Sunday 28 April 2013

သိုးဆောင်း၏ စာအုပ်များစုစည်းမှု



လူငယ်စာရေးဆရာ သိုးဆောင်းကို သတိထားမိတာကြာပါပြီ။ သူ့အရေးအသားတွေကို သဘောကျလို့ စာရေးဆရာ သိုးဆောင်းရဲ့ ၀တ္ထုများကို တစ်စုတစ်စည်းတည်းဖြစ်အောင်စုစည်းပေးလိုက်ပါတယ်။ သူ့အကြောင်းကိုလည်း သိရှိနိုင်ဖို့ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။


လူငယ် စာရေးဆရာ သိုးဆောင်းရဲ့ လက်ရာတွေကို သူ့စာဖတ်ပရိသတ် တွေက ပဟေဠိ၊ အတွေး အခေါ်၊ ဉာဏ်စမ်း၊ အချစ် စတဲ့ အကြောင်း အရာတွေကို ရောသမမွှေပြီး စိတ်ဝင်စားစရာဖြစ် အောင် ဖန်တီးရေး သားတတ်တယ်လို့ ထောမနာပြုကြပါတယ်။
အသက် ၂၂ နှစ်သာရှိသေးတဲ့ သိုးဆောင်းက စာပေလောကထဲကို ၂၀၁၀ ပြည့်နှစ်ကမှဝင်ရောက်လာခဲ့ သူဖြစ်ပြီးအချိန်တိုလေးအတွင်းမှာ
ပရိသတ်လက်ခံမှုကို ရရှိနေသူတစ်ဦး။
ဒီလိုဆို ခုလို စာရေးဆရာ ဖြစ်လာဖို့ငယ်စဉ်ကတည်းက အိပ်မက်မက် ခဲ့သူ များလား။
"စာပေတော်တော်များများကို ငယ် စဉ်ကတည်းက လေ့လာဖတ်ရှုခဲ့ တယ်။ အနုပညာကိုလည်း စိတ်ဝင်စားတယ်။ ဒါပေမယ့် စာရေးဆရာ ဖြစ်ဖို့တော့ တစ်ခါမှ မတွေးမိခဲ့ဖူးဘူး"လို့ သိုးဆောင်း က ပွင့်လင်းစွာ ဆိုပါတယ်။ ဒါဆို ဘယ်လိုအကြောင်းအရာ ကြောင့် စာပေလောကထဲ ရောက်ရှိ လာတာပါလိမ့် ..။
"ကျွန်တော် ဒုတိယနှစ်အရောက်မှာ ရင်ထဲမှာရှိတာတွေကို ကဗျာအနေနဲ့ ရေးရင်း ပိုးဝင်သွားမှန်းသိတဲ့အချိန်မှာ နောက်ဆုတ်လို့ မရတော့ဘူး"တဲ့။
ဒါပေမယ့် 'ဇ'ဆိုတာ ငယ်စဉ်က တည်းက ပြတယ်ဆိုတဲ့စကားအတိုင်း သူငယ်တန်းအရွယ်လောက်က 'ချစ် တယ်'ကို 'ဆိတ်တယ်' စာမရေးတတ် ရေးတတ်နဲ့ရေးပြီး ရည်းစားစာပေးခဲ့ ဖူးတဲ့ အမှတ်ရစရာ သူ့ငယ်ဘ၀ အကြောင်းကို ပြောပြပါတယ်။
သူကြီးပြင်းလာခဲ့တဲ့နေရာက ရန်ကုန် နဲ့ သိပ်မဝေးလှတဲ့ သုံးခွမြို့လေး။ ကလောင်တံကိုင်ပြီး သိုးဆောင်းဆိုတဲ့ အမည်နဲ့ ရပ်တည်နိုင် ဖို့ လုံးချင်းဝတ္ထု သုံးအုပ်လောက်ရေးပြီးသွားချိန်မှာ 'စာ ရေးဆရာအလုပ်ဆိုတာ ထီးဖြူဖိနပ် ပါးအလုပ်'ဆိုပြီး သူ့ဝါသနာနဲ့ အလုပ် ကို အားမပေးတဲ့ မိဘနဲ့ ရပ်ရွာကို ကျောခိုင်းထွက်ခွာခဲ့ချိန်က အသက် ၁၉ နှစ်။ ဆူးခင်းလမ်းတွေ၊ စိန်ခေါ်မှု တွေကို ဖြတ်ကျော်ခဲ့တယ်။ ခက်ခဲမှုဆို တာကတော့ စာဖွဲ့လို့ မနိုင်လောက် အောင် အများကြီး။
"ရန်ကုန်မှာ ကြိုးစားရုန်းကန်ရင်း ရေးထားတဲ့ ၀တ္ထုတွေကို စာအုပ်တိုက် တွေဆီ သွားပြ။ တချို့တိုက်တွေဆို ဖတ်တောင်မဖတ်ဘဲ အသက်ကိုမေးပြီး လက်မခံခဲ့ကြဘူး။
"လူတစ်ယောက်ရဲ့အရည်အချင်းက အသက်ကြီးတာ ငယ်တာနဲ့မဆိုင်ပါဘူး။ ပရိသတ်နဲ့ သူ့ရဲ့အနုပညာ အရမ်းနီးစပ် ပြီး ပရိသတ်လို ချင်တာ ချပြပေးနိုင်ရင် အောင်မြင်သွားမှာပဲ" လို့ ယုံကြည်မှု အားမာန်တွေပြည့်တဲ့ သူ့ရဲ့ခံယူချက်ကို ဖွင့်ဟပြောပြလေရဲ့။
ဒီတော့ သူ့ရဲ့လက်စွဲဆောင်ပုဒ်က 'ကြိုးစားသူတိုင်းအတွက် မနက်ဖြန် တိုင်းမှာ အောင်မြင်မှုတွေရှိတယ်' ဖြစ် ခဲ့တယ်။ မဆုတ် မနစ်အားထုတ်မှုတွေကြောင့် စာရေးဆရာ သိုးဆောင်းဘ၀မွေးဖွား လာဖို့ ရွှေသမီးစာပေတိုက်နဲ့ လက်တွဲ ဖြစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပထမဆုံးလုံးချင်းဝတ္ထု ဖြစ်တဲ့ 'အချစ်တောင်းခံလွှာ'ကို စတင်ဖြန့်ချိခဲ့ပြီးတဲ့နောက် 'သစ္စာမဖောက် ကြေးစာချုပ်'၊ 'သုံးခါနမ်းမှပွင့်မယ့်ပန်း'၊ 'အပေတေတစ်ယောက်ရဲ့ ကျောင်းဆင်း ချိန်'၊'တစ်ရက်'၊'ဘယ်သူလဲ'၊'ဆိုက်ကို ဆော့ဖ်ဝဲ (Psycho Software)'၊ 'သိုးဆောင်း'၊ 'သက်တံ့သစ်' နဲ့ ၂၀၁၁ မတ်လ ထဲမှာ ထွက်ရှိခဲ့တဲ့ ဆယ်အုပ်မြောက် လုံးချင်းဝတ္ထု 'နေကမ္ဘာ ရဲ့မီးအိမ်ရှင်' တို့နဲ့ သက်သေထူနိုင်ခဲ့ပြီ။
"ကျွန်တော့ကို သူ့ဝတ္ထုတွေ စပြတဲ့ အချိန်က ဖတ်ပြီးတော့ မကြိုက်ဘူးလို့ ပြန်ပေးလိုက်တယ်။ အဲဒီအချိန် သူ့စိတ် ထဲမှာ မခံချင် စိတ်လေးဖြစ်သွားတယ် ထင်တယ်။ ကျွန်တော့ရှေ့မှာပဲ တစ်မိနစ် လောက်စဉ်းစားပြီး ကျွန်တော်ပြန်ရေး ကြည့်မယ် ပြန်ဖတ်ပေး မလားလို့ ပြော တော့ ကျွန်တော်လည်း ပြန်ဖတ်ပေးဖို့ သဘောတူလိုက်တယ်။
"မကြာဘူး။ လေး၊ ငါးရက် လောက် မှာ ပြင်ပြီးသွားပြီဆိုပြီး ပြန်လာပြတယ်။ လေး၊ ငါးရက်လောက်နဲ့ ဘယ်လိုလုပ် ပြန်ပြင်မလဲဆိုပြီး ကျွန်တော်က မယုံ ဘူး။ ဒါပေမယ့် ဖတ်ကြည့်လိုက်တော့ ပထမယူလာတာနဲ့မတူဘူး။ ၀တ္ထုလေးကလည်း ဆန်းတယ်။ ပြီးတော့ အခု
လူငယ်တွေထက် သာလွန်တဲ့အရေး အသားမျိုးတွေနဲ့ဆိုတော့ ကျွန်တော် အရမ်းကြိုက်သွားတယ်။ ဒါနဲ့ ထပ်ရေး ကြည့်လို့ပြောပြီး ထပ်ရေးလာတဲ့ စာအုပ်တွေကလည်း ကောင်းတော့ သူ့စာအုပ်တွေကို ထုတ်ပေးဖို့ဆုံးဖြတ်လိုက်တာပါ"လို့ ရွှေသမီးစာပေတိုက်ပိုင်ရှင် ကိုသားသားက သိုးဆောင်းနဲ့ လက်တွဲဖြစ်ခဲ့ပုံကို ပြောပြပါတယ်။
ပြီးတော့ သိုးဆောင်းရဲ့ စာအုပ်တွေကို လည်း သူရေးနေသရွေ့ ဆက်ပြီးထုတ် ဝေပေးသွားမယ်လို့လည်း ဆိုလေရဲ့။
စာရေးသူတော်တော်များများဟာ စာစရေးတဲ့အချိန်မှာ သူတို့ရဲ့အရေး အသားကို လွှမ်းမိုးထားသူတွေ ရှိတတ် သလို လူငယ်စာရေး ဆရာ 'သိုးဆောင်း'ကလည်း သူ့ရဲ့ဆယ်အုပ်မြောက်ဝတ္ထုတိုင်အောင် လွှမ်းမိုးထားသူက ပြည်တွင်းစာရေးဆရာတွေထဲက သူ အနှစ် သက်ဆုံးဖြစ်တဲ့ 'တာရာမင်းဝေ' လို့ဆိုပါတယ်။
"ကျွန်တော် ခွဲထွက်ရေးနိုင်ဖို့ ကြိုးစား ပေမယ့် ခုချိန်ထိ မအောင်မြင်သေးဘူး။ ဆရာ့ရဲ့ လွှမ်းမိုးမှုတွေကတော့ ကျွန်တော့ အရေး အသားတွေထဲမှာ ရှိကို ရှိနေပါတယ်" လို့လည်း ဆိုပါတယ်။
သူ့ရဲ့ဇာတ်ကောင်တွေကို သူဖြစ်ချင်၊ လုပ်ချင်ခဲ့ပြီး မဖြစ်ခဲ့၊ မလုပ်ခဲ့ လိုက်ရ တာတွေကိုလည်း လုပ်ခိုင်းလေ့ရှိတာ ကြောင့် ၀တ္ထု တွေမှာ သူ့ရဲ့ဘ၀တစ်စိတ် တစ်ပိုင်းလည်း ပါဝင်သလို သူ့အနာဂတ်မှာ ဖြစ်ချင်တာတွေလည်း ပါတယ်လို့ ပြောတဲ့ သိုးဆောင်းရဲ့ အချစ်အကြောင်း ခံစားရေးသားထားတဲ့ ကဗျာလေးက ဒီလိုပါ။
"ချစ်သူသေသွားခဲ့လျှင်... ကိုယ့်ကိုယ်ကိုယ် အုတ်ဂူအဖြစ်ဖန်ဆင်းပြီးချစ်သူရုပ်ကလာပ်ဝင်အလာကိုစောင့်မယ်..၊
ကိုယ်ကိုယ်တိုင် ပြာအိုးဖြစ်စေပြီးချစ်သူအရိုးစတွေကို မျှော်မယ်..။
ချစ်သူ...အရိုးဆွေးခဲ့ရင်တောင်မင်းကို ကိုယ် ဝေးခွင့်မပေးဘူး။"
သူ့ဝတ္ထုတွေမှာ ဒီလိုအချစ်ကြီးပြီး၊ အစွဲအလမ်းကြီးသူတစ်ယောက်ရဲ့ ခံစားချက်မျိုး ရေးစပ်ထားတဲ့ကဗျာလေးတွေ အစွဲအလမ်းကြီး ကြီးချစ်ကြတဲ့ အချစ်ဇာတ်လမ်းလေးတွေရယ်ကြောင့် သူ့ရဲ့ကိုယ်ပိုင်ခံစားချက်ကရော ဘယ်လိုရှိလဲ လို့မေးဖြစ်တော့...
"အနုပညာသမားတော်တော်များ များကတော့ အချစ်ကိစ္စ၊ မေတ္တာတရား ကိစ္စတွေမှာ လေးနက်တတ်ကြတယ်။ ကျွန်တော်ကတော့ အရမ်းကြီးလေးနက်တာမဟုတ်ပေမယ့် ထိုက်သင့်သလောက် တော့ လေးနက်ပါတယ်။ ကျွန်တော့ဝတ္ထုထဲကလို အစွန်းရောက်ပုံစံ မျိုးကိုတော့ သူချစ်၊ကိုယ်ချစ်ဖြစ်ပြီး လုပ်သင့်တဲ့ အခြေအနေမျိုးဆိုရင်တော့ လုပ်ဖြစ်မှာ ဖြစ်ပေမယ့် ကိုယ်ကပဲ တစ်ဖက်သတ်ချစ် နေတာမျိုးဆိုရင်တော့ အဲလိုလုပ်ဖြစ်မှာ မဟုတ်ဘူး"လို့ သိုးဆောင်းက သူ့ရဲ့ ကိုယ်ပိုင်ခံစားချက်ကို ဖွင့်ဟလေရဲ့။
ဒါကတော့ သူ့အကြောင်းကို Myanmar Times မှာဖေါ်ပြထားတာဖြစ်ပါတယ်။
 သူ့စာအုပ်များကို လိုချင်သူများ အောက်မှာ ဒေါင်းလို့ရပါတယ်ဗျာ။




 မေမြို့သားလေး

 Credit to >>> Burmese Classic

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။