ဘာကြောင့် သူတို့အနေနဲ့ အသားအရေ လှပပြီး
ခန္ဓာကိုယ် ကြည့်ကောင်း နေရသလဲ ဆိုတဲ့ အကြောင်း ကတော့ စားသောက်တဲ့ အစား
အသောက်အများစုက ဆီမပါတဲ့ ဟင်းလျာတွေ၊ ငါး၊ ပုစွန်၊ ကမာ၊ ခရုစတဲ့ ပင်လယ်
စာတွေ၊ ကစွန်းရွက်၊ သခွားသီးစတာတွေ ဖြစ်နေတာကို တွေ့ရပါ တယ်။ ဒါကြောင့်
ဗီယက်နမ် လူမျိုးတွေကို ကျန်းမာလှပစေတဲ့ အဓိက ဟင်းလျာ တွေအကြောင်းကို
ပြောပြ ချင်ပါတယ်။
ကျွန်တော် သိမ်းထားချင်သော အရာများ၊ ပြောချင်သောစကားများနှင့် မျှဝေချင်သော အကြောင်းအရာများ အတွက် ဤ Blog စာမျက်နှာအား အသုံးပြုပါသည်။
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts
Monday, 17 June 2013
အရမ်းအန္တရာယ် များနေပြီ ဖြစ်တဲ့အချိုမှုန့်ရဲ့ဆိုးကျိုးတွေ
အချိုမှုန့် ဆိုတာ ဘာလဲ ........
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။
Tuesday, 4 June 2013
လက်ချောင်းလေးတွေ အသုံးပြုပြီး ဝေဒနာကုသ ကြည့်ရအောင်
လက်ချောင်းများသုံးပြီး ဝေဒနာကုသခြင်း ဆိုတဲ့ စာစုလေးက လွယ်လွယ်နဲ့ ထိရောက်မှုရှိတဲ့ နည်းလမ်း တွေကို ဖော်ပြထားခြင်းဖြစ်ပြီး ကျနော်ကိုယ်တိုင်လည်း စမ်းသပ်ကြည့်တော့ ထိရောက်မှုရှိတာ သိရလို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်....
မေမြို့သားလေး
တော်ရုံ နဲ့ အိပ်မပျော်တတ်သူ ဖြစ်နေပါ သလား ?
အနှိပ်ခံပြီးရင် အိပ်ပျော်တာ ပိုမို မြန်ဆန်တယ်လို့ အိပ်မပျော်တတ်သူတွေက ပြောကြပါတယ်။ လေ့လာမှု တစ်ခု အရလည်း တစ်နေ့ကို နှစ်ကြိမ် နှုန်းနဲ့ ၁ဝ ရက်ကြာ အနှိပ်ခံပြီး နောက်ပိုင်းမှာ အိပ်စက်မှု ဆိုင်ရာ ပြဿနာတွေ အားလုံး ဖြေရှင်း သွားနိုင်တယ်လို့ သိရပါတယ်။
မိမိဘာသာ လုပ်ကြည့်ပါ
သင့် လက်မထိပ်နဲ့ လက်ညှိုးထိပ် ကို ပုံမှာ ပြထားတဲ့ အတိုင်း ငါးမိနစ်ခန့် ဖိထားပေးပါ။ လက်မထိပ်ဟာ အိပ်ပျော်မှု ကောင်းစေပြီး အိပ်/ထ စက်ဝန်းကို ညီမျှမှု ရှိအောင် ထိန်းချုပ် ပေးထားတဲ့ ဦးနှောက် အတွင်းမှ Pineal အကျိတ်နဲ့ ဆက်စပ်မှု ရှိတာကြောင့် လို့ ဆိုပါတယ်။
အနှိပ်ခံပြီးရင် အိပ်ပျော်တာ ပိုမို မြန်ဆန်တယ်လို့ အိပ်မပျော်တတ်သူတွေက ပြောကြပါတယ်။ လေ့လာမှု တစ်ခု အရလည်း တစ်နေ့ကို နှစ်ကြိမ် နှုန်းနဲ့ ၁ဝ ရက်ကြာ အနှိပ်ခံပြီး နောက်ပိုင်းမှာ အိပ်စက်မှု ဆိုင်ရာ ပြဿနာတွေ အားလုံး ဖြေရှင်း သွားနိုင်တယ်လို့ သိရပါတယ်။
မိမိဘာသာ လုပ်ကြည့်ပါ
သင့် လက်မထိပ်နဲ့ လက်ညှိုးထိပ် ကို ပုံမှာ ပြထားတဲ့ အတိုင်း ငါးမိနစ်ခန့် ဖိထားပေးပါ။ လက်မထိပ်ဟာ အိပ်ပျော်မှု ကောင်းစေပြီး အိပ်/ထ စက်ဝန်းကို ညီမျှမှု ရှိအောင် ထိန်းချုပ် ပေးထားတဲ့ ဦးနှောက် အတွင်းမှ Pineal အကျိတ်နဲ့ ဆက်စပ်မှု ရှိတာကြောင့် လို့ ဆိုပါတယ်။
Saturday, 27 April 2013
ဗီယက်နမ် လူမျိုးများ အသားအရေနှင့် ခန္ဓာကိုယ် လှပရသည့် အကြောင်း အရင်း
နံနက်စာအဖြစ် စားသုံးရန် အသင့်လျော်ဆုံး အာဟာရ (၅) မျိုး
(၁) ဥအမျိုးမျိုး
ဥအမျိုးမျိုးဟာ ပရိုတင်းဓာတ် ကြွယ်ဝရုံ
သာမက မနက်ခင်းတွင် စားသုံးထားပါက တစ်မနက်လုံး ဗိုက်ဝနေစေ၍ အခြားလိုအပ်သော
အာဟာရ များနှင့်လည်း ပြည့်စုံ နေပါတယ်။
(၂)အုတ်စပါး(Oatmeal)
အုတ်စပါးကတော့ နေ့သစ်တစ်ခုစတင်ဖို့
အကောင်းဆုံး အစာတစ်ခု ဖြစ်သလို သင့်ရဲ့ အစာအိမ်ကိုလည်း အလုပ် ခဏခဏ
လုပ်စေခြင်းမှ ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် အုတ်စပါး ဆန်ပြုတ်ထံမှာ
အမျှင်ဓာတ်များစွာ ပါဝင်ပြီး သွေးတွင်း အဆီနဲ့ သကြား ဓာတ်ကို ထိန်းချုပ်
ပေးနိုင်ပါတယ်။ ထို့ထက်သာမက အုတ်စပါးထဲတွင် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း (anti
oxidant) များစွာ ပါဝင်ပြီး ရောင်ရမ်းမှု တွေကိုလည်း သက်သာ စေပါတယ်။
တရားထိုင်ခြင်း၏ ကျန်းမာရေး အကျိုး သက်ရောက်မှုများ
တရားထိုင်ခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်သော အကျိုး သက်ရောက်မှု များစွာ ရှိပါသည်။
လူတို့သည် များမြောင်လှသော လုပ်ငန်း အမှုကိစ္စတို့ကို ဆောင်ရွက်ရင်း (၁၅-၂၀) မိနစ်ခန့် အချိန်ပေး တရားထိုင်ကြမည် ဆိုလျှင်~~~
Sunday, 24 February 2013
ဒေါသကင်းရေး အတွက် အရေးကြီးသော အချက် (၁၀) ချက်
(၁) ခတ္တခဏ အချိန်ယူ တတ်အောင် လုပ်ပါ။ သင့်ရဲ့ ဒေါသကို ထိန်းချုပ်ဖို့ တစ်ဖက်သားကို ခွန်းတုံ့ မပြန်ခင် ၁ ကနေ ၁၀ အထိ လက်ချိုးရေ တွက်လိုက်ပါ။
(၂) ကာလလေး တစ်ခု လုပ်တတ် အောင်လုပ်ပါ။ ခံပြင်းစရာတွေကို သက်သာခွင့် ရတဲ့အထိ ဒေါသကို တအောင့်လောက် ထိန်းလိုက်ပါ။
(၃) စိတ်တည်ငြိမ်အောင် လုပ်ပြီး သင့်ရဲ့ ဒေါသကို ရင်ဖွင့် ပြောပြတတ်အောင် လုပ်ပါ။ ထိပ်တိုက် ရင်ဆိုင်တဲ့ နည်းကိုမသုံးဘဲ သင့်ရဲ့ ခံပြင်းမှု၊ မချင့်မရဲ ဖြစ်မှုကို ထုတ်ဖော် ပြောပြဖို့ အချိန်ရောက်ပြီဆိုတာ ဆုံးဖြတ်လိုက်ပါ။ စိတ်လှုပ်ရှားမှုဟာ အခြေ အနေကို ပိုလို့ ဆိုးရွား စေနိုင်ပါတယ်။
Monday, 21 January 2013
ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း (၁၀)ခု
သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ
ရှိပါတယ်။ သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။
အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊
မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့
မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။
စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။ နောက်တစ်ကြိမ် “
ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။ ဒါဆို
ငါသေရင် ပိုကောင်းမလား-လို့။ ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။
ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။ သင်အသက်ရှင်နေသမျှ သင်ဟာ
ပျော်ရွှင်နိုင်ပါတယ်။ ပြီးတော့ ဘ၀ကို
ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။ ဟောဒီမှာ
နည်းလမ်း(၁၀)ခု-
Friday, 18 January 2013
ဘဝတစ်လျှောက်လုံး ဉာဏ်ထက်မြက် နေရလေအောင်
အရွယ် ရလာတာနဲ့အမျှ အတွေးအခေါ် ကောင်းတွေ၊ မှတ်ဉာဏ်တွေဟာ ကျဆင်းသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ဦးနှောက်အတွက် အာဟာရ ပြည့်ဝနေရင် အသက်ကြီးလာပေမယ့်
ဦးနှောက်တွင်းမှ Gray Matter တွေဟာ အဆက်မပြတ် ပြန်လည် တည်ဆောက်နေတတ်ပြီး
Neurones တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုအားတွေလည်း ကောင်းနေတယ်လို့ ဆိုပါတယ်။
အောက်ပါ ဦးနှောက်စွမ်းအားကောင်းတဲ့ အာဟာရတွေနဲ့ ဉာဏ်ထက်မြက် နေအောင်
ပြုလုပ်ပါ။
Friday, 4 January 2013
ပဲနို့သောက်လျှင် ဤလေးချက်ကို ရှောင်စေချင်
.ပဲနို့သည် ကလေးရော လူကြီးပါ ကြိုက်သော အစားအသောက် တစ်မျိုး ဖြစ်ပါသည်။ ထိုကြောင့် ပဲနို့ကို သောက်ရာတွင် ကျန်းမာရေးအတွက် ဖော်ပြပါ အချက်လေးချက်ကို သတိပြု ရှောင်ရှား သင့်ပါသည်။
ယင်းအချက်လေးချက်မှာ-
Thursday, 3 January 2013
သင့်မျက်စိညောင်းညာရသော အကြောင်း(၅)ရပ်
၁) ကွန်ပျူတာသုံးခြင်းနှင့် စာဖတ်ခြင်းကြောင့် မျက်စိ ကြွက်သားများ ပိုမို အလုပ်လုပ်ရခြင်း
မျက်စိမှာ ကြွက်သားအုပ်စု သုံးစုံရှိပါတယ်။ အာရုံစူးစိုက်ပြီး လုပ်ရတဲ့ စာဖတ်တာ၊ အနီးကပ်ကြည့်ပြီး လုပ်ရတဲ့အလုပ် (ဥပမာ- ကွန်ပျူတာ သုံးတာ) တွေလုပ်ရင် ဒီကြွက်သား အုပ်စုတွေအားလုံး ပြင်းပြင်းထန်ထန် အလုပ် လုပ်ရပါတယ်။ နီးကပ်တဲ့ အရာဝတ္ထုတွေကို ရှင်းရှင်းလင်းလင်း မြင်ရအောင် ကြွက်
သားတွေကို ကျုံ့လိုက်၊ ဆန့်လိုက် လုပ်ရတာကြောင့် မျက်စိညောင်းညာရတာ ဖြစ်ပါတယ်။
ဖြေရှင်းနည်း – မျက်စိညောင်းညာတာ ချက်ချင်းသက်သာစေဖို့ အဝေးကို အာရုံလွှဲကြည့်လိုက်ပါ။ ခပ်ဝေးဝေးက အစိမ်းရောင် ရှူခင်းတွေကို ကြည့်ရင် မျက်စိညောင်းညာတာ သက်သာစေပါတယ်။
Wednesday, 2 January 2013
စိုးရိမ်စိတ်များခြင်းအား လျှော့ချနိုင်မည့် နည်းလမ်းများ.....
ဘ၀မှာ အောင်မြင်လိုမှုကြောင့် စိန်ခေါ်ရတဲ့
အခြေအနေတွေမှာ စိုးရိမ်စိတ်များတတ်တာဟာ ပုံမှန်အခြေအနေပါ။
စိုးရိမ်စိတ်အနည်းငယ်ရှိတာဟာ သင့်အတွက် ကောင်းပါတယ်။ သင်စာမေးပွဲကို
အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ဖို့ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ရက် အတွင်း အလုပ်တွေ အချိန်မီ ပြီးစီးဖို့၊ ဒါမှမဟုတ် အလုပ်မှာ ရလဒ်ကောင်းတွေရဖို့ တွန်းအားဖြစ်နိုင်ပါတယ်။
Monday, 31 December 2012
ကျန်းမာရေးအတွက် ဂရုစိုက်သင့်သည့် အချိန်နာရီများ
သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင
ကျန်းမာရေး ပိုကောင်းအောင် အသက်ရှုနည်း....
အသက်ရှူတဲ့ အခါမှာ အခြေခံကျတဲ့ နည်းလမ်းကတော့ အသက်ရှူသွင်းတာနဲ့ အသက်ရှူထုတ်တာကို ထပ်တလဲလဲ လုပ်ဆောင်တာ ဆိုပေမယ့် အသက်ဝဝ ရှူသွင်း၊ ရှူထုတ်တာက စိတ်နဲ့ ခန္ဓာကိုယ်ကို အားအင်တွေ ရရှိစေပါတယ်။ အသက်ရှူတဲ့ အပေါ်မှာ စိတ်ကို စူးစိုက်ထားရှိတာဟာ အာရုံ စူးစိုက်အား ကောင်းတာ၊ အကောင်းမြင်စိတ်ရှိတာ၊ ခန္ဓာကိုယ်နဲ့ စိတ်စွမ်းအင် တိုးတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။ အဲဒီလို စိတ်ရော ကိုယ်ပါ ကျန်းမာရေး ကောင်းနေအောင် ဘယ်လို အသက်ရှူရမလဲဆိုတာ အကြံပြုပါရစေ။
(၁) သက်သောင့်သက်သာ ရှိပါစေ
အသက်ရှူဖို့ရာအတွက် ထိုင်မယ် ဒါမှမဟုတ် မတ်တတ်ရပ်မယ်ဆိုရင် ကျောကို မတ်မတ်ထားပြီး လည်ပင်းကို ဆန့်ထားကာ ဦးခေါင်းကို ကောင်းကင်ဆီ ဦးတည်ထားရှိပါ။ လိုအပ်ရင် ကြွက်သားတွေကို ပျော့ပျောင်းနေအောင် ထားပြီး ကြွက်သားအုပ်စုတွေကို တင်းအား လျှော့ပေးပါ။
လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်သော နည်း(၉)နည်း
၁) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်စားပါ
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဒါမှမဟုတ် ကောက်နှံ တစ်ခုလုံး၊ ဖရုံစေ့၊ ကော်ဖီနဲ့ အစေ့ အဆန်တွေမှာ မဂ္ဂနီဆီယမ်တွေ များစွာ ပါဝင်ပါတယ်။မဂ္ဂနီဆီယမ်က သွေးပေါင်ကို ကျဆင်းစေပြီး
လေဖြတ်နိုင်ခြေကို လျှော့ချ ပေးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒါ့အပြင် ထပ်ဆောင်း အာနိသင် အနေနဲ့ မဂ္ဂနီဆီယမ်ကို လုံလောက်စွာ စားသုံးပါက ခေါင်းတစ်ခြမ်းကိုက်တာကိုပါ ကာကွယ်နိုင်ပါတယ်။
၂) အိပ်ရေးဝဝ အိပ်စက်ပါ
မအိပ်ခင်မှာ နွားနို့ပူပူ တစ်ခွက်သောက်တာ၊ အခန်းတွင်းမှာ စံပယ်ရနံ့သင်းတဲ့ ဖယောင်းတိုင် ထွန်းညှိ ထားတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် စေပါတယ်။ အိပ်နေပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာက လေဖြတ်နိုင်ခြေ များစေပါတယ်။ အမျိုးသားတွေ အနေနဲ့ မအိပ်ခင်မှာ စံပယ်ပန်းရနံ့ကို ရှူရှိုက်ရတာက မြန်မြန် အိပ်ပျော်စေပါတယ်။
၃) သွားတိုက်တံကို ပိုးသန့်စင်ပါ
သွားတိုက်တံ ကြားထဲမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယားတွေက နှလုံးသွေးကြောကို ထူစေပါတယ်။ ဒါဟာ လေဖြတ်တာကို ဖြစ်စေနိုင်တယ်လို့ ကိုလံဘီယာ တက္ကသိုလ်မှ ပညာရှင်တွေက ဆိုပါတယ်။ သွားတိုက်ပြီးတဲ့အခါ သွားတိုက်တံကို ဆေးကြောပြီးနောက် ပိုးသတ်အာနိသင်ရှိတဲ့ ခံတွင်း သန့်စင်ဆေးရည် ထဲကို နှစ်ထားပေးပါ။
၎) နားကြပ်ဖြင့် ဖုန်းပြောပါ
သင်ဖုန်းပြောဖို့ လက်မအားတာကြောင့် ပခုံးနဲ့ညှပ်ပြီး ဖုန်းပြောတာက ကျောရိုးအာရုံကြောမကြီးကို ဖိအား သက်ရောက် စေတာကြောင့် လေဖြတ်နိုင်ခြေ ဖြစ်စေတယ်လို့ ဦးနှောက်နဲ့ အာရုံကြော ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။
Thursday, 27 December 2012
Wednesday, 19 December 2012
ခံတွင်းနံ့ဆိုးခြင်း ကင်းဝေးရလေအောင်
သင့်ပတ်ဝန်းကျင်မှ လူတွေက သင်နဲ့စကားပြောနေရင်း မသိမသာနောက်ဆုတ်/
Monday, 17 December 2012
နံနက်ခင်းမှာ ကျန်းမာလန်းဆန်းနေစေဖို့ စွမ်းအင်ပြည့်ဝစေမယ့် နည်းလမ်းများ
Saturday, 15 December 2012
Model တွေလို သင့်ပေါင်တံကို ကျစ်လျစ်သွယ်လျ လှပသွားစေချင်တဲ့ ကိုကို မမ တွေ အတွက် နည်းလမ်းကောင်းလေးပါ။
![]() |
ပေါင်အဆီတွေ လျော့ကျပြီး သွယ်လျလှပစေဖို့ ကျွမ်းကျင်သူတွေက အောက်ပါအိမ်တွင်းနည်းတွေကို သုံးဖို့ အကြံပြုထားပါတယ်။
Monday, 3 December 2012
နေ့စဉ် လူတိုင်းစားပေးသင့်တဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံများ
လူခန္ဓာကိုယ်အတွက် နေ့စဉ် စားသုံးနေတဲ့ အစားအစာများမှာ အာဟာရဓာတ် ၆-မျိုး ပါဝင်ပါတယ်။
(၁)။ အင်အားဖြစ်စေသော အစားအစာများ။
အဲဒါတွေကတော့ ဆန်၊ ဂျုံ၊ ပေါင်မုန့်၊ ထန်းလျက်၊ သကြား အစရှိတဲ့ ကာဗိုဟိုက်ဒြိတ်ဓာတ်။ ကစီဓာတ်-ပါဝင်သော အစားအစာများ ဖြစ်ပါသည်။
ဦးနှောက်ကိုပျက်စီးစေသော အချက်များ....
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့စွမ်းရည်ကို တိုးတက်စေပါတယ်။
Subscribe to:
Posts (Atom)













.jpg)


