Showing posts with label မှတ်ထားချင်သော. Show all posts
Showing posts with label မှတ်ထားချင်သော. Show all posts

Tuesday, 30 April 2013

“ ဆိုလာအကြောင်း သိမှတ်စရာဗဟုသုတ ”



   ဆိုလာ ထုတ်လုပ်တဲ့ MEMC တွင်အလုပ်လုပ်နေသောသူငယ်ချင်းများ ပိုမိုသိရှိနိုင်စေရန်အတွက်
ပြန်လည်ဝေမျှပေးလိုက်ပါသည်။
မေမြို့သားလေး 
 
၁။ ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ

နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာ ဖြစ်ပါ သည်။ နေအလင်းရောင်တွင်ပါဝင်သော အလင်းမှုန်များမှ ဆိုလာပြား အတွင်းရှိ လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။

Thursday, 7 March 2013

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ....

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ....
=====================

- တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံ ပြုတယ်။ ထက်မြက်တဲ့ မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

- တုံးအတဲ့မိန်းမက ယောက်ျားရဲ့ ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တို တယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့ အားသာချက်ကိုပဲ ကြည့်ပြီး အမြဲပျော်ရွှင် တယ်။

- တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန် ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာ မဲ့စေတယ်။ ထက်မြက်တဲ့ မိန်းမက လူတွေကြားမှာ ယောက်ျားကို မျက်နှာသာ ပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲ ပြောတယ်။

- တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင် လုပ်တယ်။ ယောက်ျားကို သိမ်ငယ်စေတာဟာ ကိုယ့်ကို သိမ်ငယ်စေတယ် ဆိုတာကို သူမေ့နေလို့ ဖြစ်တယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထား လေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကို ပိုပေါ်လွင် စေကြောင်း သူနားလည် လို့ ဖြစ်တယ်။

- တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ် တောက်တောက် ပြောတယ်။ ထက်မြက်တဲ့ မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့ အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

- တုံးအတဲ့မိန်းမက ယောက်ျားရဲ့ အမှားကို မလွတ်တမ်း ဆုပ်ကိုင်ပြီး ယောက်ျား အကြောင်း အကုန်သိသူလို့ ကိုယ့်ကိုယ်ကို ထင်တယ်။ ထက်မြက်တဲ့ မိန်းမက ယောက်ျားရဲ့ အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ ကလေးလို့ ဆိုတယ်။

- တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။ ထက်မြက်တဲ့ မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။

- တုံးအတဲ့ မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကို ရောက်လေပါပဲ။ ထက်မြက်တဲ့ မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေး လက်အေး ကိုင်တယ်။

- တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။
ထက်မြက်တဲ့ မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။

- တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။
ထက်မြက်တဲ့ မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။

- တုံးအတဲ့မိန်းမက ချက်ပြုတ် လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။ ထက်မြက်တဲ့ မိန်းမက ချက်ပြုတ် လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။

- တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေ ပေးတယ်။
ထက်မြက်တဲ့ မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကို ပေးတယ်။

- တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကို ကျရှုံးစေတယ်။
ထက်မြက်တဲ့ မိန်းမက သူ့အရယ် အပြုံးကြားမှာ ယောက်ျားကို အောင်မြင် စေတယ်။

မူရင်း---http://www.duwenzhang.com/wenzhang/jingdianwenzhang/yuju/20101221/165373.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



- တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံ ပြုတယ်။ ထက်မြက်တဲ့ မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

- တုံးအတဲ့မိန်းမက ယောက်ျားရဲ့ ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တို တယ်။ ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့ အားသာချက်ကိုပဲ ကြည့်ပြီး အမြဲပျော်ရွှင် တယ်။

Thursday, 27 December 2012

နေတက်ရင်ကျေနပ်စရာတွေချည်းပါပဲ..........


Photo: နေတက်ရင်ကျေနပ်စရာတွေကြည့်ပါပဲ........(အားလုံးကိုဖတ်စေချင်လို့ ပါ)

(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ
မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး
စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို
ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်
ယုံကြည်မှုတစ်ခုတော့ပေးပါ။

(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။
ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင်
ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊
စာကောင်းလေးတွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကိုလွမ်းလား? ချစ်လားလို့
တစ်ဘက်သားကို သွားမမေ့ပါနဲ့။ တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင်
သူဘာသာသူပြောလိမ့်မယ်။ ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။

(၈) ကိစ္စတချို့၊ လူတချို့ကြောင့် ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။ ဥပမာ-
ထမင်းမစားတာ၊ ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ... ဒါတွေက
လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ နုံ့အတာပဲ 

(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်
ဖြစ် သူတစ်ပါးနောက်ကွယ်မှာ
သူ့မကောင်းကြောင်း မပြောပါနဲ့။ ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။
မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။

(၁ဝ) တစ်ခါတလေမှာ ကားပိုင်းဆက်တွေ ကြည့်လို့ရတယ်။ ဒါပေမယ့်
မှိန်းမသွားရဘူး။ တစ်ခါတလေမှာ ဆံပင်တွေ ရှုပ်ပွကြည့်လို့ရတယ်။ ဒါပေမယ့်
အချိန်အခါနဲ့ ကိုက်ညီရမယ်။ တစ်ခါတလေမှာ ညစ်ညစ်ပတ်ပတ်တွေ ဆဲကြည့်လို့ရတယ်။
ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းရှိချိန် ဒါမှမဟုတ်
အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ်။ ဆဲပြီးတာနဲ့
ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။

(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင် ကြိုးစားပါ။
ဒေါသထွက်နေသူတစ်ယောက်က ကိုယ့်ခံစားချက်ကိုမထိန်းနိုင်တဲ့
အရူးတစ်ယောက်နဲ့တူပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ သည်းခံပြီး
ပြဿနာရင်းမြစ်ကိုရှာပါ။ စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။

(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

Tuesday, 25 December 2012

ခေတ်ရှေ့ပြေး ဦးအောင်ဆန်း


ဦးအောင်ဆန်း၏ မိန့်ခွန်းများ ရေးသားချက်များမှ ကောက်နုတ်၍ ယခုခေတ်အထိ မှန်ကန်နေသော၊ ဆက်လက်၍ မှန်ကန် နေမည်ဖြစ်သော သဘောတရား များ ကို ထုတ်နုတ်၍ တင်ပြခြင်း ဖြစ်ပါသည်။

မူရင်းသတ်ပုံအတိုင်း တင်ပြထားပါသည်။ မြန်မာကို ယခင် က ဗမာဟုသာခေါ်ဝေါ်ခဲ့ခြင်းကို သည်းခံဖတ်ရှုသင့်ပါသည်။ ၁၉၅၀ခု ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြန်ကြားရေးဌာနမှ ထုတ်ဝေသော
ဦးအောင်ဆန်းနှင့် ပတ်သက်သည့် မိန့်ခွန်းစာအုပ်နိဒါန်းတွင် ဖော်ပြ ထားသည်မှာ -

Wednesday, 21 November 2012

မြန်မာဂျာနယ်များ အလကားဖတ်ဖို့ ....






ကျွန်တော် ဂျာနယ်ဖတ်ချင်ရင် တကူးတကလိုက်မရှာရအောင်လို့တင်ထားတာပါဗျာ။ မြန်မာဂျာနယ်တွေ
 တော်တော်များများ ဒေါင်းလုပ် ယူနိုင်ပါတယ်။ တော်တော်လည်းစုံပါတယ်။ ဒီလိုဖြစ်အောင် လုပ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။
မသိသူများလည်း သွားရောက်ကြည့်ရှု ဒေါင်းလုပ်ယူနိုင်ပါတယ်နော်။ လင့်ကတော့ အောက်မှာပါ။

http://www.myanmarjournaldownload.com/

မေမြို့သားလေး




Sunday, 18 November 2012

မိန်းကလေးများဖတ်ဖို့ပါ....

ကျွန်တော် အိမ်ထောင်ကျလို့ သမီးလေးမွေးရင် ပေးဖတ်ဖို့ ကြိုတင်စုဆောင်းထားတာပါ။ လိုအပ်မယ်ထင်သူများလည်း လာရောက် Download ယူသွားကြပါ။

လေးစားလျက်

မေမြို့သားလေး



စာအုပ်အမည် = အပျိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း-၁
ရေးသားသူ = ကံချွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ်ယူရန် ဒီကို နှိပ်ပါ။







အိမ်ထောင်သည်ဘ၀တွင်အသုံးဝင်နိုင်မည့် စာအုပ်များ

   အိမ်ထောင်သည်ဘ၀ရောက်လျှင် အသုံးဝင်နိုင်မည့် စာအုပ်များအား စုဆောင်းထားပါသည်။ ကျွန်တော့်စုဆောင်းထားသကဲ့သို့ အသုံးဝင်မည်ထင်သောသူများလည်း လာရောက် Download လုပ်သွားနိုင်ပါသည်။

လေးစားလျက်

မေမြို့သားလေး




စာအုပ်အမည် = ကိုယ်ဝန်ဆောင်မိခင်
ရေးသားသူ = ဒေါက်တာအေးကျော်
ဖိုင်အမျိုးအစား = PDF
ဒီမှာ ဒေါင်းလိုက်ပါ။







ဖတ်စေချင်သော စာအုပ်များ

 ကျွန်တော် ကိုယ်တိုင်လည်း ဖတ်ချင်တဲ့ သူများတွေကိုလည်း ဖတ်စေချင်တဲ့စာအုပ်တွေကို Share ပေးလိုက်ပါတယ်။



(၁)။ ဖေမြင့်ရေးထားတဲ့ ဘာကြောင့်ခုထိမချမ်းသာသေးတာလဲ ဆိုတဲ့စာအုပ်ပါ။
လိုချင်ရင် ဒီမှာ ဒေါင်းလိုက်လို့ရပါတယ်။

(၂)။ ဖေမြင့်ရဲ့ တန်ဖိုးထားအပ်သောအရာများ ဆိုတဲ့စာအုပ်ပါ။
သူ့ကိုလည်းလိုချင်ရင် ဒီမှာ ဒေါင်းယူလိုက်ပါ။

(၃)။ ဖေမြင့်ရဲ့ ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပါ ဆိုတဲ့စာအုပ်ပါ။
လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

(၄)။ ဖေမြင့်ရဲ့ အောင်မြင်မှုချမ်းသာသူခနှင့် ဓနဥစ္စာ ဆိုတဲ့စာအုပ်ပါ။
       ဒီမှာ ဒေါင်းလိုက်ပါနော်။

(၅)။ ဖေမြင့်ရဲ့ ဂျီးနိယပ်(စ) ထူးချွန်ထက်မြက်မှုစာစု ဆိုတဲ့စာအုပ်လေးပါ။
      လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

(၆)။ မောင်ရေအေး (ဟားဘက်တက္ကသိုလ်) ရဲ့ ခေတ်ပြိုင်အိုင်ကျူ ဆိုတဲ့စာအုပ်ပါ။
သူ့ကိုလည်းလိုချင်ရင် ဒီမှာ ဒေါင်းယူလိုက်ပါ။

(၇)။ ဒေါက်တာမတင်ဝင်းရဲ့ အလုပ်နဲ့ဘ၀ကိုတည်ဆောက်ခြင်း ဆိုတဲ့စာအုပ်ပါ။
လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

(၈)။ ဒေါက်တာမတင်ဝင်းရဲ့ အာရှနိုင်ငံများကိုဖဲ့ယူခဲ့သောနယ်ချဲ့များ ဆိုတဲ့စာအုပ်ပါ။
လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

(၉)။ ကာတွန်းဦးဖေသိန်းရဲ့ စကားကြီးဆယ်မျိုး ပုံပမာ ဆိုတဲ့စာအုပ်လေးပါ။
လိုချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်ယူလိုက်ပါ။

(၁၀)။ ဦးနုရဲ့ မိတ္တဗလဋီကာ ဆိုတဲ့စာအုပ်ပါ။
လိုအပ်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။


Monday, 5 November 2012

အသုံးဝင်သောလင့်များ....

၁။ အွန်လိုင်းအဗိဓာန် လင့်တစ်ခုပေးချင်ပါတယ်
သူက ၂၄ နိုင်ငံ ဘာသာစကားကို မြန်မာလိုပြန်ပေးတဲ့ဆိုဒ်ပါ
အားလုံးအတွက် အကျိုး၇ှိမယ်ထင်ပါတယ်.....

http://www.myordbok.com/about-myordbok/
၂။နိုင်ငံတကာ အချိန်တွေကိုသိချင်တယ်ဆိုရင် 

http://www.timeanddate.com/worldclock/

၃။ ကွန်ပျူတာကို Windows တင်ခါစ လိုအပ်တဲ့ software တွေကို ဘယ်နေရာကနေယူရမှန်းမသိသေးတဲ့သူတွေအတွက်

http://www.filehorse.com/
http://ninite.com/
http://www.filehippo.com/
http://www.freewarefiles.com/
http://www.supershareware.com/
http://www.hamstersoft.com/