လောကဓံက ငါ့ဘ၀ကို အကြိမ်ကြိမ် ခုတ်ပိုင်းလဲ
ကြယ်ငါးတွေရဲ့လက်တံလိုဘ၀အသစ်ကို အဖန်ဖန် ပြန်မွေးဖွား
အားလုံးနဲ့တသားတည်း ရှိနေမယ်...
သူများတန်ဖိုးတက်ဖို့
နောက်နားက အဖြည့်ခံ
ပေးဆပ်တဲ့ သုညအတွက်
နောက်ကောက်ကျစရာလဲမရှိ
ဖြစ်တည်မှု တန်ဖိုးသက်သက်နဲ့
သုညကို အပိုင်းပိုင်းခွဲလဲ
သုညဟာ သုညပဲမို့လေ...
လင်းသော်
No comments:
Post a Comment
ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။