ကျွန်တော် သိမ်းထားချင်သော အရာများ၊ ပြောချင်သောစကားများနှင့် မျှဝေချင်သော အကြောင်းအရာများ အတွက် ဤ Blog စာမျက်နှာအား အသုံးပြုပါသည်။
Thursday, 15 November 2012
ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့သဘောတရား (၇) ချက်
၁။ လင်းယုန်သဘောတရား...
လင်းယုန်တစ်ကောင်ဟာကိုယ်ကြည့်ချင် မြင်ချင်တဲ့အရာဝတ္ထုမှန်သမျှကို ရှင်းလင်းပြတ်သားအောင်ကြည့်တယ်
အဲ့ဒီလိုပဲ.. သင်ဟာရှေ့ရေးအတွက်အမြော်အမြင်ဥာဏ်နဲ့လှမ်းကြည့်နိုင်ရမယ်..။
၂။ပုရွက်ဆိတ်သဘောတရား...
ပုရွက်ဆိတ်တွေအစာသယ်တဲ့အချိန်ကိုကြည့်ပါ။ တစ်ကောင်နဲ့တစ်ကောင်ခေါင်းချင်းဆိုင်ပြီးဆက်သွယ်မှုပြုသွားတာတွေ့ရပါလိမ့်မယ်
သင်တွေးကြည့်ပါ အစာတစ်ခု(သို့မဟုတ်)သကြားခဲတစ်ခဲပေါ့ပုရွက်ဆိတ်အုံလိုက်ကြီးက တစ်ပြိုင်တည်းတွေ့တာမဟုတ်ပါဘူးတစ်ကောင်တွေ့ပြီးမှနောက်ထပ်အဖော်တွေကို ဆက်သွယ်ခေါ်ယူပြီး အဲ့ဒီအစာကိုသယ်ယူကြတာပါ အဲ့လိုပဲသင်ဟာ ဆက်သွယ်ရေးမှာကျွမ်းကျင်ရမယ် နံပါတ်(၁)အချက်အနေနဲ့အမြော်အမြင်သာရှိပြီးအဲ့ဒီအမြော်အမြင်ကိုအောင်မြင်အောင် ကိုယ့်ငယ်သားတွေအတွက်အဆက်သွယ်ပေးနိုင်ဘူးဆိုရင်သင်ဟာခေါင်းဆောင်မမည်သေးပါဘူး..။
၃။ခြင်္သေ့သဘောတရား...
ခြသေ့င်္ဟာရဲစွမ်းသတ္တိနဲ့ပြည့်စုံတယ်၊ သတ္တိကိုအခြေခံပြီးအစာရှာတယ်၊ သွားလာနေထိုင်တယ်၊ အဲ့ဒီလိုပဲသင်ဟာစွန့်စားလုပ်ဆောင်ရဲတဲ့သတ္တိ၊ စူးစမ်းဝံ့တဲ့သတ္တိ၊ ဦးဆောင်တာဝန်ယူရဲတဲ့သတ္တိ၊ ဆန်းသစ်တီထွင်မှုလုပ်မယ့်သတ္တိတွေရှိဖို့လိုတယ်
ဒီနေရာမှာ သတိပေးချင်တာကမိုက်ရူးရဲဆန်ခြင်းနဲ့သတ္တိရှိခြင်းကမတူဘူးဆိုတာပါပဲ..။
၎။လိပ်သဘောတရား...
လိပ်ဆိုတာဇွဲ လုံ့လရှိတဲ့သတ္တ၀ါဆိုတာသင်တို့သိပြီးဖြစ်ပါတယ်။ ရှေ့ကပြောခဲ့တဲ့အချက်တွေ (၃)ချက်ညီနေရင်တောင်သင့်မှာဇွဲလုံ့လမရှိဘူးဆိုရင်သင်ဟာခေါင်းဆောင်တစ်ယောက်မဖြစ်နိုင်သေးပါဘူး..။
၅။အိုးထိန်းသည်သဘောတရား..
အိုးထိန်းသည်ဆိုတာ ကြံရည်ဖန်ရည်လို့ခေါ်တဲ့ဖန်တီးနိုင်စွမ်းရှိသူပါ။ (ဥပမာ)သင့်လက်ထဲမှာရွှံ့တုံးတစ်တုံးရှိနေမယ်ဆိုရင်သင်ကတော့ရွှံ့လို့ပဲမြင်မှာပေါ့ ဒါပေမဲ့..အိုးထိန်းသည်ကတော့အဲ့ဒီရွှံ့တုံးထဲကအလှအပတွေကို စိတ်ကူးနဲ့ဖန်တီးကြံဆပြီးပါပြီ
သင်လည်းအိုးထိန်းသည်လိုအလုပ်တစ်ခုကြိုတင်ပြီးကြံနိုင်ဖန်တီးနိုင်စွမ်းရှိအောင်ကြိုးစားရပါမယ်..။
၆။လယ်သမားသဘောတရား..
လယ်သမားတစ်ယောက်ရဲ့စိတ်ဟာ အမြဲတမ်းလိုလိုသူ့ရဲ့စပါးသီးနှံတွေပိုးမကျအောင် ငှက်မစားအောင် ရေမလွှမ်းအောင်ကာကွယ်ရေးအစီအစဉ်တွေနဲ့ အတူသီးနှံတွေဖြစ်ထွန်းအောင်မြင်ရေးကို စဉ်းစားတွေးတောနေတတ်တာပါ။အဲ့ဒီလိုပဲသင့်ရဲ့ဦးနှောက်ထဲမှာသန့်စင်ကြည်လင်တဲ့ စွမ်းအားရှိတဲ့အတွေးတွေ သိုမှီးသိမ်းဆည်းထားဖို့လိုပါတယ်..။
၇။သိုးထိန်းသည်သဘောတရား..
သိုးထိန်းသည်တွေဟာသူတို့ထိန်းရတဲ့သိုးတွေကိုဝံပုလွေအစရှိတဲ့တောရိုင်းကောင်တွေမစားနိုင်အောင် ကာကွယ်စောင့်ရှောက်ပေးရတယ် သိုးတွေကိုမပျောက်အောင် မြက်ခင်းကောင်းကောင်းတွေ့အောင် ကျန်းမာရေးကောင်းအောင် အစာရေစာဝအောင်ထိန်းသိမ်းစောင့်ရှောက်ရတယ်
အကုန်ခြုံပြီးပြောရရင်မေတ္တာထားရတယ်ဆိုပါတော့ သင်လည်းမေတ္တာထားတတ်ရမယ် "ငါကအောင်မြင်နေတယ် ချမ်းသာနေတယ်"ဆိုပြီးဘ၀င်မြင့် မာနထောင်လွှားမနေပါနဲ့ အဲ့သလိုဆိုသင့်ရဲ့နောက်ကျောနားမှာအန္တရာယ်ကကပ်နေပြီလို့သာမှတ်လိုက်ပါတော့။
အဲ့ဒီအန္တရာယ်ဆိုတာ အထီးကျန်ခြင်းပါပဲ လူမရှိတဲ့ကျွန်းဆိုတာပျော်စရာကောင်းမယ်တော့မထင်ပါဘူး
အခုနောက်ဆုံးပြောလိုက်တဲ့သဘောတရားကသင့်ဘ၀မှာာအရေးအကြီးဆုံးပါပဲ
အဖိုးတန်လက်ဆောင်ကောင်းဆိုရင်လည်းမမှားပါဘူး မေတ္တာထားကြည့်ပါ.။
ဘ၀အောင်မြင်မှုသာမက စိတ်ချမ်းသာမှုကိုပါအပြည့်အ၀ပေးလိမ့်မယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်..။
မေမြို့သားလေး
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။