Friday 8 February 2013

ဝံသာနု ရက္ခိတစနေလူငယ်များအသင်းရဲ့  ၂-၂-၂၀၁၃ ရက်စွဲပါ နှိုးဆော်တိုက်တွန်းလွှာနဲ့ အသင်း ရည်ရွယ်ချက် ဦးတည်ချက်များကို မသိသေးသူများအတွက်ပါဗျာ...............

ဝံသာနု ရက္ခတစနေလူငယ်များအသင်းရဲ့  ၂-၂-၂၀၁၃ ရက်စွဲပါ နှိုးဆော်တိုက်တွန်းလွှာနဲ့ အသင်း ရည်ရွယ်ချက် ဦးတည်ချက်များကို မသိသေးသူများအတွက်ပါဗျာ...............

ဝံသာနု ရက္ခိတ စနေ လူငယ်များအသင်း၏ တိုက်တွန်း နှိုးဆော်လွှာ
"National Patriotic Saturday Youth Association (N.P.S.Y.A)"
သာသနာနှစ် ၂၅၅၆
ရက်စွဲ။ ၁၃၇၄-ခုနှစ် ၊ ပြာသိုလဆုတ် (၇)ရက် ။
၂၀၁၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်။
၁။ အမျိုးဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် ၀ံသာနု ရက္ခိတ စနေလူငယ် အသင်းကို ကျစ်လစ်ခိုင်မာစွာ        ဖွဲ့ စည်းနိုင်စေရန် တိုက်တွန်း နှိုးဆော်ပါသည်။
၂။ ဤအဖွဲ့ အစည်းတွင် ပါဝင်ကြသော ရဟန်းရှင်လူ မျိုးချစ်တိုင်းရင်းသားပြည်သူများ အတူတကွ ပူးပေါင်းပါဝင် လက်တွဲဆောင်ရွက် နိုင်ရန် တိုက်တွန်း နှိုးဆော်ပါသည်။
၃။ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀ံသာနုရက္ခိတအသင်းများ ပေါ်ပေါက်လာစေရန် တိုက်တွန်း နှိုးဆော်ပါသည်။
၎။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ ခိုင်မြဲရန်အတွက် အမျိုး ၊ ဘာသာ၊ သာသနာ ကို ကာကွယ်စောင့်ရှောက်နိုင်သည့် ခိုင်မာသော ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန် တိုက်တွန်း နှိုးဆော်ပါသည်။
၅။ ၀ံသာနု ရက္ခိတအသင်းများ ရေရှည်တည်တံ့နိုင်ရန်အတွက် မျိုးဆက်သစ်လူငယ်များမှ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် လက်ဆင့်ကမ်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရန် တိုက်တွန်း နှိုးဆော်ပါသည်။
ဝံသာနုရက္ခိတ စနေ လူငယ်များအသင်း

ရည်ရွယ်ချက်။
၁။ မြန်မာဗုဒ္ဓဘာသာဝင် များအနေဖြင့် အပတ်စဉ် စနေနေ့ ကို မဖြစ်မနေတွေ့ စုဝေးတွေ့ ဆုံကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကိစ္စရပ်များအား စုဝေးတိုင်ပင် ဆွေးနွေးမှုများပြုလုပ်ရန်။ 
၂။ လက်ရှိဗုဒ္ဓဘာသာများလက်ထက်မှ စတင်ကာ အပတ်စဉ် စနေနေ့ ကို တွေ့ ဆုံစည်းဝေးသည့် အကျင့်ထွန်းကားအောင် လုပ်ပေးခြင်းဖြင့် စည်းဝေးတွေ့ ဆုံပွဲများ ထာဝစဉ် ရှင်သန်စေရန်။ 
၃။ ၀ံသာနု ရက္ခိတ စနေလူငယ်များအသင်းကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရာအနှံ့ ချိတ်ဆက်လက်တွဲပူးပေါင်းဆောင်ရွက်  ကာ သားစဉ်မြေးဆက် အဆင့်ဆင့် အမျိုးဘာသာ သာသနာအကျိုးကို ထိန်းသိမ်းနိုင်ရန်။
၎။ ၉၆၉ ဆိုင်များမှာ ၀ယ်ယူ အားပေးခြင်းဖြင့် ကိုယ့်အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်။

ဦးတည်ချက်။
၁။ မြန်မာနိုင်ငံအတွင်း ယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်  သွားရေး။
၂။ အမျိုးသား ၀ံသာနုရက္ခိတစိတ်များ ရင့်သန်တိုးပွားလာစေရေး။
၃။ မြန်မာပြည်တွင် မှီတင်းနေထိုင်ကြသော မျိုးချစ် တိုင်းရင်းသားပြည်သူများ အားလုံး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်စေရေး။
၎။ အစိုးရမှ တရားဝင် အဖွဲ့ အစည်းအနေဖြင့် အသိအမှတ်ပြု စေရန်ကြိုးစားဆောင်ရွက်ရေး။

လေးစားလျက်
မေမြို့သားလေး 

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။