ကျွန်တော် သိမ်းထားချင်သော အရာများ၊ ပြောချင်သောစကားများနှင့် မျှဝေချင်သော အကြောင်းအရာများ အတွက် ဤ Blog စာမျက်နှာအား အသုံးပြုပါသည်။
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts
Thursday, 2 May 2013
Thursday, 7 March 2013
"ရဟန်းတော်များ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း"
"ရဟန်းတော်များ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း" (ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ) မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည် ( ကိုမြင့်သိန်း (စင်္ကာပူ)) ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။ (ရယ်သံများ) ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ဖော်တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်… Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။ ... |
Thursday, 21 February 2013
ယနေ့ အိန္ဒိယနှင့် ဗုဒ္ဓဘာသာ..........
Sunday, 3 February 2013
History of shwedagon pagoda
Shwe Dagon Pagoda
According to legend, the Shwedagon Pagoda has existed for more than 2,600 years, making it the oldest historical pagoda in Burma and the world.
According to tradition, two merchant brothers, Taphussa and Bhallika, from the land of Ramanya, met the Lord Gautama Buddha during his lifetime and received eight of the Buddha's hairs in BC 588.
The brothers traveled back to their homeland in Burma and, with the help of the local ruler, King Okkalapa of Burma, found Singuttara Hill, where relics of other Buddhas preceding Gautama Buddha had been enshrined. When the king opened the golden casket in which the brothers had carried the hairs, incredible things happened:
Monday, 28 January 2013
~~~~~~~~၉၆၉ ဆိုတာဘာလဲ~~~~~~~
၉၆၉ ဆိုတဲ.အဓိပ္ပါယ် မသိသေးတဲ. ကျနော် အကိုအမ ညီမလေးများကို သိစေလိုသော ဆန္ဒနဲ. ကျနော်
သိသလောက်လေးနဲ. ရှင်းပြချင်ပါတယ်။
၉၆၉ ဆိုတဲ. ဂဏန်း သုံးလုံးဟာ ဘုရားဂုဏ်တော် ၉ပါး တရားဂုဏ်တော် ၆ပါး သံဃာ.ဂုဏ်တော် ၉ပါး
ကိုရည်ညွန်းထားတာဖြစ်ပါတယ်။၉၆၉ ဂဏန်းသုံးလုံးကိုပေါင်းလိုက်ရင် ၂၄ရပါတယ်။၂၄ဆိုတာကတော.
၂၄ပစ္စည်ပဋ္ဌာန်းတော်ကြီးကို ရည်ညွန်းပါတယ်။
၉၆၉ ဆိုတဲ.အဓိပ္ပါယ် မသိသေးတဲ. ကျနော် အကိုအမ ညီမလေးများကို သိစေလိုသော ဆန္ဒနဲ. ကျနော်
သိသလောက်လေးနဲ. ရှင်းပြချင်ပါတယ်။
၉၆၉ ဆိုတဲ. ဂဏန်း သုံးလုံးဟာ ဘုရားဂုဏ်တော် ၉ပါး တရားဂုဏ်တော် ၆ပါး သံဃာ.ဂုဏ်တော် ၉ပါး
ကိုရည်ညွန်းထားတာဖြစ်ပါတယ်။၉၆၉ ဂဏန်းသုံးလုံးကိုပေါင်းလိုက်ရင်
၂၄ပစ္စည်ပဋ္ဌာန်းတော်ကြီးကို ရည်ညွန်းပါတယ်။
Sunday, 13 January 2013
လက်ပံတောင်းနှင့် လယ်တီသာသနာဝင်
၁။ မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်မှာ အစဉ်အလာ ဆိုရိုးစကားတစ်ခွန်းရှိတယ်။ ဘာလဲဆိုတော့ ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ ကန်တော့ ဆိုတဲ့စကားပဲ။ အခုလည်း ဘုန်းကြီးသံဃာတွေကို မီးလောင်ဗုံးနဲ့ ပစ်တဲ့လူက ပစ်ပြီးပြီ၊ တောင်း ပန်တဲ့သူကလည်း ကန်တော့ ကန်တော့ပါ အရှင်ဘုရားလို့ တောင်းပန်ပြီးပြီ။ ကိစ္စကပြီးသွားပြီလား။ ဆက်စရာတွေ ကျန်နေပါတယ်။ တခြားကိစ္စတွေကို ပြောမယ့်ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ပြောကြပါလိမ့်မယ်။ ကျွန်တော် အဓိက ပြောချင်တာက လက်ပံတောင်းမှာရှိတဲ့ လယ်တီသာသနာ အမွေအနှစ်တွေအကြောင်း ဖြစ်ပါတယ်။
Tuesday, 1 January 2013
ဘုန်းကံတက်အောင်....
ရှေးမြန်မာ့ယဉ်ကျေးမှု
ထုံးတမ်းစဉ်လာများဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို အခြေခံပြီး ချမှတ်ကာ ဆွေစဉ်
မျိုးဆက်လိုက် လိုက်နာခဲ့ကြရတဲ့ ထုံးတမ်း စဉ်လာများ ဖြစ်ပါတယ်။ သို့သော်
ကိုလိုနီခေတ်မှာ မြန်မာ့ ထုံးတမ်း စဉ်လာ များကို နှိပ်ကွပ်မည်
စိုးသောကြောင့် ဖြစ်စေ၊ တိုင်းတပါးသားများ ရရှိသွားမည် စိုးသောကြောင့်
ဖြစ်စေ ဖုံးကွယ်လျှို့ဝှက် ထားခဲ့ကြရာမှ အချို့ထုံးတမ်းစဉ်လာ များ
မှေးမှိန် ပျောက်ကွယ် သွားခဲ့ရပါတယ်။
Tuesday, 25 December 2012
ပုံတော်စုံ ငါးရာ့ငါးဆယ် အနှစ်ချုပ်
လောက၏ ဖြစ်တတ်ပုံ အစုံစုံနှင့် သိမှတ်စရာများစွာပါရှိသည့် ငါးရာ့ငါးဆယ်
ဇာတ်ဝတ္ထုတော်များကိုတစ်အုပ်တည်းအပြီး အကျဉ်းချုံးထားသော စာအုပ်ဖြစ်သည်။
ဝတ္ထုတိုင်းတွင် ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္တု၊ ဇာတ်ပေါင်း၊ အနှစ်ချုပ်ဟူ၍ အပိုင်းများခွဲကာ ရေးသားထားပြီး လူတိုင်းနားလည်လွယ်စေရန် လွယ်ကူသော စကားပြေ ရှင်းလင်းသော အရေးအသားတို့ဖြင့်
ဝတ္ထုတိုင်းတွင် ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္တု၊ ဇာတ်ပေါင်း၊ အနှစ်ချုပ်ဟူ၍ အပိုင်းများခွဲကာ ရေးသားထားပြီး လူတိုင်းနားလည်လွယ်စေရန် လွယ်ကူသော စကားပြေ ရှင်းလင်းသော အရေးအသားတို့ဖြင့်
စီစဉ်ထားသည်ကို
တွေ့ရသည်။ ဘုရားလောင်းဘ၀ ဇာတက၀တ္ထုလာ ဇာတ်ကြောင်းများကို
ခြုံငုံမိစေမည့်အပြင် ဇာတ်တော်၏ အနှစ်သာရကိုလည်း အလွယ်တကူ နားလည်နိုင်မည့်
စာအုပ်ဖြစ်သည်။
Wednesday, 19 December 2012
ကမ္ဘာပျက်ပုံ ဖြစ်ပုံများ
Tuesday, 20 November 2012
Buddhism Handbook (ဗုဒ္ဓဘာသာလက်စွဲကျမ်း)
This E-Book is for all Buddhism's people. If you interested in Buddhism, you can download it.
For download....... Click Here.
Maymyo Thar Lay
ကျောက်ကွင်းအရေးတော်ပုံ
ဒီစာအုပ်ကတော့ လူတိုင်းသိကြမှာပါ ... ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာတို့ အမေးအဖြေ ပြိုင်ပွဲလေးပါ ။
အရမ်းကောင်းတဲ့ စာအုပ်လေးပါပဲ ။ ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်လို့ ညွန်းပါရစေ ။
အပြင်မှာ ၀ယ်ရင် ဘယ်လိုဝယ်ဝယ် ၀ယ်လို့ မရလောက်အောင် ရှားပါးလှတဲ့ စာအုပ်ပါ။
လိုချင်သူများ ဒီမှာ ဒေါင်းလုပ်ယူလိုက်ပါ။
ဒါကတော့ နောက်ထပ်လင့်တစ်ခုပါ။ လိုချင်ရင် ဒီမှာ နှိပ်လိုက်ပါ။
ဒါကတော့ သခင်မြတ်ဆိုင်ရေးခဲ့ပြီး တရားဝင်ထုတ်ဝေခွင့်မရရခဲ့တဲ့ စာအုပ်ပါ။ ဒီမှာတော့ ပေါ်ကစာအုပ်
လိုမဟုတ်ပဲ အမေးအဖြေတော်တော်များများပါနေပါတယ်။ ဖတ်ချင်သူများ ဒေါင်းလို့ရပါတယ်။
လိုချင်ရင် ဒီမှာ နှိပ်လိုက်ပါ။

Friday, 16 November 2012
ကမ္ဘာ့ပညာရှင်တို့ မျက်လုံးထဲက ဗုဒ္ဓဘာသာ
ကမ္ဘာ့ပညာရှင်တို့ မျက်လုံးထဲက ဗုဒ္ဓဘာသာ
============================
ဗုဒ္ဓဘာသာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်ကပင် လူသားထုကို အသိဥာဏ်အလင်းရရှိစေခဲ့ပြီး အနှောင်အဖွဲ့နှင့် ဥပါဒါန် အစွဲများမှ လွန်မြောက်စေသည့် သိပ္ပံနည်းကျ ဘာသာတရားဖြစ်သည်။ ဘာသာရေးအများစုမှာ တည်ထောင်သူ ဘာသာရေးခေါင်းဆောင် များ ကို ၎င်းတို့၏ နောက်လိုက်များကသာ ချီးကျူးဂုဏ်ပြုကြသော်လည်း ဗုဒ္ဓကိုမူ ယနေ့တတ်သိပညာရှင်တိုင်းက မည်သည့်ဘာသာဝင် မဆို ၎င်းတို့၏ မူလခံယူထားသော ဘာသာကိုပင် အလေးမမူတော့ဘဲ ဂုဏ်ပြုချီးကျူးကြပေသည်။
ဘာသာတရားရှိသူများသာမက လောကကိုအလေးထားသည့် လွတ်လပ်သော တွေးခေါ်ရှင်ဆိုသူများကပက် ချီးကျူးဂုဏ်ပြု ကြပေသည်။ သမိုင်းကြောင်းအမြင်အရ ဘာသာရေးလွတ်လပ်မှုသာမက လူသားတို့၏ သက်ရှင်ထင်ရှားသော ဆရာဟူ၍ တစ်စုံတစ်ယောက် မျှ မရှိခဲ့ဖူးချေ။ ဘာသာရေးကို ဗုဒ္ဓမပေါ်မီက အချို့သော ဂိုဏ်းဂဏများကသာလျှင် အပိုင်စီးထားကြသည်။ ဗုဒ္ဓသည် လူ့အဖွဲ့အစည်းတွင် လူတိုင်းအတွက် အပိုင်းအခြားမဲ့ တံခါးဖွင့်လှစ်ထားသည့် သမိုင်းဝင် ဆရာတစ်ဆူဖြစ်သည်။
ဗုဒ္ဓသည် တပည့်သာဝကတို့အား ငုတ်လျှိုးနေသော လူ့စွမ်းအားများကို လေ့ကျက်တိုးပွားစေခဲ့သည်။ သီအိုရီများ ယုံကြည်ချက် သက်သက်နှင့် ရိုးရာအလေ့အကျင့်ဖြင့်သာ မဟုတ်ဘဲ ကိုယ်ပိုင်အတွေ့အကြုံဖြင့် ဟောဖော်ခဲ့သည့် ထာဝရချမ်းသာ ကို တွေ့ရှိရန် အသိမဲ့သတ္တ၀ါတစ်ဦးအား အစေခံသဖွယ် သဘောမထားဘဲ စိတ်စွမ်းအားနှင့်အသိဥာဏ်ကို အကောင်းဆုံး အသုံးချနိုင်ရန် ပြသခဲ့သည်။ ဗုဒ္ဓ၏ အဆုံးအမများသည် ဘာသာရေး အမှတ်တံဆိပ် ခတ်နှိပ်ရန်မလိုဘဲ မည်သူမဆို လေ့ကျင့်နိုင်သည်။
အောက်တွင် ယနေ့ခေတ်သစ်ကမ္ဘာမှ တတ်သိပညာရှင်များအဖြစ် အသိအမှတ်ပြုထားသည့် ထင်ရှားသော တွေးခေါ် ပညာရှင်များ၊ သမိုင်းပညာရှင်များ၊ စာပေပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ စာရေးဆရာများ၊ ဘာသာရေးခေါင်းဆောင်များ၏ အဆို အမိန့် များကို စုစည်းဖော်ပြထားသည်။ သူတို့အဆိုအရ ဗုဒ္ဓဘာသာသည် လက်တွေ့အကျဆုံးနှင့် ကြောင်းကျိုးအညီညွှတ်ဆုံးသော ဘာသာ တရား ဖြစ်သည်။ တိကျခိုင်မာသည့် အသိပညာကို ဖြစ်ပေါ်စေနိုင်သည်။ လျော်ကန်စွာ ကျင့်ကြံအားထုတ်ပါက ပိုမိုကောင်းမွန်သည့် ၀န်ဆောင်မှုကို အမှန်တကယ် ဆောင်ရွက်နိုင်ပေမည်။
ဤစာစုများကို ထုတ်ဖော်ပြသခြင်းသည် ဗုဒ္ဓဘာသာ၏ သာလွန်မြင့်မြတ်မှုကို ပြလိုရင်းမဟုတ်ဘဲ ပညာရှင်အသီးသီး၏ အဂတိကင်းသော အမြင်များကို ဆင်ခြင်သုံးသပ်နိုင်ရန် ဖြစ်သည်။

Thursday, 15 November 2012
ငါးပါးသီလ ကံမြောက်ကြောင်း အချက်များနဲ့ ကျူးလွန် ခြင်းကြောင့် ရမည့် အပြစ်များ
ပါဏာတိပါတ အင်္ဂါ ၅-ပါး။ -သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်းင်းအင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။
(၁) ပါဏ- သက်ရှိသတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ-သက်ရှိသတ္တ၀ါဟု မှတ်သိခြင်း၊
(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ-လုံ့လဉပခြင်း၊
(၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း။
အပါယ်လေးပါးရောက်ကြောင်းဒါနအလှူများ
ဒါနဆိုတာပေးကမ်းလှူဒါန်းခြင်းကိုခေါ်တာပါ။ဒါနအမှုကိုပြုလေ့ရှိတဲ့ပုဂ္ဂိုလ်ကို
ဘုရားအစရှိတဲ့သူတော်ကောင်းများချီးမွမ်းကြပါတယ်။ထို့ပြင်ဒါနဆိုတာဖြစ်လေရာဘဝမှာ
အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာကြီးခြင်း ခွန်အားကြီးခြင်း
ဥာဏ်ပညာကြီးခြင်းအစရှိတဲ့ကောင်းကျိုးချမ်းသာများကို ရစေတဲ့အပြင်
ဗုဒ္ဓဘာသာတို့ရဲ့ အလိုချင်ဆုံး အတောင်းတဆုံး
နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း လည်း အထောက်ပန့်ဖြစ်စေပါတယ်။
မြတ်စွာဘုရား၊ပစ္စေကဗုဒ္ဓ၊မြတ်စွာဘုရား၏ အဂ္ဂသာဝက မဟာသာဝက များဖြစ်အောင်ပါရမီဖြည့်ကျင့်ရတဲ့အရာမှာလည်းဒါနဆိုတာ ထိပ်တန်းကပါဝင်တာဖြစ်ပါတယ်။အဂ္ဂသာဝက မဟာသာဝကဖြစ်ဖို့အထောက်ပန့်ပေးနိုင်ပါတယ်။ပစ္စေကဗုဒ္ဓဖြစ်စေအောင်လည်း အထောက်အပန့်ပေးနိုင်ပါတယ်။နောက်ဆုံးသမ္မာသမ္ဗုဒ္ဓဘုရားရှင်ဖြစ်စေအောင်လည်းဒါနဆိုတဲ့အရာက အထောက်အပန့်ပေးနိုင်တယ်။သို့သော်အပြစ်ကင်းစင်တဲ့ဒါနဖြစ်ဖို့တော့အလွန်အရေးကြီးပါတယ်။ဆိုလိုတာက လှူသင့်လှူထိုက်တဲ့ဒါနပေါ့။ကျောင်းဆောက် ဘုရားတည် ရှင်ပြု ရဟန်းခံ ဝါဆိုသင်္ကန်း ကထိန်သင်္ကန်းစသည်ဖြင့်ပေါ့လေအပ်စပ်တဲ့အလှူဒါနအပြစ်ကင်းစင်တဲ့ဒါနဖြစ်ဖို့တော့အလွန်ပင် အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့တစ်ချို့တစ်ချို့သောပုဂ္ဂိုလ်များဟာအပြစ်ကင်းစင်တဲ့အလှူဒါနလို့ ထင်မှတ်ပြီး(အပြစ်မကင်းတဲ့အပါယ်လေးပါးရောက်ကြောင်းအလှူဒါနများကို)လှူဒါန်းကြတဲ့အလှူများ ယခုခေတ်မှာအတော်ပင် များပြားလှပါတယ်။ကောင်းရာသုဂတိရောက်ကြောင်း အလှူဒါနအထင်ဖြင့် လှူဒါန်းတဲ့ဒါနများ၊ အလှူများကိုဆိုလိုခြင်းဖြစ်ပါတယ်။

အပါယ်လေးပါးမှလွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး
အပါယ်လေးပါးဆိုတာ ငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ၊
အသုရကာယ်တို့ဖြစ်ပါတယ်။အပါယ်ဆိုတာက(အပါယ)ဆိုတဲ့ ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။
(အပါယ)မှာ(အပ+အယ)ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။အပ=ကင်းခြင်း၊ အယ=ကုသိုလ်တရား
နှစ်ပုဒ် ပေါင်းလိုက်တော့
ကုသိုလ်တို့မှကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ဆိုလိုတာက
အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှ ကင်းခြင်း ၊
ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း
ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့အဓိပ္ပါယ် ရပါ တယ်။မှန်ပါတယ်။
အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကိုပြုလုပ်နိုင်စွမ်း
မရှိသည့် အတွက် ကောင်းသော ဘုံဌာနကို ပြန်ရောက်ဖို့
အင်မတန်မှခက်ခဲပါတယ်။အကုသိုလ်ကံ အဟုန်တွေ ကုန်ဆုံးမှသာ
ကောင်းရာဘုံကိုရောက်စေတာပါ။
“ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်” (Theravada Buddhist Foundation )
“ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်” (Theravada Buddhist Foundation )
မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)-က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ ၅၈၈ မှာ ဓမ္မရတနာ စတင်ခဲ့သလိုမဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ၅၈၈ ခုမှာသံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။
မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ် နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူပါတယ်၊ ဗုဒ္ဓအဖြစ်နဲ့ ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ်၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ထမ်းဆောင်တော်မူခဲ့ပါတယ်၊
အဲဒီ တာဝန်ကြီး ၂ ရပ်ကတော့..... (၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း (၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ပဲ ဖြစ်ပါတယ်၊ ထို မြတ်ဗုဒ္ဓ ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ
ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါတယ်၊ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ရန်အတွက် ကျယ်ပြန့်တဲ့ ဥပဒေ တွေ မရှိပါဘူး၊ ဘုရားကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ခြင်း, တရားကိုကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ခြင်း လို့ ခေါ်တဲ့ သရဏဂုံ သုံးပါးကို လက်ခံလိုက်လို့ ရှိရင်ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါတယ်၊

ဗုဒ္ဓဘာသာကိုနားမလည်သူများအနေနဲ့မေးခွန်းတွေမေးလာခဲ့ရင်ပြန်လည်ဖြေကြားနိုင်ရန်အတွက်
ဗုဒ္ဓဘာသာကိုနားမလည်သူများအနေနဲ့မေးခွန်းတွေမေးလာခဲ့ရင်ပြန်လည်ဖြေကြားနိုင်ရန်အတွက်
ဒီပိုစ့်ကိုထပ်ဆင့်မျှဝေပေးလိုက်သည်..။။
****************************
(၁) မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။
Monday, 12 November 2012
ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်
Face book ကနေ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်
TiTle - ဗုဒ္ဓဘာသာကောင်းတစ်ယောက်
Author(s): သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာန
Description : မိမိတို့၏ အဖိုးတန်ဘ၀ ရတနာကို ထိုက်ထိုက်တန်တန်အသုံးချလို သူများ ၊ ဗုဒ္ဓဘာသာကို အခြေခံမှ စတင်လေ့လာလိုသူများ ၊ ဗုဒ္ဓဘာသာဝင် အဖြစ် ခံယူလိုသူများ ၊
“ ဗုဒ္ဓဘာသာကောင်းတစ်ယောက် ” ဖြစ်လိုသူများ ၊ ဗုဒ္ဓဘာသာဝင် အမည်ခံယူထားပြီး ဗုဒ္ဓဘာသာဝင်အသိ မရှိကြသေးသူများ ၊ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သွားရောက်ကြမည့်သူမျာ
Author(s): သာသနာထွန်းကားပြန့်ပွားရေးဥ
Description : မိမိတို့၏ အဖိုးတန်ဘ၀ ရတနာကို ထိုက်ထိုက်တန်တန်အသုံးချလို
“ ဗုဒ္ဓဘာသာကောင်းတစ်ယောက် ” ဖြစ်လိုသူများ ၊ ဗုဒ္ဓဘာသာဝင် အမည်ခံယူထားပြီး ဗုဒ္ဓဘာသာဝင်အသိ မရှိကြသေးသူများ ၊ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သွားရောက်ကြမည့်သူမျာ
း ၊ နိုင်ငံခြားသို့ရောက်ရှိနြေ ကသော
မြန်မာနိုင်ငံသားများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ဗဟုသုတ ကြွယ်ဝလိုသူများ
စသူတို့အတွက် ဤကျမ်းစာ ကိုလေ့လာသင့်သည်ဟု နိဒါန်းတွင် ညွှန်းဆိုထားပါသည် ။
ဤစာအုပ်တွင် ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ် ၊
အပိုင်း ( ၁ ) လူနှင့်ကိုးကွယ်မှု တွင် ကိုးကွယ်မှု အဓီပ္ပာယ် ၊
အခန်း (၂ )တွင် ကိုးကွယ်ရာ ရတနာသုံးပါး ၏ အကြောင်း ၊
အခန်း (၃) ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခြင်း တွင် သရဏဂုံသုံးပါး ပါဠိနှင့် အနက် ၊ခံယူဆောက်တည်ပုံ ၊ သရဏဂုံတည်ခြင်းအကျိုး ၊
အခန်း (၄) ဗုဒ္ဓဘာသာအိမ်တိုင်း ရုပ်ပွားဆင်းတုထားရှိ ကိုးကွယ်ခြင်း အခန်းတွင် ရုပ်ပွားဆင်းတု ပူဇော်ပုံ ပူဇော်နည်း ၊ ပူဇော်ရသည့် အကျိုး ၊
အခန်း (၆) ဗုဒ္ဓဘာသာ တစ်ယောက် ယုံကြည်လက်ခံရမည့် အချက်များတွင် ရတနာသုံးပါးကို ယုံကြည်ခြင်းနှင့် အခြားယုံကြည်ရမည့် အချက်များ ၊
အခန်း (၇) ရတနာသုံးပါး အကျိုးကျေးဇူးအခန်းတွင် ဘုရားကျေးဇူး၊
တရားကျေးဇူးနဲ့ သံဃာကျေးဇူး အကျိုးပြ ပုံဝတ္တုများ ၊
အခန်း (၈) ဥပါသကာဂုဏ် ၁၀ ပါး ၊
အခန်း (၉) ဗုဒ္ဓဘာသာ တစ်ယောက် ရှောင်ရမည့် အချက်များ ၊
အခန်း (၁၀) ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တစ်နေ့တာလုပ်ငန်း နှင့် အကျိုးကျေးဇူးများ ၊
အခန်း (၁၁)တွင် ကျက်မှတ်ရန် ပါဠိအနက်များ တွင် ဘုရားဂုဏ်တော်ကိုးပါး ၊တရားဂုဏ်တော်ခြောက်ပါး၊ သံဃာ့ဂုဏ်တော်ကိုးပါး ၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ တို့၏ ပါဠိနှင့် အနက် ၊
အခန်း (၁၂)တွင် လူ့ဝိနည်းကျင့်ဝတ်များ နှင့်
အခန်း (၁၃)တွင် အန္တရာယ်ကင်းရန် ရွတ်ဖတ်ရမည့် ပါဠိဂါထာများ ၊
အခန်း (၁၄)တွင် ကျက်သရေ မင်္ဂလာရှိရန် ရွတ်ရမည့် ဂါထာများ ၊
အခန်း( ၁၅) ရဟန်းသံဃာများနှင့် ပြောတတ် ဆိုတတ် ဆက်ဆံတတ်ရန် တွင် စကားပြောနည်း ၊ရှိခိုးဦးချနည်း ၊စားသောက်ဖွယ်ကပ်လှူနည်း ၊ စားသုံးဖွယ်အသီးအနှံများ အပ်စပ်အောင် ပြုလုပ်ပေးနည်း ဟူ၍ အပိုင်း ၁၅ပိုင်း ခွဲထားပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက် သိသင့် သိထိုက်သည့်အချက်များအား ဖော်ပြရေးသားထားပါသည် ။
အောက်ပါလင့်မှာ ဒေါင်းပါရန် ။
http://www.mediafire.com/ ?azs1s7rn8u9997n
or
http://www.2shared.com/ document/TEZs3wET/ 79_online.html

http://www.mediafire.com/
or
http://www.2shared.com/
Tuesday, 30 October 2012
Monday, 29 October 2012
သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့
မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ
ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိ ဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း
သုံးလ ပတ် လုံး ဟောကြားတော် မူပြီး တရားစစ်သူကြီး ရှင် သာရိပုတ္တရာ
ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန် တည်းမှာ
ဟောကြား သင်ပြ တော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်း
ခဲ့တဲ့ အထိမ်း အမှတ် အနေနဲ့ နက်ဖြန် မနက်မှာ ကျရောက် မယ့် သီတင်းကျွတ်
လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။
Subscribe to:
Posts (Atom)

![ယနေ့ အိန္ဒိယနှင့် ဗုဒ္ဓဘာသာ
အိန္ဒိယ နဲ့ ဗုဒ္ဓသာသနာ တနေ့တခြား တိုးတက် ပြန့်ပွားမှုက အားတက်စရာပါ၊ ဒီ ကမ္ဘာ့ လူဦးရေ အများဆုံးနဲ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံတော်မှာ သာသနာ အဓိက ပြုတော်မူနေကြတဲ့ နိုင်ငံတွေကတော့ မြန်မာ ရဟန်းတော်တွေနဲ့ သီရိလင်္ကာ ရဟန်းတော်တွေ ဆိုတာကြားရတော့ ရှေ့ရှေ့ နောင်တော်တွေရဲ့ ပခုံးထမ်း သာသနာကို ကြည်ညိုလို့မဆုံး.....
ဒီနေ့ ကျောင်းတက်ဖော် ဟိမာချာ(ဟိမဝန္တာ) ဘက်က ကျောင်းသွားဖော် အိန္ဒိယ ကျောင်းသား ဗုဒ္ဓဘာသာဝင် ကောင်လေးနဲ့ စကားပြောဖြစ်တော့......
"ဘန္တေရဲ့ အိန္ဒိယ တနိုင်ငံလုံးမှာ ဗုဒ္ဓဘာသာဝင် သန်း ၆၀ ကျော်ရှိတယ်ဗျ" တဲ့ အိုးးးးးး ငါတို့ နိုင်ငံက လူဦးရေ ထက်တောင် များနေပါလား....... ကိုယ့်မှာ ကြည်နူးလို့ မဆုံး၊ တကယ်ဆို အိန္ဒိယလို ကမ္ဘာ့ ဂွအကျဆုံး နိုင်ငံမှာ သာသနာ ပြုဖို့ ဆိုတာ လွယ်လွယ်နဲ့ တော့မရ၊ english စကားပြောဘယ်လောက် တတ်တတ် own language ကလွဲ ဖွဲနဲ့စကွဲ ထင်တဲ့ လူတွေကြား ဘာသာ စကား အခက်ခဲ တခုတည်းနဲ့တင် မည်မျှ ခက်ခဲလိမ့်မလဲ တွေးကြည့် နိုင်သည်၊
"ရှင်တို့ ဒီလိုသာ CASTE (ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု) အရမ်း ပြင်းထန်နေမယ် ဆိုရင်၊ ခုကျမ အုပ်ချုပ်နေတဲ့ ဥတ္တရာပရာဒေဂ်ျ့ ပြည်နယ် တပြည်နယ်လုံး ဗုဒ္ဓဘာသာကို ဆည်းကပ် ခိုင်းရပါလိမ့်မယ်"
ဗုဒ္ဓဘာသာဝင် အမျိုးသမီး ဝန်ကြီးချုပ် မာယာဝတီရဲ့ စကားကြောင့် လွှတ်တော် ခန်းမ တခုလုံး ငြိမ်သွားကာ သိသိသာသာ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု လျှော့ကျ သွားခဲ့ရလေသည် ဆိုပဲ၊
ကျောင်းသွားဖော် ကောင်လေးက ဆက်ပြောသည် -
"She is the iron lady of india" တဲ့ ၊ ဗုဒ္ဓဘာသာ ရဟန်းတော် တပါး အနေနဲ့ ရော ဗုဒ္ဓဘာသာဝင် တယောက် အနေနဲ့နော် ကြားရတဲ့ စကားတွေက ကြည်နူးလို့ မဆုံး၊
(ဗုဒ္ဓသာသနံ စိရံ continue)
သာကီ လုလင်
...................................................
@[332995943449071:274:လက်ခံရင် Like & Share]](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash3/s480x480/559985_411742932241038_1610052824_n.jpg)