အဖြူနဲ့ အစိမ်း ဆိုတာ တကယ့်ကို မြင်ရသူတိုင်း ရင်ကိုအေးချမ်းစေတဲ့ ၀တ်စုံလေးတွေပါ။ သန့် စင်တဲ့ အဖြူနဲ့ အေးမြတဲ့ အစိမ်းရောင် လေးတွဲဖက်လို့ တူညီဝတ်စုံလေးတွေ အဖြစ် သတ်မှတ်ပေးထားခဲ့သော ရှေးလူကြီးများရဲ့  အမျှော်အမြင်ကြီးမှု ရွေးချယ်ဆင်မြန်းပေးခဲ့မှု ကိုလေးလေးနက်နက် တွေးကြည့်မယ်ဆိုလျှင် အဓိပ္ပါယ် ဘယ်လောက်ရှိတယ်ဆိုတာ သိသာလွန်းပါသည်။ ကလေးအရွယ် ပညာရင်နို့  သောက်စို့ တဲ့အရွယ်တွေရယ်လို့ လူတွေကြားမှာ ထင်ထင်ရှားရှား ခွဲခြားသိမြင်နိုင်စေပြီး ကလေးတွေလို့ လူတိုင်းက သတ်မှတ်ထားခဲ့ကြ ပါသည်။ ဒါက ကျောင်းသား/သူ လေးတွေအတွက်ပါ။
အဲဒီလိုပဲ အဖြု အစိမ်းကိုသာ ၀တ်ဆင်ရသော ကျောင်းဆရာ/ ဆရာမလေးတွေကို တူညီဝတ်စုံလေးတွေနှင့် မြင်ရသူတိုင်း နှစ်သက်မြတ် နိုးစရာ မြင်ကွင်းလို ကျက်သရေရှိရှိ တင့်တယ် အေးချမ်းတဲ့ မိန်းကလေးပီပီသသ ပညာတတ် မိန်းမမြတ်လေးတွေဆိုတာ ခွဲခြားသိသာ လျက်ပါ။
တကယ်ဆို ဒီဝန်းကျင်လေးဟာ အေးချမ်းမှု၊ ယဉ်ကျေးမှု ၊ ငြိမ်းချမ်းမှု၊ ဖြူစင်ရိုးသားမှုတွေနှင့် ပြည့်နှက်နေရမည့် သီးသန့် လောကလေး တစ်ခု ဖြစ်နေရမှာပါ။ ကလေးအရွယ်လို့ သတ်မှတ်ထားတဲ့ အခြေခံ ပညာအဆင့်ကိုက ပီဘိအပြစ်ကင်းစင်တဲ့ ပညာသင်တဲ့အရွယ်လေ။
အဲဒီ ၀န်းကျင်မှာ ဆရာမတစ်ယောက် မျက်ရည်ပေါက်ပေါက်ကျ ၀မ်းနည်းနေတာကို မြင်ရလျှင် သင် ဘယ်လိုခံစားမလဲဗျာ..? အကြောင်း ရင်းကို သိရလျှင် ပိုပြီးဒေါသထွက်ရလိမ့်မည်။ ပြီးတော့ ဆရာမလေးက တပည့်တွေအပေါ် စေတနာထားတတ်ခြင်း၊ ထိထိရောက်ရောက် ပညာသင်ကြားပေးတတ်ခြင်းတွေ အနေအထိုင် ရိုးအေးပြီး စနစ်ကြီးတဲ့ ဆရာမလေးတစ်ယောက် ဖြစ်နေပြန်တော့ သင်ပိုလို့ အံ့သြမိဦးမှာ ပါ။
အဖြစ်အပျက် အကြောင်းရင်းခံက ဒီလိုပါဗျာ…။ အဲဒီဆရာမလေး (အထက်မှာဖော်ပြထားပြီး) က ငါးတန်း အတန်းပိုင်ဆရာမလေး ဆိုတာ ပြောဖို့ မေ့နေသည်။ သူ့ အတန်းထဲက ကျောင်းသူလေးတစ်ယောက် ရည်းစားထားတာကို သိလို့ ဆုံးမမိရာက ဖြစ်ခဲ့တာပါ။ ဆုံးမတယ် ဆိုတာကလည်း ရိုက်နှက် ဆုံးမ မိလို့ ဆိုထားဦး..ပါးစပ်နဲ့ ခေါ်ပြော လက်ကလေးနဲ့ ပုတ်ပြီး အတန်းသားအားလုံးရှေ့ မှာ သွန်သင်ခဲ့တာပါ။ ဒီကိစ္စကို ကာယကံရှင် ကျောင်းသူကလေးမလေးက သူ့ အိမ်ကို ပြန်တိုင်ရာက ပြဿနာ ဖြစ်ခဲ့ရတာပါ။ ကျွန်တော်တို့ ငယ်ငယ် ကျောင်း သားဘ၀ကဆို ကျောင်းကို မိဘ ခေါ်ခံရမှာ သေမလောက်ကြောက်ပါသည်။ မိဘတွေကလည်း ကျောင်းကိုလိုက်တွေ့ ရပြီးလျှင် ရပ်ကွက် မှာ ခေါင်းမဖော်ရဲလောက်အောင် ရှက်ရွံ ဂုဏ်ငယ်ခဲ့ကြရတာပါ။ ဒါက ဟိုးတုန်းက ကျောင်းသားမိဘတွေရဲ့ အခြေအနေပါ။ ပြီးတော့ရှိသေး တယ်ဗျ စာလိုက်မရေးလို့ ၊ စာမကျက်လို့  စည်းကမ်းမရှိလို့  ဆိုးသွမ်းလို့ ဆရာမက ဆုံးမလျှင် နည်းနည်းရိုက်မိလိုက်လျှင် ကျောင်းသူ/
ဘယ်သူက ခံနိုင်မလဲဗျာ။ အဲဒီလို စေတနာတွေ ဝေဒနာဖြစ်အောင်စော်ကားတာခံရ
ပညာရေးလောကအကြောင်း ကိုတော့ မဝေဖန်လိုပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်ကပညာရှင်တစ်ယောက်မ
အပေါ်က အကြောင်းအရာက အခုလတ်တလောဖြစ်နေတဲ့ တကယ့်အဖြစ်အပျက်ပါ။ ငါးတန်းကျောင်းသူ ရည်းစားထားတဲ့ ကိစ္စ သိပ်မထူး ဆန်းတော့ဘူး ထင်ပါတယ်ဗျာ။ အုပ်ထိန်းသူကိုယ်တိုင်က အဲဒီကိစ္စမှာဘာမှမပြော မဆုံးမတာ ဘာမှ မထူးဆန်းလို့ ပေါ့ဗျာ။ ဒါတွေထားပါ တော့ အဖြူအစိမ်း လောကမှာ ပြုပြင်စရာတွေကတော့ဗျာ---
မအောင်မရှိငါ့တပည့် ပညာရေးစနစ်ကြောင့် လပတ် စာမေးပွဲတွေမှာ ဘဲဥ မကွဲလည်း အချိန်တန် နောက်တစ်တန်းတက်ပေးရတာတွေ၊ စာမလိုက်နိုင်လို့ အရည်အချင်းမမှီလို့  အတန်းမတင်ပေးပြန်တော့ မိဘတွေက မကျေနပ်လို့ ဖြေရှင်းရတဲ့ အဖြူအစိမ်းဝတ်ကျောင်းဆရာမ လေးတွေ။
လက်ကြားဆေးလိပ်ညှပ်တဲ့ အဖြူအစိမ်းလေးတွေ၊ ဆံပင်ကို ရောင်စုံဆိုးလို့ ထိုးထိုးထောင်ထောင် အရွယ်နဲ့ မလိုက် ကြည့်မကောင်းတဲ့ အဖြူနဲ့ အစိမ်းတွေ၊ လင်ယူသားမွေးလုပ်သွားတဲ့ အဖြူအစိမ်းလေးတွေ၊ ခေတ်စနစ်တွေကြား အယူတိမ်းသွားတဲ့ အဖြူအစိမ်းလေးတွေ၊ အပြင်ကိစ္စကို ဦးစားပေး ကိုရီးယားကားကိုအတုခိုး အလှအပကိုသာ ခုံမင်သွားတဲ့ အဖြူအစိမ်းလေးတွေ ၊ ပညာရေးတစ်ပိုင်းတစ်စနဲ့ ဆိုက္ကားခွနင်းရတဲ့ အဖြူအစိမ်းလေးတွေ ၊ သရုပ်ပျက်ဝတ်စားဆင်ယင် ယဉ်ကျေးမှု မရှိတော့တဲ့ အဖြူအစိမ်းလေးတွေ ၊ နားမှာ နားကပ် တပ် ခန္ဓာကိုယ်မှာ တက်တူးထိုးထားတဲ့ အဖြူအစိမ်းလေးတွေ …..တွေ..တွေ..တွေ…..
အပြင်စွန်းထင်တာတွေက ဆပ်ပြာကောင်းရင် သန့် စင်လို့ ရပေမယ့် အတွင် အဇ္ဈတ္တရဲ့ အစွန်းအထင်းတွေကို ဘယ်အရာနဲ့ ဆေးကြောပြီး အယူတိမ်းနေတဲ့ အဖြူနဲ့ အစိမ်းလေးတွေကို လမ်းမှန် ပို့ ပေးကြမှာလဲ….စဉ်းစားပေးကြပ
အမျိုးသားကျောင်းကအစ စာသင်ကျောင်းကပါတဲ့ဗျာ…
.ဒါေ
စေတနာဖြင့် ပေးပို့ သူ
ဒဂုံသား
No comments:
Post a Comment
ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။