ကျွန်တော် သိမ်းထားချင်သော အရာများ၊ ပြောချင်သောစကားများနှင့် မျှဝေချင်သော အကြောင်းအရာများ အတွက် ဤ Blog စာမျက်နှာအား အသုံးပြုပါသည်။
Saturday, 1 June 2013
နိုင်ငံကြီးသား
ကျနော်တို့ မြန်မာနိုင်ငံ ပြန်လည်ဖွင့်ဖြိုးတိုးတက် လာစေဖို့အတွက် အဓိကလိုအပ်နေသော စိတ်ဓါတ်ပိုင်း ကို ပြင်ဆင်နိုင်စေဖိုံ့ Highlight လုပ်ပြထားသော ဆောင်းပါးတစ်ပုဒ် အား သိရှိ ဖတ်ရှုနိုင်စေရန် ပြန်လည် မျှဝေဖေါ်ပြပေးလိုက်ပါသည်။
မေမြို့သားလေး
နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ခြင်း၊ မတိုးတက် ခြင်းသည် အစိုးရ ချည်းပဲ တိုက်ရိုက် မသက်ဆိုင် သလို အစိုးရ တစ်ဦးတည်းလည်း လုပ်၍ မရပေ။ ယင်းနိုင်ငံ တွင်ရှိသော ပြည်သူတို့၏ အပေါ်တွင်လည်း တည်မှီ၍ နေသည်။ လွှတ်တော်က ဥပဒေများ ပြဋ္ဌာန်းပြီး ယင်းဥပဒေကို အစိုးရက အကောင်အထည် ဖော်ရာတွင် ချမှတ်ထား သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်း၊ စည်းကမ်းများကို ပြည်သူလူထုက လိုက်နာကျင့်သုံး ရန်လည်း လိုသည်။
Thursday, 30 May 2013
ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သည့် မြန်မာပြည်
ဗိုလ်ချုပ်အောင်ဆန်းသည် လက်ဝဲယိမ်း နိုင်ငံရေးသမားဟု မြင်သည်။ သူ၏
အမြင်မှာ ဆိုရှယ်လစ်ဆန်သည်။ ကွန်မြူနစ် စနစ်ကိုလည်း ရောက်မသွားပါ။
သူဖွဲ့ချင်သော အစိုးရစနစ်မှာ ဒီမိုကရေစီ အစိုးရစနစ်ဖြစ်ပြီး
စီးပွားရေးစနစ်မှာ ဆိုရှယ်လစ်စီးပွားရေးစနစ် ဖြစ်သည်။
Wednesday, 29 May 2013
Suspended Coffee (ဆိုင်းငံ့ထားသောကော်ဖီတစ်ခွက် )
ကျွန်တော်တို့သူငယ်ချင်းနှစ်ယေ
စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတ
မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ.
Saturday, 25 May 2013
သင့်ဘဝကိုမပြောင်းတဲ့ အသက်မွေးဝမ်းကျောင်းမှာ သင့်ဘဝကို မရောင်းပါနဲ့
တွေးစရာလေးတစ်ခုပါပဲ... အထူးသဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် ပိုတွေးရလိမ့်မယ့် ဆောင်းပါးလေးပါပဲ... ဖတ်ကြည့်စေချင်လို့ မျှဝေလိုက်ပါတယ်ဗျာ...
မေမြို့သားလေး
အထူးသဖြင့် အခုလို နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ မိဝေးဖဝေး၊ ဆွေဝေးမျိုးဝေး၊ တချို့ လင်ဝေး၊ မယားဝေး၊ သားဝေး၊ သမီးဝေး လာရောက် လုပ်ကိုင် ဝင်ငွေ ရှာနေသူတွေ အနေနဲ့ ကျွန်တော်တို့ရဲ့အတတ်ပညာတွေ၊ ခွန်အားတွေ၊ ကျွန်တော်တို့ရဲ့ အနုပျိုဆုံး၊ အသန်စွမ်းဆုံး၊ အကောင်းဆုံး အချိန်တွေ စတဲ့ ကျွန်တော်တို့ရဲ့ ဘဝတွေကိုတင် ကျွန်တော်တို့ အသက်မွေး ဝမ်းကျောင်း အတွက် ကျွန်တော်တို့ ရောင်းချထား ကြတာဟာ မဟုတ်ပါဘူး။
တွေးမိတွေးရာများ
လူတစ်ယောက်ဟာ တစ်သက်မှာ သစ်ပင်တစ်ပင်တော့ စိုက်ခဲ့ဖူးရမယ်ဆိုတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါကြောင့် ကျွန်တော့်တစ်သက်မှာ ကောင်းတာတစ်ခုတော့လုပ်မယ်လို့ စဉ်းစားမိပြီး အလုပ်တစ်ခုကိုလုပ်ဖို့ အကြံရပါတယ်။ ဒါကတော့ မြန်မာပြည်တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမဲ့ အကြံဥာဏ် အတွေးအခေါ်များကို ၀ိုင်းဝန်း ပြီး စဉ်းစားတွေးခေါ်အကြံပေးဖို့ပါ။ ကိုယ်တိုင်လုပ်ဖို့ဆို တာက လောလောဆယ် မဖြစ်နိုင်သေးတော့ အကြံပဲပေးလိုက်နိုင်တာ ဖြစ်ပါတယ်။အောက်က စာလေးကလဲ ကျွန်တော်လိုပဲတွေးမိတဲ့သူတစ်ယောက် တွေးမိတွေးရာကို ရေးထားတာလေးပါ။ ဘာရယ်တော့မဟုတ်ပါဘူး စာဖတ်သူရဲ့စိတ်ထဲမှာ အတွေးတစ်ခုရသွားရင်ပဲ ကျွန်တော်ကျေနပ်ပါပြီ။ အောက်မှာဖတ်ကြည့်လိုက်ပါဗျာ။
မေမြို့သားလေး
ဘဝအတွက် အကျိုးရှိအောင် စာဖတ်နည်း ၁၂ ချက်
လူတိုင်းလူတိုင်း စာဖတ်ကြပါတယ်။ စာမတတ်သူ မျက်မမြင်သူများကတော့ ချွင်းချက်ပေါ့။ ဒါပေမယ့် ဘယ်လို အကျိုးရှိအောင်ဖတ်ရမလဲဆိုတာ သေချာမသိတဲ့သူတွေများပါတယ်။ အခု ဆောင်းပါးကတော့ စာကိုဘယ်လို အကျိုးရှိအောင်ဖတ်ရမယ်ဆိုတာ ညွှန်ပြထားတာဖြစ်လို့ အများသိနိုင်ရန် ပြန်လည်ဝေမျှပေးလိုက်ပါသည်။
မေမြို့သားလေး
အဆွေ စာဖတ်တတ်တယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ဘာလို့ဆို ရှေ့က စာကြောင်းကိုဖတ်ခဲ့ပြီး အခု ဒီစာ ကြောင်းကိုပါ အဆုံးအထိ လိုက်ဖတ်နေ လို့လေ။ ဒါက ကျွန်တော် အဓိက သိချင်တာ မဟုတ်ပါဘူး။ အဓိက အနေနဲ့ အရေးတကြီး သိချင်တာက အဆွေဟာ ဘဝအတွက် အကျိုးရှိအောင် စာဖတ်တတ်တဲ့သူ ဟုတ်သလား ဆိုတာပါ။
Labels:
ဗဟုသုတ
ရှေ့ဆက်သွားနိုင်ဖို့ သင် စွန့်လွှတ်ရမယ့် အရာ(၁၀)ခု
သဘောကျ နှစ်သက်မိပါသဖြင့် ပြန်လည်မျှဝေဖေါ်ပြပေးအပ်ပါသည်။
မေမြို့သားလေး
ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။
၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း
အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။
သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။
Subscribe to:
Posts (Atom)






