မေမြို့သားလေး
ကျွန်တော် သိမ်းထားချင်သော အရာများ၊ ပြောချင်သောစကားများနှင့် မျှဝေချင်သော အကြောင်းအရာများ အတွက် ဤ Blog စာမျက်နှာအား အသုံးပြုပါသည်။
Monday, 17 June 2013
အရမ်းအန္တရာယ် များနေပြီ ဖြစ်တဲ့အချိုမှုန့်ရဲ့ဆိုးကျိုးတွေ
အချိုမှုန့် ဆိုတာ ဘာလဲ ........
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။
Sunday, 16 June 2013
ဆယ်ကျော်သက်တို့ အတွက် အကျင့်ကောင်း(၇)ရပ်
...
ပြဿနာတစ်ခုခုရှိလာရင်"ငါဘာမှားေ
ပြီးမှကျန်တာတွေကိုဖြန့် တွေးတယ်။"ကိုယ့်ကိုယ်ကိုတော့လွ
Labels:
ဗဟုသုတ
မြန်မာပြည် ပြန်လည်ဦးမော့လာနိုင်စေဖို့(၁).......
ကျနော် ဒီစာကိုမရေးခင် အရင်ဆုံးဝန်ခံပါ့မယ်။ ဒါကတော့ ကျနော်ဟာ နိုင်ငံရေးသမား မဟုတ်သလို ဘောဂဗေဒ ပညာရှင်လည်း မဟုတ်ပါဘူး။ အခုကျနော်ရေးတဲ့စာက ကျနော့်အတွေး ကျနော်အမြင် သက်သက်နဲ့ရေးထားခြင်းသာဖြစ်ပါတယ်။ မြန်မာပြည်ကိုချစ်တဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ကိုယ်ချစ်တဲ့မြန်မာပြည်ကြီးတိုးတက်တာကို မြင်ချင်တဲ့စိတ်တစ်ခုထဲနဲ့ဒီစာကို
ရေးရခြင်းဖြစ်ပါတယ်။ ဒီအတွက် တစ်စုံတစ်ယောက် ဒါမှမဟုတ် အသင်းအဖွဲ့တစ်ခုကို ထိခိုက်စေရင် ဒီတွက်အခုထဲက ကျနော်တောင်းပန်လိုက်ပါတယ်။ မြန်မာပြည်ကိုချစ်တဲ့စိတ်နဲ့ မြန်မာပြည် တိုးတက်ရေး အတွက် ရှေးရှုပြီးပြောပြတယ်လို့ပဲ သဘောထားပြီး ခွင့်လွှတ်ပေးပါလို့ ပဲ အရင်ဆုံး ပြောလိုက်ပါ ရစေ။
Thursday, 6 June 2013
လူတိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး
ကျနော်တို့ လူမှုနယ်ပယ်မှာ မကြာခဏသုံးလေ့ရှိတဲ့ မစ္ဆရိယ ဆိုတဲ့ စကားလုံးအား သေချာနားလည်စေရန် ရှင်းလင်းဖော်ပြထားသော စာစုလေးအား အများသိရှိနိုင်ရန် နှလုံးသားအဟာရမှ ပြန်လည်ကူးယူ ဖေါ်ပြ အပ်ပါသည်။
မေမြို့သားလေး
(၁) အာဝါသမစ္ဆရိယ
မိမိပိုင်ဆိုင်ရာ နေရာဌာန၌ မိမိမှတစ်ပါး မည်သူ့ကိုမျှ မနေစေလိုခြင်း၊ တစ်နည်း မိမိရနေသော ဆောက်အဦးကောင်းမျိုးကို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ်ကောင်းကောင်းရသလို သူများကို မရစေချင်တာမျိုး၊ ရသွားရင်ပဲဖြစ်ဖြစ် ရနေရင်ပဲဖြစ်ဖြစ် မကျေမချမ်းဖြစ်နေတာမျိုး)
Labels:
ဗဟုသုတ
Tuesday, 4 June 2013
လက်ချောင်းလေးတွေ အသုံးပြုပြီး ဝေဒနာကုသ ကြည့်ရအောင်
လက်ချောင်းများသုံးပြီး ဝေဒနာကုသခြင်း ဆိုတဲ့ စာစုလေးက လွယ်လွယ်နဲ့ ထိရောက်မှုရှိတဲ့ နည်းလမ်း တွေကို ဖော်ပြထားခြင်းဖြစ်ပြီး ကျနော်ကိုယ်တိုင်လည်း စမ်းသပ်ကြည့်တော့ ထိရောက်မှုရှိတာ သိရလို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်....
မေမြို့သားလေး
တော်ရုံ နဲ့ အိပ်မပျော်တတ်သူ ဖြစ်နေပါ သလား ?
အနှိပ်ခံပြီးရင် အိပ်ပျော်တာ ပိုမို မြန်ဆန်တယ်လို့ အိပ်မပျော်တတ်သူတွေက ပြောကြပါတယ်။ လေ့လာမှု တစ်ခု အရလည်း တစ်နေ့ကို နှစ်ကြိမ် နှုန်းနဲ့ ၁ဝ ရက်ကြာ အနှိပ်ခံပြီး နောက်ပိုင်းမှာ အိပ်စက်မှု ဆိုင်ရာ ပြဿနာတွေ အားလုံး ဖြေရှင်း သွားနိုင်တယ်လို့ သိရပါတယ်။
မိမိဘာသာ လုပ်ကြည့်ပါ
သင့် လက်မထိပ်နဲ့ လက်ညှိုးထိပ် ကို ပုံမှာ ပြထားတဲ့ အတိုင်း ငါးမိနစ်ခန့် ဖိထားပေးပါ။ လက်မထိပ်ဟာ အိပ်ပျော်မှု ကောင်းစေပြီး အိပ်/ထ စက်ဝန်းကို ညီမျှမှု ရှိအောင် ထိန်းချုပ် ပေးထားတဲ့ ဦးနှောက် အတွင်းမှ Pineal အကျိတ်နဲ့ ဆက်စပ်မှု ရှိတာကြောင့် လို့ ဆိုပါတယ်။
အနှိပ်ခံပြီးရင် အိပ်ပျော်တာ ပိုမို မြန်ဆန်တယ်လို့ အိပ်မပျော်တတ်သူတွေက ပြောကြပါတယ်။ လေ့လာမှု တစ်ခု အရလည်း တစ်နေ့ကို နှစ်ကြိမ် နှုန်းနဲ့ ၁ဝ ရက်ကြာ အနှိပ်ခံပြီး နောက်ပိုင်းမှာ အိပ်စက်မှု ဆိုင်ရာ ပြဿနာတွေ အားလုံး ဖြေရှင်း သွားနိုင်တယ်လို့ သိရပါတယ်။
မိမိဘာသာ လုပ်ကြည့်ပါ
သင့် လက်မထိပ်နဲ့ လက်ညှိုးထိပ် ကို ပုံမှာ ပြထားတဲ့ အတိုင်း ငါးမိနစ်ခန့် ဖိထားပေးပါ။ လက်မထိပ်ဟာ အိပ်ပျော်မှု ကောင်းစေပြီး အိပ်/ထ စက်ဝန်းကို ညီမျှမှု ရှိအောင် ထိန်းချုပ် ပေးထားတဲ့ ဦးနှောက် အတွင်းမှ Pineal အကျိတ်နဲ့ ဆက်စပ်မှု ရှိတာကြောင့် လို့ ဆိုပါတယ်။
Sunday, 2 June 2013
ဘ၀ နောင်တတွေ နည်းနိုင်သမျှနည်းအောင်လုပ်ဖို့ နည်းလမ်း (၄) ခု
ကျနော်တို့တွေအားလုံးကိုယ်စီမှာ နောင်တဆိုတာတွေရှိခဲ့ဖူး ရှိနေဆဲ ရှိလတံ့ပါ။ အဲ့လိုဘ၀တစ်လျှောက်လုံးမှာ ကြုံတွေ့ရမယ့် နောင်တတွေ နည်းနိုင်သမျှနည်းအောင် လမ်းညွှန်ပေး သော ဆောင်းပါးလေးကို ဖေါ်ပြပေးလိုက်ပါသည်။
မေမြို့သားလေး
- ငါဟာ ငါ့ရဲ့အရှိအမှန်အတိုင်း နေထိုင်ဖို့ သတ္တိရှိခဲ့ရင် ကောင်းမှာပဲ။
- ငါဟာ အလုပ်တွေချည်းပဲ အများကြီး မလုပ်ခဲ့မိရင် ကောင်းမှာပဲ။
- ငါ့မှာ ငါ့ရဲ့ ခံစားမှုတွေကို ဖော်ပြရဲတဲ့ သတ္တိရှိခဲ့ရင် ကောင်းမှာပဲ။
- ငါဟာ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီးနေခဲ့မိရင် ကောင်းမှာပဲ။
- ငါဟာ ငါ့ကိုယ်ငါ ပိုပြီး ပျော်ပျော်နေဖို့ ခွင့်ပြုခဲ့မိရင် ကောင်းမှာပဲ။
သင်ရော အဲဒီအချက်တွေထဲက တစ်ခုခုကို လုပ်ခဲ့မိသလား။ သင် တိုးတက်ချင်တဲ့ အစိတ်အပိုင်းက ဘယ်နေရာလဲ။ရှိလာနိုင်တဲ့ နောင်တတွေကို နည်းနိုင်သမျှနည်းအောင်လုပ်ဖို့၊ ကျနော်တို့တွေ လုပ်သင့်တဲ့ အချက်တစ်ချို့ ရှိပါတယ်။
မူကြိုဆရာမလေးနှင့် အင်တာဗျူးခြင်း
မူကြိုဆရာမလေးတစ်ယောက်နှင့် အင်တာဗျူးခြင်းအား သဘောကျသဖြင့် ပြန်လည် ဝေမျှဖေါ်ပြပေးလိုက် ပါသည်။
မေမြို့သားလေး
အိပ်ခန်းထဲ၌ စလောင်းတီဗီမှ အင်တာဗျူးတစ်ခု လာနေသည်။ ၄င်းအင်တာဗျူးကို စိတ်ဝင်တစား နားထောင်မိခဲ့သည်။ သဘောကျသည်။
ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ယောက်ကို မေးမြန်းခြင်းဖြစ်သည်။
Subscribe to:
Posts (Atom)