Tuesday, 30 October 2012

သွေး အား ကောင်းစေမည့် သဘာဝရဲ့အသီးအနှံ များ




မုန်လာဥသည် သံဓာတ်ပါဝင်မှု မြင့်မားသည် ဟင်းသီးဟင်းရွက် စာရင်းဝင်ဖြစ်ပြီး အခြား သတ္တုဓာတ်များလည်း အများအပြား ပါဝင်ပါသည်. . . မုန်လာဥနီ ဖျော်ရည် ခန္ဓာကိုယ်၏ ခွန်အား၊ ကိုယ်ခံအားများ တိုးမြှင့်ပေးရုံသာမက သွေးနီဥများကိုလည်း တိုးပွားစေပါသည်. .

ထို့အပြင် ဆယ်ကျော်သက်မလေးများအတွက် အကောင်းဆုံး သွေးအားတိုးဆေးဖြစ်၍ မိန်းမငယ်လေးများ ရာသီလာစဉ် အချိန်၊ အပျိုဖော်ဝင်အချိန်တွေတွင် လက်စွဲထားသင့်သည့် သဘာဝ ဆေးတစ်ခွက် ဖြစ်ပါတယ်. .


ဆလတ်ရွက်သည်လည်းကောင်း ၊ဟင်းနုနွယ်ရွက်တို့သည်. သွေးအားနည်းရောဂါကာကွယ် စေသော အရွက်ဖြစ်ပြီး သံဓာတ်များ အလွန်ကြွယ်ဝပါသည်. . . ၄င်းကဲ့သို့ သံဓာတ်ကြွယ်ဝသည့် အပြင် ပရိုတိတ်း ဓာတ်ပါရရှိစေနိုင်သည့် အစားအစာတစ်မျိုးမှာ ပဲပုတ်( Soya Bean) ဖြစ်ပါသည်. . ၄င်းကို ပဲနို့ရည် အသွင်ဖြင့် ထုတ် လုပ်ကြပြီး အစာကြေညက်လွယ် စေ၍ လူကြိုက်များလှပါသည်. .

မက်မွန်သီး ခုနှစ်လုံးခန့်ကို ရေတွင် နှစ်နာရီ ခန့်စိမ်၍ မှုန့်ညက်အောင် ကြိတ်ခြေပြီး သုံးလခန့် နံက်တိုင်း စားသုံးပေးလျှင် သွေးအားကောင်းစေပါတယ်.

နှမ်းနက်စေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေခပ်နွေးနွေးထဲတွင် နာရီ အတန်ကြာ စိမ်ထားပြီး ကြိတ်၊မွှေထားသော အရည်များ အဖတ်များ ကို နို့တစ်ခွက် (သို့) အခြားအချိုရည် တစ်ခုခုနှင့် တွဲဖက် သုံးဆောင်ပေးပါကလည်း သွေးအားနည်းရောဂါကို ပျောက်ကင်းစေပါသည်. .

. နှမ်းနက်စေ့သည် သွေးအားကောင်းစေသည့် ဆေးကောင်း အရင်းအမြစ်တစ်ခုပင်ဖြစ်ပါသည်.

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။