Saturday 27 April 2013

တာဝန်ကိုယ်စီ ကျေဖို့ လိုပါသည်


ကျွန်တော်တို့ နိုင်ငံအား စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးအဖြစ် ရည်မှန်းချက်ထား ချီတက် လျက် ရှိရာမှာ ယခင် ခေတ်အဆက်ဆက် အုပ်ချုပ်မှု ပုံစံမျိုးစုံနဲ့ ခေတ်ကိုပဲ ယိုးမယ်ဖွဲ့ပြီး လူ့အခွင့် အရေးကစလို့ လွတ်လပ်စွာ ရေးသားခွင့်၊ စုဝေးခွင့်၊ ဆန္ဒ ဖော်ထုတ်ခွင့် အပါအဝင် တောင်းဆိုခဲ့ကြတဲ့ အခွင့် အရေးတွေ အများ ကြီးပါ။


လက်ရှိ အနေအထားနဲ့ လိုလားချက် တောင်းဆိုချက် တွေကို အစိုးရပိုင်း ဘက်က နေ အထိုက်အလျောက် အဆင့် လိုက် ဖြေလျှော့ ပေးထားတာတွေ၊ ခွင့်ပြု ပေးထားတာတွေ၊ ဖွဲ့စည်းခွင့် ပြုခဲ့တာတွေ ပေးလာတာနဲ့ တစ်ပြိုင်နက် တည်းမှာပဲ ကျွန်တော်တို့တွေ ဘက်က သတိမထားမိဘဲ မေ့လျော့ နေခဲ့တာကတော့ ကိုယ်စီ လိုက်နာ စောင့်ထိန်းရ မယ့် တာဝန်ပဲ ဖြစ်ပါတယ်။ တာဝန်ကိုယ်စီ ရှိကြသည် ဆိုသလို ယာဉ်အို ယာဉ်ဟောင်းတွေ တင်သွင်းခွင့် ပြုခဲ့ တာ ခေတ်လွန်ကားတွေ လဲလှယ် ပေးခဲ့တာတွေဟာ အဲ့ဒီ လိုင်းကားတွေပေါ်မှာ သင့်အား သင့်မိသားစုမှ အိမ်ပြန် လာမည်ကို စောင့်မျှော်လျက် ရှိသည်။ ယာဉ်စည်းကမ်းကို တိကျစွာ လိုက်နာပါ။ အမှိုက်မပစ်ရ၊ ကွမ်းမစားရ၊ ဆောင် ပုဒ်တွေ ဘယ်လိုပဲ ကပ်ထား ကပ်ထား ဘတ်စကားတွေ အပြိုင်အဆိုင်၊ လေယာဉ်နဲ့ကား မှား မောင်းသလိုမျိုး လု မောင်းနေတာတွေ၊ ညဘက် ပြိုင်ကားတွေ မဆင်မခြင် ပြိုင်ပွဲ လုပ်နေ ကြတာတွေဟာ တရားဥပဒေ စိုးမိုးရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာပဲ တာဝန်ရှိတယ် ဆိုတဲ့ အတွေးထက် ကားမောင်းတဲ့သူ အားလုံးမှာ တာဝန်ရှိတယ် ဆိုတဲ့ အတွေး ရေးရေးတောင် မပေါ်ကြဘူးလို့ ထင်ပါတယ်။ ဤနေရာတွင် အမှိုက်မပစ်ရ ဆိုပြီး ရပ်ကွက် ထိပ်မှာ ဆိုင်းဘုတ် ထောင်ထားလည်း အမှိုက်တွေ ပုံနေကြတာ တွေဟာ စည်ပင်သာယာက သတ်မှတ် ပေးထားသော အမှိုက် ကန်တွေမှာ အမှိုက်ပစ်ရမယ်။ အမှိုက်သိမ်းကား လာရင် သွားပစ်ရမယ် ဆိုတာ သိသိ ကြီးနဲ့ ကိုယ်ယူရမည့် တာဝန်ကို မယူကြဘဲ ပြီးပြီးရော လုပ်ကြတဲ့ တာဝန်မဲ့ လုပ်ရပ်တွေလည်း ရှိပါတယ်။ အမှန်တရားသည် လည်းကောင်း၊ တရားမျှတမှုသည် လည်းကောင်း၊ လွတ်လပ်မှုသည် လည်းကောင်း ပြည်သူလူထု တစ်ရပ်လုံး အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံ သဘောတရား များပင် ဖြစ်သည်။ ထို့အတူ လွတ်လပ်မှု နည်းတူ တာဝန်ယူမှုသည် တစ်ဆက် တစ်စပ်တည်း ယှဉ်တွဲ ပါလာရမည့် အရာ ဖြစ်သည်။ ကျောင်းနေအရွယ် ကလေးမှစ၍ သက်ကြီးရွယ်အို၊ ဝန်ထမ်းများ၊ စီးပွားရေး သမားများ၊ နိုင်ငံရေး သမားများ အထိ အားလုံးမှာ အပိုင်းလိုက် စောင့်ထိန်း လိုက်နာရမယ့် တာဝန် ရှိပါတယ်။ လူ တော်တော် များများက ကိုယ့်မျက်ချေးကိုယ် မမြင်တတ်ပါဘူး။ ကျွန်တော် သဘောကျတဲ့ ကာတွန်းထဲ ကလိုပဲ ငါတို့ ကတော့ မဟုတ်မခံဘူး ကွလို့  အော်နေသူကို ဘေးလူ တစ်ယောက်က ဟုတ်တာ ပြောရင်ကော ဆိုတော့ လည်း ဟုတ်ရင်လည်း မခံဘူးကွ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဟုတ်လို့ပေါ့လို့ ဖြေသ လိုပါ။
အဲဒီလိုပါပဲ မြန်မာ နိုင်ငံတော်ကြီးကို စည်းကမ်း ပြည့်ဝသော ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် ဖြစ်စေ ချင်တယ် ဆိုရင် အသေးအဖွဲ တာဝန်လေးတွေက အစ ဂရုစိုက်သင့်၊ လိုက်နာ စောင့်ထိန်း သင့်ကြပါ တယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကွမ်း အစားဆုံးနဲ့ ကွမ်းသွေးကို စည်းကမ်းမဲ့ အစွန့် ပစ်ဆုံး နိုင်ငံ ဖြစ်လာနေပါပြီ။ လူ့ ခန္ဓာကိုယ်အတွက် အာဟာရလည်း မဖြစ် ကျန်းမာရေး အတွက်လည်း အကျိုး မပေးတဲ့ ကွမ်းစားတဲ့ အကျင့်ကြီးကို လူတစ်ဦးချင်း စီရဲ့ လိုအပ်ချက်တွေ အပေါ်မှာ ဝိုင်းဝန်း တည့်မတ် ပြုပြင်ကြဖို့ မစဉ်းစားကြ၊ မကြိုးစားကြဘဲ ကွမ်းယာ ဝါးနေမယ် ဆိုရင်တော့ ငွေကုန်ပြီး ကွမ်းကြောင့် ဖြစ်သော ရောဂါများသာ တိုးလာမှာ ဖြစ်ပါတယ်။ ယခင်က အာဏာ သုံးရပ်ကို တစ်ပေါင်း တည်း ကျင့်သုံးခဲ့တဲ့ စနစ်မှ ယခုအခါ အပြန်အလှန် ထိန်းကျောင်းမှု စနစ်တွေ ပါတဲ့ ဒီမိုကရေစီ စနစ်ကို  ပြောင်းလဲ ကျင့်သုံးနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် ပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံတွေထက်ရော အာဆီယံ နိုင်ငံများထက်ပါ ရှေ့တန်း ရောက်တဲ့ နိုင်ငံဖြစ်ဖို့ အတွက် အစလေး ကောင်းရုံ အားတက်သရော ကိုယ်စွမ်း ရှိသလောက် အားမထုတ်ဘဲ ပြီးစလွယ် လုပ်တတ်တဲ့ အကျင့်တွေ နိုင်ငံတစ်ခု အတွက် အရေးအရာဟာ ဝန်ထမ်းများနဲ့သာ ဆိုင်တယ်ဆိုတဲ့ အတွေး မျိုးတွေ၊ လမ်းပေါ်ကို ကွမ်းသွေးထွေးပြီး လမ်းပေရင် စည်ပင်နဲ့ပဲ ဆိုင်တယ်ဆိုတဲ့ အတွေးမျိုးတွေ မရှိသင့် တော့ဘူးလို့ ယူဆ မိပါတယ်။ တချို့ လူအချင်းချင်း ပြောနေကြသလို နိုင်ငံကြီးသား မပီသဘူး ဆိုတဲ့ စကားလိုမျိုး မဖြစ်ကြဖို့ ကျွန်တော်တို့ နိုင်ငံကို စီးပွားရေး အရ အင်အား တောင့်တင်းပြီး ကြွယ်ဝ ချမ်းသာတဲ့ နိုင်ငံဖြစ်ဖို့ နိုင်ငံသားတိုင်းက ကိုယ်နဲ့ဆိုင်တဲ့ လိုက်နာ ရမယ့်  တာဝန် ဟူသမျှကို လိုက်နာကြပါမှ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီး  မုချမသွေ  ဖြစ်လာနိုင် မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပါသည်။     ။

မေချို (ထားဝယ်)
Credit to Myawady 

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။