ကျွန်တော် သိမ်းထားချင်သော အရာများ၊ ပြောချင်သောစကားများနှင့် မျှဝေချင်သော အကြောင်းအရာများ အတွက် ဤ Blog စာမျက်နှာအား အသုံးပြုပါသည်။
Sunday, 13 January 2013
မလေးရှား က ဆန္ဒပြပွဲများ၊ အာရှနွေဦး လှုပ်ရှား မှုတွေ အာရပ် က ကူးလာပြီ။
Protests in KL, Malaysia Photo: The Hindi
မလေးရှား၏ ကွာလာလမ်ပူ မြို.တော်မှာ လူတွေ အကြီးအကျယ် ဆန္ဒပြနေကြပါတယ်။
ဒီ ဆန္ဒပြပွဲ ကြီးဟာ မလေး ရှား လူထုက ( အတိုက်အခံဘက်မှ ထောက်ခံ၍) သူတို.နိုင်ငံ မှာ. လွတ်လပ် မျှတတဲ. ရွေးကောင်ပွဲတွေ ၂၀၁၃မှာ ဖြစ်လာအောင် လက်ရှိ အစိုးရအပေါ် တက်ကြွစွာ ဖိအားပေးနေခြင်းဖြစ်တယ်။ မလေးရှားနိုင်ငံသားတွေ ရဲ. အကြမ်းဖက်မှုမပါတဲ. လူ ထု တိုက်ပွဲ၊ တနည်း အများအင်အားဖြင်.လွတ်လပ်စွာ ထုတ်ဖေါ်ပြ သခြင်း Freedom of Expression .ပြယုဒ် ကြီးဖြစ်ပါတယ်။
ဒီလို ဆန္ဒပြပွဲတွေ မျိုးကို မြင်တိုင်း၊ တကမ္ဘာလုံး က လူသားဝါဒီတွေအားလုံးဟာ အနည်းနဲ. အများ ဆိုသလို ရင်ခုန်တတ်ပါတယ်။ လွတ်လပ်စွာ ဆန္ဒပြခြင်း၊ လွတ်လပ်စွာ စုဝေး စီတန်းလှည်.လည်ခြင်း၊ လွတ်လပ်စွာ အစည်းအရုံး အသင်းအဖွဲ.များ တည်ထောင်ခြင်း၊ ဒါတွေ ဟာ သက်ဆိုင်ရာ အစိုးရတွေ အာဏာပိုင်တွေက ပေးသည် ဖြစ်စေ မပေးသည် ဖြစ်စေ၊ ပြောင်လဲမှုတွေကို ပြင်းထန်စွာ လိုလားတဲ. ကမ္ဘာမြေပေါ်က လူသားတိုင်း လုပ်ယူ တိုက်ယူလို.ရတဲ. အခြေခံ အခွင်.အရေးတွေ ဖြစ်လို. ဒီလို ဆန္ဒပြပွဲတွေ တွေ.တိုင်း လူကောင်းတွေက ပျော်ကြပါတယ်။
ပြီးတာ.--အားကောင်းတဲ. ဆန္ဒပြ ပွဲတွေတိုင်းမှာလိုလို ဆိုင်ရာအာဏာပိုင်တွေကို ဒူးတုန် ချွေးပြန်စေတဲ. အင်္ဂါံရပ် တွေပါဝင်နေပါတယ်။၊ ပါဝင်ပတ်သက်သူတွေက ယုံကြည်မှု ပေါ်အခြေခံပြီး ဘယ်လို ခြိမ်းခြောက်မှုမျိုးကို ဂရုမစိုက်ပဲ ထက်ထက်သန်သန် ပျော်ပျော်ပါးပါး ကြီး မိမိတို. အသိနဲ. ၀င်နွှဲကြတာဖြစ်ပါတယ်။ ဒီတော.--ဒီလိုလူတွေများများ ပါဝင်လေလေ၊ အာဏာပိုင် တွေ ကြောက်လေလေ ဖြစ်တတ်ပါတယ်။ ဒါကြောင်.လည်း ပေါ်ပြူလာ ကမ် ပိမ်းများလို. ခေါ်ဝေါ်ကြတာဖြစ်ပါလိမ်.မယ်။
လူအများ ပါဝင်တယ်။ လူအများ ထောက်ခံတယ်။ လူအများ ကိုစိတ်ကျေနပ်စေတဲ. လူထု လှုပ်ရှားမှုတွေ ဖြစ်နေတယ်ဆိုရင်--ဒါတွေဟာ ဘယ်တော.မှ ရိုးသွားး ခေတ်ကုန်သွားမှာ မဟုတ်တဲ.အပြင်၊ ခုလိုသတင်း စီးဆင်းမှု တိုးတက်မြန်ဆန်လာတဲ. အိုင်တီခေတ်မှာ--- အရင်တုန်းကထက် တောင် ပိုမိုဆန်းသစ်၊ အားကောင်းလာ မဲ.လူမှု နိုင်ငံရေး ရေစီးကြောင်းပဲဖြစ်နေပါတယ်။ (ခုဆို--တရုပ်ပြည် မှာ လူတွေနေ.တိုင်း ဆန္ဒပြနေကြပါတယ်။ ရှေ.ရှောက်လည်း ဒီ.ထက် ပိုပြီး တရုတ်ပြည်မှာ ဆန္ဒပြပွဲတွေ အားကောင်း လာတော. မှာမို. ဒီလို Street protests တွေကို ဗဟိုလ်ချုပ်ကိုင်မှုများတဲ. လက်ကြမ်းခြေကြမ်း အစိုးရတွေဖက်က ဘယ်လိုရှောင်ရှောင်၊ ရှောင်လို.မရနိုင်တော.ပါ။ သူ.သဘောနဲ.သူ ဖြစ်နေ စီးနေဆဲဖြစ်တဲ. . လူမှုနိုင်ငံရေး ရေစီးကြောင်း ကို ဘယ်တရုတ်ကြီးမှ တားလို. မရပါ၊ )
၂၀၀၈ မလေးရှား က ရွေးကောက် ပွဲမှာ မှာ တက်လာတဲ. နာဂျစ်ဘ် အစိုးရကို ခုမလေးရှား ပြည်သူတွေက မေးခွန်းထုတ် စိမ်ခေါ်နေကြပါပြီ။
--၂၀၁၃ အရောက် မကြာခင် ဖြစ်လာမဲ. ရွေးကောက်ပွဲမှာ ၂၀၀၈ ကလို မညစ်ပတ်စေရတဲ.။
---၂၀၀၈ ကလို ပဲ အာဏာ ရရေးအတွက် ဖြစ်ကတတ်ဆန်း အကျိုးတူတွေ ပေါင်းပြီး ကျောခြင်းကပ် ညွန်.ပေါင်း လုပ်ထားတဲ.နာဂျစ်ဘ် အစိုးရ မဲ ခိုးပြီးအာဏာရထားတာမျိုး ထပ်မဖြစ်စေရ တဲ.။
လူ ၃၀၀၀၀နဲ. ၅၀၀၀၀ ကြားရှိတဲ. အရေအတွက် နဲ. ကွာလာလမ်ပူ အားကစားကွင်းကြီး အပြည်. စီးထားတဲ. လူထုဆန္ဒပြပွဲကြီးက ဘယ်ဖက်ကကြည်.ကြည်. အားတက်စရာ၊ ပျော်စရာကြီးပါ။
မလေးရှားက ဆန္ဒပြသူတွေ၏ ကြွေူးကျော်သံတွေ၊ စလိုဂန်တွေကို လည်း ကြည်.ပါဦး။
--မဲ မခိုးရ၊ မဲ မလိမ်ရ။
--နာ ဂျစ်ဘ် ညွန်.ပေါင်း အစိုးရ အလို မရှိတဲ.။
--သန်.ရှင်းလွတ်လပ်သော ၂၀၁၃ ရွေးကောက်ပွဲ ဖြစ်စေရမည်တဲ.။
စဉ်းစားမိပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီ စစ်တပ် ဒီ အချိုးနဲ. ဆက်သွား နေသ၍ ၂၀၀၈ နာဂစ် စစ်ဥပဒေ တခြမ်းပဲ. ကိုထောက်ခံသူများ ၂၀၁၃ အကုန်အထိ ကြံ.ကြံ.ခံထားနိုင်ဖို. လွယ်လိမ်.မည်မထင်ရပါ။ ဟုတ်မဟုတ်ကို ပြည်သူလူထု ဖက်မှ ဆက်လက်ဖေါ်ဆောင်မည်. လှုပ်ရှားမှု အ၀၀ နှင်.သာ၊ ယှဉ်ထိုးဆန်းစစ် ကြည်.သင်.တယ်လို. အကြံပေးချင်ပါတယ်။
ကမ္ဘာနဲ. အာရှတလွှားက က စံနမူနာ ပြရုပ်ကတော.— တရားမျှတမှုကို ဖေါ်ဆောင် ဖို. လူတွေအများကြီးပါဝင်တဲ. popular campaign တွေချည်းပါပဲ။ တူနီးရှား က စခဲ.တဲ. အာရပ် နွေဦးခေတ်သစ်တော်လှန်ရေးဟာ ဟာ ခု အာရှကို ကူးစက်လာပါပြီ။ မြန်မာပြည်မှာလည်း အလားတူတွေဖြစ်လာပါလိမ်.မယ်။ နှစ်၅၀ တိုင်တိုင် မြန်မာစစ်အုပ်ချုပ်မှု အောက်မှာ အဖိနှိပ်ခံနေရဆဲပြည်သူလူထုကြီး၏ နိုးကြားမှုကို သူတို. လက်တစ်ဆုပ်စာ လျှော.တွက်လို. မရပါ။ အလံမလှဲ ကြံ.ကြံခံ နေ ခြင်းမှာ စိတ်ဓါတ်သာ အဓိကမို.၊ လက်နက်ပဲ ရှိပြီး တဖက်မှာ လူထု ထောက်ခံမှု ကို ဘယ်လို ရှာရှာ၊ ရှာ မရပါတဲ. ဥိးသိန်းစိန်အစိုးရ အတွက် ဆက်သွားရင် အခက်အခဲပေါင်းများစွာ နှင်. ကြုံ ရမှာ အမှန်ပါ။ လူထု မထောက်ခံတဲ. အစိုး၇များ သွားပါများ ခရီးမရောက်ေ၈ျာက်ကျမဲ. နှစ်ကို ရောက်နေပါပြီ။ ဒိတော.--အာရှ နွေဦး လှုပ်ရှားမှုတွေ ကို မြန်မာပြည်မှာ လည်း မကြာခင် မြင်ရပါတော.မယ်လို. တင်ကူးသိနေပါတော.တယ်။
သန်း၆၀ အမြန်ဆုံး လွတ်လပ်ကြပါစေ။
အေးအေးစိုးဝင်း
၂၀၁၃ ဇန်န၀ါရီ ၁၂
((မလေးရှား က ဆန္ဒပြပွဲများ ဟာ၊ မြန်မာ ရခိုင်တွေကို မလေး ရှားက ကုလားတွေက ဆန်.ကျင်တဲ.၊ ဗုဒ္ဓဘာသာဝင်တွေကို မူဆလင်တွေ က ဆန်.ကျင် တဲ. ဆန္ဓပြပွဲ မျိုး လုံးလုံး မဟုတ်ပါ။ အဲ သလို ထင် အောင် ခု ဖြစ်နေတဲ. ဆန္ဒပြပွဲ ဓါတ်ပုံတစ်ပုံ တင်ပြီး မြန်မာ တွေ ကွာ လာ လမ်ပူကို မလာရ ဆို တဲ. တစ်မျိုး တစ်ဖုံ ထင်မြင်စေချင်တဲ. ရေးသားချက်တွေဟာ၊ သတင်းမရေးတတ် ၊၀ါဒ မဖြန်.တတ်သူတွေ ၏ အိုးနင်းခွက်နင်း ကြံစည်မှုဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်က မေးထားတာကို သူသိစေချင်လို့ ပြန်လည် ဝေမျှပေးခြင်းဖြစ်ပါတယ်။))
မေမြို့သားလေး
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။