
ခေတ်က တစ်နေ့ထက် တစ်နေ့ပြောင်းလဲနေပါသည်။ထိုနည်းတူစွာပဲ လူငယ်များသည်လည်း
ခေတ်ရေစီးအကြောင်းအတိုင်း လိုက်ပြီး ၀တ်စားဆင်ယင်..နေထိုင်..ပြောဆိုမှုတွေ အကုန် တစစီ ခေတ်နဲ့လိုက်ပြီး ပြောင်းလဲ လာခဲ့ကြပြီဖြစ်ပါသည်။ လွန်းခဲ့သည့် ဆယ်စုနှစ် တစ်ခုလောက်က ကျွန်တော်တို့နိုင်ငံတွင် လက်ကိုင်ဖုန်းကို လူတန်းစိမကိုင်နိုင်ကြပါဘူး.. တစ်ချို့ကိုင်နိုင်သူများတွင်လည်း ကင်မရာပါသည့်အမျိုးအစားနည်းလှသည်ဟုပြောရပါမည်။
ခေတ်ပြောင်းလဲတိုးတက်လာတာနဲ့အမျှ စက်ပစ္စည်းများသည်လည်း တစ်နေ့ထက်တစ်နေ့ အသစ်ပြီးအသစ် ထွက်ပေါ်လာခဲ့ပါပြီ...ထိုများထဲတွင် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော ကျွန်တော်တို့နိုင်ငံသည်လည်း ခေတ်ရဲ့ရေစီးကြောင်းအတိုင်း လိုက်ပါလာပါသည်။
ထိုများထဲတွင် လူငယ်များရေပန်းစားလာသည်က ကင်မရာပါသည့် လက်ကိုင်ဖုန်းပင်ဖြစ်လာသည်။
ကင်မရာပါသည့်လက်ကိုင်ဖုန်းကို လူငယ်တွေအဘယ်ကြောင့်ကြိုက်နှစ်သက်သနည်းဆိုရင် ကိုယ်သွားနေရာဒေသများကို အလွယ်တကူ အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်သလို အပျော်တမ်း ဗွီဒီယိုမှတ်တမ်းများလည်း ရိုက်ကူးနိုင်ခြင်းကြောင့် လူငယ်များကြားထဲ ပိုမိုရေပန်းစားလာခြင်းဖြစ်သည်။
ဒါပေမယ့် စိတ်မကောင်းစရာနောက်ဆက်တွဲတွေကတော့ တစ်ချို့သော မြန်မာလူငယ်များ(မြန်မာမိန်းခလေးများအပါအ၀င်)သည် ကင်မရာဖုန်းကို လွဲမှားစွာ သုံးစွဲနေကြရသည်ကိုတွေ့မြင်နေရခြင်းပါပဲ။ အဘယ်ကြောင့်ဆိုသော်.......ကင်မရာဖုန်းဖြင့် ချစ်သူနဲ့ နမ်းရှုတ်သည့်ပုံများအား အမှတ်တရရိုက်ကူးခြင်း ..ချစ်သူနှင့် အတူအိပ်ခြင်းများအား အမှတ်တရဗွီဒီယိုရိုက်ကူးလာကြခြင်း။ မိမိအိမ်ခန်းထဲတွင် တစ်ယောက်တည်း ကာမဆွဲဆောင်မှု ဖြင့် အင်္ဂါအစိတ်အပိုင်းများအား ဖေါ်ပြပြီး sex video မှတ်တမ်းများကို အပျော်တမ်းအနေဖြင့် ရိုက်ကူးလာကြတာကိုလည်း တွေ့မြင်နေရပါတယ်။ ဒီလိုတွေ ဖြစ်လာတာကို မည်သူ့မှာ အပြစ်ရှိတယ်လို့မပြောဆိုလိုပါဘူး...အဓိက မိမိကိုယ် ထိန်းသိမ်းနိုင်ရန်သာအဓိကမဟုတ်ပါလော...ချစ်သူက တောင်းဆိုလို့ ဗွီဒီယိုမှတ်တမ်းရိုက်ဖြစ်တာပဲဖြစ်ဖြစ် မိမိဆန္ဒအလျောက် အပျော်တမ်းရိုက်ကူးတာပဲဖြစ်ဖြစ် ကိုယ်က ထိန်းသိမ်းမှုမတက်ရင် အွန်လိုင်းမှာပျံနှံသွားတာပဲမဟုတ်လား..အွန်လိုင်းဆိုသည်ကား မိမိအတွက် ကောင်းသောအရာကို ယူဆောင်လာသော အရာဟုဆိုနိုင်သလို မိမိ အမှားတွေကြောင့် မိမိဘ၀တစ်ခုလုံးကိုပါ ပျက်စီးစေသော အရာဆိုလည်း မှားမည်မထင်ပါ။။။။။ထို့ကြောင့်လည်း ၁၈ နှစ်အောက် မကြည့်ရဆိုသည့် ဘလော့နှင့် ၀က်ဆိုဒ်များတွင် ထိုသောရိုက်ကူးထားသော ဗွီဒီယိုဖိုင်များမြောက်မြားစွာရှိလာခြင်းဖြစ်သည်ကိုလည်းတွေ့ရှိရသည်။

ခေတ်ရဲ့တီထွင်မှုနောက်က လိုက်မျောရင်း ကင်မရာဖုန်းကို လူငယ်တွေ အကျိုးရှိစွာ အသုံးချနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ရေးသားသူ=ကြမ်းပိုးလေး
Myanmar Daily News
No comments:
Post a Comment
ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။