အသားအရေနုပျိုလှပ
ကျန်းမာစေရန် အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင် ဓာတ်များနှင့်
ပရိုတိန်းများ ပြည့်စုံ ကုံလုံ နေရန် လိုအပ်သည်။ ကိုယ်တွင်းအင်္ဂါများ
သန်စွမ်းမှသာ အသားအရေသည်လည်း ဆက်စပ်လျက်ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပေရာ
အသားအရေအတွက် သာမက၊ ခန္ဓာကိုယ်အတွက်ပါ လိုအပ်သော ဗီတာမင် ဓာတ်များကို
ဖော်ပြလိုက်ရပေသည်။
ဗီတာမင်အေစွမ်းဆောင်ချက်
-အသားအရေ
သွေးသစ် လောင်းရန်၊ ဖွံ့ဖြိုးရန် မရှိမဖြစ် လိုအပ်သော ဗီတာမင်ဓာတ်
တစ်မျိုးဖြစ်သည်။ အသား အရေဆဲလ်များ ပြန်လည်မွေးဖွားပေးခြင်း၊
အသားအရေတစ်သျှူးများအား ကောင်းမွန်စွာ ထိန်းသိမ်းပေးခြင်း၊
သွေးနီဥဆဲလ်များနှင့် ကိုယ်တွင်း အင်္ဂါကျန်းမာစေရန် စွမ်းဆောင် ပေးသည်။
ယင်းအပြင် အသားအရေကို ညီညာချောမွေ့စေခြင်း၊ နူးညံ့စေကာ ပိုပြီး ပျော့ပျောင်း စေခြင်းတို့ အစွမ်းလည်းရှိသည်။
ရရှိနိုင်သည့် နေရာများ
- ကြက်ဥအနှစ်၊ နွားနို့နှင့် တခြားနို့ထွက်ပစ္စည်းများ၊ ငါးကြီးဆီနှင့် အသည်းအမြစ်တို့၌ ဗီတာမင်အေကို ရရှိနိုင်သည်။
ဗီတာမင်ဘီစွမ်းဆောင်ချက်
-
ဇီဝကမ္မဖြစ်စဉ်များအတွက်၊ သွေးနီဥဆဲလ်များ ဖြစ်တည်ဖို့ အတွက်၊
ဟော်မုန်းများ ညီညွတ်ပုံမှန် ဖြစ်စေဖို့အတွက် လိုအပ်သည့်ဓာတ် ဖြစ်သည်။
ချွေးပေါက် အတွင်းရှိ အဆီဓာတ် ထုတ်လုပ်မှုကို
သင့်တင့်မျှတစေပြီးမှဲ့ခြောက်များ ဖြစ်ပေါ်မှုကို တားဆီးပေးသည်။
ရရှိနိုင်သည့် နေရာများ
-
ကြက်၊ ဝက်၊ ဘဲ၊ ငါး၊ ဂျုံ၊ ငှက်ပျောသီး၊ အသား၊ နို့ထွက် ပစ္စည်းများနှင့်
အစိမ်းရောင် ဟင်းသီးဟင်းရွက်များတွင် ဗီတာမင်ကို ရရှိ စားသုံးနိုင်သည်။
ဗီတာမင်စီစွမ်းဆောင်ချက်
-
collagen ထုတ်လုပ်မှုတွင် မရှိမဖြစ်လိုအပ်သော ဗီတာမင်ဖြစ်သည်။ အမာရွတ်
တစ်သျှူးများအား ကုသပေးပြီး ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာတို့ ဖြစ်လျှင်
အမာရွတ်မထင်အောင်၊ မကျန်ရစ်အောင် ဗီတာမင်စီများ ဖြည့်တင်းထားရန် လိုအပ်သည်။
ရရှိနိုင်သည့်နေရာများ
-ရှောက်သီး၊
သံပရာသီး၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ဘယ်ရီသီးများ၊ ဖရဲသီးများ၊
ငရုတ်ကောင်းနှင့် အာလူးတို့တွင် ဗီတာမင်စီကို ရရှိနိုင်သည်။
ဗီတာမင်ဒီစွမ်းဆောင်ချက်-
အရေပြားဆဲလ်များ၏
တိုးတက်ဖွံ့ဖြိုးမှု အတွက် မရှိမဖြစ်သော ဗီတာမင်ဖြစ်သည်။ ကယ်လ်စီယမ်ဓာတ်
စုပ်ယူနိုင်စွမ်းအား တိုးမြင့်ပေးနိုင်စွမ်းသည့် သတ္တိရှိသည်။ အသားအရေကို
စိုပြည်ရွှန်းလဲ့စေပြီး တစ်သျှူးများ၏ လုပ်ဆောင်မှုအား
တိုးတက်ကောင်းမွန်စေသည်။
ရရှိနိုင်သည့်နေရာများ
-ကြက်ဥအနှစ်၊ ဆော်လမွန်ငါး၊ အသည်းအမြစ်များတို့တွင် ဗီတာမင်ဒီကို ရရှိနိုင်သည်။
ဗီတာမင်အီးစွမ်းဆောင်ချက်-
တစ်သျှူးများ၏
ဖွံ့ထွားမှုအတွက် မရှိမဖြစ် လိုအပ်သည်။ အသား အရေကို စိုပြည်စေပြီး
အဆီဓာတ်ခြောက်ခမ်းခြင်းမှ ကာကွယ်ပေးသည်။ နေလောင် ဒဏ်လည်း ကာကွယ်ပေးပြီး
အသားရည်နီရဲခြင်း၊ ယားယံခြင်းတို့ကိုလည်း တားဆီးပေးသည်။
ရရှိနိုင်သည့် နေရာများ-
အခွံမာသီးများ၊ ဟင်းသီးဟင်းရွက်ဆီ၊ အစိမ်းရောင် ဟင်းသီး ဟင်းရွက်များ နှင့် ဂျုံတို့တွင် ရရှိနိုင်သည်။
ဗီတာမင်အက်ဖ်စွမ်းဆောင်ချက်
-
အရေပြားအား အစိုဓာတ်မခြောက်ခမ်းစေရန် စွမ်းဆောင်ပေးပြီး ဝက်ခြံထွက်မှုကို
တားဆီးပေးသည်။ ကုသပေးသည့် ဗီတာမင် ဖြစ်သည်။ ဗီတာမင်အက်ဖ် ချို့တဲ့လျှင်ကား
ဆံပင်ကျွတ်ခြင်း၊ ယားနာရောဂါများ ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ထို့ပြင်
ကျောက်ကပ်၊ အသည်းနှင့် နှလုံးကိုလည်း ဘေးဥပါဒ်များ ဖြစ်ပွားစေနိုင်သည်။
ရရှိနိုင်သည့် နေရာများ
- ဟင်းသီးဟင်းရွက်များ၊ အဆီများ၊ သစ်စေ့ဆီများမှ ရရှိနိုင်သည်။
အိုမီဂါ - ၃ ဖက်တီအက်ဆစ်စွမ်းဆောင်ချက်
- ဝက်ခြံအား ကုသပေးသည်။
ရရှိနိုင်သည့် နေရာများ
- ငါးကြီးဆီ၊ ဇင့်တို့မှ ရရှိနိုင်သည်။
ဇင့်စွမ်းဆောင်ချက်-
အမျိုးသား သိပ္ပံစာကြည့်တိုက်မှ ဝက်ခြံအားကုသရာတွင် ထိရောက်မှု ရှိသော ဓာတ်တစ်မျိုး ဖြစ်သည်ဟု အသိအမှတ် ပြုထားသည်။
ရရှိသည့်နေရာများ-
အမဲသားတွင်
အများဆုံးရရှိနိုင်သည်။ သိုးသား၊ ဝက်သား၊ ကြက်ဆင်သား၊ ကြက်သားနှင့်
ဆော်လမွန်ငါး တို့တွင်လည်း ရရှိနိုင်သည်။ သက်သက်လွတ် သမားဖြစ်ပါက
နို့ထွက်ပစ္စည်းများ၊ ပဲ၊ ဂျုံ၊ အာလူးတို့ကို စားသုံး နိုင်သည်။
ကျောက်ဖရုံသီးတွင်လည်း ဇင့်ဓာတ်ပါဝင်သည်။
Ref: 8 Days
No comments:
Post a Comment
ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။