဟန်ဆောင်လာရှာပါသေးတယ်။ ကျမရဲ့ လူ့အခွင့်ရေး ချိုးဖောက်ခံရလောက်အောင် ဘာမှလုပ်မရ၊ ရပ်တည်လို့မရနိုင်လွန်းလို့ ၂၀၁၁-ခု မေလ(၂၅)ရက်မှာ တိုင်စာတင်ခဲ့ပါတယ်။ တင်ပြီးတစ်ပတ်အတွင်း ခေါ်စစ်ဆေးပါတယ်။ ကျမနေစရာ အတည်တကျ မရှိတဲ့အတွက် လိုက်ရှာနေရတာနဲ့ နည်းနည်းကြာခဲ့ပါတယ်။ ကျမကို စစ်ပြီးတာနဲ့ သူ့ရဲ့နယ်ချဲ့သွေးခွဲနည်းသုံးခဲ့တဲ့ အတွက် ကိုယ့်မြန်မာအချင်းချင်း သူ့ပရိယာယ်စကားယုံပြီး လိုက်လုပ်ခဲ့တဲ့သူတွေ ပူးပေါင်းခဲ့တဲ့သူတွေ ရိုးသားပြီး အားနာတတ်ကြတဲ့ အတွက် အသုံးချခံခဲ့ရတဲ့လူတွေက အမှန်တရားပေါ်လာတော့ အရှက်ကွဲကြ၊ ဝိုးဖုံးအုပ်ကြပါတော့တယ်။ တကယ်သေသေချာချာ စစ်ဆေးရမယ့်နေရာတွေ မစစ်ပဲ အမှုကိုဆွသလိုဖြစ်ပြီး သူ့ဆီသတင်းအကုန်ရောက်ရုံမက ကျမရဲ့တိုင်စာမိတ္တူတောင် သူ့လက်ထဲရောက်လောက်ပါတယ်။ အမှုစစ်တဲ့ ရဲနှင့်ကလည်း ကျမကို သနားရပ်တည်နိုင်ဖို့ ငွေညှိမယ်လို့ သူ့ဘက်ကပြောလာ ပါတယ်။ တိုင်စာတင်ဖို့ ရေးပေးအကြံပေးခဲ့တဲ့ အားကစားဆရာကြီးနဲ့လည်း ငွေပေးဖို့လာညှိပါတယ်။ S.H-ပတ်ဝန်းကျင်မှာလည်း ကျမဖောက်ပြန်လို့ ကွာရှင်းပေးလိုက်ရကြောင်း လျှောက်ပြောခဲ့ပြီး နာမည်ဖျက်ခဲ့တာဆိုတော့ အခုပြန်ပေါင်းချင်ကြောင်း ထောက်ပံ့ချင်ကြောင်း လိုက်ရှာနေကြောင်းပဲသိကြတာ။ ပြန်ပေါင်းဖို့ပဲ ပြောလာကြပါတယ်။ ကားကြီးနှင့် ငွေရှိတဲ့ သူဌေးတို့ရဲ့ စကားနှင့် ကျမလို အခြေမဲ့ အနေမဲ့ဖြစ်နေတဲ့ သူရဲ့စကား ဘယ်စကားက အောင်မြင်ခဲ့ပါသလဲ။ ကျမတို့ ကာယကံရှင်တွေရဲ့ ကိုယ်တွေ့ခံစားချက်တွေကိုတော့ ဘယ်သူမှ သေသေချာချာမသိကြပါဘူး။ ကိုရင်(၂)ပါးလည်း ရိပ်သာတွေ၊ ကျောင်းတွေ ခဏခဏပြောင်းရလွန်းလို့ စာလည်းကောင်းကောင်း မသင်ရပါဘူး။
ကျမလည်း တရားစခန်းဝင်နိုင်သလောက်ဝင် ကျင့်နိုင်သလောက်ကြိုးစားကျင့်ရင်း သစ္စာဆို ဆုတောင်းရင်း ယခုလက်ရှိ ဆရာတော်အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ) ကပ္ပိယကြီးမှ တဆင့် ဆရာတော်ဦးဝီရသူရဲ့ မစိုးရိမ်တိုက်သစ်မှာ ကိုရင်လေး အငယ်ကိုအပ်ထားပြီး မူလတန်း ပရိယတ္တိစသင်ကြားနေပါတယ်။ ကိုရင်ကြီးကတော့ စစ်ကိုင်းပညာရေးစင်တာ I.B.E.C.ကျောင်း မှာ တစ်နှစ်လုံး အကျမရှိ ပရိယတ္တိထူးချွန်ဆုတွေ ရခဲ့ပါတယ်။ တန်းကျောင်းလည်း (၈)တန်းအောင်ခဲ့ပါတယ်။ ကျမ သီလရှင်ဝတ် နေတုန်း လူထွက်သွားကြောင်းလည်း သိခဲ့ရတော့ လိုက်ဆယ်လို့မရခဲ့ပါဘူး။ အခု သီလရှင်ထွက်ပြီးမှ လိုက်ရှာစည်းရုံး ညှိနှိုင်းပြီး စဥ့်ကိုင်မြို့က ဆားတောင်ဆရာတော်ကြီးရဲ့ တပည့် မေတ္တာစွမ်းရည် ရွှေသိမ်တော်ဆရာတော်ဦးစန္ဒိမာ ဆီမှာခိုလှုံ အပ်ထားရပါ တယ်။
           ကျမလည်း စိတ်မောလူမောနဲ့ ဝါတွင်းသုံးလ တရားစခန်းဝင်ဖို့ အဓိဋ္ဌာန်ပြုပြီး ဆရာတော်အရှင်ဇဝန အပ်ခဲ့တဲ့ သီလရှင်ကျောင်း(မအူပင်-လေးအိမ်စုရွာ)မှ လမ်းညွှန်ပေးခဲ့တဲ့ သန်လျင်ဖားအောက်တောရမှာ သီလရှင်ဝတ်ပြီး တရားစခန်း ဝင်ခဲ့တာတစ်လ၊ ဆရာတော်ဦးဝီရသူ လမ်းညွှန်မှုနှင့် မန္တလေးမဟာစည် ရတနာပုံသာသနာ့ရိပ်သာမှ သုံးလတရား အားထုတ်ဖြစ်ခဲ့ပါတယ်။
            ဆရာတော်တွေကလည်း တရားအားထုတ်ပြီး သမာဓိပြန်ထူထောင်ဖို့ လမ်းညွှန်ပေးကြပါတယ်။ သူ့ရဲ့ငွေလက်တံ လူအင်အားလက်တံကတော့ တော်တော်ကျယ်ပြန့်တဲ့အတွက် ဘယ်သွားသွားလည်း မလွတ်ပါဘူး။
ယခုနောက်ဆုံး ရိပ်သာကထွက်ပြီး ဆရာတော်ဦးစန္ဒိမာဆီမှာပဲ ခေတ္တခိုလှုံနေပြီး အလုပ်လုပ်ဖို့အတွက် ကျမဆန္ဒနှင့် ရန်ကုန်မှာ တစ်လငါးသောင်းကျပ် စားစရိတ်ငြိမ်း အလုပ်တစ်ခု ဆက်သွယ်ရခဲ့ပါတယ်။ ဆရာတော်ရဲ့ ဒကာဒကာမ ဓမ္မမိတ်ဆွေ ထဲကပါပဲ။ ကျမအလုပ်လုပ်နေရ၍ ပျော်ပါတယ်။ လူ့ဘဝတန်ဖိုးဟာလည်း အလုပ်လုပ်ခြင်းပဲလို့ ယူဆပါတယ်။
ကျမတို့ မြန်မာလူမျိုးတွေဟာ ဘာသာခြားလက်အောက်မှာ အသက်ပေးခဲ့ရတဲ့ ဖိုးပညော(သပိတ်ကျင်း)ရဲ့ စာအုပ်ထဲက မစုစုထွေးတို့၊ ဆရာတော်အရှင်ဇဝနရဲ့ မော်ဘီ-သုဒ္ဓဝိပဿနာရိပ်သာမှာ ဆိုင်းဘုတ်ကြီးနဲ့ အမျိုးဘာသာသာသနာအတွက် အသက်ပေးခဲ့တဲ့ မဖြူဖြူတို့ စသည်ဖြင့် ဖြစ်ရပ်မျိုးစုံကို သေသွားပြီးမှပဲ စုတ်တသတ်သတ်နဲ့ ကရုဏာဖြစ်ကြပါတယ်။ ကျမတို့ သားအမိလည်း ငမိုးရိပ်ချောင်းထဲ သုံးလောင်းပြိုင်သေဖို့ ကြံစည်မိသေးတယ်။ ကံမပါလို့မသေဖြစ်တာ ထင်တယ်။
ကျမအမြင်ပြောရရင် ရခဲလှတဲ့ လူ့ဘဝရပြီးမှ ဒီတန်ဖိုးရှိတဲ့ လူ့ဘဝကိုလည်း ဆုံးရှုံးရသေးတယ်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး အရှက်ကို အသက်နဲ့လဲတယ်လို့လုပ်တာလည်း အဖန်ငါးရာငါးကမ္ဘာခံရတယ်ဆိုတာ ဗုဒ္ဓဘာသာတိုင်း သိကြပါတယ်။ ဒီတော့ သံသရာမှာလည်း ထက်ရှုံးရပြန်ပါတယ်။ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေ နှစ်ခါပြန်အရှုံးခံပြီး ဘယ်လောက်ထိ အနိုင်ကျင့်ခံနေကြဦးမှာလဲ..။ ကျမဖြစ်ရပ်ကို ကြည့်ပြီး သင်္ခန်းစာယူစေချင်ပါတယ်။ ဗုဒ္ဓရဲ့တရားကိုသာ အားကိုးပါ။ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကြောင့် အန္တရာယ်အမျိုးမျိုးကို လွတ်မြောက်ခဲ့တာ ကိုယ်တွေ့တွေပါ။
အခုလို အသက်ရှင်လျက် သားကိုရင်နှစ်ပါးနှင့် ကျမတို့မိသားစုကို ဘာဖြစ်လို့များ နေရာမပေးချင်၊ လက်မခံချင်၊ လူရာမသွင်းချင်ကြပါသလဲလို့ စဉ်းစားမိပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာတွေပဲ များနေကြတာလား ကာယကံမြောက် စေတနာနှင့် မေတ္တာပဲ မထားနိုင်ကြတာလား။
             သင်တန်းကြားခဲ့ဖူးတဲ့ ဗုဒ္ဓဘာသာရဲ့ အားနည်းချက် လိုအပ်ချက် တကယ့်ဖြစ်ရပ်လေးတစ်ခုကို သတိရမိပါတယ်။ ရန်ကုန်ကြည့်မြင်တိုင် မျက်မမြင်ကျောင်းက ကျောင်းအုပ်ဆရာကြီးရဲ့ ဖြစ်ရပ်ပါ။ ဆရာကြီးက အစကဓာတုဘေဒဌာနက ပါမောက္ခတစ်ဦးပါ။ ဓာတ်ခွဲစမ်းသပ်မှု တစ်ခုလုပ်တဲ့ တစ်ရက်မှာ ရုတ်တရက်ပေါက်ကွဲ ထိခိုက်မိပြီး မျက်စိကွယ်ခဲ့ရတာပါ။ ဆရာကြီးကအမြင်အာရုံကွယ်သွားတဲ့အတွက် စိတ်ဓာတ်အလွန်ကျနေတော့ အိမ်မိသားစုပတ်ဝန်းကျင်က တို့ဗုဒ္ဓဘာသာမှာ အတိတ်ကံကြောင့် ဝဋ်ကြွေးရှိလို့ ပေးဆပ်ရတာလို့ပဲ နှစ်သိမ့်အားပေးကြတာပေါ့။ အားသိပ်မရှိလို့ ကိုးကွယ်နေကျ ဘုန်းကြီကျောင်းသွားပြီး “ဆရာတော်ဘုရား တပည့်တော်ကို အားပေးစကား တရားစကားလေး ချိးမြှင့်ပါဦးဘုရား”ဆိုတော့ “ဒကာကြီး သည်းခံ အတိတ်က မျက်စိနဲ့ ပတ်သက်တဲ့ကံမှားခဲ့တော့ ဒီလိုပဲ ခံရတာ သည်းခံ”လို့ပဲ ပြောတာပေါ့။ ဆရာကြီးစိတ်ထဲ မှာ တို့ဗုဒ္ဓဘာသာကလည်း အတိတ်ကံပဲ လက်ညှိုးထိုး အပြစ်ပြောနေကျတာပဲ။ ကိုယ်လည်းမမြင်ရ မသိရဘဲဆိုပြီး စိတ်ထဲမှာ ဘဝင်မကျနိုင်ဘဲ ရှိနေတာပေါ့။ တစ်ရက်မှာ လဘက်ရည်ဆိုင်သွားရင်း ခရစ်ယာန်ဘုန်းကြီး မိတ်ဆွေနဲ့တွေ့ပြီး “မိတ်ဆွေကြီး ခင်ဗျားဘာမှ အားမငယ်နဲ့ မျက်စိမမြင်တာနဲ့ ဘဝမဆုံးပါဘူး။ ခြေလက်ဦးနှောက်တွေ အကောင်းကြီးပဲ ကျုပ်ကလည်း ဒီလိုလူမျိုးရှာနေတာ။ ကျုပ်တို့မျက်မမြင်ကျောင်းမှာ ကျောင်းအုပ်ဆရာလုပ်”လို့ ကမ်းလှမ်းလိုက်တော့တာပေါ့။ ဆရာကြီးလည်း အားတက်သွားပြီး အလုပ်လည်းရ စိတ်လည်းဘဝင်ကျကျေနပ်သွားပါတယ်။ စိတ်မကောင်းစရာ နောက်ဆက်တွဲကတော့ ခရစ်ယာန်ဘာသာထဲ ဝင်လိုက်ရပါတယ်တဲ့။ ဒီဖြစ်ရပ်မှာ သင်္ခန်းစာ အများကြီးရလိုက်ပါတယ်။
Buddhism is the religion of freedom-တဲ့၊ ဗုဒ္ဓဘာသာသည် လွတ်လပ်သော ဘာသာတရား ဗုဒ္ဓဘာသာဟာ ကမ္ဘာမှာအကောင်းဆုံးဘာသာပါ။ နှိုက်နှိုက်ချွတ်ချွတ်လေ့လာလေ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို သိရလေ ကိုယ်တွေ့ခံစားနေရလေပါပဲ။ လူသားအားလုံးနဲ့ ဆိုင်တဲ့ ဘာသာလည်းဖြစ်လို့ စိတ်ရှိတဲ့လူတိုင်းအတွက် တကယ့်ကို သိသင့်ကျင့်သင့်တဲ့ တရားတွေပါ။
         ဆရာတော်ဦးဇောတိကရေးတဲ့ လွတ်လပ်သောစိတ်-ဆိုတဲ့ စာအုပ်ထဲမှာလည်း (အကြောင်းအကျိုးကိုက်အောင် စဉ်းစားနိုင်တဲ့ လူ့အရည်အချင်းကို ပိတ်ပင်တာ ဖျက်ဆီးတာဟာ လူ့အရည်အချင်းအစစ်ကို ဖျက်ဆီးတာ။ ဒါဟာ အရက်စက်ဆုံး အကြီးလေးဆုံး ပြစ်မှုပဲ။ အမှန်တရာကို မသိအောင် ပိတ်ပင်တာ အကြီးဆုံးပစ်မှုကို ကျူးလွန်တာပဲ။ စဉ်းစားခွင့်မပေးတာ သံသယဖြစ်ခွင့်မပေးတာ ကြောက်အောင်လုပ်တာဟာ အသိဉာဏ်ကိုသတ်လိုက်တာပဲ။ လူသားရဲ့ အကောင်းဆုံးအရည် အချင်းကို ဖျက်ဆီးလိုက်တာပါ။ လူသားကို လူသားအဆင့်ကနေ ကျသွားအောင် လုပ်လိုက်တာပဲ)တဲ့။
အမှားနဲ့အမှန် ဝေဖန်ပိုင်းခြား စူးစမ်းသူအလွန်ရှား၏။ စူးစမ်းစေကာမူ အမှန်အမှား ခွဲခြားသိမြင်သူ ရှား၏။ ခွဲခြားသိမြင်စေကာမူ အမှန်အမှားပြောနိုင်သူ ရှား၏။ ပြောနိုင်စေဦး အမှားကိုစွန့်၍ အမှန်ကို ကျင့်သူရှား၏။ ဆိုပြီး ရှားပါးတဲ့ ပုဂ္ဂိုလ်လေးမျိုးကိုလည်း မှတ်သားရဖူးပါတယ်။ ကိုယ်ဘယ်လိုလူမျိုးလည်း စမ်းစစ်နိုင်ပါတယ်။ ကျမတော့ လေးမျိုးလုံး ကြိုက်တယ်။ ကျင့်နိုင်သလောက်လည်း ကျင့်ခဲ့တယ်။ ဒါကြောင့်လည်း ဗုဒ္ဓရဲ့တရားက အမှန်တရား(သစ္စာတရား)ကို သိခွင့်ရခဲ့တယ်လို့ ထင်ပါတယ်။ ကျမတို့သားအမိ သုံးယောက်လုံးဟာ မိဘဆွေမျိုးအသိုင်းဝိုင်း ကမွေးပေးခဲ့တဲ့ အသက်မရှိတော့ပါဘူး။ တရားပေးတဲ့ အသက်နှင့်ပဲ ဆက်လက်ပြီး အခုချိန်ထိ ရှင်သန်နေရတာပါ။ ဒါကြောင့်လည်း ကိုယ့်ဘဝကိုယ့်မိသားစုအတွက်ထက် ဘာသာသာသနာအတွက်ပဲ စွမ်းနိုင်သမျှ အသက်ထက်ဆုံး လုပ်ဆောင်သွားဖို့ ရည်ရွယ်ပြီး လုပ်နေပါတယ်။ လူမျိုးဘာသာ အသားအရောင် ဆင်းရဲချမ်းသာ မရွေး ကျမတို့ ဖြစ်ရပ်ကို ကြားသိရသမျှ လူသားတိုင်း ကောင်းကျိုးသင်္ခန်းစာတွေ ရယူနိုင်ကြပါစေ……..။
           ကမ္ဘာ့လူသားတိုင်းရဲ့ နှလုံးသားထဲမှာ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုများ ကင်းရှင်းကြပါစေ…
ဆင်းရဲချမ်းသာ အဆင့်အတန်း ခွဲခြားဆက်ဆံမှုတွေ ကင်းရှင်းကြပါစေ…..
အတိတ်ထဲမှာပဲ သံသရာလည်မနေကြတော့ပဲ လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံးကုသိုလ်တရားတွေနှင့် နေနိုင်ကြပါစေ….
မနာလို ဝန်တိုကင်းရှင်းပြီး သူ့အကျိုးလိုလားသော မေတ္တာစိတ်များဖြင့် လောကကို အလှဆင်နိုင်ကြပါစေလို့…
ဆုတောင်းရင်း..ကုသိုလ်ပြုလိုက်ပါတယ်။
                                         ကမ္ဘာကြီး ငြိမ်းချမ်းပါစေ……။
                                                                                  ဒေါ်မိုးမိုးအေး
                                                                                  30-10-2012
  Credit>>>>> M.N.M.C

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။