Showing posts with label ဖတ်စရာစာအုပ်များ. Show all posts
Showing posts with label ဖတ်စရာစာအုပ်များ. Show all posts

Sunday, 28 April 2013

ဟင်းချက်နည်း PDF စာအုပ်များနှင့် Websiteများစုစည်းမှု


ကျွန်တော်တို့လို တစ်ယောက်တည်းသမားများ၊ မိဘနှင့်အဝေးမှာ တစ်ယောက်တည်း ရပ်တည်နေရသူများ၊ မိသားစုအား ဟင်းဖွယ်ဖွယ်ရာရာ ချက်ကျွေးလိုသူများနှင့် အသစ်အဆန်းများ ချက်စားလိုသူများ အတွက် ဟင်းချက်နည်း မုန့်လုပ်နည်းစာအုပ်များကို စုစည်းပေးလိုက်ပါသည်။

သိုးဆောင်း၏ စာအုပ်များစုစည်းမှု



လူငယ်စာရေးဆရာ သိုးဆောင်းကို သတိထားမိတာကြာပါပြီ။ သူ့အရေးအသားတွေကို သဘောကျလို့ စာရေးဆရာ သိုးဆောင်းရဲ့ ၀တ္ထုများကို တစ်စုတစ်စည်းတည်းဖြစ်အောင်စုစည်းပေးလိုက်ပါတယ်။ သူ့အကြောင်းကိုလည်း သိရှိနိုင်ဖို့ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။

လူနေ၏ စာအုပ်များ စုစည်းမှု


ကျွန်တော်အခုတစ်လော ၀တ္ထုတွေဖတ်ဖြစ်တယ်။ အဲ့ ၀တ္ထုတွေထဲမှာ စာရေးဆရာတစ်ယောက်ကို သတိထားမိတယ်။ သူ့အရေးအသားက ဆွဲဆောင်မှုရှိတယ် ဇာတ်လမ်းဇာတ်ကွက်ဖန်တီးတာတွေကို လည်းသဘောကျလို့ သူ့စာအုပ်တွေကို ဖတ်နေဖို့အတွက် စုစည်းပေးလိုက်ပါတယ်။ ဒါကတော့ စာရေးဆရာလူနေရဲ့စာအုပ်များစုစည်းမှုဖြစ်ပါတယ်။

Tuesday, 25 December 2012

ပုံတော်စုံ ငါးရာ့ငါးဆယ် အနှစ်ချုပ်


လောက၏ ဖြစ်တတ်ပုံ အစုံစုံနှင့် သိမှတ်စရာများစွာပါရှိသည့် ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုတော်များကိုတစ်အုပ်တည်းအပြီး အကျဉ်းချုံးထားသော စာအုပ်ဖြစ်သည်။
ဝတ္ထုတိုင်းတွင် ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္တု၊ ဇာတ်ပေါင်း၊ အနှစ်ချုပ်ဟူ၍ အပိုင်းများခွဲကာ ရေးသားထားပြီး လူတိုင်းနားလည်လွယ်စေရန် လွယ်ကူသော စကားပြေ ရှင်းလင်းသော အရေးအသားတို့ဖြင့်
 စီစဉ်ထားသည်ကို တွေ့ရသည်။ ဘုရားလောင်းဘ၀ ဇာတက၀တ္ထုလာ ဇာတ်ကြောင်းများကို ခြုံငုံမိစေမည့်အပြင် ဇာတ်တော်၏ အနှစ်သာရကိုလည်း အလွယ်တကူ နားလည်နိုင်မည့် စာအုပ်ဖြစ်သည်။ 

Sunday, 25 November 2012

Virus အကြောင်း E-Book များ


Virus နဲ့ပတ်သက်တဲ့ e-book များကို တင်ထားပေးပါတယ်။  virus အကြောင်း ကို ကျွန်တော်သိချင်လို့တင်ထားတာပါ။နောက်ပြီးVirus အကြောင်း လေ့လာလိုသူများအတွက် အဆင်ပြေစေဖို့အတွက်ပါ။ လိုချင်သူများရှိရင် ယူသွားကြပါဗျာ။


Tuesday, 20 November 2012

Buddhism Handbook (ဗုဒ္ဓဘာသာလက်စွဲကျမ်း)


                       This E-Book is for all Buddhism's people. If you interested in Buddhism, you can download it.

For download....... Click  Here.


Maymyo Thar Lay

ကျောက်ကွင်းအရေးတော်ပုံ

ဒီစာအုပ်ကတော့ လူတိုင်းသိကြမှာပါ ... ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာတို့ အမေးအဖြေ ပြိုင်ပွဲလေးပါ ။
အရမ်းကောင်းတဲ့ စာအုပ်လေးပါပဲ ။ ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်လို့ ညွန်းပါရစေ ။
အပြင်မှာ ၀ယ်ရင် ဘယ်လိုဝယ်ဝယ် ၀ယ်လို့ မရလောက်အောင် ရှားပါးလှတဲ့ စာအုပ်ပါ။ 


လိုချင်သူများ ဒီမှာ ဒေါင်းလုပ်ယူလိုက်ပါ။
ဒါကတော့ နောက်ထပ်လင့်တစ်ခုပါ။ လိုချင်ရင် ဒီမှာ နှိပ်လိုက်ပါ။ 

ဒါကတော့ သခင်မြတ်ဆိုင်ရေးခဲ့ပြီး တရားဝင်ထုတ်ဝေခွင့်မရရခဲ့တဲ့ စာအုပ်ပါ။ ဒီမှာတော့ ပေါ်ကစာအုပ်
လိုမဟုတ်ပဲ အမေးအဖြေတော်တော်များများပါနေပါတယ်။ ဖတ်ချင်သူများ ဒေါင်းလို့ရပါတယ်။ 

လိုချင်ရင် ဒီမှာ နှိပ်လိုက်ပါ။

Sunday, 18 November 2012

မိန်းကလေးများဖတ်ဖို့ပါ....

ကျွန်တော် အိမ်ထောင်ကျလို့ သမီးလေးမွေးရင် ပေးဖတ်ဖို့ ကြိုတင်စုဆောင်းထားတာပါ။ လိုအပ်မယ်ထင်သူများလည်း လာရောက် Download ယူသွားကြပါ။

လေးစားလျက်

မေမြို့သားလေး



စာအုပ်အမည် = အပျိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း-၁
ရေးသားသူ = ကံချွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ်ယူရန် ဒီကို နှိပ်ပါ။







အိမ်ထောင်သည်ဘ၀တွင်အသုံးဝင်နိုင်မည့် စာအုပ်များ

   အိမ်ထောင်သည်ဘ၀ရောက်လျှင် အသုံးဝင်နိုင်မည့် စာအုပ်များအား စုဆောင်းထားပါသည်။ ကျွန်တော့်စုဆောင်းထားသကဲ့သို့ အသုံးဝင်မည်ထင်သောသူများလည်း လာရောက် Download လုပ်သွားနိုင်ပါသည်။

လေးစားလျက်

မေမြို့သားလေး




စာအုပ်အမည် = ကိုယ်ဝန်ဆောင်မိခင်
ရေးသားသူ = ဒေါက်တာအေးကျော်
ဖိုင်အမျိုးအစား = PDF
ဒီမှာ ဒေါင်းလိုက်ပါ။







ဖတ်စေချင်သော စာအုပ်များ

 ကျွန်တော် ကိုယ်တိုင်လည်း ဖတ်ချင်တဲ့ သူများတွေကိုလည်း ဖတ်စေချင်တဲ့စာအုပ်တွေကို Share ပေးလိုက်ပါတယ်။



(၁)။ ဖေမြင့်ရေးထားတဲ့ ဘာကြောင့်ခုထိမချမ်းသာသေးတာလဲ ဆိုတဲ့စာအုပ်ပါ။
လိုချင်ရင် ဒီမှာ ဒေါင်းလိုက်လို့ရပါတယ်။

(၂)။ ဖေမြင့်ရဲ့ တန်ဖိုးထားအပ်သောအရာများ ဆိုတဲ့စာအုပ်ပါ။
သူ့ကိုလည်းလိုချင်ရင် ဒီမှာ ဒေါင်းယူလိုက်ပါ။

(၃)။ ဖေမြင့်ရဲ့ ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပါ ဆိုတဲ့စာအုပ်ပါ။
လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

(၄)။ ဖေမြင့်ရဲ့ အောင်မြင်မှုချမ်းသာသူခနှင့် ဓနဥစ္စာ ဆိုတဲ့စာအုပ်ပါ။
       ဒီမှာ ဒေါင်းလိုက်ပါနော်။

(၅)။ ဖေမြင့်ရဲ့ ဂျီးနိယပ်(စ) ထူးချွန်ထက်မြက်မှုစာစု ဆိုတဲ့စာအုပ်လေးပါ။
      လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

(၆)။ မောင်ရေအေး (ဟားဘက်တက္ကသိုလ်) ရဲ့ ခေတ်ပြိုင်အိုင်ကျူ ဆိုတဲ့စာအုပ်ပါ။
သူ့ကိုလည်းလိုချင်ရင် ဒီမှာ ဒေါင်းယူလိုက်ပါ။

(၇)။ ဒေါက်တာမတင်ဝင်းရဲ့ အလုပ်နဲ့ဘ၀ကိုတည်ဆောက်ခြင်း ဆိုတဲ့စာအုပ်ပါ။
လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

(၈)။ ဒေါက်တာမတင်ဝင်းရဲ့ အာရှနိုင်ငံများကိုဖဲ့ယူခဲ့သောနယ်ချဲ့များ ဆိုတဲ့စာအုပ်ပါ။
လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

(၉)။ ကာတွန်းဦးဖေသိန်းရဲ့ စကားကြီးဆယ်မျိုး ပုံပမာ ဆိုတဲ့စာအုပ်လေးပါ။
လိုချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်ယူလိုက်ပါ။

(၁၀)။ ဦးနုရဲ့ မိတ္တဗလဋီကာ ဆိုတဲ့စာအုပ်ပါ။
လိုအပ်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။


Monday, 12 November 2012

ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်



Face book ကနေ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် 
TiTle - ဗုဒ္ဓဘာသာကောင်းတစ်ယောက်
Author(s): သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာန

Description : မိမိတို့၏ အဖိုးတန်ဘ၀ ရတနာကို ထိုက်ထိုက်တန်တန်အသုံးချလိုသူများ ၊ ဗုဒ္ဓဘာသာကို အခြေခံမှ စတင်လေ့လာလိုသူများ ၊ ဗုဒ္ဓဘာသာဝင် အဖြစ် ခံယူလိုသူများ ၊
“ ဗုဒ္ဓဘာသာကောင်းတစ်ယောက် ” ဖြစ်လိုသူများ ၊ ဗုဒ္ဓဘာသာဝင် အမည်ခံယူထားပြီး ဗုဒ္ဓဘာသာဝင်အသိ မရှိကြသေးသူများ ၊ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သွားရောက်ကြမည့်သူမျာ
း ၊ နိုင်ငံခြားသို့ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ဗဟုသုတ ကြွယ်ဝလိုသူများ စသူတို့အတွက် ဤကျမ်းစာ ကိုလေ့လာသင့်သည်ဟု နိဒါန်းတွင် ညွှန်းဆိုထားပါသည် ။

ဤစာအုပ်တွင် ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ် ၊
အပိုင်း ( ၁ ) လူနှင့်ကိုးကွယ်မှု တွင် ကိုးကွယ်မှု အဓီပ္ပာယ် ၊
အခန်း (၂ )တွင် ကိုးကွယ်ရာ ရတနာသုံးပါး ၏ အကြောင်း ၊
အခန်း (၃) ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခြင်း တွင် သရဏဂုံသုံးပါး ပါဠိနှင့် အနက် ၊ခံယူဆောက်တည်ပုံ ၊ သရဏဂုံတည်ခြင်းအကျိုး ၊
အခန်း (၄) ဗုဒ္ဓဘာသာအိမ်တိုင်း ရုပ်ပွားဆင်းတုထားရှိ ကိုးကွယ်ခြင်း အခန်းတွင် ရုပ်ပွားဆင်းတု ပူဇော်ပုံ ပူဇော်နည်း ၊ ပူဇော်ရသည့် အကျိုး ၊
အခန်း (၆) ဗုဒ္ဓဘာသာ တစ်ယောက် ယုံကြည်လက်ခံရမည့် အချက်များတွင် ရတနာသုံးပါးကို ယုံကြည်ခြင်းနှင့် အခြားယုံကြည်ရမည့် အချက်များ ၊
အခန်း (၇) ရတနာသုံးပါး အကျိုးကျေးဇူးအခန်းတွင် ဘုရားကျေးဇူး၊
တရားကျေးဇူးနဲ့ သံဃာကျေးဇူး အကျိုးပြ ပုံဝတ္တုများ ၊
အခန်း (၈) ဥပါသကာဂုဏ် ၁၀ ပါး ၊
အခန်း (၉) ဗုဒ္ဓဘာသာ တစ်ယောက် ရှောင်ရမည့် အချက်များ ၊
အခန်း (၁၀) ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တစ်နေ့တာလုပ်ငန်း နှင့် အကျိုးကျေးဇူးများ ၊
အခန်း (၁၁)တွင် ကျက်မှတ်ရန် ပါဠိအနက်များ တွင် ဘုရားဂုဏ်တော်ကိုးပါး ၊တရားဂုဏ်တော်ခြောက်ပါး၊ သံဃာ့ဂုဏ်တော်ကိုးပါး ၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ တို့၏ ပါဠိနှင့် အနက် ၊
အခန်း (၁၂)တွင် လူ့ဝိနည်းကျင့်ဝတ်များ နှင့်
အခန်း (၁၃)တွင် အန္တရာယ်ကင်းရန် ရွတ်ဖတ်ရမည့် ပါဠိဂါထာများ ၊
အခန်း (၁၄)တွင် ကျက်သရေ မင်္ဂလာရှိရန် ရွတ်ရမည့် ဂါထာများ ၊
အခန်း( ၁၅) ရဟန်းသံဃာများနှင့် ပြောတတ် ဆိုတတ် ဆက်ဆံတတ်ရန် တွင် စကားပြောနည်း ၊ရှိခိုးဦးချနည်း ၊စားသောက်ဖွယ်ကပ်လှူနည်း ၊ စားသုံးဖွယ်အသီးအနှံများ အပ်စပ်အောင် ပြုလုပ်ပေးနည်း ဟူ၍ အပိုင်း ၁၅ပိုင်း ခွဲထားပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက် သိသင့် သိထိုက်သည့်အချက်များအား ဖော်ပြရေးသားထားပါသည် ။

အောက်ပါလင့်မှာ ဒေါင်းပါရန် ။
http://www.mediafire.com/?azs1s7rn8u9997n
or
http://www.2shared.com/document/TEZs3wET/79_online.html