Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts
Tuesday, 22 January 2013
ဒါလေးကို ဖတ် ကြည့်ကြပါ............
< ဘ ဝ မုန် တိုင်း >
ချစ်သူ ၂ဦး စိတ်ကောက်ကြတဲ့ အခါ
ပြန်ချော့တဲ့ စကားလေး တခွန်းကို အရင်ပြောဖို့ မတွန့် တိုပါနဲ့ 
တချို့ ကိစ္စတွေက စိတ်ကောက်တုန်းက ဘာမှမဟုတ်ပင်မယ့် ကြာလာတဲ့ အခါ အစိုင်ခဲ တခုဖြစ် ပြောင်းလဲ တတ်လို့ ပါ
ချစ်သူ ၂ဦး ရန်ဖြစ်ကြတဲ့ အခါ
မှားခဲ့တဲ့ သူက အရင် ပြန်တောင်းပန်ဖို့ ထပ်ခါတလဲလဲ မစဉ်းစားပါနဲ့ 
တချို့ ကိစ္စတွေက စဉ်းစားလွန်းတဲ့ အခါ ပြန်မရတော့တဲ့ ပျော်ရွှင်မှု တွေက ကိုယ့်ဆီက ပြန်ပြီးထွက်ခွာသွားနိုင်လို့ ပါ
သဝန်တို ဖို့ အတွက် မဟုတ်ပါဘူး
ချစ်သူတွေ တယောက်ရဲ့  Mail Password တယောက် သိတယ်ဆိုတာ
အမြဲ ဝင်စစ်ပြီး  ရစ်ဖို့ အတွက် မဟုတ်ပါဘူး
ကိုယ့် ချစ်သူ အတွက် ကိုယ် စိတ်ပူနေလို့ ပါ
လူ အသိုင်းဝန်း ထဲမှာ နေတဲ့ အတွက်...သူငယ်ချင်း ပေါင်းစုံ ရှိမှာပါ
သူ့ မှာလည်း မိန်းခလေးသူငယ်ချင်း ရှိသလို ကိုယ့်ထဲမှာလည်း ယောကျာ်းလေး သူငယ်ချင်းတွေရှိမှာပါ
ဘယ်ကိစ္စ မဆို အလေးနက်ထားပြီး ချစ်သူကို တိုင်ပင်ပါ
သင့် အတွက် ဘာမှမဟုတ်ပင်မယ့် ချစ်သူက သင်နဲ့ အတူတူ ဆိုးအတူကောင်းအတူ အကြံဥာဏ်ပေးနိုင်လို့  တော်တော်ကို ကျေနပ်မိမှာပါ...
သင့်ကို သူ ဘယ်လောက်ချစ်တယ်ဆိုပြီး ခဏခဏမေးတယ်ဆိုတာ...
သင် ဘယ်လောက်ချစ်တယ်ဆိုတာ မသိလို့ မဟုတ်ပါဘူး
သူ့ ကို သင် ဘယ်လောက်ချစ်တယ် ဆိုပြီး ခဏခဏ ပြောပေးပါ
ပြောစရာ စကား မရှိလို့ ပြောတာ မဟုတ်ပါဘူး
တကယ်လို့  ချိန်းထားတဲ့ အချိန် အတိုင်း သူ မရောက်လာဘဲ  နောက်ကျမှရောက်လာတယ်ဆိုရင်
အရင် စိတ်မဆိုးပါနဲ့ ....
သင့်အတွက် အပန်းမကြီးပင်မယ့် သူ့ အတွက် ကတော့ ကမ္ဘာကြီး တခုလုံး ရလိုက်သလို ပျော်ရွှင်နေမှာပါ
တကယ်လို့ ချစ်သူ၂ဦး ပြသာနာတက်ကြရင် အားနည်းချက်ကို ထုတ်ဖော်ပြီး မတိုက်ခိုက်ပါနဲ့ 
သူ့ မှာ အရင်က ရည်စားများခဲ့တယ် ဆိုရင် အပြစ်မပြောပါနဲ့ 
အစတုန်းကတော့ လက်ခံနိုင် ခဲ့ပြီးမှ အခုကျမှ အပြစ်မဖွဲ့ ပါနဲ့ 
သူ မှာ ရည်စားများရတဲ့ အကြောင်းရင်း ရှိမှာပါ
သူစိမ်း လူသား၂ဦး ပေါင်းစပ်ဖို့ စဉ်းစားတဲ့ အခါ မတူညီတာတွေ အများကြီးရှိမှာပါ
စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့ အခါ လူတော်တော်များများ က တဖက်လူ ဆိုးခဲ့တာကိုဘဲ စဉ်းစားနေတတ်ကြတယ်
ကိုယ့်အပေါ်ကို သူ တကယ် အနစ်နာခံပြီး ကောင်းခဲ့တာကို မေ့နေတတ်ကြတယ်
ချစ်သူ ၂ဦးရဲ့ ဘဝဟာ ပင်လယ်ပြင်မှာ လှေလှော်နေတာနဲ့ အသွင် တူပါတယ်
တက်ညီလက်ညီ ဘယ်လောက်လှော်လှော် တခါတလေ မုန်တိုင်း ကျရောက်တတ်တယ်
အဲဒီအခါကျရင် ပို ပြီး စည်းလုံးမှ လှေ မမှောက်ဘဲ ပန်းတိုင်ကို ရောက်မှာပါ
ခရီးဝေးတဲ့ အခါကျရင် ၂ယောက်လုံး လှေလှော်ရတာ မောပန်းနေမှာပါ
ကိုယ်အနားယူနေတဲ့ အချိန်မှာ ကျန်တဦး က မောမောပန်းပန်း လှော်တာမမေ့ပါနဲ့ 
ကိုယ့်အလှည့် ကျရင်လည်း နားလည်မှု အပြည့် နဲ့ လှော်ခတ်ပေးလိုက်ပါ
ရာသီဥတု သာယာနေတယ်ဆိုလို့ လည်း မပေါ့ပါနဲ့ 
မထင်မှတ်ထားတဲ့ ရေထဲက အမှိုက်လေးတွေကလည်း ချစ်သူတို့ ရဲ့ လှေလေးကို မှောက်နိုင်စွမ်းရှိပါတယ်
နေသာနေ ချိန် ရှိသလို လေပြင်းတိုက်ခိုက်ချိန်လည်း ရှိမှာပါ
အနားယူရမယ့် အချိန် ရှိပင်မယ့် ပင်ပင်ပန်းပန်း လှေလှော်ရမယ့် အချိန်လည်း ရှိမှာပါ
လက်တွဲဖော် ဆိုတဲ့ ပန်းတိုင် လေးကို
တယောက်နဲ့ တယောက် နားလည်မှု အပြည့် နဲ့ ဘဝမုန်တိုင်းတွေကိုကျော်ဖြတ်ကာ လှေ မမှောက်ဘဲ ချောချောမောမော ရောက်နိုင်ကြပါစေ~~~~
( ဇင် နှင်း )
ပြန်ချော့တဲ့ စကားလေး တခွန်းကို အရင်ပြောဖို့ မတွန့် တိုပါနဲ့ 
တချို့ ကိစ္စတွေက စိတ်ကောက်တုန်းက ဘာမှမဟုတ်ပင်မယ့် ကြာလာတဲ့ အခါ အစိုင်ခဲ တခုဖြစ် ပြောင်းလဲ တတ်လို့ ပါ
ချစ်သူ ၂ဦး ရန်ဖြစ်ကြတဲ့ အခါ
မှားခဲ့တဲ့ သူက အရင် ပြန်တောင်းပန်ဖို့ ထပ်ခါတလဲလဲ မစဉ်းစားပါနဲ့ 
တချို့  ကိစ္စတွေက စဉ်းစားလွန်းတဲ့ အခါ ပြန်မရတော့တဲ့ ပျော်ရွှင်မှု တွေက ကိုယ့်ဆီက ပြန်ပြီးထွက်ခွာသွားနိုင်လို့ ပါ
Sunday, 13 January 2013
အချစ်အက္ခရာ A to Z
အချစ်အက္ခရာ A to Z
_________________
Accept (လက်ခံသည်)
"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။
Belief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။
Care (ဂရုစိုက်ခြင်း)
တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။
Devoted (သစ္စာခိုင်မြဲသည်)
လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။
Enjoy (ကျေနပ်စွာခံစားသည်)
တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ ပျော်ရွှင်မှာဖြစ်တယ်။
Freedom (လွတ်လပ်မှု)
လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။
Give (ပေးဆပ်ခြင်း)
အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာ မဟုတ်ပါဘူး။ ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။
Heart (နှလုံးသား)
အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့ ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်လိမ့်မှာ မဟုတ်ပါဘူး။
Independence (မမှီခို၊ အားမကိုးဘူး)
စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ" လို့ပြောတတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။ တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။
Jealousy (မနာလို၊ သဝန်တို)
သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကို ခံစားစေတယ်။ သဝန်တိုဖို့ အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း အဆက်အစပ်မရှိတဲ့ သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ ဖြစ်ပေါ်စေပါတယ်။
Kiss (အနမ်း)
အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။ ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး။
Love (ချစ်တယ်)
ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက် အရာရာပေးဆပ်ရဲပါတယ်။ "ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းက တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို နွေးထွေးကြည်နူးစေပါတယ်။
Mature (ရင့်ကျက်)
တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ?
အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်ခြေမရှိ စူစူအောင့်အောင့် မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန် ဖူးပွင့်နိုင်မှာဖြစ်တယ်။
Natural (ပင်ကို၊ ပကတိ)
ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး ဟန်ဆောင်နေတတ်ကြတယ်။ အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး ပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ်၊ သဘာဝအတိုင်း ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က ပိုတာရှည်တည်မြဲမှာဖြစ်တယ်။
Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)
တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေသလို တစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင် လုပ်နိုင်ပါတယ်။ ဥပမာ- မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင် လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်း တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။
Protect (ကာကွယ်စောင့်ရှောက်)
ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ သဘာဝပါ။ ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊ မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ သူ့အရှက်မရဖို့၊ ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။
Quarter (ခွင့်လွှတ်သည်းခံ)
ခွင့်လွှတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။ တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့ ခွင့်လွှတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။
Receive (လက်ခံ)
ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမူအရာမျိုး၊ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။ အဲဒီအပြုအမူတွေက သူ့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက် ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။
Share (မျှဝေ)
တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး ဝတ္တရားပဲဖြစ်တယ်။
Tender (နူးညံ့)
အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။ အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။
Understand (နားလည်)
တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီး ဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။
Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)
အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း ကိုယ့်ချစ်သူကို "အပြောသမား" တစ်ယောက် မဖြစ်စေချင်သလို သူကလည်း ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချင်းချင်း အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။
Wait (စောင့်သည်)
အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့ အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။
X (အမြှောက်သင်္ကေတ)
ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင် အချစ်ကအလိုလိုနေရင်း အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။
Yield (အလျော့ပေး)
နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။ နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် "လမ်းခွဲကြရအောင်" ဆိုတဲ့စကားကို အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ်။
Zero (စမှတ်)
အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့ ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့ မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်။
လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ ဖွဲ့ဆိုကြတဲ့အထဲမှာ အချစ်တာရှည်ခိုင်မြဲဖို့၊ ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထား ရေးဖွဲ့ကြပါတယ်။ အချစ်အက္ခရာ A to Zကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနဲ့ ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ်။ အချစ်က ဘယ်တော့မှ ဘာသာပြန်ဆိုလို့ ပြီးနိုင်မယ့်အရာမဟုတ်တာကြောင့် အဲဒီအချစ်တွေကိုပဲ ကျွန်မက ထပ်ဘာသာပြန်ဆိုပါတယ်။ အချစ်အက္ခရာ A to Z လက်ခံသည်ကပဲ စမှတ်စခဲ့ပါတယ်။ အားလုံး ချစ်နိုင်ကြပါစေ...
မူရင်းလင့်-- http://tw.knowledge.yahoo.com/question/question?qid=1306070108267
နိုင်းနိုင်းစနေ (Wednesday, March 03, 2010)
.
Accept (လက်ခံသည်)
"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။
Belief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။
Sunday, 28 October 2012
ချစ်သူနဲ့ အမြဲအဆင်ပြေနိုင်ဖို့သိသင့်တဲ့ အချက်များ
၁. အကယ်၍ သင်ဟာ သင့်ချစ်သူကို တကယ်ချစ်မိပြီဆိုရင် အရာရာကို ပေးဆပ်ရပါတော့မယ်..
ဒါပေမယ့်ကိုယ်ဟာမိန်းကလေးဆိုရင်ချစ်သူတောင်းဆိုတိုင်းမလိုက်လျေ
ာ့သင့်ပါဘူးယောက်ျားလေးတယောက်ဆိုရင်လည်း ချစ်သူကို တကယ်ချစ်ရင်ရမ္မက်ပါတာမျိုးကိုမတောင်းဆိုသင့်ပါဘူး.။ကိုယ့်ချစ်သူကိုတန်ဖိုးထားသင့်ပါတယ်..။
မိန်းကလေးတွေဘက်ကလည်း ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူကမှတန်ဖိုးမထားတော့ဘူးဆိုတာ သဘောပေါက်ထားပါ..။
၂. အကယ်၍ သင်ဟာ ချစ်သူကို စိတ်ဆိုးစေမယ့်အရာတစ်ခုခုကို လုပ်မိတယ်ဆိုရင် ချစ်သူ စိတ်ဆိုးပြေတဲ့အထိ ရှင်းပြပါ.. ဖြေရှင်းချက်ပေးပါ... ။ တစ်နေ့နေ့ နားလည်လာပါလိမ့်မယ် တကယ်ချစ်ရင် ခွင့်လွှတ်မှာပေါ့ဆိုတဲ့ ရူးကြောင်ကြောင် အတွေးမျိုးတွေကို ဖျောက်ဖျက်ထားပါ...
ချစ်တက်သူတိုင်း သိသင့်သည့်အရာ....
ချစ်တတ်သူများအတွက်ရည်ရွယ်ပါတယ်ဗျာ
သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ?
ပျော်ရွှင်နေတဲ့အချစ်ရေးကို  ဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?
အချစ်မှာကံကောင်းစေဖို့  မသိလိုက်တဲ့  လျှိုဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ် ။
ကဲ.....လေ့လာကြည့်ကြမယ်နော် ။
Monday, 15 October 2012
အသည်းကွဲဒဿန.......
ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသော လူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။
လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော်...ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရ သလဲ...?
လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့ ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...
တီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ... ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။
အချစ်ဆိုတာ.......
(၁) တကယ့်အချစ်ဆိုတာ သည်းညည်းခံတာ မဟုတ်ဘူး။ လက်ခံတာဖြစ်တယ်။
တကယ့်အချစ်ဆိုတာ စိုးမိုးခြယ်လှယ်တာ မဟုတ်ဘူး။ အားပေးထောက်ခံတာဖြစ်တယ်။
တကယ့်အချစ်ဆိုတာ စီစစ်မေးမြန်းတာ မဟုတ်ဘူး။ နှစ်သိမ့်တာဖြစ်တယ်။
(၂) တကယ့်အချစ်ဆိုတာ ကျေးဇူးတင်တတ်ရသလို တောင်းပန်တတ်ရတယ်။
တကယ့်အချစ်ဆိုတာ ချစ်ခင်ကြင်နာတတ်ရသလို ခွင့်လွှတ်နားလည်တတ်ရတယ်။
တကယ့်အချစ်ဆိုတာ အမှားကိုပြင်တတ်ရသလို အမှားကိုလည်း ဝန်ခံရဲရတယ်။
မရိုးနိုင်သော အဖိုးတန်စကားလေး “ချစ်တယ်”
ချစ်ခင်မေတ္တာမျှကြတဲ့ လူ ၂ ဦးကြားမှာ တစ်ခါတစ်ရံ အေးစက်တဲ့ ဆက်ဆံရေးတွေနဲ့ သွေးမနွေးတော့ဘူးဆိုတာမျိုးတွေ ရှိနေတတ်ကြမှာပါပဲ ။
အဲဒီလို အခြေအနေမျိုးတွေအထိ တွေ့ကြုံမလာကြစေဖို့ မရိုးနိုင်တဲ့ စကားလေးတွေ၊ ဟန်ဆောင်မှုမပါတဲ့ ကိုယ်ဟန်အမူအရာကလေးတွေနဲ့ ချစ်သူ ၂ ဦးကြားက အချစ်စိတ်ကို နွေးထွေးတက်ကြွလာစေနိုင်တယ် ဆိုတာ အကြံပေးချင်လို့ပါ။
          လက်တွေ့ဘ၀ထဲက နည်းလမ်းကလေးတွေ ဖြစ်ပြီး သင်နဲ့ သင့်လက်တွဲဖော်တို့ကြားက အချစ်တွေ သွေးနွေးလာစေဖို့ အသုံးဝင်နိုင်စရာတွေလည်း ဖြစ်ပါလိမ့်မယ် ။
ချစ်သ.ူလက်ကိုင်နည်းများ
ချစ်သ.ူလက်ကိုင်နည်းများ
ကိုယ့် ချစ်သူရဲ့ အေးစက်နေတဲ့ ..လက်ကလေးတွေကို ကိုင်ပြီး..အားပေးဖူးမှာပါ...။လက်ကလေးတွေကိုကိုင်ပြီး.အားပေးတာဟာ ချစ်သူရည်းစားတွေမှာမှ မဟုတ်ပါဘူး
ဟာ..တခြားအသားထိတွေ့ မှု တွေထက် အဆတရာမက သာတဲ့ ..သဘောကို ဆောင်ပါတယ် .။လက်ကနေတဆင့် ..ချစ်သူ ရဲ့ နှလုံးသားဆီကို... ခွန်အားတွေ..ချစ်ခြင်းမေတ္တာတွေ..စီးဆင်းစေတဲ့..သဘောပေါ့ ..တစ်ယောက်လက်ကို တယောက် ဘယ်လို အဓိပါယ်အရှိဆုံးကိုင်ကြမလဲ ဆိုတာ....
Sunday, 14 October 2012
အချစ်တွေတည်မြဲချင်ရင် ဒါလေးတွေကိုရှောင်နော်.....
၁) “တော်ပြီ… နင်နဲ့ ငါလမ်းခွဲတာပဲကောင်းတယ်”
ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်ဘက်က သူ့ကို လမ်းမခွဲနိုင်သေးဘူးဆိုတာသေချာရင်… ဟန်ဆောင်ပြီး လမ်းခွဲမယ်ဆိုတဲ့စကားကို မပြောမိပါစေနဲ့… ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုရင်… သူတော်တော်ခံစားရပါတယ်… ဒီစကားက သူမကြားချင်ဆုံးစကားပါပဲ… ပြီးတော့ ကိုယ်က လမ်းခွဲစကားကို ခဏခဏ စိတ်ဆိုးတိုင်းပြောနေရင်… သူ့ဘက်က ကိုယ့်ကို တဖြည်းဖြည်း အထင်လွဲလာတတ်တယ်…
ချစ်ကြသည်ဆိုရာဝယ်.......
ဒီစာကို ယခုလက်ရှိချစ်သူရှိသူ ချစ်ကျွမ်းဝင်တဲ့သူ အသဲကွဲသူတွေအားလုံးနဲ့ သက်ဆိုင်မယ်ထင်တယ်။
ခုတလောဆိုရင် အရမ်းခေတ်စားနေတဲ့ ကိုးရီးယားကားထဲကလို တယောက်ကိုတယောက် ပျော်ရွှင်မှုတွေမပေးနိုင်လို့ ထွက်ခွါသွားကြတာမျိုးတွေကို ကြည့်ရှုနေကြရမှာပါ။
ဒါပေမဲ့ သင်စဉ်းစားဖူးလား။ သင်က သူ့အတွက် သူက သင့်အတွက် အပျော်ရွှင်ဆုံးဆုလာဒ်ပဲဆိုတာကိုပေါ့။ တယောက်ကိုတယောက် ပျော်ရွှင်မှုတွေပေးရမယ်ဆိုတဲ့ တာဝန်ကို ထွက်ပြေးတိမ်းရှောင်ကြတာလား။
အမှန်ဆိုရင် တယောက်ကိုတယောက်ပျော်ရွှင်အောင်ထားနိုင်ဖို့ ကြိုးစားသင့်တယ်မဟုတ်လား။
အချစ်နဲ့လိင်
အချစ်နဲ့လိင်
အချစ်ဟာ ဘ၀အတွက် အဓိက လိုအပ်ချက်မဟုတ်ပေမဲ့ အချစ်မရှိရင် ဘ၀မှာပျော်ရွှင်မှုဆိုတာတွေလည်း ပျောက်ဆုံးကုန်ရော။ အချစ်နဲ့ပတ်သက်လာရင် လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ထင်မြင်ချက် ကိုယ်စီလည်း ရှိကြပါတယ်။ ကျနော်အခုပြောပြချင်တာက ဘာလို့ ယောကျာ်းလေးမိန်းကလေး တော်တော်များများဟာ ချစ်သူတစ်ဦးတည်းကို တသက်လုံး ဘာလို့မချစ်နိုင်တဲ့အပေါ် သုံးသပ်ကြည့်မိတဲ့ အကြောင်းအရာတွေပါ။