ကျွန်တော် သိမ်းထားချင်သော အရာများ၊ ပြောချင်သောစကားများနှင့် မျှဝေချင်သော အကြောင်းအရာများ အတွက် ဤ Blog စာမျက်နှာအား အသုံးပြုပါသည်။
Sunday, 13 January 2013
ကျွန်တော့် Blog လေးကို Android ဖုန်းမှတစ်ဆင့် ကြည့်လိုလျှင်...
အခု မြန်မာပြည်မှာလည်း ဖုန်းကနေတဆင့် online သုံးလာကြတာ များလာပြီဆိုတော့ ကျွန်တော်လည်း ကျွန်တော့် Blog လေးကို ဖုန်းကနေတစ်ဆင့် ကြည့်လို့ရအောင် ကြိုးစားလုပ်ပေးလိုက်ပါတယ်။ ဒါပေမယ့် Android ဖုန်းအတွက်ပဲရမှာ ဖြစ်ပါတယ်။ IPhone ကတော့ ကျွန်တော်လည်းမကိုင်နိုင်သေးဘူး လုပ်လည်း မလုပ်တတ်ဘူးဗျ။ Install လုပ်ဖို့ကတော့ .....
"မြန်မာဟာ"
“မြန်မာဟာ”
ကမ္ဘာမှာအယဉ်ကျေးဆုံး
အစဉ်ရှေးထုံး
သီကုံးပန်းသွင်
နေ့ တိုင်းဆင်မြန်း

“မြန်မာဟာ”
ကမ္ဘာမှာအယဉ်ကျေးဆုံး
အစဉ်ရှေးထုံး
သီကုံးပန်းသွင်
နေ့ တိုင်းဆင်မြန်း
Labels:
ကဗျာ
အချစ်အက္ခရာ A to Z
Accept (လက်ခံသည်)
"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။
Belief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။
ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး
မြန်မာ့နိုင်ငံရေးဖြစ်စဉ်၊ နိုင်ငံရေးခေါင်းဆောင်အများစုနှင့် နိုင်ငံရေးသမား အများစုတို့သည် အလွန်နက်နဲ၊ ရှုပ်ထွေးသည့်အပြင်၊ တခါတရံ အလွန် နားလည်ရခက်သည်ဟုဆိုသော သက်ကြီးဝါကြီးတို့၏ စကားကို ကျွန်တော်တို့ မှတ်သားခဲ့ရသည်။ ယနေ့ခေတ်၊ ကျွန်တော်တို့ လူလတ်ပိုင်း အရွယ်ရောက်သော အချိန်တိုင်အောင် နိုင်ငံရေးဖြစ်စဉ်၊ ခေါင်းဆောင်အများစုနှင့် နိုင်ငံရေးသမား အများစုတို့သည် ရှုပ်ထွေးနေဆဲ၊ နားလည်ရန် ခက်ခဲနေဆဲဖြစ်သည်။
လက်ပံတောင်းနှင့် လယ်တီသာသနာဝင်
၁။ မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်မှာ အစဉ်အလာ ဆိုရိုးစကားတစ်ခွန်းရှိတယ်။ ဘာလဲဆိုတော့ ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ ကန်တော့ ဆိုတဲ့စကားပဲ။ အခုလည်း ဘုန်းကြီးသံဃာတွေကို မီးလောင်ဗုံးနဲ့ ပစ်တဲ့လူက ပစ်ပြီးပြီ၊ တောင်း ပန်တဲ့သူကလည်း ကန်တော့ ကန်တော့ပါ အရှင်ဘုရားလို့ တောင်းပန်ပြီးပြီ။ ကိစ္စကပြီးသွားပြီလား။ ဆက်စရာတွေ ကျန်နေပါတယ်။ တခြားကိစ္စတွေကို ပြောမယ့်ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ပြောကြပါလိမ့်မယ်။ ကျွန်တော် အဓိက ပြောချင်တာက လက်ပံတောင်းမှာရှိတဲ့ လယ်တီသာသနာ အမွေအနှစ်တွေအကြောင်း ဖြစ်ပါတယ်။
ယမ်းငွေ့ဝေဆဲ ကချင်မြေ (၂)
|
ယခင်တစ်ပတ်မှ အဆက် (၄) ဒီဇင်ဘာလ ၂၈ ရက်နေ့။ နံနက် ၇ နာရီခန့်အချိန်မှာ မြစ်ကြီးနား-ကန်ပိုက်တီးလမ်းက တစ်ဆင့် တရုတ်နိုင်ငံကို ဖြတ်ပြီး လိုင်ဇာ သွားဖို့ ခရီးစတင်ခဲ့ပါတယ်။ မိုင် ၇၀ ခန့်မျှသာ ဝေးတဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းက လိုင်ဇာကို သွားရင် အချိန် ၂ နာရီ ကျော်လောက်ပဲ ကြာမြင့်မှာပါ။ ဒါပေမဲ့ တိုက်ပွဲတွေဖြစ်ချိန်ကစပြီး အဲဒီလမ်းပိုင်းကို အသုံးပြုခွင့် မရတော့ပါဘူး။ ဒီအတွက်ကြောင့် မနက် ၇ နာရီအချိန်က သွားရင် ည ၁၀နာရီ ၀န်းကျင် (တရုတ်နိုင်ငံစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀) လောက်မှ လိုင်ဇာ(တရုတ်ဘက်ခြမ်း)ကို ရောက်နိုင်မယ့် မြစ်ကြီးနား- ကန်ပိုက်တီး - ထိန်းချုံး - ယင်ကျန်း -လိုင်ဇာ လမ်းကို အသုံးပြုရပါတော့တယ်။ |
Labels:
ဗဟုသုတ
ယမ်းငွေ့ဝေဆဲ ကချင်မြေ (၁)
(၁) ဒီဇင်ဘာလ ၂၃ ရက်နေ့ ညသန်းခေါင်အချိန်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ခေါင်းဆောင် ဦးယွပ်ဇော်ခေါင်ဆီကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စာတစ်စောင် ရောက်လာခဲ့ပါတယ်။သတိပေး အကြောင်းကြားရန်ကိစ္စ။လဂျားယန် တပ်စခန်းအတွက် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်းအတိုင်း ၀င်ရောက်ရန် ရှိပါသည်။ သို့ပါ၍ လမ်းကြောင်းတစ်လျောက်ရှိ ကေအိုင်အေအဖွဲ့များအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေး ကေ အိုင်အေအဖွဲ့သို့ သတိပေးသွားရန် အကြောင်းကြားအပ်ပါသည်။ စာပါ အကြောင်းအရာက ဒီလောက်မျှ။ စာပိုဒ်ရဲ့အောက်ခြေမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ |
Labels:
ဗဟုသုတ
Subscribe to:
Posts (Atom)

